မေဂျာကဒ်(၂၂)-ချပ်နှင့် တားရော့ဟောနည်းစာအုပ်ကို လက်ဆောင်ပေးလိုက်ပါတယ်။

ဟုတ်ကဲ့ဗျာ။ ကျွန်တော်က ဗေဒင်ဟောတဲ့နေရာမှာ တားရော့ပညာကို ခရေစီအဖြစ်ဆုံးပဲဗျ။ အဲဒီလို ဖြစ်လာတယ် ဆိုတာကလည်း တားရောကဒ်တွေကို စကိုင်ပြီဆိုကတည်းက အလိုလို ဖြစ်လာတာ မဟုတ်ဘူး။ တားရော့နဲ့ ဗေဒင်စဟောပြီ ဆိုကာမှ သူ့အလိုလို ဖြစ်လာတာပါ။ ဟောတာကြာလေလေ ပိုဖြစ်လေပေါ့။ လူတစ်ယောက်က ကိစ္စတစ်ခုမေးတယ် ဆိုကြပါစို့။ ကိုယ်က သူ့ကို တားရော့တစ်မျိုးတည်းနဲ့ သူမေးတာကို ဖြေပေးလိုက်တယ်။ အစပထမတော့ yes (or) No ပေါ့။ နောက်တော့ သူက လာပြောတယ်။ ဆရာပြောတဲ့အတိုင်း ဖြစ်သွားတယ်ပေါ့။ အဲဒီမှာ ကိုယ်က တားရော့ကို နည်းနည်း မြတ်နိုးသွားတယ်။ ကိုယ်က ကိုယ့်တားရော့ကို နည်းနည်း စယုံသွားတယ်။

အဲဒီလို နည်းနည်းလေးတွေ များများလာတော့ များများယုံကြည်လာတယ်ပေါ့။ များများ ယုံကြည်လာရာကနေ အရမ်းမြတ်နိုးလာတယ်။ နောက်တော့နောက်တော့ တားရော့မျ တားရော့ ဖြစ်လာတယ်ပေါ့။ ဒါကြောင့် တားရော့ပညာကို ၀ါသနာပါ လေ့လာလိုက်စားကြကုန်သော ဗေဒင်ဝါသနာရှင်များကို အထူးတိုက်တွန်းချင်တာ ကတောါ့ လေ့လာပါ။ လိုက်စားပါ။ လက်တွေ့ အသုံးပြုကြည့်ပါ။ နောင်တော့ တားရော့ရဲ့ ဓမ္မ တားရော့ရဲ့ သဘောတရားတွေကို မည်သူမျှ သင်ပေးခြင်း မရှိပါပဲ အလိုလို တတ်မြောက်နားလည်သွားပါလိမ့်မယ်။

အောက်မှာ တားရော့ မိုင်နာကဒ် (၂၂)ချပ်နဲ့ အဘမင်းသိင်္ခ၏ တားရော့ဟောနည်း စာအုပ်ကို မျှဝေပေးလိုက်ပါတယ်။ ဒေါင်းလော့လင့်ကတော့ မီဒီယာဖိုင်းက တင်ပေးထားပါတယ်။ အဆင်မပြေရင် ကော်မန့်ခဲ့ပါဗျာ။ အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်။

အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

ခင်မင်လေးစားစွာဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...

အဘမင်းသိင်္ခ၏တားရောဟောနည်း (အပိုင်း-၄)

၁၆။ မျှော်စင်

၁။ သွားမည့်ခရီးသည် တစ်ခါတည်းနှင့် အထမမြောက်နိုင်ပါ။
၂။ အကြံအစည်ပျက်ပြားမှု၊ လုပ်ငန်းဆုံးရှုံးမှုများ ပေါ်မည်။
၃။ သွပ်၊ သံ၊ သစ်ကိစ္စကြောင့် စိတ်ညစ်ရတတ်သည်။
၎။ အပျက်အစီး အဆုံးအရှုံးများမည်။
၅။ ဆေရာတု ဆရာယောင်နှင့် တွေ့တတ်သည်။ ထိုသူ၏ မည်မှာ တနင်္လာစာလုံးပါ မည်။
၆။ အိမ်တွင်းရေး မာမယာဖြစ်မည်။
၇။ အိမ်သို့ ဆွေမျိုးဧည့်သည် ညအိပ်ရောက်လာမည်။ ၎င်း ရောက်လာခြင်းကို လက်ခံရမည်။
၈။ ငွေသည် ကြံဖန်၍ ကုန်စရာများပေါ်ပြီး ကန်မည်။
၉။ ရုတ်ရက် ခါးမျက်၊ ခါးနာပေါ်မည်။ ၁၀။ မိတ်ဆွေတစ်ဦး မိမိအပါ်၌ အထင်လွဲလိမ့်မည်။
၁၁။ မုဆိုးဖို၊ မုဆိုးမ တစ်ဦးဦး အိမ်သို့ လာရောက်တည်းခိုမည်၊ ထို့နောက် အမှုဖြစ်တတ်သည်။
၁၂။ အလုပ်၌ ရန်ပေါ်မည်။
၁၃။ ဘုရားဖူးခရီးထွက်လိုက်လျှင် အကောင်းဆုံးဖြစ်သည်။
၁၄။ အိမ်တွင် မီးလန့်တတ်သည်။ သတိမထားပါက အဖိုးတန်ပစ္စည်းများ ဆုံးရှုံးမည်။
၁၅။ ယခင်နှင်ကကျန်ခဲ့သောပစ္စည်းများ ယခုနှစ်ဆက်၍ ထွက်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . . ထိုကိစ္စ လုံးဝအဖြစ်နိုင်ပါ။ သင်၏အကြံအစည်များ တစ်စစီပျက်စီးသွားပါလိမ့်မည်။

၁၇။ ဓူဝံကြယ်

၁။ နာမည်ကြီးထမင်းငတ်ဆိုသကဲ့သို့ဖြစ်မည်။
၂။ အိမ်၌ လျှပ်စစ်ရှော့ဖြစ်လိမ့်မည်။
၃။ ကြွေးကိစ္စ စကားအချေအတင်ပြောရတတ်သည်။
၎။ ကျား-သွားရောဂါဒုက္ခပေးမည်။ မ-သွေးရောဂါ ဒုက္ခပေးမည်။
၅။ လူပွေလူရှုပ်များ အိမ်သို့ ရောက်လာမည်။ ရောက်လျှင်နှစ်ကြိမ်ရောက်မည်။
၆။ မိတ်ဆွေကောင်းနှစ်ဦး တစ်ပြိုင်တည်းရမည်။
၇။ ထူးဆန်းသော အသိပညာထူးတစ်ခုရမည်။
၈။ စိတ်ညစ်စရာ နှစ်ကြိမ်ပေါ်မည်။
၉။ ခရီးမထွင်ချင်ဘဲ နှစ်ကြိမ်ထွက်ရမည်။
၁၀။ ငွေများဝင်လျက် ကြွေးတင်နေမည်။ ကြီးကြီးမားမား ပေးဆပ်ရန် ကြွေးနှစ်ခုရှိမည်။
၁၁။ နာမည်အလွန်ကြီးသွားမည်။ ကောင်သောကြီးခြင်းဖြစ်မည်။
၁၂။ မိမိ လုပ်သောအလုပ်တွင် နှစ်ကြိမ်ဆုံးရှုံးဖြစ်မည်။
၁၃။ တစ်အိမ်သားလုံးကျန်းမာရေး ညံ့မည်။
၁၄။ ဆေးရုံ၊ ဆေးခန်းတက်ရောက်ကုသရခြင်းအထိ ကျန်းမာရေးညံ့မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . . ထိုကိစ္စ အောင်မြင်နိုင်ပါသည်။ ထင်ထင်ရှားရှား အောင်မြင်ပါလိမ့်မည်။

၁၈။ လမင်းစန္ဒာ

၁။ အိမ်ကိစ္စ ပြဿနာပေါ်မည်။
၂။ သားသမီးတစ်ဦးဦးအတွက် စိတ်ညစ်ရမည်။
၃။ လောင်းကစားလုပ် သူဆိုပါက ဒုက္ခရောက်တော့မည်။ ရပ်ထားပါ။
၎။ ခရီးဝေးသွားရလိမ့်မည်။ သွားရမည့်ခရီးမှာ တောင်စူးစူးဖြစ်မည်။ နိုင်ငံရပ်ခြားခရီးလည်းဖြစ်မည်။
၅။ မိမိနေသောအရပ်တွင် တွေ့နေကြဆိုင်းဘုတ်တစ်ခု ဖြုတ်ချလိုက်၍ မတွေ့တော့ဘဲရှိမည်။ ဤသို့ဖြစ်လျှင် မုဆိုးမတစ်ဦးကို မိမိထိုးလိုသော ဂဏန်းပြော၍ ထီးထိုးခိုင်းပါ။ ထီပေါက်မည်။
၆။ ဘုရားရုပ်တုတော်၊ ဆင်းတုတော်ကြွလာမည်။
၇။ ဘာသာရေးသမား များ အ၀င်အထွက်လုပ်လာမည်။ လက်ခံပါ။
၈။ ငွေများဝင်သောလည်း ထွက်စရာဆက်တိုက်ပေါ်မည်။ ခြေထောက်နာမည်။
၉။ အိုးသစ်အိမ်သစ်ပြောင်းရကိန်းပေါ်မည်။ (သို့) အိမ်ပြင်ရမည်။
၁၀။ မီးဖိုဘက်တွင် မီးလန့်ခြင်း၊ တစ်စုံတစ်ယောက်ကို အပူလောင်ခြင်းဖြစ်မည်။ ဤသို့ဖြစ်သော် မိမိ၏ အ၀တ်ဟောင်းတစ်ထည်ကိုစွန့်ပစ်ပြီး ထီထိုးပါ။
၁၀ ပုံ ၁ပုံလှူပါမည်ဟု အဓိဋ္ဌာန်ပြုပါ။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မအောင်မြင်နိုင်ပါ။ ဆက်လုပ်လျှင် မျက်ရည်ကျဖို့ရှိပါသည်။

၁၉။ နေသူရိန်

၁။ ပညာထူးချွန်မည်။
၂။ စပ်တူလုပ်ငန်းလုပ်ရမည်။ အောင်မြင်မည်။
၃။ အချစ်ရေးကံကောင်းသည်။ အိမ်ထောင်ရေး ပို၍ ကံကောင်းပါသည်။
၎။ ဆွေးမျိုးကို အကြောင်းပြုပြီး လင်မယားစိတ်ကောက်ရခြင်းရှိသည်
၅။ အောင်မြင်မည့်ကာလဖြစ်သည်။ ဘာကိုပဲလုပ်လုပ်ရဲရဲလုပ်ပါ။
၆။ ရပ်ဝေးခရီးရှိသည်။
၇။ မုချ တိုးတက်ခြင်းဖြစ်သည်။
၈။ မမျှော်လင့်သောသူထံမှ အကူအညီရမည်။
၉။ ယခုအခါ အောင်မြင်ခြင်းသည် ကြီးမားသော အကောင်မြင်ခြင်းဖြစ်သည်။
၁၀။ ငွေ (၇) ဂဏန်းဆုံးရှုံးတတ်သည်။
၁၁။ စွန့်စားရသော လုပ်ငန်းများကို လုပ်နိုင်ပါသည်။
၁၂။ ပြည်တွင်းပြည်ပခရီးများသွားရလိမ့်မည်။
၁၃။ လုပ်ချင်သောလုပ်ငန်းကို ရဲရဲသာလုပ်ပါ။ မုချအောင်မြင်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မုချအောင်မြင်ပါလိမ့်မည်။ ပျော်ရွှင်မှုနှင့် အဆုံးသတ်ပါလိမ့်မည်။

၂၀။ ရှင်ပြန်ထမြောက်

၁။ ရပ်ဝေးရောက်နေသော အိမ်သားတစ်ဦး ပြန်ရောက်လာလိမ့်မည်။
၂။ မိမိအထက်အရာရှိတစ်ဦး ပြောင်းရတော့မည်။ ရက်ပိုင်း သာလိုတော့သည်။
၃။ ယခုမှ နှစ်လကျော်လျှင် စီးပွားအလွန်တက်မည်။ တစ်စုံ တစ်ဦး ကလေးမွေးဖွားသောသတင်းကြားရလျှင်လည်း စီးပွားတက်တတ်ပါသည်။
၎။ ဆွေမျိုးထဲမှ အမျိုး သမီးကြီးတစ်ဦး၏ အကူအညီကိုရမည်။
၅။ ရွှေဝင်မည်။
၆။ လက်တွဲရန် အဖော်ကောင်းရမည်။
၇။ဘုရားဖူးခရီးသွားရတတ်သည်။ (သို့မဟုတ်) မွန်မြတ်သောခရိးကို ဆိုလိုပါသည်။
၈။ ရပ်ဆိုင်းထားသောလုပ်ငန်းများကို ပြန်လည်ရှင်သန်လာမည်။
၉။ နာမည်ဂုဏ်သတင်းများ နေ့ချင်းညချင်း တိုးတက်လာမည်။
၁၀။ မျှော်လင့်ထားသော အကြောင်းအရာအားလုံး လက်ဝယ် ပိုင်ပိုင်ရရှိမည်။
၁၁။ ထူးခြားသော စာအုပ်တစ်အုပ် ဖတ်ရမည်။ ထိုစာအုပ်မှ အကြံသစ်ဥာဏ်သစ်ရရှိမည်။
၁၂။ ဥာဏ်မကွန့်ပါနှင့် ရိုးရိုးသားသားလုပ်ပါ။ မုချအောင်မြင်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . . ထိုကိစ္စ မုချအောင်မြင်ပါလိမ့်မည်။ အစပထမတွင် မအောင်မြင်သကဲ့သို့ ဖြစ်နေပြီး နောက်ဆုံး၌ အောင်မြင်ပါလိမ့်မည်။

၂၁။ ကမ္ဘာလောက

၁။ နိုင်ငံရပ်ခြားနှင့်ဆိုင်သောကိစ္စများပေါ်မည်။ အောင်မြင်မည်။
၂။ ကိုးကွယ်သောနတ်များ မ တော်မူမည်။
၃။ သိုလှောင်ပစ္စည်းမြတ်မည်။
၎။ အစွပ်စွဲခံရကိန်းရှိသည်။ သတိပြုပါ။
၅။ မင်းစိုးရာဇာဂုဏ်ပြုလိမ့်မည်။
၆။ သိကြား မ သကဲ့သို့ ရုတ်တရက် ကြီးပွားချမ်းသာသွားမည်။
၇။ ရှေ့ရေးအတွက် ဘာမှမပူပါနှင့် အားလုံးကောင်းပြီဟု နားလည်ပါ။
၈။ ယခုနေသောနေရာမှလည်း ပြောင်းရွှေ့ ရကိန်းရှိသည်။ ပို၍ ကောင်း သောနေရာသို့ ရောက်မည်။
၉။ ပူပင်သောက အားလုံးကို မေ့ပစ်လိုက်ပါတော့။
၁၀။ စိတ်ချမ်းသာမှုများ တိုးတက်မှုများ တစ်ခုပြီးတစ်ခုရှိမည်။
၁၁။ ကြံစည်ထားသော အကြံအစည်များ ဆုတ်ဆိုင်းခြင်းမရှိ အားလုံး အဆင်ပြေသွားမည်။
၁၂။ ထီပေါက်ကိန်းရှိသည်။ ပေါက်သော် သတိထားပါ။ အိမ်သူအိမ်သားတစ်ဦးဦး ရုတ်တရက် နာမကျန်းကြီးစွာ ဖြစ်တတ်သည်။

လက်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မုချအောင်မြင်မည်။ ရဲရဲသာလုပ်ပါး ထိုကိစ္စအောင်မြင်ပြီး ရက်အနည်းငယ်အတွင်း၌ သင်ခရီးထွက် ရလိမ့်မည်။

၂၂။ အရူး

၁။ လုပ်ငန်းများရှေ့ သို့မတိုးဘဲနှောင့်နှေးနေမည်။
၂။ အရောင်းအ၀ယ်သမားဖြစ်ပါက အရောင်းအ၀ယ်မ ကောင်းပါ။
၃။ အိမ်သို့ အရက်ပုလင်းများ ရောက်လာတတ်သည်။ အမြန်ဆုံး ပြန်၍ထုတ်ပစ်ပါ။
၎။ နားအူ၍ နေမည်။ အမြန်းဆုံးကုသပါ။ ပျောက်ကင်းမည်။
၅။ခရီးတိုများ ဆက်တိုက်သွားနေရမည်။
၆။ အမှုအခင်း ဖြစ်ပွားတတ်သည်။
၇။ ကိုယ်ခန္ဓာ၏ ဘယ်ဘက်ခြမ်း မကြာခဏအောင့်မည်။
၈။ သက်ကြီးရွယ်အိုများ အိမ် ၌ လာရောက်မတည်းခိုမိရန် သတိပြုပါ။ တည်းခိုမိပါက ထိုသက်ကြီးရွယ်အို အိမ်၌ ဆုံးပါသွားတတ်သည်။
၉။ လောကဓံတရား၏ မတရားညဉ်းပန်းနှိပ်စက်မှုကို ခံရတော့မည်။ အံကြိတ်ပြီးသာခံပေတော့။
၁၀။ ဘာတစ်ခု မှ ကောင်းကွက်မရှိပါ။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မေ့လျော့ပစ်လိုက်ပါ။ အောင်မြင်ရန် လမ်းလုံးမရှိပါ။

  • သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
  • ဟိန်းတင့်ဇော်
  • ထိုင်းနိုင်ငံ-မဟာချိုင်မြို့
  • Sayaheintintzaw@gmail.com
  • Ph.+66874150022
  • (အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)

အဘမင်းသိင်္ခ၏တားရောဟောနည်း (အပိုင်း-၃)

၁၁။ မနုစာရီ

၁။ လုပ်ငန်းကြီးများပေါ်မည်။
၂။ တစ်စုံတစ်ယောက်နှင့် တရားဆိုင်ရတတ်သည်။
၃။ ရန်ပွဲတစ်ပွဲ ကြုံရမည်။
၎။ အခက်အခဲများရှိသော်လည်း အားလုံးပြေပျောက်သွားမည်။
၅။ မယ်တော်မနုစရီက မစလိမ့်မည်။
၆။ လူချီးမွမ်းခံရမည်။ ထီပေါက်မည်။ ကျိန်းသေသလောက် ရှိသည်။ ထီထိုးဖြစ်အောင်ထိုးပါ။
၇။ နေရာပြောင်းရွှေ့ရတတ်သည်။ ခရီးဝေးသွားရမည်။
၈။ မိတ်ဆွေရင်းတစ်ဦး မိမိကို မကောင်းကြံတတ်သည်။ ဂရုစိုက်ပါ။
၉။ လူလိခံရကိန်းရှိသည်။ အိမ်တွင်းရေး၌လည်း အဆင်မပြေဖြစ်တတ်ပါသည်။
၁၀။ အစိုးရ၏ ချီးမြှောက်ခြင်းခံရမည်။
၁၁။ မသွားတော့လိုလိုနှင့် ခရီးတစ်ခုသွားရမည်။
၁၂။ ငွေအလုံးအရင်းနှင့် ၀င်တတ်သည်။
၁၃။ အလှူအတန်းတစ်ခု မုချလုပ်ရမည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ အောင်မြင်ပါလိမ့်မည်။ သင့်ဘက်က မှန်ကန်ဖို့ အရေးကြီးပါသည်။

၁၂။ တွဲလောင်းဆွဲခံရသူ
၁။ လုပ်သမျှ ကိစ္စအားလုံး တိုးလိုးတန်းလန်းဖြစ်နေမည်။
၂။ ငွေများဝင်သော်လည်း အဖတ်မ၀င် ဖြစ်မည်။
၃။ နေအိမ်အနီး၌ နာရေးပေါ်မည်။ သွားရောက်ခြင်းမပြုပါနှင့်။
၎။ အငြိမ်နေရသည်မရှိဘဲ လှုပ်ရှားနေရမည်။
၅။ ကျန်းမာရေး တစ်ခုပြီးတစ်ခု ညံ့မည်။ သွေးထွက်သံယို ဖြစ်မည်။
၆။ မြေအတွက်၊ အမွေအတွက် စကားအကြီးအကျယ် ပြောရမည်။
၇။ ငွေများ တရစပ်ဝင်မည်။ ၀င်သော် ဗုဒ္ဓဟူးနံကို အကြောင်းပြုဝင်မည်။
၈။ သူတစ်ပါး၏အကြောင်းမဲ့ စွပ်စွဲပြောဆိုခြင်းခံရမည်။
၉။ အလှူတစ်ခုလုပ်ရမည်။
၁၀။ မကြာမီ၌ စီးပွားသစ်၊ လုပ်ငန်းသစ် ဖြစ်ဖွယ်ရာရှိသည်။
၁၁။ ဟိုဟာလုပ်ရ ကောင်းနိုး၊ ဒီဟာလုပ်ရကောင်းနိုးနှင့် အချိန်ကုန်သွားတတ်သည်။
၁၂။ ပစ္စည်းများ ထုခွဲရောင်းချ၍ လုပ်ငန်းသစ်လုပ်လိုစိတ်ပေါ်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မအောင်မြင်ပါ။ တိုးလို့တန်းလန်းဖြစ်လိမ့်မည်။

၁၃။ သေမင်း

၁။ လုပ်ငန်းအကြံအစည်အသစ်ပေါ်မည်။
၂။ မြေ၀င်မည်။ ၃။ ရင်းနှီးသောသူ ဆေးရုံတက်ရမည်။ သွား၍မေးရမည်။
၎။ ဆွေးမျိုးသားချင်းတစ်ဦး ရပ်ဝေး၌ ဆုံးပါသော သတင်းကို ကြားရမည်။
၅။ အမှု အခင်းဖြစ်ပွား၍ အချုပ်အနှောင်ခံရမည်။
၆။ အလုပ်၌ စိတ်မ၀င်စားသကဲသို့ ဖြစ်မည်။ အလုပ်ထွက်ချင်စိတ် ပေါ်မည်။
၇။ ငွေရှာဖွေ၍ လွယ်မည်။ ငွေများလည်းဝင်မည်။
၈။ စက်တစ်လုံးဝင်မည်။ ထိုစက်ဝင်ပြီးနောက် ထီပင်ပေါက်တတ်သည်။
၉။ တစ်စုံတစ်ယောက်နှင့် စကားများလိမ့်မည်။ စကားများ သောသူ မိမိထက်ကြီးလိမ့်မည်။
၁၀။ ပညာထူးရမည်။ မိတ်ဆွေ၊ ဆရာသမား၊ မ စလိမ့်မည်။
၁၁။ ဤအချိန်အတွက် ကိုယ်ကျင့်တရား အလွန်အရေးကြီးသည်။ ကိုယ်ကျင့်တရားပျက်လျှင် ရေရှည်ဒုက္ခ ရောက်သွားလိမ့်မည်။
၁၂။ အမှုဖြစ်နေသူကို ငွေချေးခြင်း၊ အာမခံလိုက်ခြင်း၊ မလုပ်ပါနှင့် လုပ်မိသော် မိမိပါ ဒုက္ခရောက်တတ်သည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါကမူ . . ထိုကိစ္စ လုံးဝမအောင်မြင်ပါ။ အပြီးအပိုင် ရပ်ဆိုင်းသွားဖို့ရှိသည်။

၁၄။ ရေခွက်နှစ်ခွက်

၁။ အလုပ်နေရာ၊ အိမ်နေရာ၊ ပြောင်းရွှေ့ရမည်။
၂။ အိမ်ပြင်၊ အိမ်ဆောက် ပြုလုပ်ရမည်။
၃။ ရေလမ်း ခရီးမှ ဧည့်သည်လာမည်။
၎။ ကားသစ်ဝင်မည်။
၅။ အလုပ်နေရာ၊ အိမ်နေရာ၊ အရွှေ့အပြောင်းဖြစ်သည်။
၆။ မကြာခဏ ခရီးထွက်ရမည်။
၇။ ရုတ်တရက် ရာထူးတိုးခြင်း၊ စီးပွားတိုးတက်ခြင်းဖြစ်မည်။
၈။ မိတ်ဆွေ တစ်ယောက်အတွက် စိတ်သောကရောက်ရတတ်သည်။
၉။ သမီးရှိသော် အိမ်မှထွက်သွားတတ်သည်။
၁၀။ သိမ်တစ်လုံးထဲတွက် မိသားစုနှစ်စု ပူးပေါင်းနေထိုင်ရမည်။ မကြာမီ အိမ်ပိုင် (သို့) မိမိတိတ်တိုင်းကျ အိမ် ရမည်။
၁၁။ ရင်ဘတ်အောင့်သောရောဂါရမည်။ သားသမီးအတွက် စိတ်သောကရောက်မည်။ ယားနာဖြစ် မည်။ ဆေးမရှာပါနှင့် အလိုလိုပျောက်မည်။
၁၂။ ငွေအစုလိုက်အပုံလိုက်ရမည်။ (၂၄)ရက်အတွင်း ၀င်လာ မည်။
၁၃။ မိမိသုံးသောစက် ပျက်မည်။ ရောင်းမပစ်ပါနှင့်၊ ပြင်၍သုံးပါ။ အကျိုးရှိလိမ်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ အောင်မြင်နိုင်ပါသည်။

၁၅။ တစ္ဆေ

၁။ အချစ်ရေး၊ အိမ်ထောင်ရေး ပြဿနာပေါ်တတ်သည်။
၂။ လေထိုးလေအောင့်ဖြစ်မည်။
၃။ စကားများ ကိန်းရှိသည်။
၎။ ယခုနေသောနေရာ၌ မြေမသန့်ပါ။ အိမ်နှင့်မလှမ်းမကမ်းနေရာ၌ တစ္ဆေသရဲရှိသည်။
၅။ ထူးခြားသော ရုပ်ထုတစ်ခု ရောက်လာတတ်သည်။ ရောက်လာပြီးနောက် စနေသားတစ်ဦးထံမှ လာဘ် လာဘရမည်။
၆။ မမျှော်လင့်ဘဲ မိတ်ဆွေကောင်းတစ်ဦး ရရှိလိမ့်မည်။ ထို့အတူ ဘ၀တစ်ခုလုံးအတွက် အသုံးဝင်သော ပညာလည်းရမည်။
၇။ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။
၈။ မျက်စိနာမည်။ ၉။ ပစ္စည်းပျောက်မည်။ ခရီးထွက်ရမည်။
၁၀။ ဆေးဖိုးဝါးခအဖြစ်လည်းကောင်း၊ သူတစ်ပါးကို ကူညီရန် အတွက်လည်းကောင်း ငွေထွက်မည်။
၁၁။ တိုးတက်မှုများ ကြုံတတ်ပါသည်။ မည်သည့်ကိစ္စ၌မဆို နှုတ်ဆိတ်နေရန် အရေးကြီးပါသည်။
၁၂။ အလုပ်ထွက်ရန်၊ ပြောင်းရန် အကြောင်းပေါ်လာမည်။

လတ်တလောကိစ္စအတွက် မေးမြန်းပါမူ . . ထိုကိစ္စ ပျက်သွားပါလိမ့်မည်။ မအောင်မြင်နိုင်ပါ ။

အဘမင်းသိင်္ခ၏တားရောဟောနည်း (အပိုင်း-၂)

၅။ ဘုန်းကြီး

၁။ ဘုန်းကြီးတစ်ပါး အိမ်သို့ ကြွလာမည်။
၂။ မိဘ ကျန်းမာရေး ညံ့မည်။
၃။ ခေါင်းကိုက်မည်။
၎။ စိန်အပါအ၀င် အဖိုးတန်ပစ္စည်းဝင်မည်။
၅။ လာဘ် အလွန်ရွှင်မည်။
၆။ အလုပ်၌ နာမည်ကောင်းရမည်။
၇။ အောက်လက်ငယ်သား၏ အကူအညီကို ရမည်။
၈။ အိမ်ထောင်သည်အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ရမည်။
၉။ ရုတ်တရက် ခရီးထွက်ရလိမ့်မည်။
၁၀။ ငွေလိမ်ခံရတတ်သည်။
၁၁။ မိန်းမတစ်ဦး မိမိ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်လိမ့်မည်။
၁၂။ နေအိမ်မသန့်ပါ။ အခိုက်အညံ့ရှိနေသည်။ နေရာအနှံ အပြား ပရိတ်ရေနှင့် ဖြန်းလိုက်ပါ။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမှာ မုချအောင်မြင်မည့် ကိစ္စဖြစ်သည်။ ရဲရဲတင်းတင်းဆောင်ရွက်ပါ။

၆။ ချစ်သူနှစ်ဦး

၁။ မင်္ဂလာရက်ရွှေ့ရမည်။
၂။ အချစ်ရေးတွင် ကြားလူအနှောင့်အယှက် ပေါ်မည်။
၃။ မြေ၊ အိမ် ရတတ်သည်။
၎။ စက်တစ်ခုဝင်လာမည်။ အလွန်ကောင်းသည်။
၅။ ပညာဖြင့် လာဘ်ရမ်ည။ ၆။ ပညာထူးရရှိမည်။
၇။ ရေကြောင်းခရီးသွားရမည်။ (ပြည်ပခရီးဖြစ်နိုင်သည်)
၈။ အမှုဖြစ်လိမ့်မည်။
၉။ အလုပ်၌ စိတ်မ၀င်စားသကဲ့သို့ ရှိမည်။ အလုပ်ပြောင်း ရမည်။
၁၀။ ငွေရေးကြေးရေး အဆင်မပြေဖြစ်လိမ့်မည်။
၁၁။ မိဘ ကို ကောင်းစွာလုပ်ကျွေးရလိမ့်မည်။
၁၂။ အိမ်တွင် နားလေးသူရှိမည်။ မရှီပါက မိမိကိုယ်တိုင် နားကို ဥပဒ်ပေးတတ်သည်။

လတ်တလောကိစ္စအတွက် မေးမြန်ဝါမူ .. ထိုကိစ္စ အောင်မြင်မည်။ သို့သော အချိန်အနည်းငယ်နောက် ကျပြီးမှ အောင်မြင်တတ်သည်။

၇။ စစ်ရထား

၁။ စပ်တူရှဗယ်ယာလုပ်ငန်းတစ်ခု လုပ်ရမည်။
၂။ မိမိထက် အသက်အားဖြင့်ကြီးသူ၊ ဂုဏ်အားဖြင့်ကြီးသူ တစ်ဦးဦးက ကူညီလိမ့်မည်။
၃။ ခြေထောက်တစ်ဖက် နာလိမ့်မည်။
၎။ စိတ်ချမ်းသာစရာများ ဆက်တိုက်တွေ့လိမ့်မည်။ လာဘ် လာဘ လည်း အလွန်ရွှင်မည်။
၅။ သူတစ်ပါးအတွက် သက်သေလိုက်ရမည်။
၆။ အိုးသစ်အိမ်သစ် ရတတ်သည်။
၇။ မိန်းမဧည့်သည်တစ်ဦး အိမ်သို့ရောက်လာမည်။ ကောင်းသည်။
၈။ ဆွေမျိုးတစ်ဦး ကျန်းမာရေးညံ့သောသတင်းကြားရမည်။
၉။ သင်ကိုယ်တိုင်လည်း ကျန်းမာရေးညံ့တတ်သည်။
၁၀။ သူတစ်ပါးကို ထောက်ပံ့ရသောကြောင့် ငွေများထွက်တတ်သည်။
၁၁။ အောက်လက်ငယ်သားများ မင်္ဂလာပြုတတ်သည်။
၁၂။ ခန္ဓာကိုယ်တစ်ခြမ်း အောင့် သကဲ့သို့ ရောဂါရ တတ် သည်။ စိုးရိမ်စရာမလိုပါ။ အလိုလိုပျောက်ကင်းမည်
၁၃။ နောက်သုံးလကြာလျှင် စီးပွားတတ်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ ထိုကိစ္စမအောင်မြင်ပါ။ လက်လျှော့လိုက်လျှင် အကောင်းဆုံးဖြစ်သည်။

၈။ စွမ်းအားရှင်

၁။ ဆိုင်ခန်းတစ်ခု ရရှိမည်။
၂။ သူတစ်ပါးကို အာမခံမိ၍ စိတ်ညစ်ရတတ်သည်။
၃။ သူတစ်ပါးအမှု လိုက်လံဆောင်ရွက်ရတတ်သည်။
၎။ မိမိ၌လည်း အမှုပေါ်တတ်သည်။
၅။ ကိုးကွယ်မှုဆိုင်ရာပစ္စည်းများ၊ အထူးသဖြင့် ဘုရားပုံ တော်များ ရောက်လာမည်။
၆။ အစားမှားခြင်းဖြစ်လိမ့မည်။ ဆင်ခြင်ပါ။
၇။ သူတစ်ပါးက မိမိအား မတရားစွပ်စွဲပြောဆိုခြင်း ခံရ မည်။ သည်းခံပါ။
၈။ ငွေဝင်လိမ့်မည်။ ဆက်တိုက်ဝင်လိမ့်မည်။
၉။ လုပ်ငန်း၌ ရန်ပေါ်တတ်သည်။
၁၀။ အမွေအတွက် စကားပြောရတတ်သည်။ မြေနေရာကို အကြောင်းပြု၍လည်း စကားပြောရမည်။
၁၁။ ခြေလက်ခိုက်မိ၍ သွေးထွက်သံယိုဖြစ်တတ်သည်။
၁၂။ လုပ်သမျှကိုင်သမျှ အလွဲလွဲချော်ချော်ဖြစ်လိမ့်မည်။
၁၃။ သူတစ်ပါးက မိမိအား မကောင်းသော ပယောဂအတတ် ဖြင့် ပြုစားထားသကဲ့သို့ စိတ်၌ ခံစားရလိမ့်မည်။

လတ်တလောကိစ္စအတွက်မေးမြန်ပါမူ . . ထိုကိစ္စ မအောင်မြင်နိုင်ပါ။ တစ်စုံတစ်ယောက်၏ ဟန့်တားနှောင့်ယှက်မှုတွေရလိမ့်မည်။

၉။ ပုဏ္ဏားဘကွန်း

၁။ နိုင်ငံခြားခရီး၊ ရပ်ဝေးခရီး သွားရမည်။
၂။ လက်ဆောက်ပစ္စည်းများ ရောက်လာမည်။
၃။ အမိအဖမျက်စိရောဂါ ကုပေးရလိမ့်မည်။
၎။ မိမိကိုယ်တိုင်လည်း မျက်စိအားနည်း၍ မျက်မှန်တပ်ရမည်။
၅။ ဘာသာရေးကို ဖိဖိစီးစီးလုပ်ပါ။ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန် ၀င်ခြင်းများ ပြုလုပ်ပါ။ အကျိုးထူးတော့မည်။ အထက် ပုဂ္ဂိုလ် မ လိမ့်မည်။
၆။ ပညာထူးရတတ်သည်။
၇။ ဆရာသမား၊ အကြီးအကဲ မ စလိမ့်မည်။
၈။ အရေးမကြီးသောအြောင်းအရာကြောင့် စကားများ တတ်သည်။ ၉။ စက်အသစ်တစ်ခု ၀င်လိမ့်မည်။
၁၀။ အိမ်တွင်ဆွထားသော နတ်အုန်းသီး အစို့ပေါက်လိမ့်မည်။
၁၁။ ငွေရှာ၍ လွယ်သောအချိန်ဖြစ်သည်။
၁၂။ ယခုလက်ရှိလုပ်နေော အလုပ်၌ မပျော်ပိုက်ဘဲရှိလိမ့်မည်။ အမြန်းဆုံးထွက်လိုက်ပါ။
၁၃။ အနှောင့်အယှက်များ ရှိပါသည်။ သို့သော် သင့်ကို ဒုက္ခ ပေးနိုင်သော အနှောင့်အယှက်များ မဟုတ်ပါ။
၁၄။ အိမ်အနောက်ပိုင်းကို ပြင်ရလိမ့်မည်။ ပြင်ရလျှင်လည်း အလွန်ကောင်းပါသည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ အောင်မြင်နိုင်ပါသည်။ မျက်မှန်နှင့်လူ ကူညီလိမ့်မည်။ ရဲရဲသာလုပ်ပါ။

၁၀။ ကံကြမ္မာလှည်းဘီး

၁။ အပြောင်းအရွှေ့ဖြစ်မည်။ အိမ်ပြောင်း၊ အလုပ်ပြောင်းများပေါ်မည်။
၂။ ရေပိုက်များပြင်ရမည်။ ရေနှင့်ပတ်သက်၍ စိတ်ညစ်ရ တတ်သည်။
၃။ အိမ်ထောင်ဖက် ဖျားနာမည်။
၎။ ကလေးရှိက အမြင့်မှ လိမ့်ကျတတ်သည်။
၅။ ပညာရေး (သို့) မိန်းမတစ်ယောက်အတွက် သောက ရောက်ရတတ်သည်။
၆။ ထူးခြားသောဓာတ်ပုံတစ်ခု ၀င်လာမည်။ ၀င်ပြီးက လူ နှစ်ယောက် အိမ်တွင်လာရောက်တည်းခိုမည်။ ကောင်း၏
၇။ ဆေးရုံတက်၍ ရောဂါတစ်ခု ကုသရတတ်သည်။
၈။ သူတစ်ပါးကို ငွေစိုက်၍ လျော်ရမည်။ ငွေအတွက် စိတ်
၉။ အိုးသစ်အိမ်သစ်ဆောက်ရမည်။ အိမ်ပြင်ရမည်။
၁၀။ ခရီးမထွက်ချင်ဘဲ ခရီးထွက်ရမည်။
၁၁။ မျက်စိ၌ ဥပဒ်ရောက်မည်။ သူတစ်ပါးကိစ္စ မိမိဝင်ပါ ရမည်။
၁၂။ ရာထူးတက်ခြင်း၊ လာဘ်ရွှင်ခြင်းဖြစ်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ ထိုကိစ္စ အောင်မြင်ပါလိမ့်မည်။ သို့သော် အပြောင်းအလဲအနည်းငယ် ဖြစ်ပါလိမ့်မည်။

အဘမင်းသိင်္ခ၏တားရော့ဟောနည်း (အပိုင်း-၁)

ကျွန်တော်ဆီကို အွန်လိုင်းကနေမေးလိပို့ပြီး အကူအညီတောင်းတဲ့ လူတွေထဲမှာ ဗေဒင်မေးတဲ့ လူတွေလဲပါတယ်။ ဟောစာတမ်း မှာတဲ့ လူတွေလဲရှိတယ်။ နောက်ပြီး ယတြာ လှမ်းတောင်းတဲ့ လူတွေရှိသလို သူတို့ရဲ့ ဓာတ်ပုံတွေကိုပို့ပြီး အဆင်ပြေအောင် ယတြာလုပ်ခိုင်းတာတွေလဲ ရှိပါတယ်။

နောက်တစ်မျိုးကတော့ ဗေဒင်ဝါသနာရှင်တွေပါ။ ဗေဒင်ပညာကို သူတို့ လက်လှမ်းမီသလောက် လေ့လာနေကြတဲ့ သူတွေပါ။ များသောအားဖြင့် တားရော့ပညာကို တော်တော်များများ ၀ါသနာပါကြတာကို တွေ့ရတယ်။ တားရော့ တစ်ထုပ် လက်ထဲကိုရောက်လာပြီ။ ဘာဆက်လုပ်ရမလဲ။ ဘယ်လို ဟောရမလဲ။ ဘယ်လိုထားရမလဲ။ ဘယ်လို လေ့လာရမလဲဆိုတာတွေက သူတို့အတွက် အခက်အခဲ ဖြစ်နေပုံရတယ်။

အရေးကြီးနေတာက ဘာလဲဆိုတော့ ကိုယ့်ရဲ့ ပညာရပ်အပေါ်မှာ ယုံကြည်မှု့တွေ အားနည်းနေတာပါပဲ။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတစ်ခုပါ။ ဘာကြောင့်လည်းဆိုတော့ ယုံကြည်မှု့ဆိုတာက လက်တွေ့ကြုံလာတဲ့ အဖြစ်အပျက် အတွေ့အကြုံထဲကမှ ရလာတာမို့ပါ။ များများ ဟောလေလေ များများအတွေ့အကြုံရလေလေ များများ ပညရလေလေပါ။ ဒါကြောင့် ဗေဒင်ပညာကို စတင်လေ့လာပြီ ဆိုကတည်းက ဗေဒင်ကို ဟောဖို့ဝန်မလေးပါနဲ့လို့ အကြံညာဏ်ပေးချင်ပါတယ်။

ကျွန်တော်က အဘမင်းသိင်္ခဆီမှာ ဗေဒင်ပညာစသင်ပြီ ဆိုကတည်းက တားရောပညာကို အားသန်ခဲ့တာပါ။ ဘာကိစ္စပဲ မေးမေး တာရော့ကို လက်ကိုင်ထားပြီး အဖြေပေးခဲ့တာပါ။ ဗေဒင်စသင်တဲ့အချိန်မှာကတည်းက တားရောကို ရံှံ့ကြီုးအိပ်လေးထဲကိုထည့်။ သွားလေရာ အဲဒီအိပ်လေးကို လွယ်ပြီး သွားခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ ၀ါသနာခြင်းမတူကြဘူး။ တစ်ချို့က သုံးတန်ပေါ်နိစ်မှ သုံးတန်ပေါ်နိစ်၊ တစ်ချို့ကြတော့ အင်္ဂ၀ိဇ္ဇာ၊ တစ်ချို့ကြတော့ ဇာတာ၊ တစ်ချို့ကြပြန်တော့ မဟာဘုတ်၊ တစ်ချို့ကြတော့ ဧကံသ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူကြဘူး။ ဆရာတစ်ဦးတည်းမှာ ဗေဒင်ပညာသင်ပေးခဲ့တာ တောင်မှ တစ်ယောက်နဲ့ တစ်ယောက် အလေးထားတဲ့ ပညာရပ်ခြင်းမတူညီကြပါဘူး။

အဲဒီတော့ ဗေဒင်ပညာကို သင်ကာစတုန်းကဆိုရင် ကိုယ့်စိတ်ကို မယုံမကြည်ဖြစ်ခဲ့တာပဲ။ ငါဒီလိုဟောလိုက်လို့ မှန်မှ မှန်ပါ့မလားဆိုတဲ့ စိတ်တွေ ၀င်လာခဲ့တာပဲ။ နောက်ပိုင်းကြာလာမှ ကိုယ်ဗေဒင်ဟောပေးလိုက်တဲ့ လူတွေက လာလာပြောကြတာ။ ဆရာလေးရယ် ဆရာလေးပြောလိုက်တာ ကွက်တိပဲ။ ပိုက်ဆံဆုံးမယ်ဆိုတာ လေ။ အမှန်ပဲ ဆရာလေးရေပေါ့။ သူတို့က တစ်ခါလာပြောရင် ကိုယ်က တားရော့ထုပ်လေးကို တစ်ခါနမ်းလိုက်။ နောက်တစ်ယောက်က တစ်ခါလာပြောရင် တစ်ခါနမ်းလိုက်နဲ့ တဖြည်းဖြည်းခြင်းနဲ့ ကိုယ့်ရဲ့ တားရောပညာရပ် အပေါ် မှာရော၊ တားရော့ကဒ်ပြား လေးတွေအပေါ်မှာရော ယုံကြည်မှု့က တိုးတိုးလာခဲ့တာပါ။ အဲဒီတော့ များများဟောလေလေ များများပညာရလေလေပေါ့။

ဗေဒင်ပညာကိုတော့ သင်ပေးလို့ ရပါတယ်တဲ့။ ဒါပေမယ့် ဗေဒင်ဟောနည်းရယ်လို့တော့ သင်ပေးလို့ မရပါဘူး။ ဗေဒင်ဟောတာ ကျွမ်းကျင်ချင်ရင် ဗေဒင်များများဟောရမယ်လို့ အဘပြောဖူးပါတယ်။ ဒါကြောင့် ဗေဒင်ပညာကို စတင်လေ့လာ လိုက်စားနေကြတဲ့ အသက်ကြီးကြီးတွေရော အသက်ငယ်ငယ်တွေရော ယောင်္ကျားတွေရော မိန်းမတွေရော ဘုန်းကြီးတွေရော သီလရှင်တွေရော အားလုံးကို အကြံညာဏ်ပေးချင်တာက ဗေဒင်ပညာတွေကို ကျွမ်းကျင်ချင်ရင် များများသာဟောပေးပါ။

နောက်တစ်ခုက ဘယ်ဗေဒင်ပညာကို စတင်လေ့လာလိုက်စားရမလဲလို့ မေးတဲ့လူတွေလည်း ရှိပါတယ်။ ဗေဒင်ပညာကို ၀ါသနာပါတဲ လူတွေအတွက်ကတော့ ဗေဒင်ပညရပ်က နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ကိုယ့်ဘာသာ စာအုပ်တွေကို ဖတ်လိုက် စာစောင်လေးတွေ လေ့လာလိုက်နဲ့ ဖြစ်ပါတယ်။ နောက်တစ်မျိုးကြတော့ ဆရာရှိမှ ဖြစ်မှာ။ ဥပမာ ဇာတာတို့ နက္ခတ်တို့ လေ့လာမယ်ဆိုရင် ဆရာမရှိလို့ မဖြစ်ဘူး။ ကိုယ့်ကို လက်ပူးလက်ကြပ် သင်ပေးမယ့် ဆရာ မရှိလို့ကတော့ ရွာလည်နေပြီလို့သာ မှတ်ပေတော့။

နောက်တစ်ခုကတော့ ဗေဒင်ပညာရပ်တွေ အများကြီးရှိပါတယ်။ အကုန်လုံးကလည်း သူဟာနဲ့ သူ အကုန်လုံး ကောင်းတာချဉ်းပါပဲ။ ကိုယ်က ၀ါသနာပါတဲ့ ပညာရပ်ကို ကိုယ်ကိုတိုင် လေ့လာကြည့်ပါ။ ဒါပေမယ့် ထဲထဲဝင်ဝင် လေ့လာဖို့တော့ လိုတယ်။ အပေါ်ယံလေ့လာတာ မဟုတ်ဘူးနော်။ တကယ့်ကို နှိက်နှိက်ချွတ်ချွတ် လေ့လာကြည့် ပါ။ လေ့လာရုံတင်မကပဲ တကယ့်ကို လက်တွေ့ကြကြ အသုံးချကြည့်စေချင်တယ်။ ဒါမှသာ မိမိရဲ့ လက်ထဲမှာရှိတဲ့ လက်နျက်က ဘယ်လောက်ကောင်းမယ်ဆိုတာ ကိုယ်ကိုတင် ပစ်ကြည့်မှ သိမယ် မဟုတ်လား။

အခု ကျွန်တော်က တားရော့ပညာအကြောင်း ပြောချင်တာ။ တားရော့ကို ၀ါသနာပါလို့ မိမိလက်ထဲကို တားရော့တစ်ထုပ် ရောက်လာပြီ။ ဘာဆက်လုပ်ရမလဲ။ ဘယ်လိုဆက်ပြီး လေ့လာရမလဲဆိုရင် အကောင်းဆုံးက ကိုယ့်တာရောနဲ့ ကိုယ်နဲ့ တစ်သားတည်းကျအောင် အရင် လုပ်ရမယ်။ တားရော့ကဒ်လေးတွေနဲ့ ကိုယ်နဲ့ တစ်သားတည်း ကျဖို့အတွက် ဆိုရင် တားရော့နဲ့ ကိုယ်နဲ့ အတူအိပ်ရမယ်။ အတူစားရမယ်။ အတူ သွားရမယ်။ နေ့တိုင်းတားရောထုပ်ကလေးကိုရော ၊ တားရောကဒ်ပြားလေးတွေကိုရော ထုတ်ထုပ်ပြီး စေ့စေ့စပ်စပ် ကြည့်ပါ။

ကြည့်တယ်ဆိုတဲ့ နေရာမှာ ကြည့်ရုံပဲ ကြည့်ရမှာနော်။ မစဉ်းစားရဘူး။ မတွေးခေါ်ရဘူး။ အေးဆေးတိပ်ဆိပ်တဲ့ နေရာလေးမှာ စိတ်အေးလက်အေး ထိုင်ပြီး ကြည့်နေရမယ်။ ကိုယ်မျက်လုံးထဲတင်မကဘူး ၊ ကိုယ်နှလုံးသားထဲ အထိပါ စွဲနေအောင် ကြည့်ရမှာနော်။ ဘာမှ မထူးခြားလာဘူးထင်ပြီး ကိုယ်ကြည့်နေတာကို မရပ်ပြစ်ပါနဲ့။ တစ်ခါတလေ ကိုယ်က ဘာမှ မထူးဘူးထင်နေတာ။ အလိုလို ထူးနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတဲ့ အလုပ်ကို ပုံမှန် ဆက်လုပ်နေရုံပါပဲ။

ဟုတ်ပြီဗျာ။ ကိုယ့်လက်ထဲမှာလည်း တားရောတစ်ထုပ်လည်း ရောက်နေပြီ။ နောက်ပြီး တားရောတစ်ထုပ်လုံးကို ရော၊ တားရောတစ်ကဒ်ခြင်းကိုရော ကြည့်လည်း ကြည်နေတယ်။ အတူနေ အတူသွား အတူစားလဲ လုပ်တယ်။ ဒီကြားထဲ ကိုယ်ဆီကို အကြောင်းအမျိုးမျိုးနဲ့ ဗေဒင်လာမေးတဲ့ လူတွေကိုလည်း ကိုယ်က ဟောပေးချင်တယ်။ အဲဒီတော့ ဘယ်လိုဟောရမှန်း မသိသေးဘူးဆိုရင် အခု အဘမင်းသိင်္ခ၏ တားရောဟောနည်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ အဲဒီအတိုင်းသာ ဟောပေတော့။ နောက်ပိုင်းကြတော့လည်း တားရောက ကိုယ့်ကို ပြန်သင်ပေးသွားပါလိမ့်မယ်။
.............................................................................

၁။မှော်ဆရာ

၁။ မကြာခင် ခရီးတစ်ခုသွားရလိမ့်မည်။ ထိုခရီးသည် ကောင်းသောခရီးဖြစ်လိမ့်မည်။
၂။ မိတ်ဆွေတစ်ဦး၏ လိမ်လည်လှည့်ဖျားမှုကို ခံရမည်။
၃။ ရပ်ဝေးမှ ဆွေမျိုးရောက်လာမည်။
၎။ မိမိကို ကောင်းကျိုးမပးသောဆရာ မိမိထံရောက်လာမည်။
၅။ ငွေအတွက် သောကဖြစ်တတ်သည်။
၆။ အလုပ်နေရာ ပြောင်းရွှေ့ရလိမ့်မည်။
၇။ မမျှော်လင့်ဘဲ အမှုကိစ္စတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်။
၈။ ရွှေထည် ပစ္စည်းတစ်ခုဝင်မည်။
၉။ လက်တစ်ဘက်နာရန်ရှိသည်။
၁၀။ ငယ်ရွယ်သူဖြစ်ပါက လိမ်ထောင်ကျလိမ့်မည်။
၁၁။ လုပ်ငန်းအသစ်ပေါ်လိမ့်မည်။
၁၂။ အိမ်နေရာလည်း ပြောင်းရတတ်သည်။ (သို့မဟုတ်) အိမ်ပြင်ရလိမ့်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမအောင်မြင်နိုင်ပါ။ တစ်စုံတစ်ယောက်၏ လိမ်လည်လှည့်ဖျားမှု ကို ခံရမည်။

၂။ မယ်တော်ကြီး

၁။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မည်။
၂။ သားသမီးတစ်ဦး၏ အောင်မြင်သောသတင်းကိုကြားရ မည်။ ထို့အတူ မကျန်းမာသောသတင်းပါ ပါလာမည်။ ၃။ အိမ်သို့ ဧည့်သည်များရောက်လာမည်။ ၎င်းတို့အတွက် စိတ်ညစ်ရမည်။
၎။ မကြာခဏဆိုသလို ခရီးထွက်ရမည်။ ၅။ အလုပ်အကိုင်တိုးတက်မည်။
၆။ အလုပ် ရွှေ့ပြောင်းရမည်။
၇။ နေအိမ်ပြင်ခြင်း၊ ဆေးသုတ်ခြင်း ပြုလုပ်ရလိမ့်မည်။
၈။ ထူးခြားသောပုဂ္ဂိုလ်တစ်ဦး၏ ဓာတ်ပုံ ရောက်လာမည်။
၉။ ငွေအလုံးအရင်းနှင့်ဝင်မည်။
၁၀။ အိမ်နားတွင် ပွဲလမ်းသဘင်ဖြစ်မည်။ ထို့သို့ဖြစ်ပါက သင့်အနေနှင့် စီးပွားတက်လိမ့်မည်။
၁၁။ ယောက်ျားလျာ၊ မိန်းမလျာ အိမ်နားမှာရှိသည်။ မိမိအိမ် သို့အလာမခံပါနှင့်။ လာဘ်တိတ်လိမ့်မည်။
၁၂။ မျက်နှာချင်းဆိုင်အိမ် (သို့မဟုတ်) ခေါင်းရင်ဘက် အိမ်၌ အလှူ (သို့မဟုတ်) မင်္ဂလာဆောင်ဖြစ်လိမ့်မည်။ ဤသို့ဖြစ်လျှင် သင့်အိမ် စီးပွားတက်လိမ့်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စသည် မုချအောင်မြင်မည်။ အမျိုးသမီးကြီးတစ်ဦး ကူညီမည်။

၃။ ဧကရီ

၁။ မျက်စိကို ဥပါဒ်ပေးလိမ့်မည်။
၂။ မမျှော်လင့်ဘဲ ကြွေးတင်ခံရမည်။ ငွေအတွက် ကြီးစွာ သောဒုက္ခ တွေ့မည်။
၃။ အလုပ်တွင် အခက်အခဲတွေ့မည်။ အလုပ်မှ ထွက်ရ တတ်သည်။
၎။ မမျှော်လင့်ဘဲ လူတစ်ယောက်၏အကူအညီကို ရရှိလိမ့်မည်။
၅။ ပညာတစ်ခုရတတ်သည်။
၆။ သူခိုးခိုးခံရတတ်သည်။ လမ်းခရီး၌ ဖြစ်လိမ့်မည်။
၇။ တန်ခိုးသြဇာ မြင့်မားလာလိမ့်မည်။
၈။ စက်ရှိက ထွက်လိမ့်မည်။
၉။ ကြီးကဲသူငြိုငြင်မှုကို ခံရတတ်သည်။
၁၀။ အမှုမဖြစ်ရအောင် နေပါ။ ဖြစ်က ကြာမည်။ ငွေဖြင့် မလိုက်နှင့် ။ လိုက်လျှင် အမှုပါရှုံးသွားလိမ့်မည်။
၁၁။ အစာအိမ်ရောဂါဖြစ်လိမ့်မည်။ ဂရုစိုက်ပါ။
၁၂။ အလွန်ခင်မင်သူတစ်ဦးနှင့် အဆင်မပြေဖြစ်က လမ်း ခွဲရတော့မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမှာ မုချအောင်မြင်မည်။ မကြာမီအချိန်အတွင်း၌ သိသာထင်ရှားစွာအကျိုပေးလိမ့်မည် ။

၎။ ဧကရာဇ်

၁။ သတင်းကောင်းကြားရမည်။
၂။ စာချုပ်စာတမ်း၌ လက်မှတ်ရေးထိုးရမည်။
၃။ အစိုးရ၏ ချီးမြှင့်မ စမှု ရမည်။
၎။ မသွားတော့ဘူး လိုလိုနှင့် ခရီးသွားဖြစ်လိမ့်မည်။
၅။ ပညာရပ်တစ်ခု ရရှိမည်။ ဖြေဆိုထားသောစာမေးပွဲ အောင်မည်။
၆။ အလုပ်တစ်ခုမှတစ်ခုသို့ အပြောင်းအလဲဖြစ်မည်။
၇။ ငွေအလွန်ကုန်မည်။
၈။ အိမ်တွင်းရေးအဆင်မပြေဖြစ်မည်။
၉။ ဓာတ်ပုံများရောက်ရှိလာမည်။
၁၀။ လမ်းထဲမှာလူတစ်ဦး၏ အကူအညီကို ရရှိလိမ့်မည်။
၁၁။ သင်သည် အထက်ဂိုဏ်းတစ်ခုခုကို ၀င်ပြီးမှ ဂိုဏ်းပျက် လိမ့်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမှ မအောင်မြင်နိုင်ပါ။ လူကြီးတစ်ဦး ၀င်ရောက်နှောင့်ယှက်လိမ့်မည်။

၁၁။ မိန်းမတစ်ဦး မိမိ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ် လိမ့်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမှာ မုချအောင်မြင်မည့် ကိစ္စဖြစ်သည်။ ရဲရဲတင်းတင်း ဆောင်ရွက်ပါ။

ဆက်လက်ဖော်ပြပေးပါမည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
Sayaheintintzaw@gmail.com
(အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)

တားရော့ကဒ်တို့အားအဆောင်အဖြစ်ဆောင်ထားခြင်း

အဓိဋ္ဌာန်ကိစ္စ၊ဂန္ဓာရီကိစ္စ၊ သစ္စာဆိုရသောကိစ္စများအတွက်

ငွေကြေးကိစ္စ၊လာဘ်ရွှင်စေသောကိစ္စအတွက်

ကလေးရရှိစေခြင်းနှင့်မီးဖွားအန္တရယ်ကင်းစေခြင်းကိစ္စ

အလှူအတန်းအောင်မြင်စေခြင်း

အချစ်ရေး အိမ်ထောင်ရေးကိစ္စများအတွက်

ကျန်းမာစေခြင်းနှင့်ပယောဂကိုအနိုင်ယူခြင်း

ငွေကြေးပါကြွယ်ဝစေခြင်းအတွက်

အလုပ်အပြောင်းအရွေ့ကိစ္စများနှင့်အလုပ်ကိစ္စများအတွက်

တရားရုံး၌အမှု့ရင်ဆိုင်ရသောကိစ္စများအတွက်

ငွေမြဲစေသောကိစ္စ၊ ငွေကြေးအကုန်အကျများခြင်းကို ကာကွယ်သောကိစ္စအတွက်

နိုင်ငံရပ်ခြားခရီးကိစ္စများအတွက်

ဆောင်ထားခြင်းနှင့် ဖယောင်းတိုင်တွင်ပတ်၍ မီးထွန်းခြင်းများပြုလုပ်နိုင်ပါသည်။
ဤတားရောကဒ်များသည် အဘမင်းသိင်္ခ၏ မြန်မာမှု့ တားရော့ ကဒ်ပြားများဖြစ်ပါသည်။
မည်သည့်တားရော့ကဒ်အမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

အပြည့်အစုံဆက်လက်ဖတ်ရန်...