သိဒ္ဓိဝင်-အင်းဖယောင်းတိုင်ကိုယ်တိုင်စီရင်မယ်

အပြည့်အစုံဆက်လက်ဖတ်ရန်...

လက်တွေ့-အသုံးချ စမပညာ

ဒီအင်းစမတော်ကိုတော့ ဣတ္ထိယသဘာဝ အစွမ်းပြသော စမတော် ဖြစ်ပါတယ်။ ဘယ်လိုနေရာမှာ အသုံးပြုရသလဲဆိုတော့ အမျိုးသမီးများအတွက် သီးသန့် ဖြစ်ပါတယ်။ အမျိုးသမီးတွေ အင်းအားသုံးတဲ့နေရာမှာ အသုံးပြုရပါတယ်။ အမျိုးသမီးတစ်ဦးဟာ တစ်စုံတစ်ယောက်ရဲ့ အနိုင်ကျင့်မှု့ကို ခံနေရတယ်ဆိုပါစို့။ အဲဒီ အနိုင်ကျင့်မှု့ကနေ လွတ်မြောက်ဖို့ ၊ မိမိဘက်က အသာစီးရဘို့ ၊ အနိုင် ပြန်လို ချင်တဲ့ အခါမျိုးတွေမှာ သုံးသင့်ပါတယ်။ အိမ်ထောင်ရေး ကိစ္စတွေမှာလည်း အကျိုး ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဘယ်လို သုံးရမလဲဆိုပါတော့ ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်း ဆုတောင်းနိုင်ပါတယ်။

ဒီစမတော်ကတော့ စွန့်စားရသောအခါများ၌ ပုဂ္ဂိုလ်ထူးအား တိုင်တယ်၍ ထွန်းရ သော စမတော် ဖြစ်ပါတယ်။ နောက်ပြီး အမှားအယွင်းများကို ကိုယ့်ဘက်က ပြင်ဆင်လိုတဲ့ အခါမျိုးတွေမှာလည်း အသုံး ပြုပါတယ်။ ဥပမာ ကိစ္စတစ်ခုကို ကိုယ်က စွန့်စားပြီး လုပ်ရတော့မယ်။ အောင်မြင်မယ်။ မအောင်မြင်ဘူး ။ မသေချာ ဘူး။ အဲဒီလို အခါမျိုးတွေမှာ အသုံးပြုပါတယ်။ အိမ်ထောင်ရေး ၊ စီးပွားရေး ဘာကိ စ္စတွေမှာပဲ ဖြစ်ဖြစ် စါန့်စားရမယ်ဆိုရင် အသုံးပြုပေါ့နော်။ နောက်ပြီး ကိုယ်က ကိစ္စ တစ်ခုကို အမှားပြုမိတယ်။ အဲဒါကို ကိုယ်က ပြန်လည် ပြင်ဆင်လိုတယ်။ အဲဒီလို အခါမျိုးတွေမှာလည်း တစ်ဖက်လူ လက်ခံအောင် အသုံးပြုလို့ ရပါတယ်။

ဒီအင်းတော်ကြီးကတော့ ၀ိမုတ္တိအရိယာ အင်းတော်ကြီးလို့ ခေါ်ပါတယ်။ အဘဘိုးမင်း ခေါင် စီရင်သော ရန်ဘေးဟူသမျှ လွတ်ကင်းသော အင်းတော်ကြီးလို့ စာမှာပါတယ်။ ၀ိမုတ္တိဆိုတဲ့အတိုင်း လွတ်မြောက်စေတဲ့ သဘောရှိပါတယ်။ ရန်အပေါင်း၊ ဘေးအပေါင်း ကနေ လွတ်မြောက်စေတယ်။ နောက်ပြီး စီးပွားရေး ။ လူမှု့ရေး အကျဉ်း အကျပ်ကနေ လွတ်မြောက်စေတယ်။ စီးပွားရေး အခက်အခဲ ကြုံနေသူများ၊ ရန်အန္တရယ် ၀ိုင်းနေသူများ ၊လူမှု့ရေး အတိုက်အခိုက် ပေါများနေသူများ အသုံးပြုသင့်ပါတယ်။ အဖမ်းအစီး ၊ အချုပ် အနှောင်ကြုံနေသူများနှင့် ၊ ကြုံမည်ကို ကြိုတင်ပူပန်နေသူများ အတွက် သင့်တော် ပါတယ်။

ဒီစမတော်ကိုတော့ ပေါကြွယ်ဝခြင်းနှင့် ငွေကြေး ချောင်လည်စေခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆို ပါတယ်။ ဘ၀မှာ ငွေကြေးလာဘ်လာဘ ရွှင်လန်းစေချင်တယ်ဆိုရင် အသုံးပြုပါ။ ထီပေါက် ချဲပေါက်အောင်။ ငွေရ အလှူ လုပ်ရတာတို့၊ ဈေးဆိုင် အရောင်း အ၀ယ်ကောင်း ပြီး လာဘ်လာဘ ရွှင်လန်းစေချင်တာတို့ ဆိုရပါတယ်။ တစ်စုံတစ်ယောက်ဆီက ငွေကြေးအကူအညီ လိုအပ်တဲ့အခါမျိုးတွေမှာလည်း အသုံးပြုလို့ ရပါတယ်။ နောက်ပြီး လောင်းကစား အနိုင်ရလိုသောအခါ မျိုးတွေမှာလည်း သုံးလို့ ရပါတယ်။

ဒီစမတော်ကိုတော့ ကျန်းမာရေးကောင်း စေခြင်းနှင့် ဆွေမျိုးသားချင်းများ နေထိုင်ကောင်း စေလိုတဲ့အခါတွေမှာ သုံးပါတယ်။ နောက်ပြီး ပစ္စည်းဥစ္စာများကို ကာကွယ်စေလိုတဲ့ အခါမျိုးတွေမှာ အသုံးပြုပါတယ်။ မိမိကိုယ်တိုင်ပဲ ဖြစ်ဖြစ် ၊ မိသားစု တစ်စုံတစ်ယောက်ပဲ ဖြစ်ဖြစ် နေထိုင်မကောင်းဘူးဆိုရင် မီးထွန်း ဆုတောင်းလို့ ရပါတယ်။ နောက်ပြီး ဆေးမတိုးတဲ့ လူနာတွေ ၊ ရောဂါ မပျောက်ကင်းတဲ့ လူနာတွေအတွက် သင့်တော်ပါ တယ်။ နောက်ပြီး မိမိအိမ်ကို သူခိုး မ၀င်စေချင်တဲ့ အခါမျိုးတွေမှာ- နောက်ပြီး မိမိ၏ ပစ္စည်းဥစ္စာ ဓနတွေကို ကာကွယ်စေချင်တဲ့ အခါတွေမှာလည်း အသုံးပြုလို့ရပါတယ်။

ကိုယ်တိုင်ယတြာပြုလုပ်မယ်ဆိုရင်

ယတြာအစီအရင်များပြုလုပ်ဆောင်ရွက်ရန်အချိန်ကာလ

သင့်မှာ ကိစ္စတစ်ခု ဒါမှမဟုတ် အခက်အခဲ တစ်စုံတစ်ရာကြောင့် ကိုယ်တိုင် ယတြာပြုလုပ်မယ်။ အင်းစမတွေ စီရင်ပြီး မီးထွန်းမယ်ဆိုရင် အချိန်အခါကို ရွေးတတ်ရမယ်လို့ ဆိုတယ်။ နက္ခတ်တွေ ခါးပါဒ်တွေ အ၀င် အထွက် သဘောတွေ တီထိတွေကို အသင့်တော်ဆုံး ရွေးတတ်ရမယ်တဲ့။ အခါကောင်းကို စောင့်ရမယ်တဲ့။ ကိုယ်ပြုလုပ် မယ့် အဆောင်ကိစ္စတွေဟာ ၀င်စေဘို့အတွက်ဆိုရင် အ၀င်နက္ခတ်နဲ့ တိုက်ဆိုင်ကြုံကြိုက်အောင် ရွေးချယ်ပြီး ဆောင်ရွက်ရမယ်။ (ဥပမာ ထွက်သွားသူ ပြန်လာစေဖို့) ။ ကုန်ရောင်းရန် ကားရောင်းရန် အိမ်ရောင်းထွက်ရန် စတဲ့ ထွက်စေချင်တဲ့ ကိစ္စတွေမှာ အထွက်နက္ခတ်နှင့် ယှဉ်ပြီး ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

တော်တော်လေးခက်ပါတယ်။ ဒါတွေကို စနစ်တကျ ရွေးချယ်တတ်ဖို့ ကျွမ်းကျင်ဖို့ ဆိုတာ တော်တော်လေး မလွယ်ကူတဲ့ကိစ္စပါ။ တော်ရုံတန်ရုံ ဗေဒင်အခြေခံ တတ်ကျွမ်းထားတဲ့လူတောင် မလွယ်ကူတာ သာမန် လုံးဝဗေဒင်မတတ်တဲ့လူတွေဆိုရင်တော့ ပိုဆိုးတာပေါ့။ အဲဒီအတွက် စိတ်မပူပါနဲ့။ အောက်မှာ နေ့သိရုံနဲ့တင် ဆောင်ရွက်လို့ ရအောင် ရွေးချယ်ပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့---ဗလောင်ဆူနေတဲ့စိတ်ကို ငြိမ်သက်သွားစေဖို့ ပြုလုပ်တဲ့အဆောင်တွေကို ပြုလုပ်ပါ။
တနင်္လာနေ့-- အတိတ်နိမိတ်ကောင်းစေဖို့ ၊ အိပ်မက်ကောင်းများမက်စေဖို့ အစီအရင်တွေကို ပြုလုပ်ပါ။
အင်္ဂါနေ့.... ရန်သူကင်းဝေအောင် လုပ်တဲ့ အကာအကွယ် အစီအရင်တွေ ပြုလုပ်ပါ။
ဗုဒ္ဓဟူးနေ့... စာမေးပွဲဖြေဖို့ကိစ္စ ၊ အင်တာဗျူးဖြေဖို့ကိစ္စ စသောကစ္စများအတွက် ပြုလုပ်ပါ။
ကြာသပတေးနေ့.... ဓနဥစ္စာ ကြွယ်ဝချမ်းသာအောင်လုပ်တဲ့ အစီအရင်တွေကို ပြုလုပ်ပါ။
သောကြာနေ့.... ပီယအဆောင်တွေကို ဆောင်ရွက်နိုင်ပါတယ်။
စနေနေ့.....  မိမိအိုးအိမ်နှင့် မိမိလုပ်ငန်းကို သူတစ်ပါးမထိပါးအောင် ကာကွယ်တဲ့ အစီအရင်တွေကို ပြုလုပ်ပါ။

ကိုယ်တိုင်ယတြာပြုလုပ်မယ်ဆိုရင်(၂)

ယတြာပြုလုပ်ပေးမည့်ဆရာက မန္တာန်ဖြင့်နှိုးဆွခြင်း

ငါရဲ့ခန္ဓာကိုယ် အတွင်းမှာလည်းကောင်း ၊ ငါရဲ့ခန္ဓာကိုယ် ပတ်ပတ်လည်မှာလည်းကောင်း တန်ခိုးသိဒ္ဓိဓာတ် များ ၊ မေတ္တာဓာတ်များ ၊ ပညာဓာတ်များ ပြည့်လျှံနေပါစေသတည်း..... အဲဒီလို (၈)ကြိမ် ရွတ်ရမယ်။ မြန်မာလို မရွတ်ချင်ဘူး။ အင်္ဂလိပ်လို ရွတ်ချင်တယ် ဆိုရင်လည်း ဟောဒီလို ရွတ်ရမယ်။

Within Me And
Around Me Is The Fullness
Of Power, Love And Wisdom.

အခုလို လုပ်တာက  ယတြာဆရာက မန္တာန်နဲ့ ကိုယ့်ကိုယ်ကို နှိုးဆွလိုက်တာပါပဲ။

ယတြာပြုလုပ်ရန်နေရာထိုင်ခင်း စီမံခြင်း

ယတြာပြုလုပ်မယ့်ဆရာဟာ ထိုင်ပြီးစားလို့ရတဲ့ ထမင်းစား စားပွဲလောက်အရွယ် စားပွဲလေးတစ်လုံးတော့ ထားရမယ်။ အဲဒီ စားပွဲလေးမှာလည်း ယတြာ အစီအရင်တွေ လုပ်ရမယ်။ အဲဒီ စားပွဲလေးကို “ ယတြာ လုပ်ရန် ၀တ်ပြုတဲ့ကျောင်း ” တန်ပဲလ် (Temple) လို့ သဘောပေါက်ရမယ်။ အဲဒီ တန်ပဲလ်လေးကိုလည်း ကိုယ့်ဟာကို နှစ်သက်ရာ နာမည်ပေးထားရမယ်။ ဥပမာ....

မနောကြာဖြူတန်ပဲလ်
ဣစ္ဆာသယတန်ပဲလ်

စသည်ဖြင့် အမည်ပေးထားရမယ်။ အဲဒီစားပွဲလေးကိုတော့ ကိုယ့်အိမ်မှာရှိတဲ့ သန်ပြန်ခြောက်သွေ့တဲ့ နေရာမှာ ထားရမယ်။ ပြီးတော့ အဲဒီစားပွဲလေး ပတ်ဝန်းကျင်မှာလည်း ပစ္စည်းတွေနဲ့ ရှုပ်ပွနေတာမျိုး မဖြစ်စေရဘူး။ စာပွဲလေးပေါ်မှာတော့  မှန်အကြည်တစ်ချပ် တင်ထားရမယ်။ မှန်အောက်ထဲမှာ အကြီးဆုံး တန်ဖိုးအရှိဆုံး ပိုက်ဆံတစ်ရွက်လည်း ထည့်ထားရမယ်။

စာပွဲပေါ်မှာ မရှိမဖြစ် ထားရမယ့် ပစ္စည်းကတော့ အားကောင်းတဲ့ သံလိုက်တုံးတစ်တုံး ၊ သလင်းကျောက် တစ်တုံး ၊ အဖြူရောင်ဖယောင်းတိုင်တွေ ၊ နံ့သာဆီပုလင်းတွေ ၊ ရေမွှေးပုလင်းတွေ ၊ ပြီးတော့ အစိမ်းရောင် ပုလင်းထဲမှာ နှင်းဆီပန်း တစ်ပွင့်ဆိုက်ထားတာကိုလည်း တင်ထားရမယ်။ မကြာကြာ အဲဒီပတ်ဝန်းကျင်ကို ဆားရေနဲ့ တောက်ပေးရမယ်။ အခုလုပ်တာကတော့ ယတြာပြုလုပ်ဖို့အတွက် နေရာထိုင်ခင်း စီမံခြင်းပါပဲ။

ကိုယ်တိုင်ယတြာပြုလုပ်မယ်ဆိုရင် (၁)

ယတြာပြုလုပ်ပေးမည့်ဆရာဂမ္ဘီရရေချိုးနည်း

ကိုယ့်ရဲ့ရေချိုးခန်းမှာ ရေချိုးကန်ရှိရင်တော့ အဲဒီရေချိုးကန်နဲ့ပဲ လုပ်ပေါ့။ မရှိရင်တော့ သစ်သားစည် တစ်လုံး ၀ယ်ပြီး ရေအပြည့်ဖြည့်ရမယ်။ အဲဒီရေထဲကို မီးဖိုချောင်မှာ သုံးတဲ့ ဆားဇွန်း(၂၀) ခပ်ရမယ်။ ပြီးတော့ ဆပ်ပြာ မှုန့်ထည့်ပြီး မွှေရမယ်။ ပြီးတော့ အဲဒီ သစ်သားစည်ထဲဝင်စိမ်ပြီး ချိုးရမယ်။ ချိုးတဲ့အခါမှာလည်း ငြိမ်ငြိမ်လေး မချိုးရဘူး။ ရေသံကြားအောင် လှုပ်ရွပြီး ချိးရမယ်။ 
အဲဒီလိုရေချိုးနေစဉ်မှာ အနားမှာ ဖယောင်းတိုင်တစ်တိုင် ထွန်ထားရမယ်။ ဆပ်ပြာရေတွေ ဆားရေတွေ   ပြောင်စင်အောင် ရေသန်နဲ့တစ်ခါ ရေချိုးရမယ်။ ရေသန့်နဲ့ ရေချိုးပြီးရင် ထွန်းထားတဲ့ ဖယောင်းတိုင်ကို မှုတ်ပြီး တစ်ကိုယ်လုံးကို ခြောက်သွေ့သွားအောင် မျက်နှာသုတ်ပ၀ါနဲ့ ပွတ်တိုက်ပစ်ရမယ်။ ပြီးတော့မှ လျှော်ဖွတ်ပြီး သား အ၀တ်အစားကို လဲပြီး ယတြာဆောင်ရွက်ပေးရမယ်။

ယတြာပြုလုပ်ပေးမည့်ဆရာအတွက် ဓာတ်သွင်းခြင်း

အဲဒီလို ဂမ္ဘီရ ရေချိုးနည်းနဲ့ ရေချိုးပြီးတဲ့အခါ အ၀တ်မစားလဲမယ်။ ပြီးတော့ ဂမ္ဘီရ စားပွဲလေးရှေ့မှာ သွားပြီး ထိုင်မယ်။ အဲဒီလို ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ကျောရိုးကို သစ်ပင်တစ်ပင်ရဲ့ ပင်စည်လို သဘောထားရမယ်။ ရွှေရောင်အတိ ပြီးနေရမယ်။
အဲဒီပင်စည်ဟာ မြီးညှောင့်ရိုးကနေ ငယ်ထိပ်အထိ ရောက်နေရမယ်။ အဲဒီ ရွှေေ၇ာင်ပင်စည် အတွင်းကနေ ရွှေရောင်အရည်တွေဟာ ပန်းထွက်ပြီး ခြေထောက်ကနေ ကြမ်းပြင် ၊ ကြမ်းပြင်ကနေ မြေကြီးထဲကို ၀င်သွား တယ်လို့ အာရုံပြုရမယ်။ 
တစ်ခါ မြေကြီးထဲက ရွှေရောင်အရည်တွေဟာ ခြေထောက်ကနေ၀င်လာပြီး ကျောရိုးပင်စည်ထဲကနေ ငယ် ထိပ်အထိ ပန်းထွက်သွားတယ်လို့ အာရုံပြုရမယ်။ အဲဒီလို အာရုံပြုတဲ့အခါ ကိုယ်ခန္ဓာရဲ့ တစ်ခြမ်းစီကို တစ်လှည့်စီလုပ်ရမယ်။ဘယ်ဘက်ချမ်းက စိမ့်တက်လာရင် ညာဘက်ချမ်းက စိမ့်ထွက်သွားတယ်လို့ အာရုံပြု ရမယ်။ ညာဘက်ချမ်းက စိမ့်တက်လာရင် ဘယ်ဘက်ချမ်းက စိမ့်ထွက်သွားတယ်လို့ အာရုံပြုရမယ်။ အဲဒီအ လုပ်ဟာ ယတြာပြုလုပ်ပေးမယ့် ဆရာအတွက် ဓာတ်သွင်းတာပဲ။ အနည်ဆုံး (၁၀)ကြိမ် လုပ်ရမယ်။ အဲဒါတွေမလုပ်ဘဲနဲ့ ယတြာအစီအရင်တွေ လုပ်မပေးရဘူး။ 

ယတြာဆရာ၏ခြေကုတ်ယူခြင်း

အစောကပြောခဲ့တဲ့ဟာတွေ လုပ်ပြီးတဲ့အခါ ကိုယ်လုံးပေါ်မှန်ရှေ့မှာ မတ်တပ်ရပ်လိုက်ပါ။ ပြီးတော့ မှန်ထဲမှာ ကိုယ်ပုံကို သေချာကြည့်လိုက်ပါ။ အဲဒီလိုကြည့်ရင်း တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ လျော့ကျလာပြီး ခန္ဓာကိုယ်ထဲက အလင်းရောင်တန်းတစ်ခုဟာ ခြေဖ၀ါးက ဖြတ်ပြီး မြေကြီးထဲကို ၀င်သွားပြီလို့ အာရုံပြုရမယ် အဲဒါ ပြီးတဲ့အခါမှာ မြေကြီးထဲက အလင်းရောင်တစ်ခုဟာ ခြေဖ၀ါးက ဖောက်ပြီး ခန္ဓာကိုယ်ထဲ ၀င်လာ တယ်လို့ အာရုံပြုရမယ်။ အဲဒါကိုလည်း (၁၀)ခါလောက် လုပ်ရမယ်။ အဲဒါကတော့ ယတြာလုပ်မယ့် ဆရာဟာ မြေဓာတ်ကို ခြေကုတ်ယူတယ်လို့ အာရုံပြုနားလည်ရမယ်။

အဘမင်းသိင်္ခ၏ပညာမူ