လိုအင်ပြည့်ရာ ပဒေသာ ဂန္ဓာရီအဓိဋ္ဌာန် အဆက်

့"ဆရာဟိန်း။ လိုအင်ပြည့်ရာပဒေသာ အဓိဋ္ဌာန် ပုတီးစိပ်နည်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်ပါသည် ရှင်းပြပေးပါ" လို့ ကိုမျိုးသန့်က ကျွန်တော့်ရဲ့ စိဘောက်ထဲမှာ မေးထားလို့ ကျွန်တော် ဒိပို့လေးကို အနည်းငယ် ဖြည့်စွက်ပြီး ပြန်တင်လိုက်တာပါ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေက စာနဲ့ ရေးပြလို့ ထင်သလောက် မလွယ်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ တစ်ခုလောက်ပြောချင်တာက ကိုယ်တိုင် တကယ်လုပ်ကြည့် စေချင်တယ်။ လုပ်ကြည့်ရင်း လုပ်ကြည့်ရင်းနဲ့ စိတ်ထဲမှာ အလိုလိုနေရင်း ကျင့်နေရင်း သဘောပေါက်လာမယ်။ အဲဒါက ရှင်းပြတာထက်စာရင် ပိုပြီးတော့ လက်တွေကျတယ်။

နောက် အခု ဒီအဓိဋ္ဌာန်ကျင့်စဉ်ကြီးက ဂန္ဓာရီ ကျင့်စဉ်ပါ။ စိတ်နဲ့ဆိုင်တဲ့ ကျင့်စဉ်ဆိုပါတော့။ အဲဒိတော့ မိတ်ဆွေတို့ဟာ ဒီကျင့်စဉ်ကြီးကို လေ့ကျင့်တော့မယ်ဆိုရင် အရင်ဆုံးဦးဆုံး မိတ်ဆွေတို့ရဲ့ စိတ်ကို (ဗလာ) ဖြစ်အောင် ထားထားဖို့လိုပါတယ်။ ဒါလည်း အရမ်းကြီးတော့ မခက်ခဲပါဘူး။ ခနလောက်ကလေး ငြိမ်ငြိမ်သက် သက်လေး ၊ အေးအေးချမ်းချမ်းလေး ထိုင်နေလိုက်ရုံပါပဲ။ ထိုင်တယ်ဆိုတဲ့ နေရာမှ ချောင်ချောင်ချိချိ အ၀တ်အစားလေး ၀တ်၊ ပြီးရင် အနှောက်အယှက်ကင်းတဲ့ နေရာလေးမှာ ကိုယ့်စိတ်ကို တင်းတင်းကြီး မထားပဲ သက်တောင်သက်သာလေး ထိုင်ရမယ်။ ပြီးရင် အသက်ကို မှန်မှန်လေး ရှုရမယ်။

ပထမဦးဆုံး အသက်ကို ဖြေးဖြေးချင်း အဆုံးအထိ ရှုသွင်းလိုက်ရမယ်။ ဖြေးဖြေးချင်း ရှုသွင်းရမယ်နော်။ အမြန်မဟုတ်ဘူး။ အဆုတ်ထဲမှာ လေတွေ ပြည့်ဖောင်းသွားတဲ့အထိ ရှုသွင်းရမယ်။ ဟုတ်ပြီနော်။ အဲဒီလို လေတွေကို ရှုသွင်းပြီးသွားရင် ချက်ချင်း ပြန်မထုပ်ရဘူး။ ခနလောက် အောင့်ထားရမယ်။ ဘယ်လောက်ကြာ ကြာအောင့်ထားရမလဲဆိုတော့ စိတ်ထဲကနေ နံပတ်စဉ်ရေတွက်ထားလိုက်။ တစ်ကနေ တစ်ဆယ်အထိ။ ဖြေးဖြေးမှန်မှန် ရီနေလိုက်။ တစ်ဆယ်ကို ရောက်ပြီဆိုတာနဲ့ ရှုသွင်းထားတဲ့ လေတွေကို ဖြေးဖြေးချင်း ပြန်ထုပ်လိုက်။ လေတွေကို ကုန်အောင် ပြန်ထုပ်ရမယ်နော်။ ဗိုက်ထဲက လေတေါ ကုန်သွားလို့ ဗိုက်ကြီး ပြားချပ်သွားတဲ့အထိ ရှုထုပ်ရမယ်။ အဲဒီလို ဘယ်နှစ်ကြိမ် လုပ်ရမလဲဆိုတော့ (၁၀) ကြိမ်လောက်ပဲ လုပ်ရမယ်။ ပိုမလုပ်နဲ့။ ဒိလောက်ဆို ရပြီ။ အရေးကြီးတာက အဲဒီလို လေတွေကို ရှုသွင်းရှုထုပ် လုပ်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ စိတ်က ငါ့ရဲ့ စိတ်တွေဟာ တည်ငြိမ်သွားပြီ။ ရောက်ယက် မခတ်တော့ဘူး။ အေးချမ်း သွားပြီ။ စိတ်ထဲမှာ ရှိတဲ့ ညစ်ထွေးနေတဲ့ နောက်ကျိနေတဲ့ စိတ်တွေဟာ ၇ှင်းလင်းသွားပြီလို့ တွေးထင်နေရမယ်။ အသက်တစ်ခါ ရှုသွင်းတိုင်း ရှုထုပ်တိုင်း တွေးထင်နေရမယ်။

လုပ်ကြည့်လိုက်ပါ။ အဲဒီလို အသက်ရှုလေ့ကျင့်ခန်းကို ဆယ်ကြိမ်လောက်လေး လုပ်လိုက်တာနဲ့ မိတ်ဆွေရဲ့ စိတ်ဟာ ဘယ်လောက်တောင် အေးချမ်းသွားမယ်၊ ပေါ့ပါးသွားမယ်၊ လန်းဆန်းသွားမယ်ဆိုတာ လုပ်ကြည့်လိုက်တာနဲ့ သိပါပြီ။

အိုကေ ... ဆက်မယ်နော်။ နောက်တဆင့် သွားမယ်နော်။ အဲဒီလို မိတ်ဆွေရဲ့ စိတ်လေးဟာ ပကတိ အေးချမ်းသွားပြီ တည်ငြိမ်သွားပြီ လွတ်လပ်ပေါ့ပါးသွားပြီ ဆိုတာနဲ့ မိတ်ဆွေရဲ့ မျက်လုံးကို အသာကလေး မှိတ်လိုက်ပါ။ ပြီးရင် ဒီစကြာဝဠာကြီးထဲက ဟိုး.... ကောင်းကင်ကို အာရုံပြုလိုက်။ ကောင်းကင်မှာ ရေကန်ကြီး တစ်ကန်ရှိတယ်လို့ အာရုံပြုရမယ်နော်။ အဲဒီရေကန်ကြီးဟာ အင်မတန် ကျယ်ပြောတဲ့ ရေကန်ကြီးပေါ့။ အဲဒီရေကန်ကြီးထဲက ရေတွေဟာ ရိုးရိုးရေတွေမဟုတ်ဘူးနော်။ ရွှေရောင်အဆင်းရှိတဲ့ ရေတွေ။ ရွှေရေတွေပေါ့။ အဲဒီရွှေရောင်အရည်တွေဟာ အဲဒီရေကန်ကြီးထဲကနေ မိတ်ဆွေရဲ့ ခေါင်းပေါ်ကို စီးဆင်းကျ လာမယ်။ နောက် မိတ်ဆွေရဲ့ ခေါင်းပေါ်ကနေတစ်ဆင့် ခန္ဓာကိုတစ်ခုလုံးကို စိမ့်ဝင်သွားပြီလို့ အာရုံပြုရမယ်။ ပြီးရင် အောက်က ပုတီးစိပ်အတိုင်း တစ်ဆင့်ချင်းဆက်ပြီး စိတ်သွားရုံပဲပေါ့။ မခက်ပါဘူး။ ဖြေးဖြေးချင်း ပုတီးတစ်လုံးချင်း စိပ်သွားလိုက်ရုံပဲပေါ့။


လိုအင်ပြည့်ရာပဒေသာအဓိဋ္ဌာန်ပုတီးစိပ်။

ဒီအဓိဋ္ဌာန်မှာ ပုတီးစိပ်ရမယ့် အဆင့် (၉)ဆင့်ရှိပါတယ်။ ပုတီးကတော့ တစ်ရာ့ရှစ်လုံးပုတီးနဲ့ စိပ်ရမယ်။ ပုတီးစိပ် ရမယ့် အဆင့်ကိုးဆင့်ကို အလွယ်မှတ်လို့ရအောင် အောက်မှာ လင်္ကာလေးနဲ့ လုပ်ထားတယ်။ တစ်ချက်လောက် မှတ်ထားလိုက်ဗျာ။

အပ် ၊ ဆက် ၊ ဖြည့် ၊ ၀င် ၊ ရ ၊ ဖန် ၊ မိန့် ၊ ရှင် ၊(နှင့်) မိမိအလိုရှိရာ။

အပ်...ဆိုသည်မှာ
““ ငါဟာ စကြာဝဠာ မနောဓာတ်ကြီးထံမှာ ငါ့ကိုယ့်ငါ အပ်နှံထားလိုက်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဆက်....ဆိုသည်မှာ
“ ငါနဲ့ စကြာဝဠာ မနောဓာတ်ကြီးဟာ ဆက်သွယ်မိနေပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဖြည့်...ဆိုသည်မှာ
“ ငါ့ ခန္ဓာကိုယ်ထဲကို စကြာဝဠာ မနောဓာတ်ကြီက တန်ခိုးသိဒ္ဓိတွေ (သို့) ငါအလိုရှိတာတွေကို ဖြည့်ဆည်း ပေးနေ ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဝင်...ဆိုသည်မှာ
“ ငါ့တစ်ကိုယ်လုံးမှာ ရှိတဲ့ ကလပ်စည်းတိုင်းကို စကြာဝဠာ တန်ခိုး သိဒ္ဓိတွေ (သို့) ငါအလိုရှိတာတွေ ဖြတ်သန်းဝင် ရောက်နေပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ရ...ဆိုသည်မှာ
“ ဒါကြောင့် ငါအလိုရှိရာတွေကို ရယူနိုင်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ဖန်...ဆိုသည်မှာ
“ ဒါကြောင့် ငါ အလိုရှိတာတွေကို ဖန်ဆင်းနိုင်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

မိန့်..ဆိုသည်မှာ
“ ဒါကြောင့် ငါ အလိုရှိတာတွေကို ဖန်ဆင်းနိုင်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

ရှင်...ဆိုသည်မှာ
“ ဒါကြောင့် ငါဟာ လူအပေါင်းကို ကယ်တင်နိုင်တဲ့ တန်ခိုး သိဒ္ဓိရှင် ဖြစ်ပြီ ၊ (သို့) ငါအလိုရှိတာတွေရဲ့ အရှင် သခင်ဖြစ်ပြီ ” ဟု ရွတ်ဆို၍ ပုတီးစိပ်ရမည်။

မိမိအလိုရှိရာ...ဆိုသည်မှာ
လတ်တလော အလိုရှိရာ ကိစ္စကို ရွတ်ဆို၍ ပုတီးစိပ်ရမည်။ ဥပမာ “ ငါဟာ အိမ်တစ်လုံး ရရှိနေပြီ ၊ ငါဟာ ကားတစ် စီးရရှိနေပြီ ၊ ငါ့ရဲ့ ဗေဒင် ဟောခန်းမှာ လူတွေတန်းစီနေပြီ ၊ ငါ့ရဲလုပ်ငန်း အရမ်းအောင်မြင်နေပြီ အစရှိသည်ဖြင့် ရွတ်ဆို၍ ပုတီးစိပ်ရပါမည်။

လူတိုင်း လူတိုင်းကတော့ ကြီးပွားချမ်းသာ အောင်မြင်ချင်ကြတာချဉ်းပဲ။ ကျွန်တော် အပါအ၀င်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် စီးပွားရေး အခြေအနေ အလုပ်အကိုင် နေ့ရပ်ဒေသသာ ကွာခြားချင် ကွာခြားမယ်။ နောက်ဆုံးမှာ လူတိုင်းရဲ့ ဦးတည်ချက်ကတော့ အောင်မြင်ဖို့ ၊ ကြီးပွားဖို့ ၊ ချမ်းသာဖို့ပါပဲ။ နောက်ဆုံး လူသားတွေရယ်လို့ ဖြစ်လာရင် တိုးတက်အောင်မြင်ဖို့ လုပ်တာကိုပင် လူသားတွေရဲ့ သမိုင်းပေး တာဝန်တစ်ခုလို့တောင် ပြောဆိုကြတယ်။

အဲဒီတော့ မချမ်းသာချင်ကြတဲ့ လူရယ်လို့ မရှိသလောက်ပါပဲ။ မအောင် မြင်ချင်ကြတဲ့ လူရယ်လို့ မရှိသလောက်ပဲ။ ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ အလွှာအသီးသီးက လူတွေကို တစ်ယောက်ခြင်း တစ်ယောက်ချင်း လိုက်မေးကြည့်ပါလား။

မင်းသား မင်းသမီးတွေကော မအောင်မြင်ချင်ဘူးလား....?
စာရေးဆရာဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
အဆိုတော်တွေကော မအောင်မြင်ချင်ဘူးလား...?
ဈေးသည်တွေကော မအောင်မြင်ချင်ဘူးလား...?
ကျောင်းဆရာဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
သူဋ္ဌေးကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
သူဋ္ဌေးလေးတွေကောဆရာမတွေကော မအောင်မြင်ချင်ဘူးလား...?
စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
ကန်ထရိုက်တာကြီးတွေကော မအောင်မြင်ချင်ဘူးလား...?
အစိုးရ၀န်ထမ်းတွေကော မအောင်မြင်ချင်ဘူးလား...?
လယ်သမားတွေကော မအောင်မြင်ချင်ဘူးလား...?
ဆိုက်ကားသမားတွေကော မအောင်မြင်ချင်ဘူးလား...?
သူတောင်းစားတွေကော မအောင်မြင်ချင်ဘူးလား...?
ဗေဒင်ဆရာတွေကော မအောင်မြင်ချင်ဘူးလား...?
ကျောင်းသူကျောင်းသားတွေကော မအောင်မြင်ချင်ဘူးလား...?
ရဟန်းသံဃာတွေကော မအောင်မြင်ချင်ဘူးလား...?

အကုန်လုံး လိုက်မေးကြည့်လိုက်ရင် အကုန်လုံးက တူညီတဲ့အဖြေတစ်ခုက အကုန်လုံး အောင်မြင်ချင်ကြတာပဲ။ လူချင်းမတူလို့ မူခြင်းမတူတာလောက်ပဲ ရှိမယ်။ ခံယူချက်ခြင်း မတူလို့ အောင်မြင်ချင်တဲ့ ပုံစံခြင်း မတူတာလောက်ပဲ ရှိမယ်။ သေချာတာ တစ်ခုကတော့ လူတိုင်းနီးပါးလောက်က အောင်မြင်ချင်ကြတာပဲလေ။ ဒါကလည်း အဖြစ်သင့်ဆုံးပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အောင်မြင်ခြင်းဟာ ချိုမြိန်တယ်။ ကျရှုံးခြင်းဟာ ခါးသီးတယ်လေ။ ပြည့်စုံခြင်းဟာ စိတ်ချမ်းသာမှု့ကို ဖြစ်စေပြီး ဆင်းရဲခြင်းဟာ စိတ်သောကတွေကို မွေးဖွားစေတယ်။

ဆင်းရဲခြင်းဟာ အိပ်ပျက်ညတွေကို ဖြစ်စေပြီး ချမ်းသာခြင်းကတော့ ကောင်မွန်စွာ အိပ်စက်နိုင်စေတယ်။ ချမ်းသာခြင်းက လူတွေကို ထမင်းမြိန်စေပြီး ဆင်းရဲခြင်းကတော့ အစားအသောက် ပျက်စေတယ်။ ချမ်းသာခြင်း ကအပေါင်းအသင်း အခြွေအရံတွေကို ပေါများစေပြီး ဆင်းရဲခြင်းကတော့ ဘ၀ကို အထီးကျန်စေတယ် ၊ တစ်ယောက်ထဲ အဖော်မဲ့စေတယ်။ ဆင်းးရဲခြင်းက ရောဂါတွေကို ထူပြောစေပြီး ပြည့်စုံခြင်းက ရောဂါတွေကို ကင်းဝေးပျောက်ကင်းစေတယ်။

အဲဒီတော့ ချမ်းသာတာ၊ ပြည်စုံတာ၊ အဆင်ပြေတာဟာ အရမ်းကောင်းတယ်။ အောင်မြင်တာဟာ အရမ်းကောင်း တယ်ဆိုတာ သိရပြီဆိုရင် ကျွန်တော်တို့ ချမ်းသာခြင်းဆိုတဲ့ အကြောင်ကို နည်းနည်းလောက် သုတေသနပြုကြည့်ဖို့ လိုလိမ့်မယ်။ တစ်ချို့ကတော့ လူချမ်းသာဖို့ မလိုဘူး ၊ စိတ်ချမ်းသာဖို့ အရေးကြီးတယ်လို့ ပြောကြတယ်။ အဲဒီစကားလေး တစ်ခွန်းမှာ ကျွန်တော် သဘောပါက်လိုက်တစ်ခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အော်.. ချမ်းသာခြင်းဆိုတာ နှစ်မျိုးရှိပါလား၊ တစ်ခုကတော့ စိတ်ချမ်းသာခြင်းနဲ့ နောက်တစ်ခုက လူချမ်းသာခြင်းဆိုတာပါလားလို့ ကျွန်တော် သဘောပေါက်သွားတယ်။

ကျွန်တော်တို့တွေက ချမ်းသာအောင် ကြိုးစားတဲ့အခါမှာ လူချမ်းသာဖို့ချဉ်း ကြိုးစားနေလို့ မရဘူး။ ကျွန်တော်တို့ ရဲ့ နှလုံးသာ သို့မဟုတ် စိတ်ဓာတ် အဲဒါကို ချမ်းသာအောင် လုပ်ဖို့လဲ အရေးကြီးတယ်ပေါ့။ အဲဒီ စိတ်ချမ်းသာ အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကတော့ နောက်မှ ကျွန်တော် အေးအေးဆေးဆေး ပို့တင်ချင်ပါသေးတယ်။ အခုလောလောဆယ်တော့ လူ့ဘ၀မှာ ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင် နေထိုင်သွားနိုင်မယ့် နည်းလမ်းကို ပြောချင်တာ။

ချမ်းသာတယ်ဆိုတာ ငွေတွေအများကြီး ရှိနေတဲ့လူကို ခေါ်တယ်ထင်တာပဲ။ ငွေတွေ အများကြီး ရှိနေတဲ့ လူက စာချင်တာတွေလဲ စားလို့ရတယ်။ အိပ်ချင်တဲ့နေရာမှာ အိပ်လို့ရတယ်။ သွားချင်တဲ့နေရာကို အစဉ်သင့် သက်တောင့်သက်သာ သွားလို့ရတယ်။ ၀ယ်ချင်တာတွေကို မစဉ်းစားဘဲ ၀ယ်လို့ရတယ်။ လှူချင်ရင်လဲ တန်းကနဲ လှူလို့ရတယ်နော်။ ပြောရရင်တော့ များပါတယ်။ ပိုက်ဆံတွေ အများကြီးရှိတဲ့ အများကြီး ပိုင်ဆိုင်ထား တဲ့ လူကို သူဋ္ဌေးလို့ခေါ်ကြတာပဲ။

အဲဒီတော့ သူဋ္ဌေးဆိုတဲ့ ဘ၀က ဒီလောက်ကောင်းနေရင် ခင်ဗျားတို့ရော ကျွန်တော်ရော လုပ်ရအောင်ဗျာ။ ဒီနေ့ကစပြီး ကျွန်တော်တို့တွေ သူဋ္ဌေးလုပ်ရအောင်။ မကောင်းဘူးလား။ ကောင်းတာပေါ့။ ဒါပေမယ့် ဟေ့ကောင်ရ သူဋ္ဌေးဆိုတာ လူတိုင်းလုပ်ချင်တိုင်း လုပ်လို့ရတာမဟုတ်ဘူးကွ၊ ပိုက်ဆံများများရှိမှ သူဋ္ဌေး လုပ်လို့ရတာ၊ မင်းမှာ ပိုက်ဆံများများ ရှိလို့လားလို့ တစ်ယောက်ကကျွန်တော်ကို ပြန်မေးလာခဲ့ရင် ဒါဆို ကျွန်တော် ပိုက်ဆံများများရအောင် ရှာမယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ ကျွန်တော်တို့ တတွေအတွက် အရေးကြီးနေတာက သူဋ္ဌေး ဖြစ်အောင်လုပ်ဖို့ပဲလေ။

ကျွန်တော်တို့ ရှာမယ်လို့ပြောတဲ့ ပိုက်ဆံဆိုတဲ့အရာက လောကကြီးမှာ ရှိတဲ့အရာလား ၊ မရှိတဲ့အရာလား ခင်ဗျားစဉ်းစားပေါ့။ လောကကြီးမှာ မရှိတဲ့ အရာဆိုရင်တော့ ခင်ဗျား လိုက်ရှာနေလို့လည်း အပိုပဲနေမှာ။ နဂိုကတည်းက ရှိမှမရှိတာ။ လောကကြီးမှာ အရင်ကတည်းက ရှိနေတဲ့အရာဆိုရင်တော့ သေချာပေါက် တွေကိုတွေ့မှာ ၊ ရကို ရမှာပါ။ အဲဒီတော့ လောကကြီးမှာ ပိုက်ဆံတွေ ဒီလောက်ပေါတာ ခင်ဗျား ရှာမယ်ဆိုရင် သေချာပေါက် ရကိုရမယ်။ ကျွန်တော် အာမခံတယ်။

မိတ်ဆွေတို့တတွေအတွက် ကျွန်တော်က မုချကြီးပွားချမ်းသာစေမဲ့ နည်းလမ်းတစ်ခုလောက် ကျွန်တော်ပြောပြချင်တယ်။ အဲဒါက အဓိဋ္ဌာန်ဝင်တဲ့နည်းပါ။ ဒါပေမယ့် ဒီအဓိဋ္ဌာန်က ဘာသာရေးနဲ့ မပါတ်သက်ဘူး။ ဒါကြောင့် ဒီအဓိဋ္ဌာန်ကို မည်သည့်ဘာသာဝင်မဆို ၀င်လို့ရတယ်။ နောက် ဆောင်ရန် ရှောင်ရန်တွေ ဘာမှမလိုဘူး။ လွတ်လတ်ပေါ့ပါးတဲ့ စိတ်နဲ့ လုပ်မယ်ဆိုရင် သေချာပေါက် တစ်နေ့မှာ အောင်မြင်တဲ့ ပြည့်စုံတဲ့ချမ်းသာတဲ့ လူတစ်ယောက် ဖြစ်လာမယ်ဆိုတာကို ကြိုတင်ပြီးတော့ ပြောပြလိုက်ရပါတယ်။


ကဲ... မိတ်ဆွေများခင်ဗျာ... မုချ ကြီးပွားတိုးတက် အောင်မြင်ချင်ကြပါက ယခု ဖော်ပြထာားသော အဓိဋ္ဌာန် ပုတီးစိပ်နည်းဖြင့် ကြိုးစားကြပါကုန်။ ကြိုးစား အာထုပ်၍ အောင်မြင်မှု့များ ရရှိလာ၍ ကျေးဇူးတင်ချင်သည် ဆိုခြားအံ့။ ကျွန်ုပ်ကို ကျေးဇူးမတင်ပါနှင့်။ ဤနည်းကို သင်ကြားပြသပေးခဲ့သော ဆရာဖြစ်သည့် အဘဒေါက်တာ မင်းသိင်္ခအား ကျေးဇူးတင်ကြပါကုန်...........


သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

0 comments:

Post a Comment