အချစ်ရေး-အိမ်ထောင်ရေးနှင့် ပါတ်သက်သောယတြာများ

သက်ဆိုင်ရာ ချစ်သူနှစ်ဦး(သို့) ဇနီးမောင်နှံနှစ်ဦး၏ မွေးနံပန်းများကို (နှစ်နံတွဲ ဆိုရင် ပိုကောင်းပါ၏) မိမိတို့၏ မွေးနံနှင့် ဘုမ္မိအရပ် လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့ နေရာလေးတွေမှာ သွားပြီး တစ်သက်တာ အေးချမ်းမြဲမြံ ရင်သန်ပြည့်စုံကြပါစေကြောင်း ဆုတောင်ရပါတယ်။

မတော်တဆ နှစ်ဦးနှစ်ဘက် စိတ်သဘောထားခြင် မတိုက်ဆိုင်လို့ သဘောထားကွဲလွဲမယ် အဆင်မပြေဘူး မျက်နှာခြင်းဆိုင်လို့ မရဘူးဆိုရင် နှစ်ဦးစလုံးရဲ့ဓာတ်ပုံ တစ်ယောက်တစ်ပုံကို မျက်နှာချင်းဆိုင်ကပ်ကာ ဓာတ်ဗူးအသစ်တစ်ခုထဲမှာ ထည့်ပြီး မေတ္တာသုတ်ပရိတ်တော် ရွတ်ဖတ်ပေးခြင်း အားဖြင့် ကာယကံနှစ်ဦး၏ မေတ္တာဓာတ်များ ပေါင်းစည်းကာ ကောင်းမြတ်သော၊ မင်္ဂလာရှိသော အင်အားဓာတ် လှိုင်းများ ပြန့်နှံ စိမ့်ဝင်နိုင်ပါစေကြောင်း ဆုတောင်းပေးရပါတယ်။

သဲအိုးတို့ သောက်ရေအိုးတို့ကို ( သဲအိုး-သောက်ရေအိုး ဆိုတာ သောကြာနှင့် တနင်္ဂနွေ၊ ဗေဒင်အလိုဆိုတော့ ဦးသာဓာတ်၊ အိမ်ထောင်မိတ်ဓာတ်ပါ) မွေးနံနှင့် ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး လှူဒါန်းပြီး အိမ်ထောင်ရေး မေတ္တာရေးများ ကံကောင်းပါစေကြောင်း ဆုတောင်းရပါတယ်။

သပိတ်ခြေ (၃)ခုကို ရတနာသုံးပါးကို ရည်မှန်းကန်တော့ပြီး သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်ပြီး မိမိတို့၏ လက်ရှိပစ္စက္ခ ပြဿနာများ အေးချမ်း တည်ငြိမ်ပါစေကြောင်း ဆုတောင်းရပါမယ်။

မျက်မှန်ကို သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်၍ မိမိတို့၏ အယူမှား အထင်မှာ သံသယမှားများ ကင်းစင်လွင်ပျော်က်ပြီး အမြင်မှန်များ ပြန်လည် ရရှိပါစေကြောင်း ဆုတောင်းရပါမယ်။

နောက်ပြီး ကြွေပုဂံ တစ်ချပ်ထဲမှာ နှစ်ဦးရဲ့ ဓာတ်ပုံကို မှောက်ထည့် ပြီးရင် အဲဒီအပေါ်က ကွာစေ့ကို ပြည့်အောင် ထည့်ပြီး လှူဒါန်းဆက်ကပ်ပြီး ကွာဟနေသော စိတ်သဘောထားများ ၊ ပြန်လည်စေစပ် နိုင်ကြ၍ နှစ်ကိုယ်တစ်စိတ် ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းကြ၇ပါမယ်။

နှစ်ဦးသား၏ အညွန့်နံပန်း (မိမိမွေးနံမှ စင်၍ရေတွက်သော နှစ်ခုမြောက်နံပန်း) များကို ဖန်ခွက် (ဂဗ္ဘေ-ခိုင်မြဲစေသောဓာတ်) ထဲတွင် ထည့်ကာ မိမိအိမ်၏ အိမ်ဘုရားစင်တွင် လှူဒါန်းဆက်ကပ်ထား၍ မိမိတို့၏ အိမ်ထောင်ရး။ အချစ်ရေး သာယာ ခိုင်မြဲစေကြောင်း ဆုတောင်း၇ပါမယ်။

စာကလေးအသိုက်လေးတွေကို နှစ်ဦးအတူတကွ ပြုလုပ်ချိပ်စွဲ၍ ဘ၀ခရီး အတူတကွ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေကြောင်း ဆုတောင်းရပါမယ်။

အပြည့်အစုံဆက်လက်ဖတ်ရန်...

အိမ်ထောင်ရေးအတွက် - ရတက်မပွေရအောင်

ကျွန်တော့်ကို အီးမေးလ်ကနေ အိမ်ထောင်ရေး အဆင်ပြေစေသော ယတြာ လှမ်း၍ အကူအညီ တောင်းထားသဖြင့် ပို့အဟောင်းလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ မဇီဇ၀ါရေ ဒါလေး လုပ်ဖြစ်အောင် လုပ်ကြည့်လိုက်ပါ။ ထူးခြားပါလိမ့်မယ်။

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ ကျွန်ုပ်နှင့် ညီအကိုမောင်နှမ အရင်းအခြာ များပမာ လွန်စွာရင်းနှီးခင်မင်သော လင်မယားနှစ်ယောက် ရောက်ရှိလာကြလေ၏။ ယောက်ျားလုပ်သူ၏ အမည်မှာ မောင်အောင်ကိုမင်းဟူ၍ ဖြစ်၏။ မိန်မလုပ်သူ၏ အမည်မှာ မအေးအေးသင်း ဟူ၍ဖြစ်၏။ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦး အိမ်ထောင်ကျသည်မှာ ငါးလလောက်ပဲ ရှိသေး၏။ ကျွန်ုပ်နှင့် မတွေ့သည်မှာလဲ ငါးလလောက် ရှိပြီ ဖြစ်၏။ ထို့ကြောင့် မလာတာကြာပြီဖြစ်သော အောင်ကိုမင်းတို့ လင်မယားနှစ်ဦးအား....

ထိုင်ကြဟေ့....။ မင်းတို့နှစ်ယောက်လဲ ပျောက်ချက်သား တယ်ကောင်းနေပါလား... မင်္ဂလာဆောင်ပြီး ကတည်းကကို ပေါ်မလာကြတာ မှတ်မှတ်ရရ ငါးလလောက်တောင် ရှိပြီ...။ ဘယ်လိုလဲ အဆင်ပြေကြတယ် မဟုတ်လား..။ နင်တို့ လင်မယားလဲ အိမ်ထောင်ကျပြီကတည်းက အပြင်တွေဘာတွေတောင် သွားတာ လာတာ မရှိတော့ပါလား။ အိမ်တွင်းပုန်းပြီး ဘာတွေလုပ်နေကြတာလဲ... ပြောစမ်းပါဦး...ဟုကျွန်ုပ်က ပြောလိုက်၏။

ထိုအခါ ဇနီးဖြစ်သူ မအေးအေးသင်းက..“ ပြော မပြောချင်ပါဘူး ဆရာရေ.. ဆရာ့ တပည့်သာ မေးကြည့်ပေတော့ ” ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်လည်း ဟောက်ျားဖြစ်သူ အောင်ကိုမင်းဘက်ကို လှည့် ကြည့်လိုက်ရာ..“ အောင်ကိုမင်းက ကျွန်တော်ကို လှည့်မကြည့်နဲ့ ဆရာသမားရေ... ကျွန်တော်လည်း ပြောချင်စိတ်ကို မရှိဘူး..ဟု ပြောပြန်လေ၏။

ထိုအခါ ကျွန်ုပ်လည်း အတော်ပင် အံ့သြ သွားမိလေ၏။ အရင် အိမ်ထောင်ကျကာစတုန်းက ဒီလင်မယားနှစ်ဦး ပုံက ဒီလိုပုံ မျိုးမဟုတ်။ တစ်ဦးကိုတစ်ဦး လွန်စွာချစ်ခင် မြတ်နိုးကြလေ၏။ နားလည်မှု့ အပြည့်အ၀ ရှိကြ၏။ တစ်ဦးကိုတစ်ဦး မျက်စိအောက်က အပျောက်မခံ နိုင်လောက်အောင် သံယောဇဉ် ကြီးမားကြ၏။ ထမင်းစားလဲ အတူတူ ဈေးသွားလည်းအတူတူ ၊ အလုပ်သွားလည်း အတူတူ ဖြစ်၏။

ဘယ်အချိန်ကြည်ကြည့် အမြဲ တတွဲတွဲ ဖြစ်သောကြောင့် ကျွန်ုပ်၏ စိတ်ထဲမှာပင် အတော်ချစ်နိုင်တဲ့ လင်မယားပဲဟု မှတ်ချက်ချခဲ့ဘူးလေ၏။ အခုတော့ ဘယ်လိုဖြစ်သည်မသိ။ အိမ်ထောင်ကျတာမှ ငါးလကျော်ကျော်ပဲ ရှိသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတည့်ချင်ကြတော့ဘူးဟု စိတ်ထဲမှတွေးရင်း “ ကဲ ပြောကြစမ်းပါဦး။ နင်တို့ လင်မယားရဲ့ အခြေအနေကို အမှန်အတိုင်း ” ဟု ပြောလိုက်လေ၏။

ထိုအခါ အေးအေးသင်းက “ ရန်ဖြစ်တာ ဆရာရေ ... ရန်ဖြစ်တာ ။ လုံးဝကို မတည့်ဘူး ။ ယုံမလားတော့ မသိဘူး။ နေ့တိုင်းကို ရန်ဖြစ်နေတာ တစ်ရက်တစ်လေတောင် မနားရဘူး။ မျက်နှာချင်းဆိုင်လို့ကို မရဘူး။ တစ်ယောက်ကိုတစ်ယောက် ကြည့်လို့ကိုမရဘူး။ အိမ်ထောင်ကျပြီး သိပ်မကြာခင်ကတည်းက အဲဒီလို ဖြစ်နေတာ။ ဆရာ့ဆီလဲ လာမယ်လာမယ်နဲ့ ရန်ဖြစ်နေရတာနဲ့ မအားလို့ မလာဖြစ်ဘူးဆရာရေ ”ဟု ပြောလေ၏။

ထို့နောက် အောင်ကိုမင်းက “ အဲဒါ ကျွန်တော်တို့ လင်မယားကို တစ်ချို့ ဟိုဘက်ဒီဘက် လူကြီးတွေက နင်တို့ (၂)ယောက်က နက္ခတ်မကိုက်ဘူး။ အဲဒါကြောင့် မတည့်ကြတာတဲ့.။ ကျွန်တော်က အဲဒါဆို ဘယ်လို လုပ်ရမလဲလို့ ပြန်မေးလိုက်တော့ ဒါတော့ ငါ ဘယ်သိပါ့မလဲတဲ့။ တစ်ချို့ လူကြီးတွေကတော့ “ အဲဒါ နင်တို့ လင်မယားကို သူများဖျက်ထားတာ ” တဲ။့ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် လုံးဝ ကြည့်မရတာတဲ့။ ကြာရင် အသက်အန္တရာယ် တောင်ရှိတယ်။ အဲဒီလို သူများက ဖျက်ထားရင် နင်တို့ လင်မယားနှစ်ဦး သေကွဲ မကွဲ ၊ ရှင်ကွဲ ကွဲနိုင်တယ် ”တဲ့။

အဲဒါဆို ကျွန်တော်က “ ဘယ်သူ ဖျက်ထားတာလဲ ”လို့ ပြန်မေးလိုက်တော့ “ ဟ... ဒါတော့ ငါ ဘယ်သိပါ့မလဲ ” တဲ့။ စိတ်ညစ်ပါ တယ်ဆရာရယ်။ လင်မယား မတည့်တာကတစ်ကြောင်း ၊ အဲဒီလို ဟိုလူကတစ်မျိုး ၊ ဒီလူက တစ်မျိုးနဲ့။ ကြာလာရင် ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး ရူးလိမ့်မယ်ဆရာရေ.။ အဲဒါ ဆရာ ကူညီပေးပါဦး...ဟု ပြောလေ၏ ။

ထိုအခါ ကျွန်ုပ်က “ အဓိကက နင်တို့ လင်မယားနှစ်ယောက် ရန်မဖြစ်ချင်ကြဘူး။ ဒါပဲ မဟုတ်လား ” ဟု ကျွန်ုပ် ကမေးလိုက်လေ၏။ ထိုအခါ ၎င်းတို့က “ ဟုတ်ပါတယ် ဆရာ။ ရန်မဖြစ်ချင်ဘူး။ ချစ်သူ ဘ၀တုန်းကလို အေးအေးချမ်းချမ်း နေချင်တယ်။ ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်ကိုတစ်ယောက် အားပေးရင်းနဲ့ ဘ၀ခရီးကို သွား ချင်တယ်။ ဖြစ်နိုင်ရင် ကျွန်တော့်အတွက်နဲ့ အသဲကိုလည်း စိတ်မဆင်းရဲစေချင်တော့ဘူး ” ဟု ပြောလိုက်ရာ...

သူ့မိန်းမ အေးအေးသင်းက “ အဲဒီလိုတော့ မပြောပါနဲ့မောင်ရယ်။ အသဲလည်း မောင့်အပေါ် အနိုင်ယူခဲ့တာတွေ များပါတယ်...။ ဆိုးခဲ့တာတွေ များပါတယ်။ အသဲ မကောင်းတာတွေလဲ ရှိပါတယ် ” ဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က “ ကဲကဲ... အခုမှ အသက်တွေ အသဲတွေ နှလုံးတွေ ကျောက်ကပ်တွေ လုပ်မနေနဲ့တော့..။ အိမ်ထောင်ရေးဆိုတာ အဆောင်တွေ ယတြာတွေ တစ်ခုထဲကိုပဲ အားကိုးနေလို့ မရဘူး။ လင်မယားနှစ် ယောက်လုံးကလည်း အတတ်နိုင်ဆုံး ကြိုးစားရတယ်။ လိုအပ်ချက်တွေ မရှိအောင် တတ်နိုင်သလောက် ကြိုးစားရမယ်။ မဟုတ်ဘူးလား။ ယတြာတွေအဆောင်တွေ လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ထိုင်ဆဲနေကြည့်ပါလား။ အဲဒီ အဆောင်တွေ ယတြာတွေ စွမ်းပါဦးမလား။ အဆင်ပြေပါဦးမလားလို့...

တစ်ချို့လူတွေက လင်မယားမတည့်ဘူးဆိုရင် ဗေဒင်ဆရာဆီသွားပြီး ယတြာချေခိုင်းတော့တာပဲ။ ကိုယ်တွေရဲ့ မကောင်းတဲ့ အကျင့်တွေကိုတော့ မပြုပြင်ချင်ကြဘူး။ ပြီးတော့ အဆင်မပြေရင် ဗေဒင်ဆရာ မကောင်းဘူး... ယတြာမစွမ်းဘူး... ပြောချင်ကြတယ်။ အဲဒီလို လူမျိုးတွေအတွက်ကတော့ ဗေဒင်ဆရာမပြောနဲ့... ဘိုးတော်တွေ သိကြားမင်းတွေဆင်းပြီး ယတြာတွေအဆောင်တွေ လုပ်ပေးရင်တောင် အဆင်ပြေမှာ မဟုတ်ဘူး..ဟု ပြောလိုက်လေ၏။

ထိုအခါ အေးအေးသင်းက “ ဆရာပြောတဲ့ ဇနီးမောင်နှံကြား လိုအပ်ချက်များဆိုတာ ဘာတွေလဲ..ဟုမေးလေ၏။ ထိုအခါ အိမ်ထောင်ရေးအကြောင်း နကန်းတစ်လုံးမှ နားမလည်သော ကျွန်ုပ်က ဆရာကြီးလေသံမျိုးဖြင့်.

အိမ်ထောင်ရေးမှာ ပျော်ရွှင်ချမ်းမြေ့ သာယာချင်တယ်ဆိုရင် အခြေခံအကျဆုံး အချက်(၇)ချက်ကို လိုက်နာရ မယ်။ အဲဒါဆိုရင် အိမ်ထောင်ရေးမှာ သာယာချမ်းမြေ့လာမယ်ဆိုတာ ငါ ရဲရဲ ကြီး အာမခံတယ်..။

  1. လင်မယားနှစ်ယောက်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် နားပူနားဆာ လုံးဝ မလုပ်ရဘူးတဲ့။
  2. လင်မယား နှစ်ယောက်စလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့အောင် မလုပ်ရဘူးတဲ့။
  3. လင်မယား နှစ်ယောက်စလုံးဟာ တစ်ဦးကိုတစ်ဦး ဆူပူကြိမ်းမောင်းခြင်း မပြုရဘူးတဲ့။
  4. လင်မယားနှစ်ဦးလုံးဟာ တစ်ဦးကိုတစ်ဦး စေတနာဖြင့် ချီးကျူးဖို့ မေ့မနေရဘူးတဲ့။
  5. လင်မယားနှယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက် ကြင်နာယုယဖို့ မေ့မနေရဘူးတဲ့။
  6. လင်ယား နှစ်ယောက်စလုံးဟာ တစ်ဦးကိုတစ်ဦး အမြဲတမ်း အပြန်အလှန် ရိုသေ လေးစားစွာ ဆက်ဆံရ မယ်တဲ့။
  7. လင်မယား နှစ်ယောက်စလုံးဟာ တစ်ဦးကို တစ်ဦး စိတ်ကျေနပ်မှု့ ရှိအောင် ဆက်ဆံရမယ် တဲ့ ..
အဲဒီ အချက်(၇)ချက်နဲ့ ပြည်စုံရင် အိမ်ထောင်ရေးသာယာမယ်။ တစ်ချက်ချက် လိုအပ်ရင် အိမ်ထောင်ရေး အဆင်မပြေဖြစ်မယ်...ဒါပဲ..ဟု ကွန်ုပ်သည် ရှည်လျားစွာ ပြောလိုက်လေ၏။

ထိုအခါ အေးအေးသင်းက “ ဟုတ်တယ်ဟုတ်တယ် ။ဆရာပြောတာ အကုန်မှန်တာပဲ။ တစ်ခုမှကို မမှားဘူး.”ဟု ထောက်ခံလေ၏။

ထိုအခါ အောင်ကိုမင်းက “ ဟုတ်ပါပြီ အသက်ရယ်.. ဒီနေ့က စပြီး မောင်အသက်ပေါ်မှာ...
  • အချိန်မရှိ အခါမရှိ ပူညံ ပူညံ မလုပ်တော့ပါဘူး
  • ကိုယ်ဝါသနာ ပါတာတွေကို ရှေးတန်းတင်ပြီး အသက်ကို ဥပေက္ခာ ပြုထားလို့ အသက်တစ်ယောက် အား လပ်ရက်တွေကို ပျင်းရိ ငြီးငွေ့စွာနဲ့ ဖြတ်သန်းနေရအောင် မောင် မလုပ်တော့ပါဘူး။
  • နောက်ပြီး အသက်ကို ချစ်သူဘ၀တုန်းကထက် ပိုပြီး ကြင်နာယုယ ဂရုစိုက်သွားပါမယ်..ဟု
နွေးထွေးသော မျက်လုံးများနှင့် ကြည့်၍ ပြောလေ၏။

ထိုအခါ အေးအေးသင်းကလည်း...“ ကျေးဇူးတင်ပါတယ် မောင်ရယ်.. ကျွန်မလည်း မောင့်ကို ဟိုလူနဲ့သ၀န်တို ဒီလူနဲ့သ၀န်တို .. တကယ်တော့လည်း ဟုတ်တာလည်း မဟုတ်ပဲနဲ့ .. အမြဲတမ်း မောင်စိတ်ညစ်အောင် လုပ်ခဲ့ တာတွေကို တောင်းပန်ပါတယ်... နောင်ကို အတတ်နိုင်ဆုံး မောင့်ကို လေးလေးစားစား တန်ဖိုးထား ဆက်ဆံပြီးတော့ အနာဂါတ်ဘ၀ခရီးလမ်းမှာ မောင့်ရဲ့ ပါရမီ ဖြည့်ဖက်တစ်ဦးအဖြစ် သက်ဆုံးတိုင် အတူရှိနေစေရမယ်လို့ အသက် ဂတိပေးပါတယ်” ဟု အားကျမခံ ပြန်ပြောလေ၏။

ထိုအခါ အောင်ကိုမင်းက ကျွန်ုပ်ဖက်သို့ လှည့်ကာ “ ကဲ... ဆရာရေ ဆရာရဲ့ အိမ်ထောင်ရေး တရားလည်း ပြီး အောင် နာပြီးသွားပြီ။ ကျွန်တော်နဲ့ အသက်လည်း နားလည်မှု့ ရသွားပြီ.. အခု ဆရာက အိမ်ထောင်ရေးတွေမှာ ကံဇာတာ နိမ့်နေလို့ပဲ ဖြစ်ဖြစ် ၊ နက္ခတ်မကိုက်လို့ပဲ ဖြစ်ဖြစ် ၊ နေ့နံမသင့်လိုပဲ ဖြစ်ဖြစ် ၊ အိမ်ထောင်ရေး အဆင်မပြေ ကမောက်ကမ ဖြစ်လာတဲ့အခါ ဆောင်ရွက်လို့ရမယ့် ယတြာတွေ ပေးလိုက်ပါဦး ဆရာရေ.”..ဟု ပြောသောကြောင့်....

အိမ်ထောင်ရေး အဆောင်တွေ ယတြာတွေကတော့ အများကြီးရှိပါတယ်။ သူ့နည်းနဲ့ သူ အကုန်လုံး ကောင်းပါ တယ်။ လွယ်ကူတဲ့ နည်းတွေ ပေးလိုက်မယ်...

  1. ပထမ ယတြာက လင်မယားနှစ်ယောက်ရဲ့ ဓါတ်ပုံ(၂)ပုံကို မျက်နှာချင်းဆိုင် ကပ်ရမယ်။ ပြီးတော့ ဓါတ်ဗူး အသစ် အလွတ်ထဲမှာထည့်ရမယ်။ အဲဒီ ဓါတ်ဗူးထဲမှာ သံလိုက်တုံးထည့်ရမယ်။ ပြီးရင် ဓါတ်ဗူးကို လုံအောင် ပိတ်လိုက်။ လင်မယားနှစ်ယောက် အိပ်တဲ့ အိပ်ယာခေါင်းရင်းမှာထားပြီး ဓါတ်ဗူး ဖုံးပေါ်မှာ ဖ ယေင်းတိုင် မီးထွန်းပြီး ဆုတောင်းမယ်ဆိုရင်ရက်ပိုင်းအတွင်း ထူးခြားမယ်။
  2. နောက်တစ်ခုက အခု အောက်မှာ ဖော်ပြပေးထားတဲ့ ချစ်သူနှစ်ဦး အင်းစမတော်ကို ဖယောင်တိုင်မှာပတ် မီးထွန်း ဆုတောင်းလိုက်မယ် ဆိုရင်လည်း ရက်ပိုင်းအတွင်း ထူးခြားမယ်..ဟု ပြောဆိုကာ အောက်တွင် ဖော်ပြထားသော စမတော်ကို ပေးလိုက်လေတော့သတည်း....

အပြည့်အစုံဆက်လက်ဖတ်ရန်...

ထွက်သွားသူ ပြန်လာစေသောနည်းတစ်ခု

အခုတလော ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေအမျိုးသမီး တော်တော်များများ မိမိတို့၏ အမျိုးသားများ မိမိတို့နေအိမ်မှ ထွက်သွားသဖြင့် အတော်လေး ပူပင်သောက ရောက်နေကြသည်။ ကျွန်ုပ်သည်လည်း ထိုကိစ္စအတွက် နေ့စဉ်အချိန်နှင့်အမျှ စိတ်မကောင်းဖြစ်နေမိ၏။ မြန်မြန်ပြန်လာစေချင်တော့၏။ ယတြာအနေနှင့် တစ်နည်းမဟုတ် တစ်နည်း ပြုလုပ်ပေးချင်မိ၏။ သို့သော် စဉ်းစားစရာ တစ်ခု ရှိနေသည်မှာ အားလုံးသော သူများသည် မြန်မာပြည်မှာ မဟုတ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ရောက်ရှိနေကြ၏။ နိုင်ငံခြားတိုင်းပြည် ဆိုသည်မှာ ယတြာ လုပ်ရသည်မှာ ခက်ခဲလေ၏။

သို့သော် ကျွန်ုပ်၏ မူရင်းစိတ်အမှန်ကို ပြောရပါမူ ထွက်သွားသော သူတို့၏ ဘ၀အဖော်များကို အမြန်ဆုံး ပြန်လာစေချင်လွန်းလှတော့၏။ အခါတိုင်း နှစ်ယောက်အတူ နေထိုင်ခဲ့သော အိမ်လေးတစ်လုံးတွင် အခုတော့ တစ်ယောက်တည်း အထီးကျန်စွာ ရှင်သန်နေရ၏။ မည်မျှလောက် ချောက်သွေ့နေလေမလဲ။ အခါတိုင်းတွင် စကားသံများ၊ စတဲ့ နောက်တဲ့ အသံများနှင့် လွင့်ပျံ့နေသော ဤအခန်းလေးထဲတွင် မည်မျှလောက် တိတ်ဆိတ်နေမည်လဲ။

အခါတိုင်း စားအတူသွားအတူ လာအတူနှင့် ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းလာခဲ့ရာမှ ရုတ်တရက် ကောက်ကာငင်ကာ ဆိုသလို တစ်ယောက်သောသူက အိမ်ကနေ ထွက်ခွါသွားခဲ့သည်.။ ကျန်နေခဲ့သော သူသည် မည်မျှလောက် လွမ်းဆွေးနေမည်နည်း။ ကျွန်ုပ်သည် ထိုအကြောင်းများကို တစ်ယောက်တည်း ညဘက်တွင် ထိုင်၍ မအိပ်နိုင်ပဲ စဉ်းစားနေခဲ့၏။ ကျန်နေခဲ့သော ကာယကံရှင်များ၏ စိတ်တွင်းသို့ ၀င်ရောက်ကာ ခံစားမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ စိတ်နှလုံးသည် ချက်ချင်းဆိုသလို နွမ်းလျသွားရတော့၏။ ညှိုးနွမ်းသွားတော့၏။

ထွက်သွားသောသူဘက်ကို ကြည့်လျှင်လည်း သူသည် ထွက်သွားရမည့် အကြောင်းတစ်စုံတစ်ရာ မရှိပါပဲလျှက်တော့ အိမ်ကနေ ထွက်ခွါသွားမည် မဟုတ်။ အိမ်ကနေ ထွက်ခွါသွား၇လောက်အောင် အကြောင်းတစ်စုံတစ်ရာ ရှိနေသောကြောင့်သာ သူသည် အိမ်ကနေ ထွက်ခွါသွားခြင်း ဖြစ်လိမ့်မည်။ သို့သော် အိမ်တွင် ကျန်နေခဲ့သော သူသည်၎င်း အိမ်ကနေ ထွက်ခွါ သွားသူသည်၎င်း ထိုကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် ဝေးကွာနေယုံမျှဖြင့် နှစ်ဦးကြားက ပြဿနာသည် ပြေလည်သွားမည် မထင်။ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေး၍ အပြန်အလှန် နားလည်ကာ ခွင့်လွှတ်ကာ၊ သာယာသော မနက်ဖြန်များအတွက် ရှေ့ဆက်ကြခြင်းသည်သာလျှင် အကောင်းဆုံး အစစ်မှန်ဆုံး နည်းလမ်းများပင် ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်ကြပါစေဟုလည်း ဆုတောင်းလိုက်ပါ၏။

ထို့ကြောင့် ကျွန်ုပ်သည် မည်သည့်နိုင်ငံတွင် မဆို လုပ်ရလွယ်ကူသော ထွက်သွားသူ ပြန်လာစေသော အောက်ဖော်ပြပါ ယတြာနည်းကို ထပ်မံ၍ ဖော်ပြပေးလိုက်ရပါသည်။ အဆင်ပြေကြပါစေဟုသာ တိုးတိတ်ငြင်သာစွာ တစ်ယောက်တည်း ဆုတောင်းပေးလိုက်ပါသတည်း။

တနင်္ဂနွေသားသမီး အိမ်အမြန်ပြန်လာစေရန်....
ကြာသပတေးနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း မြောက်အရပ်ကို မျက်နှာမူကာ သောကြာနံအစားအစာ အစ်ခုခုကို (ဥပမာ-သီးသီး၊ သစ်တော်သီးစသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

တနင်္လာသားသမီး အိမ်အမြန်ပြန်လာစေရန်....
သောကြာနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အနောက်တောင် အရပ်ကို မျက်နှာမူကာ စနေနံအစားအစာ တစ်ခုခုကို (ဥပမာ-နွားနို့၊ ထန်းလျှက်စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

အင်္ဂါသားသမီး အိမ်အမြန်ပြန်လာစေရန်....
စနေနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အရှေ့မြောက်အရပ်ကို မျက်နှာမူကာ တနင်္ဂနွေနံ အစားအစာ တစ်ခုခုကို (ဥပမာ-အုန်းသီး- အုန်းရည်စသည်) စားရင်း ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

ဗုဒ္ဓဟူးသားသမီး အိမ်အမြန်ပြန်လာစေရန်....
တနင်္ဂနွေနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အရှေ့ အရပ်ကို မျက်နှာမူကာ တနင်္လာနံအစားအစာ တစ်ခုခုကို (ဥပမာ-ကြံ၊ ၊ ကော်ဖီ၊ ကိတ်မုန့် စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

ကြာသပတေးသားသမီး အိမ်အမြန်ပြန်လာစေရန်....
တနင်္လာနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အနောက်တောင် အရပ်ကို မျက်နှာမူကာ အင်္ဂါနံအစားအစာ တစ်ခုခုကို (ဥပမာ-ဇီးသီး၊ ဇီးယိုစသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

သောကြာသားသမီး အိမ်အမြန်ပြန်လာစေရန်....
အင်္ဂါနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း တောင်အရပ်ကို မျက်နှာမူကာ ဗုဒ္ဓဟူးနံ အစားအစာ တစ်ခုခုကို (ဥပမာ-လဘက် ၊ လဘက်ရည်စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

စနေသားသမီး အိမ်အမြန်ပြန်လာစေရန်....
ဗုဒ္ဓဟူးနေ့တွင် နံက်(၆း၀၀) မှ နံက် (၇း၃၀) အတွင်း အနောက်အရပ်ကို မျက်နှာမူကာ ကြာသပတေးနံ အစားအစာ တစ်ခုခုကို (ဥပမာ- ပေါင်မုန့်- ပဲပြုတ်စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

အပြည့်အစုံဆက်လက်ဖတ်ရန်...

ချစ်သူရည်းစား ၊ ဇနီးမောင်နှံများအတွက် အခြမ်းတစ်စုံ

ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်တယ်။ ပုံပြင်လေးနာမည်က အခြမ်း တဲ့။ ကြားဖူးနားဝတော့ မဟုတ်ဘူး။ စာအုပ်လေးတစ်အုပ်ထဲမှာ ဖတ်ဘူးလိုက်တာ။ ဆရာနန္ဒသိန်းဇံရဲ့ စာအုပ်လားတော့ မသိတော့ဘူး။ ထားပါတော့လေ။ ပုံပြင်လေးက ဒီလို စတယ်။

ဟိုးရှေ့ရှေ့တုန်းက ဆိုတော့ ကမ္ဘာဦးတုန်းက ဖြစ်မယ်ထင်တယ်။ လူသားတွေဟာ အစုံလိုက်ကလေးတဲ့။ ခေါင်းက နှစ်လုံး။ လက်က လေးချောင်း၊ ခြေထောက်ဆိုရင်လည်း လေးချောင်းရှိတယ်။ မျက်လုံးဆိုရင်လည်း လေးလုံးရှိတာပေါ့။ မျက်လုံးနဲ့ မြင်ယောင်လာအောင် ပြောရရင် လူနှစ်ယောက် မျက်နှာချင်းဆိုင် ကပ်နေတဲ့ ပုံလေးပေါ့နော။

အဲဒီမှာ တစ်နေ့ နတ်တွေဟာ လူသားတွေကို အကြောင်းပြုပြီး အစည်းအဝေး ထိုင်ကြတယ်။ သူတို့က လူသားတွေကို ကြောက်နေကြတယ်။ အဲဒီမှာ နတ်မင်းကြီးက စကားတစ်ခွန်း ပြောတယ်။ ဘယ်လိုပြောလဲဆိုတော့ မောင်မင်းတို့ အခု ဒို့အောက်က လူသားတွေအကြောင်းကို ပြောကြရအောင်ကွာတဲ့။ ဒီလူသားတွေဟာ လျှောတွက်လို့ ရတဲ့ သတ္တ၀ါတွေ မဟုတ်ဘူးတဲ့။ တကုတ်ကုတ်နဲ့ ဘာတွေ လုပ်နေကြမှန်းကို မသိဘူး။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒို့ နတ်ပြည်ကို လာသိမ်းသွားမှာကိုတောင် ထည့်တွက်နေရတယ်။ မသိမ်းဘူး မတိုကက်ခိုက်ဘူးလို့ ပြောလို့မရဘူးတဲ့. ဒါကြောင့် ဒီလူသားဆိုတဲ့ ကောင်တွေကို အခုကတည်းက တစ်ခုခု လုပ်ထားရရင် ကောင်းမယ်လို့ နတ်မင်းကြီးက စပြီး ပြောလိုက်တယ်။

အဲဒီတော့ နတ်တစ်ပါးက ဒီလိုပြောလိုက်တယ်။ ကျုပ်တို့အတွက် အန္တရယ်ရှိနိုင်တယ်ဆိုရင် အခုကတည်းက ဒီလူသားမျိုးနွယ်တွေကို အပြတ်ရှင်းပစ်လိုက်တာ ကောင်းတာပေါ့လို့ အကြံညာဏ်ပေးလိုက်တယ်။ အဲဒီတော့ နတမင်းကြီးက ဘာပြန်ပြောသလဲဆိုတော့ ဟာ... အဲဒီလိုတော့ လုပ်ပစ်လိုက်လို့ မရဘူးကွ။ ငါတို့ကို ခစားမယ့်လူတွေ မရှိဖြစ်သွာမှာပေါ့။ အခိုင်းအစေတွေ မရှိဖြစ်သွားမှာပေါ့။ မင်းညာဏ်နည်းလှချဉ်လားလို့ ခပ်ဟောက်ဟောက် ပြန်ပြောလိုက်တယ်ဆိုရင်ပဲ အဲဒီနတ်သားလေးက ခေါင်းပုသွားတယ်။ အဲဒီတော့ နည်းနည်း ညာဏ်ကောင်းမယ့် ပုံရှိတဲ့ နတ်သားတစ်ပါးက ထပြောတယ်။ ကျွန်တော်တို့ကို လူသားတွေက မတော်လှန်စေချင်တာ မဟုတ်လား။ အဲဒီတော့ လွယ်ပါတယ်။ ဒီလူသားတွေကို အင်အားမကြီးအောင် လုပ်ပစ်လိုက်ရုံပေါ့လို့ ပြန်ပြောလိုက်တယ်။

အဲဒီတော့ နတ်မင်းကြီး ပြန်မေးလိုက်တယ်။ လူသားတွေ အားနည်းသွားအောင် ဘယ်လို လုပ်ရမလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အစောန နတ်မင်းက ခေါင်းလေးမေ့လိုက်တယ်။ ငါကွဆိုတဲ့ ပုံလားတော့ မသိဘူး။ ပြီးမှ ပိုင်နိုင်တဲ့ လေသံနဲ့ လွယ်ပါတယ်နတ်မင်းကြီးရယ် လူသားတွေကိုအားနည်းးသွားစေချင်တယ်ဆိုရင် လူသားတွေကို တစ်ခြမ်းခွဲပြီး စကြာဝဠာကြီးရဲ့ ဟိုဘက်ဒီဘက်ကို တစ်ဘက်တစ်ခြမ်း လွင့်ပစ်လိုက်ပေါ့လို့ ပြန်ဖြေလိုက်တယ်။ သူ့ရဲ့ အကြံပေးတာကို ကျန်တဲ့ နတ်သားတွေကလည်း ထောက်ခံလိုက်ကြတယ်။

နတ်မင်းကြီလည်း သဘောကျသွားတယ်။ ပြီးတော့မှ နတ်မင်းကြိးက အဲဒီလို လုပ်ဖို့ အမိန့်ချလိုက်တယ်။ အဲဒီတော့မှ နတ်တွေက တန်ခိုးနဲ့ လူတွေကို တစ်ခြမ်းဆီ ခွဲထုပ်ပစ်လိုက်တယ်။ ပြီးတော့ စကြာဝဠာကြိးရဲ့ ဟိုဘက်ထိပ်မှာ တစ်ခြမ်း ဒီဘက်ထိပ်မှာ တစ်ခြမ်းလွင့်ပစ်လိုက်ကြတယ်။ အဲဒီနေ့က စပြီး လူသားတွေဟာ သူတို့ရဲ့ အခြမ်းလေးတွေကို လိုက်လိုက်ရှာနေကြတော့တာပေါ့။

ကိုယ့်အခြမ်းလေးကို ကိုယ်ပြန်လိုက်ရှာကြတဲ့နောက်ပိုင်းမှာ တစ်ချို့ကလည်း ကိုယ့်ရဲ့ စစ်မှန်တဲ့ အခြမ်းလေးကို ပြန်တွေ့ကြတယ်။ တစ်ချို့ကလည်း မတွေ့ကြဘူး။ တစ်ချို့ကလည် ကိုယ့်အခြမ်းမှတ်လို့ ၀မ်းသာနေတာ တကယ် အတူနေတာ ကြာလာမှ ကိုယ့်အခြမ်း မဟုတ်မှန်း သိလိုက်ပြိး ပြန်ကွဲသွားကြပြန်တယ်။

အဲဒီလိုပဲ လောကကြီးမှာ လူသားတွေဟာ သိတတ်တဲ့အရွယ်ကစပြီး ကိုယ့်ရဲ့အခြမ်းကို ပြန်လိုက်ရှာတဲ့ တာဝန်တစ်ခုကို မဖြစ်မနေ ထမ်းဆောင်နေကြရတာပေါ့။ ချစ်သူရှာတယ်၊ အိမ်ထောင်ဘက် ရှာတယ်ဆိုတာ ကိုယ့်အခြမ်းကို ကိုယ်ပြန်ရှာနေကြတာတဲ့။ တစ်ချို့ကလည် တစ်ခါတည်း တွေ့သွားကြတယ်။ အဲဒီတော့ ငယ်လင်ငယ်မယားပေါ့။ ငယ်ငယ်လေးကနေ အသက်ကြီးလို့ သေတဲ့နေ့အထိ တစ်ယောက်ဆိုတစ်ယောက် နဲ့ ဘ၀ခရီးသွားဖြစ်ကြတယ်။

တစ်ချို့တွေကြတော့ ကိုယ့်ရဲ့ ကမ္ဘာဦးက အခြမ်းလေးကို နှစ်ယောက်မြောက်ကြမှ တွေ့ကြတယ်။ တစ်ချို့ကြတော့ သုံးယောက်မြောက်၊ တစ်ချို့ကြတော့ ၄-ယောက်၊ ငါးယောက်၊ ခြောက်ယောက်မြောက် အစရှိသည်နဲ့ ပြန်တွေ့ကြရတယ်။ ကျွန်တော့်ရဲ့ အကိုကြီးကတော့ ၆-ယောက်မြောက်ကြမှ သူ့ရဲ့ စစ်မှန်တဲ့ အခြမ်းလေးနဲ့ ပြန်တွေ့ပြီး အခုတော့ အေးအေးချမ်းချမ်း နေထိုင်နေလေရဲ့။ ကျွန်တော့ရဲ့ အဒေါ်ကြီး တစ်ယောက်ကတော့ ရှာရင်းရှာရင်း မတွေဖြစ်ပဲ မနှစ်ကပဲ အသက်(၆၀)မှာ ဆုံးသွားရှာတယ်။ ကျွန်တော်လည်း လိုက်ရှာနေတာ အခုဆို အသက် (၃၀)တောင် ကျော်နေပြီ။ အခုထိ မထူးခြားသေးပါဘူးဗျာ(ကြော်ငြာ)

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ လတ်တလောတွေ့နေရတဲ့ ကိုယ့်ရဲ့အခြမ်းလေးတွေကို ကောင်းကောင်း တန်ဖိုးထားကြစေချင်တယ်။ စစ်မှန်သည်ဖြစ်စေ၊ မှားနေသည်ဖြစ်စေပေါ့။ ဘာကြောင့်လည်းဆိုတော့ ကိုယ်က မှားနေတယ်ထင်ပြီး လမ်းခွဲလိုက်တာ ကိုယ့်အခြမ်းအစစ်အမှန်လေး ဖြစ်နေရင် ဒုက္ခနော်။ ဒါကြောင့် ကျွန်တော်က အားလုံးကို အခြမ်းလေးတွေနဲပ ပါတ်သက်ပြီး အဆင်ပြေရာပြေကြောင်း ယတြာလေးတွေ ညွန်ပြပေးချင်တာပါ။ အားလုံးအဆင်ပြေသွားကြရင် ဆရာဟိန်းတင့်ဇော် တစ်ယောက် သူ့ရဲ့ စစ်မှန်တဲ့ အခြမ်းလေးကို အမြန်ရှာတွေ့နိုင်ပါစေလို့ ဆုတောင်ပေးကြပါဗျာ.........

သက်ဆိုင်ရာ ချစ်သူနှစ်ဦး( သို့) ဖနီးမောင်နှံနှစ်ဦး၏ မွေးနံပန်းပင်များကို (နှစ်နံတွဲဆိုရင် ပိုကောင်းပါ၏) မိမိတို့၏ မွေးနံနှင့် ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး တစ်သက်တာ အေးချမ်းမြဲမြံ ရင်သန်ပြည့်စုံကြပါစေကြောင်း ဆုတောင်ရပါတယ်။

မတော်တဆ နှစ်ဦးနှစ်ဘက် စိတ်သဘောထားခြင် မတိုက်ဆိုင်လို့ သဘောထားကွဲလွဲမယ် အဆင်မပြေဘူး မျက်နှာခြင်းဆိုင်လို့ မရဘူးဆိုရင် နှစ်ဦးစလုံးရဲ့ ဓာတ်ပုံ တစ်ယောက်တစ်ပုံကို မျက်နှာချင်းဆိုင်ကပ်ကာ ဓာတ်ဗူးအသစ်တစ်ခုထဲမှာ ထည့်ပြီး မေတ္တာသုတ်ပရိတ်တော် ရွတ်ဖတ်ပေးခြင်းအားဖြင့် ကာယကံနှစ်ဦး၏ မေတ္တာဓာတ်များ ပေါင်းစည်းကာ ကောင်းမြတ်သော၊ မင်္ဂလာရှိသော အင်အားဓာတ်လှိုင်းများ ပြန့်နှံစိမ့်ဝင်နိုင်ပါစေကြောင်း ဆုတောင်းပေးရပါတယ်။

သဲအိုးတို့ သောက်ရေအိုးတို့ကို ( သဲအိုး-သောက်ရေအိုး ဆိုတာ သောကြာနျင့် တနင်္ဂနွေ၊ ဗေဒင်အလိုဆိုတော့ ဦးသာဓာတ်၊ အိမ်ထောင်မိတ်ဓာတ်ပါ) မွေးနံနှင့် ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး အိမ်ထောင်ရေး မေတ္တာရေးများ ကံကောင်းပါစေကြောင်း ဆုတောင်းရပါတယ်။

သပိတ်ခြေ (၃)ခုကို ရတနာသုံးပါးကို ရည်မှန်းကန်တော့ပြီး သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်ပြီး မိမိတို့၏ လက်ရှိပစ္စက ပြဿနာများ အေးချမ်းတည်ငြိမ်ပါစေကြောင်း ဆုတောင်းရပါမယ်။

မျက်မှန်ကို သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်၍ မိမိတို့၏ အယူမှား အထင်မှာ သံသယမှားများ ကင်းစင်လွင်ပျော်က်ပြီး အမြင်မှန်များ ပြန်လည်ရရှိပါစေကြောင်း ဆုတောင်းရပါမယ်။

နောက်ပြီး ကြွေပုဂံတစ်ချပ်ထဲမှာ နှစ်ဦးရဲ့ ဒာတ်ပံကို မှောက်ထည့် ပြီးရင် အဲဒီအပေါ်က ကွာစေ့ကို ပြည့်အောင် ထည့်ပြီး လှူဒါန်းဆက်ကပ်ပြီး ကွာဟနေသော စိတ်သဘောထားများ ၊ ပြန်လည်စေစပ်နိုင်ကြ၍ နှစ်ကိုယ်တစ်စိတ် ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းကြ၇ပါမယ်။

နှစ်ဦးသား၏ အညွန့်နံပန်း (မိမိမွေးနံမှ စင်၍ရေတွက်သော နှစ်ခုမြောက်နံပန်း) များကို ဖန်ခွက် (ဂဗ္ဘေ-ခိုင်မြဲစေသောဓာတ်) ထထဲတွင် ထည့်ကာ မိမိအိမ်၏ အိမ်ဘုရားစင်တွင် လှူဒါန်းဆက်ကပ် ထား၍ မိမိတို့၏ အိမ်ထောင်ရး။ အချစ်ရေး သာယာ ခိုင်မြဲစေကြောင်း ဆုတောင်း၇ပါမယ်။

စာကလေးအသိုက်လေးတွေကို နှစ်ဦးအတူတကွ ပြုလုပ်ချိပ်စွဲ၍ ဘ၀ခရီး အတူတကွ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေကြောင်း ဆုတောင်းရပါမယ်။

ကဲ .... တော်တော်လေးလည်း ဆုံလောက်ပါပြီနော် ။ အားလုံးကို အေးအေးချမ်းချမ်းလေးလည်း ဖြစ်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော် ပြောခဲဆိုခဲ့တာလေးတွေကို လိုက်လုပ်ကြည့်လိုက်ပါ။ ထူးခြားလာရင် ကျွန်တော်အတွက် ကျွန်တော်ပြောခဲ့သလို ဆုတောင်းပေးလိုက်ပေါ့ဗျာ....

အားလုံးကို ကျေးဇူးတင်ပါတယ်။
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

အားလုံးအားတောင်းပန်အပ်ပါသည်...

ကျွန်တော်က အခုတစ်ခါလည်း တန်းပလိပ်ချိန်းမလို့ပါဗျာ။ ဘာကြောင့် တန်းပုလိပ်ကို ခနခနပြောင်းနေရတာလဲ။ တန်းပလိပ်ချိန်းတာလည်း မကောင်းပါဘူးဆိုတာ ကျွန်တော်လည်း သိပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မချိန်းချင်ပါဘူး။ စာဖတ်သူမျးကိုလည် အားနာပါတယ်။ ကျွန်တော်က တော်တော်လေးလည်း အလှအပ ကြိုက်ပါတယ်။ အခု တန်းပလိပ်လေးလည်း လှအောင် လုပ်ကြည့်ထားတာ။ မဆိုးပါဘူး။ စိတ်တိုင်းလည်း ကျပါတယ်။ ပြန်လည်း မပြောင်းချင်ပါဘူး။

ဒါပေမယ့် ပြောကြပါတယ်။ မျက်မှန်သမားတွေက ကာလာကြီးနဲ ခေါင်းမူးလို့တဲ့။ နောက်ပြီး မြန်မာပြည်က စာဖတ်ပရိသတ်တွေက ဘလော့အပေါ်က ဆိုက်ရှိုးလုပ်ထားတဲ့ ဓာတ်ပုံတွေက တော်တော်နဲ့ ဖွင့်မရဘူးတဲ့။ စောင့်နေရတာနဲ့ ကြာတယ်တဲ့။ ဒါကြောင့် ရိုးရိုးလေးပဲ တန်းပလိပ်ကို ထားပေးပါဆိုတာနဲ့ပဲ နှမြောတသခြင်း များစွားဖြင့် ပြန်ချိန်လိုက်ရပါတယ်။

ကျွန်တော်၏ ခင်မင်လေးစားရပါသော ကိုမျိုးအောင်ကြီးကိုတော့ ဒီနေရာလေးကနေ ပြန်လည် တောင်းပန် လိုက်ပါတယ်ဗျာ။

အားလုံးသောစာဖတ်သူများကို တလေးတစား တောင်းပန်လျှက်ပါ။

အပြည့်အစုံဆက်လက်ဖတ်ရန်...

ထွက်သွားသူ ပြန်လာစေသောနည်းတစ်နည်း

အိမ်ကနေ တစ်စုံတစ်ယောက် ထွက်သွားတာတို့ ဆင်းသွားတာတို့ကို ပြန်ခေါ်တဲ့ ယတြာနည်းတွေက များစွာရှိတယ်။ အဲဒီများစွာထဲက အခုတင်ပေးလိုက်တဲ့ ယတြာနည်းကလည်း ကောင်းပါတယ်။ ထူးလည်း ထူးခြားတယ်။ ထိလည်း ထိရောက်ပါတယ်။ လုပ်ရတာလဲ လွယ်ကူပါတယ်။ အခု ဒီယတြာက အစာစားရတဲ့ ယတြာပါ။
ဥပမာ အိမ်က တစ်စုံတစ်ယောက် စိတ်ဆိုးပြီး ထွက်သွာတယ်ဆိုပါစို့။ တစ်စုံတစ်ယောက်ဆိုတာ ကိုယ်နဲ့ တစ်အိမ်တည်း နေတဲ့ လူတွေနော်။ အကုန်ပါတယ်။ လင်လည်း ပါတယ်။ မိန်းမလည်း ပါတယ်။ အရမ်းချစ်တဲ့ လူလည်း ပါတယ်။ အရမ်း မုန်းတဲ့ လူလည်းပါတယ်။ သားလေးလည်း ပါတယ်။ သမီးလေးလည်း ပါတယ်နော်။ အဲဒီလိုပဲ။ အမကြီးလည်း ပါတယ်။ အကိုကြီးလည်း ပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် အိမ်က ထွက်သွားပြီ ဆင်းသွားတယ်ဆိုရင် ပြန်လာစေချင်တယ်ဆိုရင် ဒီယတြာလေးကို ဆောင်ရွက်စေချင်တယ်။ တစ်နည်း မဟုတ် တစ်နည်း အဆင်ပြေသွားမှာပါ။

အဲဒီနေရာမှာ တစ်ခုပြောစရာရှိတယ်။ ပြုလုပ်ရန်အခါဆိုတာလေ. အဲဒါက ရေး၇မှာ နည်းနည်းတော့ များပါတယ်။ ဒါကြောင့် နောက်မှ ထပ်ဖြည့်ပြီး ရေးတင်ပေးးပါ့မယ်။ အခု လောလေဆယ်တော့ အိပ်ဖို့တောင် မနည်း အချိန် လုနေရတဲ့အတွက် မတင်ပေးဖြစ်တာ နားလည်ပေးစေချင်ပါတယ်။ တကယ်လို့ ဒီရက်ပိုင်းအတွင်း ဒီယတြာကို ဆောာင်ရွက်ချင်သူများ ရှိပါက ကျွန်ုပ်ထံသို့ အီးမေးလ်ပို့ပေးလိုက်ပါ။ ချက်ချင်း အကြောင်းပြန် ပေးပါ့မယ်။ အခကြေငွေ တစ်ပြားတစ်ချပ်မှ ပေးစရာမလိုပါဘူး။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလာားသော
ဟိန်းတင့်ဇော်

အပြည့်အစုံဆက်လက်ဖတ်ရန်...

ကျွန်မနဲ့အနီးဆုံးမှာပဲနေပါမောင်ရယ်

ဒီနေ့ မြန်မာပြည်က ပြန်လာပြီးလို့ နောက်တစ်ရက်မှာပဲ ကျွန်တော်ဆီကို ဗေဒင်မေးတဲ့လူတွေ တဖွဲဖွဲ ရောက်လာကြတယ်။ တနင်္ဂနွေနေ့လည်း တနင်္ဂနွေနေ့ဆိုတော့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေလည်း အလုပ် ပိတ်တာ များတယ်။ ဒီနေ့လာပြီး ဗေဒင်မေးတဲ့ လူတွေထဲမှာ အသက် (၂၈)နှစ်လောက်ရှိတဲ့ အမျိုးသမီးလေး တစ်ဦးပါလာတယ်။ သူ့နာမည်က နွယ်တဲ့။ အဲဒီ နွယ်ဆိုတဲ့ မိန်းကလေးက ကျွန်တော့်ကို ဒီလိုပြောပြတယ်။

ကျွန်မက မွန်ပြည်နယ် ၊ ကျိုက်မရောဇာတိပါ။ ကျွန်မ အမျိုးသားကတော့ ရန်ကုန်သား ကိုအောင်နိုင်ပါဆရာ။ သူနဲ့ ကျွန်မနဲ့ အိမ်ထောင်ကျတာ အခုဆိုရင် ၆-နှစ်ရှိပါပြီ။ သူနဲ့ သာသမီး ၃-ယောက်ရှိပါတယ်။ အရင်နှစ်တွေအထိ ကျွန်မတို့ အိမ်ထောင်ရေး အေးအေးဆေးဆေး ပါပဲ။ အေးအေးချမ်းချမ်းပါပဲ။

ဒါပေမယ့် ဒီနှစ်ထဲကိုရောက်လာတော့ သိပ်မကြာပါဘူး ဆရာ။ ကိုအောင်နိုင်တစ်ယောက် အခြေအနေတွေ တစ်မျိုး ပြောင်းလာတယ်။ အဲဒါက ဘာလည်းဆိုတော့ နည်းနည်းလေး ခြေလှမ်းတွေ ပျက်လာတယ်ပေါ့ဆရာ။ အိမ်မကပ်တဲ့ ရက်တွေကလည်း များလာတယ်။ အကြောင်း အမျိုးမျိုးပြပြီး အိမ်ကနေ ထွက်ထွက်လာတယ်။ အခုနောက်ပိုင်း အိမ်ကို မကပ်တာ ဘယ်လောက်ကြာပြီလဲ။ ဒီအကြောင်းတွေကို ကျွန်မက ပြောရင်လည်း အမြဲဆိုသလို သူနဲ့ ကျွန်မ ပြဿနာတက်တက်နေတယ်။

အကြောင်းပြချက်တွေကတော့ များတယ်ဆရာ။ သာရေးကော နာရေးကော ကောင်းတာတွေကော မကောင်းတာတွေကော အစုံပဲ ဆရာရေ။ ပြောချင်တာကတော့ အခုတလော ကျွန်မယောက်ျား ခြေတော်တော်လေး များနေတယ်။ ကိုယ်အိမ့်ကို မကပ်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ဆရာရယ် သူ အိမ်ကပ်အောင် အိမ်မှာ ပျော်မွေ့အောင် အိမ်မှာ နေချင်စိတ်များအောင် ယတြာဆောင်ရွက်ပေးပါဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် အိမ်ကပ်စေသော ခြေငြိမ်စေသော အောက်ပါအင်းစမတော်ကို ဆေးဖယောင်းများနှင့် ကြိုချက်၍ အင်းဖယောင်းတိုင် စီရင်၍ ပေးလိုက်၏။ ထို့နောက် (၇)-ရက်သားသမီး ခြေငြိမ်-အိမ်ကပ်စေသော အောက်ဖော်ပြပါ ယတြာနည်းကိုလည်း သူမအား ပေးလိုက်လေတော့၏။

(မိတ်ဆွေများခင်ဗျာ.. အထက်ဖော်ပြပါ အင်းစမတော်သည် မိမိတို့၏ ခင်ပွန်းများသာမက မည်သူ့ကိုမဆို ဆောင်ရွက်လို့ရပါသည်။ အင်းဖယောင်းတိုင် မစီရင်တတ်ပါကလည်း ရိုးရိုးဖယောင်းတိုင်တွင်ပင် ပတ်၍ မီးထွန်း ပူဇော်ပါကလည်း တူသောအကျိုးကို အပြည့်အ၀ ရရှိနိုင်ပါသည်။ ထို့သို့ မဟုတ်ပါပဲ စနစ်တကျ ဆေးဖယောင်းများနှင့် ကြိုချက်၍ စီရင်ထားသော အင်းစမဖယောင်းတိုင်များကို အလိုရှိပါက ကျွန်ုပ်ထံသို့ စာတိုက်လိပ်စာ အတိအကျဖြင့် အီမေးလ်ပို့လိုက်ပါ။ စာတိုက် အမြန်ချောပို့ခ အနည်းငယ်နှင့် ယတြာအတွက် ကုန်ကျစရိပ်အနည်းငယ်ကိုသာ ကျခံပါ။ သင်တို့ထံမှ ပညာပူဇော်ခ တစ်ပြားတစ်ချပ်မှ မယူပဲ အခမဲ့ စေတနာဖြင့် စီရင် ပေးပို့သွားမည် ဖြစ်ပါကြောင်း။

ဥပမာ... တနင်္ဂနွေသားသမီး တစ်စုံတစ်ရောက်အား အိမ်မြဲစေလိုပါက တနင်္ဂနွေနေ့ နံက် (၉း၄၅)တွင် အနောက်အရပ်ကို မျက်နှာမူထားပါ။ ပြီးရင် ခြေထောက်အောက်တွင်တော့ သီဟိုဠ်ရွက်ကို နင်းထားပါ။ လက်ထဲတွင် ထန်းရွက်တွင် ( ထ)အက္ခရာကို ရေးပါ။ ထို့နောက် တနင်္ဂနွေသားသည် အိမ်တွင် ကပ်ပါစေ၊ အိမ်မှာ မြဲပေါစေ၊ အစရှိသည်ဖြင့် ဆုတောင်းပါ။ ထို့နောက် ထိုထန်းရွက်ကို တနင်္ဂနွေသား၏ အိပ်ယာအောက်တွင် ထိုးထားလိုက်ပါ။ ထိုအပေါ်တွင် အိပ်မိသည့်နေ့မှစ၍ တနင်္ဂနွေသားသည် နေအိမ်တွင် မြဲသွားမည် ဖြစ်ပါကြောင်း

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အပြည့်အစုံဆက်လက်ဖတ်ရန်...

စိတ်ကောက်နိုင်ပါဦးမလား..

ကျွန်ုပ်သည် မြန်မာပြည်သို့ ပြန်လည်ခိုက်တွင် မိမိ၏ ဇာတိဖြစ်သော ဧရာဝတီတိုင်းဘက်သို့ ပြန်လည်ရောက်ရှိ ခဲ့လေ၏။ ဇာတိသို့ ရောက်သောအခါတွင် ကျွန်ုပ်နှင့် မောင်နှမ တစ်ဝမ်းကွဲတော်စပ်သော ပူစူးဆိုသော ကောင်မလေးနှင့် ပြန်လည်ဆုံတွေ့ကြရလေ၏။ ပူစူးသည် စိုးဝင်းနှင့် အိမ်ထောင်ကျနေပြီ ဖြစ်၏။ ပူစူးသည် ကျွန်ုပ်ပြန်ရောက်သည်ကို ကြားသည်နှင့် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီးလျှင် အောက်ပါအတိုင်း ပြောပြလေတော့၏။

မိုးညိုရယ် နင်ပြန်ရောက်လာတာနဲ့ အတော်ပဲ။ ငါ နင့်ဆီက အကူအညီ တောင်းစရာရှိတယ်။ ဘာလဲဆိုတော့ ငါ့မှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြဿနာတွေ ရှိနေတယ်ဟာ။ အဲဒါ နင်ကူညီပေးမှ အဆင်ပြေမယ်ဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်ကလည်း ပူစူးရယ် နင်ကလည်း အခက်အခဲဆိုတာ တစ်ခါတစ်လေလောက်ပဲ ကြုံတာ မဟုတ်ဘူးလားဟာ။ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရတယ်ဆိုတာ ဟုတ်ပါ့မလား။ နင်ပြောသလို နေ့စဉ်သာ ကြုံတွေ့နေရတယ်ဆိုရင် လူတစ်ယောက်ဟာ အသက်တောင် ရှင်သန်ချင်စိတ် ရှိနိုင်ပါတော့မလားဟာဟု ပြန်ပြောလိုက်မိလေ၏။ ထိုအခါ ပူစူးမက...

တကယ်ပြောတာပါ မိုးညိုရယ်။ နေ့တိုင်းကို ကြုံနေတာပါ။ အချိန်တိုင်းလို့ ပြောရင် ပိုတောင် မှန်နေဦးမယ်။ ဒီလိုပါဟာ။ ငါက နင့်ယောက်ဖ စိုးဝင်းနဲ့ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ရောင်နောက်ဆံထုံးပါ ဆိုသလို ငါ စိုးဝင်းတို့ အိမ်ကို လိုက်သွားခဲ့တယ်။ ငါ့ယောက်ျားဘက်မှာက မိသားစုတွေအားလုံးထဲမှာ စိုးဝင်းတစ်ယောက်ထဲ အိမ်ထောင်ကျသေးတာဟ။ ကျန်တဲ့ လူတွေအားလုံးက အကုန် လူလွတ်တွေချဉ်းပဲ။ တစ်ယောက်မှာ အိမ်ထောင်မကျသေးဘူး။ ပြီးတော့ သူတို့ မိသားစုက တော်တော်လေးလည်း တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတာဟ။ ငါလည်း ရောက်ခါစကတော့ အားလုံးနဲ့ အဆင်ပြေပါတယ်။

နောက်ပိုင်းကြာလာတာနဲ့ အမျှ သိပ်အဆင်မပြေချင်တော့ဘူး။ ငါနဲ့ ငါ့ယောက်ျားနဲ့ စကားများလို့ ရန်ဖြစ်တယ်ဆိုရင် တအိမ်လုံးက ငါ့ကို မခေါ်ကြတော့ဘူး။ ငါ့ယောက်ျားက ငါ့ကို မခေါ်သရွေ့ သူတို့တွေကလည်း မခေါ်ကြတော့ဘူး။ နင့်ကို ကုန်အောင်ပြောပြရရင်တော့ ကုန်မှာ မဟုတ်ဘူး။ အခု ငါပြောနေတာက ငါတို့ အိမ်ထောင်သည် မိန်းကလေးတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲနော်။ များသောအားဖြင့် ယောက္ခမတွေနဲ့ အတူနေရတဲ့ မိန်းကလေး တော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာပဲဟု ကျွန်ုပ်အား ပြောပြလေတော့၏။

ဒိလိုလုပ်ပါဟာ။ အကောင်းဆုံးကတော့ သူတို့ မိသားစုအားလုံးကို မေတ္တာပို့ပေးပေါ့ဟာ။ မေတ္တာဆိုတာကတော့ အကောင်းဆုံး အအေးမြဆုံး လက်နှက်တစ်ခုပဲ။ မေတ္တာတရားထက် အေးမျှတဲ့ လက်နှက်ဆိုတာ မရှိဘူးဟု ပြန်ပြောလိုက်လေလျှင် ပူစူးက အမယ်လေး မိုးညိုရယ် မေတ္တာကတော့ ပို့သလား မမေးပါနဲ့။ မနက်တစ်ခါ ညတစ်ခါကို ပို့ပေးတာဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

ပူစူးမရယ်။ နင်ပြောသလို မေတ္တာပို့တယ်ဆိုတာက နင်ပြောသလောက်လည်း မလွယ်ပါဘူး။ နင်တို့က ကိုယ်မှာ တစ်ဆယ် မရှိပဲ သူများကို တစ်ရာပေးမယ်လို့ ပြောတဲ့လူလို ဖြစ်နေပြီ။ ကိုယ်မှာ တစ်ဆယ်တောင် မရှိပဲ သူများကို တစ်ရာပေးဖို့ ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ မဟုတ်ဘူးလား။ အဲဒီတော့ သူများကို ပေးချင်တဲ့ လူတွေက ကိုယ်မှာ အရင် ရှိအောင် အရင် ပြည့်အောင် အရင်ရအောင် စုဆောင်းရမယ်။ သိုလောင်၇မယ်။ ကိုယ်မှာ ပြည့်ပြီဆိုတာနဲ့ သူများကို ပေးလို့ရပြီပေါ့။

ပြီးတော့ ပြောရမယ်ဆိုရင် မေတ္တာပို့တယ်ဆိုတာက စိတ်အလုပ်နော်။ ပါးစပ်အလုပ်မဟုတ်ဘူး။ လူတော်တော်များများက ပါးစပ်ကြီးနဲ့ပဲ မေတ္တာပို့နေကြတယ်။ စိတ်မပါဘူး။ အဲဒီတော့ မထိရောက်ဘူးပေါ့ဟာ။ နင်တို့ရင်ထဲမှာ ရှိနေတဲ့ အရာက မကျေနပ်မှု့တွေ ဒေါသတွေ အာဃာတရားတွေလေ။ အဲဒီစိတ်နဲ့ ပို့လိုက်ရင် မေတ္တာတော့ သူတို့ဆီကို မရောက်ဘူး။ နင့်ရင်ထဲမှာ ရှိနေတဲ့ မကျေနပ်မှု့တွေ ဒေါသတွေ အာဃာတရားတွေပဲ သူတို့ ဆီရောက်သွားမှာပေါ့။

ဒါကြောင့် နင့်ရင်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ စိတ်တွေကို အရင်ဆုံး ကင်းအောင် လုပ်ပစ်ရမယ်။ မေတ္တာပွားတဲ့ အဆင့်ကို မလုပ်နဲ့ဦး။ ဒေါသတွေနည်းအောင် ကင်းအောင် မကျေနပ်တာတွေ ပပျောက်အောင် အာဃာတတွေ ပြေပြောက်သွားအောင် အရင် လုပ်ရမယ်။ ဘယ်လိုလုပ်ရမလဲ ဆိုရင်တော့ ဗလာပေါ့ဟာ။ ကိုယ်စိတ်ကို ဗလာဖြစ်အောင် အရင် ကျင့်ယူပေါ့။ ဗလာဆိုတာ ဘာမှ မရှိတာပေါ့ဟာ။ နင့်ရင်ထဲမှာ ဘာမှ မရှိအောင် အရင်ဆုံး ကျင့်ယူရမယ်နော်။

နင့်စိတ်ကို ဗလာဖြစ်အောင် ကျင့်ယူပြီးသွားပြီဆိုရင် နောက်တစ်ဆင့်က မေတ္တာတရားကို မွေးမြူယူရမယ်။ ဘယယ်လို မွေးရမလဲဆိုတော့ မေတ္တာဆဆိုတဲ့ အရာကို အပြာရောင် မီးလုံးလေးနဲ့ မှတ်ထားပေါ့ဟာ။ အဲဒီ မေတ္တာဆိုတဲ့ အပြာရောင်မိးလုံးလေးကို နင့်နှလုံးသားလေးထဲမှာ ထွန်းညှိထားရမယ်။ အဲဒီ မီးလုံးလေးက ထွက်လာတဲ့ အပြာရောင်လေးတွေဟာ နင့်ရင်ထဲကနေ တဖြေးဖြေး ဖြာထွက်လာပြီ။ နောက် ဘယ်လောက်တောင် ဖြာထွက်လာသလဲဆိုရင် ဒီစကြာဝဠာ ကမ္ဘာလောက ကြီးကိုတောင် ပြန့်နှံ့သွားပြီလို့ အာရုံပြုရမယ်။ ဒါကတော့ မေတ္တာတရားကို မွေးမြူတဲ့ အဆင့်ပေါ့။

နောက်ဆုံးအဆင့်ကြတော့မှ ကိုယ်က တစ်စုံတစ်ရောက်ကို မေတ္တာပို့မယ်ဆိုပါတော့။ အဲဒီအချိန်ကြရင် ကိုယ်က သူ့ကို ပီပီပြင်ပြင် ရုပ်လုံးပေါ်အောင် အာရုံပြုရမယ်။ ပြီးရင် သူ့ခန္ဓာကို တစ်ကိုယ်လုံးထဲကို ကိုယ့်ရဲ့ အပြာရောင် မေတ္တာအရောင်တွေ ၀င်ရောက် သွားပြီ။ အဲဒီ မေတ္တာကြောင့် သူသည်လည်း အေးမြသွားပြီလို့ ကိုယ်က အာရုံပြုရမယ်။ အဲဒီလို လုပ်ကြည့်စမ်းပါ။ အဲဒီလို ပုံမှန်လေး လုပ်ကြည့်ပေးမယ်ဆိုရင် ကိုယ့်ကို သတ်ပစ်ချင်လောက်အောင် မုန်းနေရင်တောင် ချက်ခြင်းကို ပြန်လည် မေတ္တာ သက်ဝင်လာလိမ့်မယ်ဟု ပြန်လည် ပြောပြလိုက်၏။ ထို့နောက် စိတ်ကောက်ပြေစေသော အောက်ပါအဆောင်ကိုလည်း စာရွက်တစ်ရွက်တွင် ပေးလိုက်လေတော့၏။

တနင်္ဂနွေ သားသမီးများ မိမိကို စိတ်ဆိုးစိတ်ကောက်နေပါက ၀ါးရွက်ကို ဆောင်ပြီး ပြန်လည်စကားပြော ချော့မော့ပါက ချက်ခြင်းပင် မိမိအပေါ်တွင် စိတ်ကောက်စိတ်ဆိုး ပြေသွားပေလိမ့်မည်။

တနင်္လာ သားသမီးများ မိမိကို စိတ်ဆိုးစိတ်ကောက်နေပါက မေမြို့ (သို့) ကြာသပတေးနံအရွက်ကို ဆောင်ပြီး ပြန်လည်စကားပြော ချော့မော့ပါက ချက်ခြင်းပင် မိမိအပေါ်တွင် စိတ်ကောက်စိတ်ဆိုး ပြေသွားပေလိမ့်မည်။

တနင်္ဂနွေ သားသမီးများ မိမိကို စိတ်ဆိုးစိတ်ကောက်နေပါက ၀ါးရွက်ကို ဆောင်ပြီး ပြန်လည်စကားပြော ချော့မော့ပါက ချက်ခြင်းပင် မိမိအပေါ်တွင် စိတ်ကောက်စိတ်ဆိုး ပြေသွားပေလိမ့်မည်။

အင်္ဂါသားသမီးများ မိမိကို စိတ်ဆိုးစိတ်ကောက်နေပါက သီဟိုဠ်စသော သောကြာနံအရွက်ကို ဆောင်ပြီး ပြန်လည်စကားပြော ချော့မော့ပါက ချက်ခြင်းပင် မိမိအပေါ်တွင် စိတ်ကောက်စိတ်ဆိုး ပြေသွားပေလိမ့်မည်။

ဗုဒ္ဓဟူးသားသမီးများ မိမိကို စိတ်ဆိုးစိတ်ကောက်နေပါက နှင်းဆီစသော စနေနံအရွက်ကို ဆောင်ပြီး ပြန်လည်စကားပြော ချော့မော့ပါက ချက်ခြင်းပင် မိမိအပေါ်တွင် စိတ်ကောက်စိတ်ဆိုး ပြေသွားပေလိမ့်မည်။

ကြာသပတေးသားသမီးများ မိမိကို စိတ်ဆိုးစိတ်ကောက်နေပါက အုန်းစသော တနင်္ဂနွေနံ အရွက်ကို ဆောင်ပြီး ပြန်လည်စကားပြော ချော့မော့ပါက ချက်ခြင်းပင် မိမိအပေါ်တွင် စိတ်ကောက်စိတ်ဆိုး ပြေသွားပေလိမ့်မည်။

သောကြာသားသမီးများ မိမိကို စိတ်ဆိုးစိတ်ကောက်နေပါက ကံ့ကော်ရွက်စသော တနင်္လာနံအရွက်ကို ဆောင်ပြီး ပြန်လည်စကားပြော ချော့မော့ပါက ချက်ခြင်းပင် မိမိအပေါ်တွင် စိတ်ကောက်စိတ်ဆိုး ပြေသွားပေလိမ့်မည်။

စနေသားသမီးများ မိမိကို စိတ်ဆိုးစိတ်ကောက်နေပါက စံပယ်စသော အင်္ဂါနံအရွက်ကို ဆောင်ပြီး ပြန်လည်စကားပြော ချော့မော့ပါက ချက်ခြင်းပင် မိမိအပေါ်တွင် စိတ်ကောက်စိတ်ဆိုး ပြေသွားပေလိမ့်မည်။

သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...

အိမ်ထောင်ရေး၊အချစ်ရေး သယာချမ်းမြေစေသောနည်း

နေ့စဉ်နေ့တိုင်း ဗေဒင်ဟောခန်းမှာ ကြုံဆုံနေရလို့။ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ယတြာတွေ အဆောင်တွေ လာပြီး အကူအညီတောင်းကြတယ်။ ယောင်္ကျားက မချစ်ဘူးထင်တယ်။ ဒါမှမဟုတ် ယောင်္ကျားက အရင်လို မဟုတ်တော့ဘူး။ ပြောင်းလဲနေပြီလို့ ထင်တယ်။ ကျွန်တော့်မိန်းမ အခုတလော အမူအယာတွေ ပြောင်းလဲနေသလိုပဲ။ အသစ်တွေ့နေပြီ ထင်ပါတယ်ဆရာရယ်။ ကူညီပါဦးတဲ့။

ကျွန်တော် သတိထားမိတဲ့ စကားလေးတစ်ခွန်း ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ “ထင်တယ်” တဲ့။ ထင်တာဟာ ထင်တာပဲ ဖြစ်တယ်။ အမြင်မဟုတ်ဘူး။ အထင်ဆိုတာက မသေချာဘူး။ မတိကျဘူး။ ဒါကြောင့် ထင်တယ်ဆိုတဲ့ စကားကို ကျွန်တော်က မကြိုက်ဘူး။ အထင်ရယ်-အမြင်ရယ်ဆိုတဲ့ စကားနှစ်လုံးထဲမှာ အမြင်က သေချာသလိုလို ရှိနေတယ်။ အထင်ကတော့ ကိုယ်ထင်တာ ဖြစ်တဲ့အတွက် မှားရင်လဲ မှားနိုင်တယ်။ မှန်ရင်လည်း မှန်နိုင်တယ်။ ပြောရရင်တော့ မသေချာဘူး။ မတိကျဘူး။

နောက် အဲဒီအထင်ဆိုတာက သံသယကို မွေးဖွားပေးတဲ့ အရာတစ်ခုပဲ။ အထင်ရဲ့ နောက်ကွယ်မှာ မကောင်းတဲ့ ဆိုးကျိုးတွေ ဆက်တိုက်လိုက်လာတတ်တယ်။ ပြဿနာတွေ အများကြီးကို ဖန်တီး ပေးတယ်။ ကြီးထွားစေတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ကစပြီး ဘ၀ခရီးဖြတ်သန်းမှု့မှာ အထင်ဆိုတာကြီးကို စွန့်လွှတ်ခဲ့ပြီး အမြင်နဲ့ လက်တွေ့နဲ့ သွားကြရအောင်။

မချစ်ဘူးထင်တယ်။
မလွမ်းဘူးထင်တယ်။
သတိမရဘူးထင်တယ်။
မဖြစ်လောက်ဘူး ထင်တယ်။
မအောင်မြင်လောက်ဘူး ထင်တယ်။
သူ ငါ့ကို အမြင်မကြည်ဘူးထင်တယ်။
သူ ငါ့ကို မုန်းနေတယ်ထင်တယ်။
သူငါ့ကို နားမလည်နိုင်လောက်ဘူးထင်တယ်။
...............................................ထင်တယ်။
.............................................................ထင်တယ်။

အစရှိသော အဲဒီစကားလုံးလေးတွေ ထဲမှာ ပါနေတဲ့ ထင် ဆိုတဲ့ စကားလုံးလေးက မကောင်းသော ဆိုးကျိုးတွေ ကို ဖြစ်စေပါတယ်။ သံသယကို ကြီးထွားစေတယ်။ အဆင်မပြေမှု့တွေကို ရက်ရှည်စေတယ်။ ဒါကြောင့် အမြင်ဆိုရင်တော့ မပြောပါဘူး။ အထင်ကြောင့်ဆိုရင်တော့ မကောင်းဘူးပေါ့။

ဒါကြောင့် ဒီနရာမှာ အိမ်ထောင်ရေး အိမ်တွင်းရေး အဆင်မပြေဖြစ်ကြကုန်သော မိတ်ဆွေများကို အဓိက ပြောချင်တာက ကိုယ့်အိမ်ထောင်ရေး သာယာချင်တယ်၊ စိတ်ချမ်းသာချင်တယ်ဆိုရင် ကိုယ့်အိမ်ထောင် ရေးထဲကို အထင်ဆိုတဲ့ စကားကို မ၀င်လာအောင် ကြိုးစားကြပါလို့ သင်တို့၏ အကျိုးကိုထာဝစဉ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် တိုက်တွန်းလိုက်ပါတယ်။ ဒါက စကားလက်ဆောင်ပါ။

အခုပြောမှာက ယတြာပါ။ အိမ်ထောင်ရေးကြောင့် စိတ်သောက ရောက်နေသူများအတွက် ရည်ရွယ်ပါတယ်။ တစ်ခုခုလုပ်ကြည့်လိုက်လို့ တစ်ခုခု အဆင်ပြေသွားတယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။

အိမ်ထောင်ရေးအချစ်ရေး အဆင်ပြေချင်တယ်ဆိုရင် ဒီအတိုင်းဆောင်ရွက်လိုက်ပါ။

အောက်တွင် ဖော်ပြပေးလိုက်သော ဟင်္သာမောင်နှံ ပုံလေးပေါ်တွင် လင်မယားနှစ်ဦး (သို့) ချစ်သူနှစ်ဦး၏ ဓာတ်ပုံ တစ်ယောက်တစ်ပုံကို ကပ်လိုက်ပါ။ ပြီးရင် ဓာတ်ပုံနှစ်ပုံကို မျက်နှာချင်းဆိုင် ဖြစ်အောင် ခေါက်လိုက်ပါ။ ပြီးရင် မိမိအိပ်သော အိပ်ယာခေါင်းအုန်းအောက်မှာ ထားအိပ်ဆောင်ထားလိုက်ရုံပါပဲ။ ယတြာကတော့ ဒီလောက်ပါပဲ။ ဒါပေမယ့် ဒီနေရာမျာ တစ်ခု သတိထားရမှာက ဒီအစီအရင်ကို မိမိမွေးနေ့၏ အိမ်ထောင်မိတ်ကျသော အခါမှာ ဆောင်ရွက်ရပါ့မယ်။ အောက်မှာ အိမ်ထောင်မိတ်ကျတဲ့အခါကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ထောင်မိတ်ဆိုတာ

(ဥ - သာ ၊ စိန် - ပန်း ၊ ဒါန်း - လှ ၊ ကို - ရှာ) လို့ ဆိုပါတယ်။ အလွယ်ဖြစ်အောင် တစ်ခါတည်း ရေးပေးလိုပါတယ်။

  • တနင်္ဂနွေသားသမီး - ( သောကြာနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • တနင်္လာသားသမီး - ( ဗုဒ္ဓဟူးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • အင်္ဂါနေ့သားသမီး - (ကြာသပတေးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • ဗုဒ္ဓဟူးနေ့သားသမီး - (စနေနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • ကြာသပတေးသားသမီး - (အင်္ဂါနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • သောကြာနေ့သားသမီး- (တနင်္ဂနွေနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း
  • စနေနေ့ သားသမီး- ( ဗုဒ္ဓဟူးနေ့ - နံက် ၆း၀၀မှ ၇း၃၀) အတွင်း

အပြည့်အစုံဆက်လက်ဖတ်ရန်...

အိမ်တွေကားတွေခြံတွေဆိုင်တွေကို အန္တရာယ်ကင်း သနချေရအောင်

ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်း၌ နေ့စဉ်နှင့်အမျှ ဗေဒင်မေးလာသူများနှင့် စည်ကားစည်ပင်နေလေ၏။ ထိုဗေဒင်မေးလာကြသူများထဲတွင် လူတစ်ရာလျှင် ကိုးဆယ့်ကိုးယောက်လောက် မေးလေ့မေးထရှိသော မေးခွန်းများတွင် တစ်ခုအပါအ၀င်ဖြစ်သော မေးခွန်းတစ်ခုမှာ ဆရာ ကျွန်တော်ကျွန်မတို့ ခြံ သန့်ရဲ့လား။ တစ်ချက်လောက် ကြည့်ပေးပါဆရာ၊ ကျွန်မ အိမ်ကို တစ်ချက်လောက် စစ်ပေးပါဆရာရယ်။ နောက်ပြီး ကျွန်တော် အခုဝယ်လာတဲ့ ကားက သန့်ရဲ့လားဆရာ တစ်ချက်လောက် ကြည့်ပေးပါဆရာ အစရှိသည်ဖြင့် မေးမြန်းတတ်ကြလေ၏။

သူတို့မေးသော သန့်ရဲ့လားဆိုတာအဘယ်နည်း။ ညစ်ပတ်နေတာကို ပြောတာမဟုတ်ပေ။ မမြင်ရသော ပရလောက အနှောက်အယှက်များ၊ တစ္ဆေသရဲ ၊ မှင်စာ၊ ၀ိညာဉ်များ၏ တွယ်ငြိခိုကပ်နေသော အနှောက်အယှက် များကို ဆိုလိုပါသည်။ ကျွန်ုပ်တို့၏ မြတ်ဗုဒ္ဓဟောတော်မူသော ပဋိစ္စသမုပ္ပဒ် ဒေသနာတော်လာ ဥပါဒါန ပစ္စယာ ဘ၀ဟူသော ဒေသနာတော်အရ လူသားများသည် မိမိတိုပ စွဲလမ်းငြိကပ်နေ သော ဥပါဒါန်တရားများကြောင့် မလွတ်ကျွတ်သော ။ မကောင်းသော ဘ၀များသို့ ကျရောက်ရသည်မှာလည်း ရှိသည်ပင် မဟုတ်ပါလား။

ထို့ကြောင့် မိမိတို့၏ အိမ်၊ ခြံ၊ ကား၊ ဈေးဆိုင်စသောနေရာများတွင် မကောင်းသော အငွေ့အသက်များ၊ မကောင်းသော လှိုင်းများ၊ မကောင်းသောအနှောက်အယှက်များ ခိုကပ်နေပါက စိတ်အနှောက်အယှက် ဖြစ်ခြင်း၊ နေရထိုင်ရတာ မပျော်ရွှင်ခြင်း၊ ကျန်းမာရေးခြူခြာ ပျော့ညံ့ခြင်း၊ လုပ်စားကိုင်စား အဆင်မပြေခြင်း၊ စီးပွားလာဘ်လာဘ မပွင့်လန်းခြင်း စသော အဖြစ်အပျက်များ ဖြစ်တတ်ပါတယ်။

တချို့ ခြံများ အိမ်များ ကားများတို့သည် တော်တော်လေး အခြေအနေဆိုးနေသည်ကို တွေ့ရလေ၏။ အနှောင့်အယှက်များက ကိုယ်ထင်ပြသည့် အထိပင် ဆိုးတတ်ကြ၏။ ကျွန်ုပ်အား လာရောက်ပြောပြသော သူများ၏အဆိုအရ ညအိပ်လျှင် လမ်းလျှောက်နေသော ခြေသံများကို ကြားနေရသည်ဟူ၍၎င်း၊ ညညဆို ရိပ်ကနဲ့ရိပ်ကနဲ့ တွေ့တွေ့နေရသည်ဟု၎င်း၊ ကားမောင်းနေစဉ် မကြာခနဆိုသလို ကားရှေ့က ဖြတ်ပြေးသလို မြင်ရသည်ဟု၎င်း လာရောက်ပြောဆိုကြလေ၏။

ထိုအကြောင်းအရာနှင့်ပါတ်သက်၍ ကျွန်ုပ်ကိုယ်တိုင်၏ အတွေ့အကြုံတစ်ခုလည်း ကြုံခဲ့ဘူးလေ၏။ လွန်ခဲ့သော (၇)နှစ်လောက်တုန်းက ကျွန်ုပ်သည် မရမ်းတလင်း အယူတော်မင်္ဂလာခြံမှ ခွင့်ယူကာ မွေးရပ်မြေဖြစ်သော မြန်အောင်မြို့သို့ အဓိဋ္ဌာန်ဝင်ရန်အတွက် ခေတ္တ ပြန်လာခဲ့၏။ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တည်းခို၍ အဓိဋ္ဌာန်ဝင်ရန် အလို့ငှာ ကျွန်ုပ်သည် ထိုကျောင်း၌ တစ်ရက်နှစ်ရက် တည်းခို၍ အခြေအနေကို စနည်းနာကြည့်လေ၏။

ထိုကျောင်းတွင် သီတင်းသုံးနေသော ဘုန်းတော်ကြီးက အဓိဋ္ဌာန်ဝင်တာကတော့ ဘုန်းကြီးအနေနှင့် အထူးပြောနေစရာတော့ မရှိပါဘူး ဒကာလေးရယ်။ ကောင်းတဲ့ အလုပ်ပဲ မဟုတ်လား။ ဒကာလေး တည်းခိုနေထိုင်ချင်ရင်တော့ ဟောဟို သိမ်ထဲမှာသာ ဒကာလေးကိစ္စကို အောင်မြင်အောင်ဆောင်ရွက်ပေတော့ ဟု အမိန့်ရှိသဖြင့် ကျွန်ုပ်လည်း ထိုသိမ်ထဲတွင် သန့်ရှင်းရေးလုပ်ရင်းဖြင့် ထိုညတစ်ညကို အိပ်စက်လေတော့၏။ ထိုညတွင် ကျွန်ုပ်သည် အင်မတန်ထွားကြိုင်းသော ကိုရင်ကြီးတစ်ပါးကို အိပ်မက်မက်လေ၏။ အိပ်မက်ထဲတွင် ကိုရင်ကြီးမှာ အလွန်အမင်း ဒေါသထွက်နေဟန်ရှိ၏။ ကျွန်ုပ်အားလည်း အလိုမကျသောမျက်နှာဖြင့် ကြည့်နေသည်မှာ အင်မတန်မှ ကြောချမ်းစရာ ဖြစ်နေ၏။

ထိုကဲ့သို့ အင်မတန် ကျောချမ်းစရာကောင်းသော အိပ်မက်ကို မြင်မက်၍ ကျွန်ုပ်သည် လန့်နိုးလေရာ ကျွန်ုပ်၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ ကျွန်ုပ်သည် ညဦးပိုင်းအိပ်စတုန်းက သိမ်ထဲတွင် အိပ်စက်ခဲ့၏ ယခုအခါ သိမ်၏ အပြင်ဘက်နတ်လမ်းပေါ်တွင် ရောက်ရှိနေလေတော့၏။ ထိုအခါမှ ကျွန်ုပ်လည်း ကြက်သီးမွှေးညှင်းများ ထလာ၏။ လွန်စွာမှလည်း ကြောက်ရွံ့ထိတ်လန့်လာ၏။ ပြန်၍လည်း မအိပ်စက်ရဲသောကြောင့် သိမ်ထဲရှိ မြတ်ဘုရားအား ဖယောင်းတိုင်အမွှေးတိုင်များ ထိန်နေအောင် ထွန်းညှိပူဇော်ကာ ရသလောက်သော ဂါထာမန္တာန်များကို ရွတ်ဖတ်ရ၏။ မေတ္တာပို့ အမျှဝေရ၏။ တောင်းပန်ရလေ၏။

( ထိုအချိန်က ကျွန်ုပ်ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုသော တောင်းပန်စကားမှာ ကျွန်ုပ်သည် အလွန်အင်မတန် ကြောက်တတ်သောကြောင့် ကျွန်ုပ်အား ကျေးဇူးပြု၍ မခြောက်လှန့်ရန်နှင့် ကိုယ်ထင်မပြရန် ဒီနေရာမှာ နေတာကို မကြိုက်ရင်လည်း မနေပါဘူးဟု တတွတ်တွတ် ပြောဆိုတောင်းပန်ခဲ့လေ၏။ ကျွန်ုပ်သည် ထိုအချိန်တုန်းကပင် ကြောက်တတ်ခဲ့သည် မဟုတ် ၊ ယခုတိုင်အောင်ပင် အလွန်အမင်း ကြောက်တတ် နေပါသေး၏။)

နံနက်မိုးလင်း၍ ဘုန်းတော်ကြီးအား ထိုအကြောင်းကို လျှောက်တင်လေရာ ဘုန်းတော်ကြီးက အရင်တုန်းက အဲဒီ သိမ်ကြီးထဲတွင် သူ၏ တပည့်ရင်း ကိုရင်တစ်ပါးနေထိုင်ခဲ့ကြောင်း အသက်နှစ်ဆယ်ပြည့်၍ ရဟန်းခံရန် တစ်ပါတ်အလိုတွင် သူများသတ်၍ အစိမ်းသေ သေသွားခဲ့ကြောင်း ယနေ့အထိ မကျွတ်မလွတ်သေးကြောင်း သိမ်ထဲတွင်လည်း ဆရာတော်တစ်ပါးသာ ကျိန်း၍ရကြောင်း ပြောပြလေသောကြောင့် ကျွန်ုပ်လည်း ကိုရင်ကြီး သရဲကို ကြောက်သောကြောင့် သိမ်ထဲတွင် သွားရောက်အဓိဋ္ဌာန် မ၀င်ရဲသောကြောင့် ဘုန်းကြီးကျောင်းမှာပင် ခွင့်တောင်း၍ အဓိဋ္ဌာန် ၀င်ခဲ့ရလေတော့၏။

အဲလိုပါပဲ။ မိတ်ဆွေတို့ ပိုင်ဆိုင်သော အိမ်၊ခြံ၊ မြေ၊ တိုက်တာ။ အဆောက်အဦး။ ကား၊ ဆိုင်ကယ် အစရှိသော ပစ္စည်းများတွင် ထိုကဲ့သို့ စိတ်ထဲတွင် မသိုးမသန့် ဖြစ်ပါက အောက်တွင်ဖော်ပြပေးလိုက်သော နည်းစနစ်ဖြင့်သာ ဆောင်ရွက်လိုက်ပါ။ ချက်ချင်းလက်ငင်း သန့်ရှင်းစင်ကြယ် သွားပါလိမ့်မယ်။ အနှောက်အယှက်များလည်း ကင်းဝေးသွားပါလိမ့်မယ်။

သန့်ရှင်းစေသောနည်း

ဇလုံတစ်လုံးထဲတွင် ရှာလကာရည် တစ်ပုလင်းထည့်ပါ။ ရေ(၇)ပုလင်းရောထည့်ပါ။ တရော်ကင်ပွန်းရလျှင် ထည့်ပါ။ မရလျှင်လည်း ရပါသည်။ ထို့နောက် သနသန သနအပေါင်း ထောင်သောင်းကျေစေ ဟု (၃၇)ခေါက် ရွတ်ဆိုမန်းပါ။ ထို့နောက် မိမိ သန့်ရှင်းစေလိုသော ပစ္စည်းများကို ပက်ဖြန်းပေးခြင်း ။ ဆေးကြောခြင်း၊ ဖြန်းပေးခြင်းဆောင်ရွက်လိုက်ပါ။

သင်တို့အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ -မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...

ပူလိုက်တဲ့အိမ်-အေးပေရော....

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ဒေါ်လှအေးဆိုသော မိန်းမကြီးတစ်ဦး  ရောက်ရှိလာလေ၏။ ကျွန်ုပ်သည် ၎င်းကိုတွေ့လျှင်တွေ့ချင်း... “ ကဲ... ဒေါ်လှအေး။ ဘာတွေ ဒုက္ခတွေ့လာပြန်ပြီလဲ။ ပြောတော့...။ ကျုပ်လုပ်ပေးနိုင်တာတွေ ကျုပ်လုပ်ပေးမယ်...”ဟု ပြောလိုက်လျှင် ဒေါ်လှအေးက...

တခြားမဟုတ်ပါဘူးဆရာရယ်။ စီးပွားရေးလည်း ကောင်းပါတယ်။ ဒါပေမယ့် အိမ်မှာက အလွန်ပဲ အိမ်ပူတယ် ဆရာရဲ့။ အိမ်က သားအဖနှစ်ယောက်က ညက နိုင်ငံခြားဘောလုံးပွဲ ကြည့်တယ်။ မနက်လက်ဖက်ရည် ၀ိုင်းလည်းရောက်ရော နိုင်ငံခြားဘောလုံးပွဲအကြောင်း ငြင်းကြခုန်ကြနဲ့ ဆူညံနေတာပဲ။ မီးဖိုးထဲမှာလဲ သမီးနှစ်ယောက်က နေတိုးချောတယ်။ လူမင်းက မိုက်တယ်နဲ့ ငြင်းကြခုန်ကြနဲ့ ကြွက်ကြွက်ကို ညံနေတာပဲ။ အကြောင်းတစ်ခု မဟုတ်တစ်ခုနဲ့ အိမ်မှာ ဆူညံနေတာပဲ။ အဲဒါလေး လုပ်ပေးပါဆရာရယ်”ဟု ပြေလေတော့၏။

“ရှေးက ဆရာတွေကတော့ “ ကကြီးအလယ်သေ အင်း” ပန်းကန်ပြားမှာ ကပ်ပြီး မီးထွန်းခိုင်းလိုက်တယ်။ အဲဒီလို လုပ်လိုက်ရင် အိမ်ပူတာရပ်သွားရော။ ဘာကြောင့် ရပ်သွားရလဲဆိုတာတော့ ကျွန်တော့်ကို မမေးနဲ့။ ကျွန်တော်လည်း မသိဘူး။ အဲဒီလို လုပ်ရင် အဲဒီလို ရပ်သွားရော။ ဟောဒီမှာ ကြွေပုဂံပြားပေါ်မှာ ကကြီး ရေးပေးလိုက်မယ်။  အိမ်ပြန်ပြီး မီးထွန်းပေတော့။ အိမ်မပူပဲ အေးချမ်းသွားလိမ့်မယ်။“ ဟုပြောကာ ကကြီးရေးထားသော ပန်းကန်ပြားတစ်ချပ်ကို ဒေါ်လှအေးအားပေးလိုက်လေ၏။ ဒေါ်လှအေးကလည်း ပန်းကန်ပြားကို ပိုက်၍ ပြန်သွားလေတော့၏။

တစ်ပတ်ခန့်ကြာသောအခါ ဒေါ်လှအေး ပြန်ေ၇ာက်လာလေ၏။ အိမ်က အေးသွားလိုက်တာ ဆရာရယ်။ အိမ်နီးနာချင်းကတောင် လူတွေမှ ရှိသေးရဲ့လားလို့တောင် မေးယူရတဲ့အထိ ပါဘဲဟု အားရ၀မ်းသာ ပြောလေတော့၏။ အဲဒီအကြောင်းတွေကို စာအုပ်ရေးပါ ဆရာရဲ့။ ဒါမှ လူတိုင်း သုံးရမှာပေါ့...ဟု အကြံပေးလေတော့၏။ စိတ်ချပါဗျာ။ ရေးဖြစ်အောင် ရေးမှာပါဟု ကျွန်ုပ်က ဂတိပေးလိုက်လေတော့ သတည်း။(မူရင်း-အဘမင်းသိင်္ခ)

အိမ်ငှားကိစ္စအဆင်ပြေစေရန်.....

သူ့ရဲ့နာမည်က ဦးအောင်သောင်းတဲ့.... အသက်ကတော့ ၅၆-နှစ်လောက် ရှိပြီ။ ပြောရရင်တော့ အသက်ကြီးပြီ လို့ ထင်ရပေမယ့် သူ့ကိုကြည့်လိုက်ရင် မြဲတမ်း နုပျိုလန်းဆန်းတက်ကြွနေတာ။ သူကသာ အသက်ကြီးတာ သူယူထားတဲ့ မိန်းမက အသက်က (၂၈)နှစ်ပဲရှိသေးတယ်။ သူ့မိန်းမနာမည်က မသောင်းအေးတဲ့။ ဗေဒင်စကားနဲ့ ပြောရရင်တော့ ကက်ကင်းပေါ့။ မနှစ်က သူတို့ မိသားစုလေးထဲကို သားလေးတစ်ယောက် ၀င်ရောက်လာခဲ့တယ်။ အသက်ကြီးမှ ကလေးရလို့လား မသိဘူး။ ဦးအောင်းသောင်းကြီးက ချစ်လိုက်တာ တုန်လို့။ သွားလေရာ ပုခုံးပေါ်ကကို မချဘူး။

ဦးအောင်သောင်းကြီးက အသက်ကြီးပြီဆိုတော့ သူ့ကိုအလုပ်ရုံတွေက လက်သင့်မခံဘူး။ အဲဒီတော့ သူက အိမ်စောင့်ရတယ်။ သူ့မိန်းမ မသောင်းအေးကတော့ မိုးလင်းကနေ အလုပ်သွားလိုက်တာ ညမိုးချုပ်တဲ့မှ ပြန်လာရတယ်။ တစ်ခါတလေ အိုဗာတိုင်တွေ ဘာတွေရှိလို့ကတော့ မအေးသောင်းခမျာ ည၁၁-နာရီလောက်မှ ပြန်လာရတယ်။

ကျွန်တော်တို့က ဦးလေးလို့ တလေးတစားခေါ်တဲ့ ဦးအေးသောင်းကြီးကလည်း မိသားစုအပေါ်မှာ မဆိုးရှာပါဘူး။ မိုးလင်းကနေ၀င် အိမ်အလုပ်တစ်ဖက်၊ ကလေးတစ်ဖက်နဲ့ ချက်ရပြုတ်ရ၊ လျှော်ရဖွတ်ရနဲ့ သူလည်း တနေကုန်တာပဲ။

တစ်နေ့မှာတော့ ဦးအေးသောင်းကြီး ကျွန်တော်ရဲ့ ဗေဒင်ဟောခန်းထဲကို ရောက်လာတယ်။ သူက ပြောတယ်။ တိုင်ပင်စရာလေးရှိလို့တဲ။ ကျွန်တော်က ပြောပါဗျာဦးလေးရလို့ဆိုတော့ ဒီလိုပါဆရာရယ်။ ကျွန်တော်တို့ မိသားစုအကြောင်းလဲ ဆရာလေးသိတဲ့အတိုင်းပဲ။ မသောင်းအေး လုပ်စာတစ်ခုတည်းနဲ့ ရပ်တည်နေရတာ အဆင်မပြေဘူး။ ခမျာလဲ အရမ်းပင်ပန်းရှာတယ်။ အားချိန်နားချိန်တောင် မရှိရှာဘူး။

အဲဒီတော့ ဆရာရယ်။ ကျွန်တော်က ဒီလိုစဉ်းစားမိတယ်။ အခု ကျွန်တော်တို့ငှားနေတဲ့ အိမ်ခန်းက ကျွန်တော်တို့ လင်မယား နှစ်ယောက်ထဲဆိုတော့ အခန်းက အကျယ်ကြီးလေဆရာ။ အဲဒီတော့ အိမ်မှာ ကောင်လေးတွေ (၅)ယောက်လောက် တင်ထားရင် ကောင်းမလားလို့။ သူတို့ကို ကျွန်တော်က ထမင်းလခ ချက်ကြွေးမယ် ဆရာရယ်။ အဲဒါဆိုရင် အနည်းဆုံးတော့ ကျွန်တော်တို့ လင်မယာနှစ်ယောက် အခန်းခနဲ့ စားစရိပ်တော့ ကာမိတာပေါ့။ အဲဒါလေး လုပ်ချင်တယ်ဆရာရယ်ဟု ဦးအေးသောင်းကြီးက ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ဦးအေးသောင်းကို ဟာ ... ကောင်းတာပေါ့ ဦးလေးရာ။ အလုပ်ဆိုတာကတော့ အသက်ကြီး တယ် ငယ်တယ်ရယ်လို့ မရှိပါဘူး။ ကိုယ်နိုင်တာလုပ်တာ အကောင်းဆုံးပေါ့ဟု ပြန်ပြောလိုက်လေရာ ဦးအေးသောင်းက ဟုတ်ပါတယ်ဆရာရယ်။ ကျွန်တောဘက်ကတော့ အားလုံး အစီအစဉ်စွဲထားတာ အားလုံးကအဆင့်ပါပဲ။ အဲဒါ ကျွန်တော်အခန်းမှာ လာနေမဲ့လူ လေးငါးယောက်လောက် ရအောင် ဆရာလေးပညာနဲ့ ကူညီပေးစမ်းပါဟု ပြောလေသောကြောင့် ကျွန်ုပ်က ဦးအေးသောင်းအား အောက်ဖော်ပြပါ ယတြာကို ပြောပြလိုက်လေတော့၏။

အိမ်ငှားကိစ္စအဆင်ပြေစေသောယတြာ

အိုးတစ်လုံးထဲတွင် ရွက်လှပန်းထည့်၍ ယပ်တောင်ဖြင့် လက်ပြန်ခတ်ရင် အိမ်ငှားကိစ္စ အဆင်ပြေစေရန် ဆုတောင်းပါ။

(၅)ရက်လောက် အကြာမှာတော့ ဦးအေးသောင်းကြီး တစ်ယောက် ကျွန်တော့်ကို ၀က်သားဟင်းတစ်ခွက် လာပို့ခဲ့တယ်။ ကျွန်တော် သိလိုက်ပါတယ်။ ကျွန်တော်တို့က ဦးလေးလို့ တလေးတစားခေါ်တဲ့ ဦးအေးသောင်း ကြီးတစ်ယောက် အိမ်မှာ အိမ်ငှားကိစ္စ အဆင်ပြေသွားပြီဆိုတာ.........

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ

မငွေခင်နှင့်အလုပ်ပျင်းသောလင်ယောင်္ကျား

တစ်နေ့သ၌ မငွေခင်ဟု ကျွန်ုပ်က နာမည်ပြောင်ပေးထားသော အမျိုးသမီးသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းရှိရာသို့ ရောက်ရှိလာပြီးလျှင် ကျွန်ုပ်အား အလုပ်လွန်စွာပြင်းသော သူ၏ လင်ယောင်္ကျာအကြောင်းကို အောက်ပါအတိုင်း ကျွန်ုပ်အား မဲ့ကာရွဲ့ကာဖြင့် ပြောပြလေတော့၏။

ဘယ်လိုလင်ကို ရထားမှန်းကို မသိပါဘူးဆရာရယ်။ အားကိုးလေးများ ရမလားဆိုပြီး လင်ယူမိပါတယ်။ အားကိုးမရတဲ့အပြင် ကိုယ်ကတောင် ပြန်လုပ်ကျွေးနေရသေးတယ်။ ဘယ်လိုဖြစ်လို ဒီလင်တစ်ယောက်ဟာ အလုပ်လုပ်ဖို့ကိုများ ဒီလောက်တောင် ပျင်းနေရတယ် မဆိုနိုင်ပါဘူး။ အပြင်းပြိုင်ပွဲ ၀င်ပြိုင်မလားဆိုတာကို ပြိုင်ရမှာ ပျင်းလွန်းလို့ ၀င်မပြိုင်ဘူးလို့ပြောလို့ အပျင်းပြိုင်ပွဲမျာ ပထမရတဲ့ လူထက်တောင် ပိုပြင်းသေးတယ်။ တစ်နေ့တစ်နေ့ ဒီအလုပ်လုပ်ဖို့ပဲ ပြောနေရတာ။ ကြာတော့လဲ ပြောချင်စိတ်တောင် မရှိတော့ဘူး ဆရာရေဟု မဲ့ကာရွဲ့ကာဖြင့် ပြောပြလေတော့၏။

ဒီလိုရှိတယ် မငွေခင်ရဲ့။ အလုပ်ပြင်းတာဟာ ခင်ဗျားယောင်္ကျား တစ်ယောက်ထဲမဟုတ်ဘူးဗျ။ ကျန်တဲ့ အလုပ်လုပ်ရမှာ ပြင်းတဲ့ လူတော်တော်များများလဲ ကျွန်တော်တွေ့ဘူးပါတယ်။ အမှတ်တမဲ့ ဆိုရင်တော့ သူတို့တွေကို လူပျင်းတွေလို့ ထင်ရမှာပဲ။ ဒါပေမယ့် သူတို့တွေကို သေသေချာချာ လေ့လာကြည့်တဲ့အခါမှာ သူတို့ဟာ လူပျင်းတွေ မဟုတ်ဘူးဗျ။ အလုပ်ဆိုတဲ့ အရာပေါ်မှာ သဘောမပေါက်ကြတာ။ ခင်ဗျားက သဘောပေါက်အောင် သေသေချာချာ ပြောပြရင်တော့ ရပါတယ်ဗျာ။ ပြောပြကြည့်ပါဦးဗျာဟု ကျွန်ုပ်က ပြောလိုက်လျှင် မငွေခင်က...

ဟုတ်ပါ့မလား ဆရာရယ်။ အလုပ်ကို ဘယ်လိုများ သဘောပေါက်ရမှာလဲဆရာရယ်ဟု ပြန်ပြောလေ၏။

ဒီလိုရှိပါတယ် မငွေခင်ရယ်။ သဘာဝတရားကြီးက ဒီလောကကြီးမှာ ရှိတဲ့ ငှက်တွေအားလုံးအတွက် အစာတွေ ဖန်တီးပေးထားတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဘယ်ငှက်အတွက်မှ အသိုက်ထဲကို အစာထည့်မပေးဘူး။ ငှက်ဖြစ်လာတာနဲ့ အစာရှာတဲ့အလုပ်ဟာတွဲပြီး ပါပြီးသားကွ။ မရှာရင်တော့ ငတ်ပေတော့ ။ မဟုတ်ဘူးလားဗျာ။

နောက်ပြီး အလုပ်လုပ်ခြင်းဆိုတဲ့ကိစ္စဟာ အရာသုံးခုကို ဖျက်စီးပစ်တယ်ဗျ။ အဲဒီအရာသုံးခုဟာ ဘာတွေလဲဆိုတော့ (တစ်) ပျင်းရိငြီးငွေ့ခြင်း။ (နှစ်) ဆင်းရဲမွေတေခြင်း။ (သုံး) ကမောက်ကမဖြစ်ခြင်း ဆိုတာတွေပဲ။ အလုပ်မလုပ်တဲ့ လူတွေမှာတော့ အဲဒီအရာတွေ အားလုံး ရောက်လာတော့တာပဲ။ နောက်ပြီး အလုပ်လုပ်ပြီဆိုတာနဲ့ ကံကောင်းပြီလို့သာ မှတ်ပေတော့။ နောက်ထပ် ကံကောင်းဖို့ ဆုတောင်းစရာ မလိုတော့ဘူး။ အလုပ်မလုပ်ဘူးဆိုရင်တော့ ကံကောင်းဖို့ ဆုတောင်းချင်တောင်းပေါ့ဗျာဟု ပြောလိုက်လျှင် မငွေခင်က ...

ဟုတ်တယ်နော်ဆရာဟု ပြန်ပြောလေ၏။

နောက်တစ်ခု ရှိသေးတယ်ဗျ။ အဲဒါက ဘာလဲဆိုတော့ တစ်ချို့က အလုပ်ကိုမလုပ်တတ်ဘူးလို့ ဆင်ခြေပေးကြတယ်ဗျ။ အလုပ်က သိပ်ပြီး ထူးဆန်းတာ။ လုပ်ဖို့ပဲ လိုတယ်။ မတတ်ရင် သူက သင်ပေးသွား တာ မငွေခင်ရဲ့။ နောက်ပြီး ရှိသေးတယ်။ အလုပ်လုပ်လို့ ပင်ပန်းတယ်ဆိုတာက မပြောပလောက်ပါဘူး။ အလုပ်ကို ငြီးငွေ့လို့ ပင်ပန်းတာက ပိုပြီးများပါတယ်ဗျာ။ လူဆိုတာကလည်း ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကိုများ လုပ်နေရရင် မောတယ်၊ ပန်းတယ်လို့ကို မရှိဘူး မဟုတ်လားဗျာ။

ဒါလဲ ဟုတ်တာပဲဆရာ ဟု ပြန်ပြောလေ၏။

ပြီးတော့လဲ ရှိသေးတယ်ဗျ။ အလုပ်လုပ်ခြင်းဆိုတဲ့ ကိစ္စမှာ တစ်ခြားအစားထိုးစရာရယ်လို့ ဘာမှ မရှိဘူး။ အလုပ်လုပ်ခြင်းဟာ အလုပ်လုပ်ခြင်းပဲဗျ။ တကယ် အလုပ်လုပ်ချင်တဲ့ သူဟာ အလုပ်က ရလာမယ့်အကျိုးအမြတ်ကိုတောင် မစဉ်းစားဖူးဗျ။ လုပ်နေရတာကိုက အကျိုးတရားပဲလို့ ယူဆတယ်ဟု ကျွန်ုပ်က ပြောလိုက်လေလျှင် မငွေခင်က...

ဆရာပြောတာတွေ အကုန်လုံးက အမှန်တွေချဉ်းပါပဲ။ ဒါပေမယ့် ဆရာရေ။ ကျွန်မကတော့ ဆရာလို စကားပြောတာ မကျွမ်းဘူးလေ။ အဲဒိတော့ နောက်တစ်ခါကျမှ ဆရာဆီကို အိမ်က ငပျင်းကို ခေါ်လာခဲ့မယ်ဆရာရေ။ အဲဒီအခါကျမှ ဆရာ အလုပ်အဘိဓမ္မာတွေ ကျမကိုယ်စား ဟောပေးပေတော့။ အခုတော့ ကျွန်မယောင်္ကျားငပျင်းကို အလုပ်အမြန်လုပ်အောင် ယတြာပေးပါဆရာရယ်ဟု ပြန်ပြောလေတော့၏။

ဒါဆိုရင်တော့ ဒီလိုလုပ်ဗျာ။ ကျွန်တော် စမတော်တစ်ခု ခင်ဗျားကို ပေးလိုက်မယ်။ အဲဒီစမတော်ကို ဖယောင်းတိုင်မှာပတ်ဗျာ။ ပြီးတော့ ကြွေပုဂံကို အောက်မှာခံထားပြီး မီးထွန်းပြီး ခင်ဗျားယောင်္ကျား အလုပ်လုပ်ဖို့ ဆုတောင်းပေတော့ဗျို့။ အဲဒါဆိုရင် ရက်ပိုင်းအတွင်း ခင်ဗျား ယောင်္ကျား အလုပ်လုပ်လွန်းလို့ မနည်း တားယူနေရဦးမယ်ဟု ပြော၍ အောက်ပါ စမတော်ကို လက်ဆောင်ပေးလိုက်လေတော့သတည်း။

ခြေငြိမ်စေသောယတြာများ

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ အသက်အရွယ်အားဖြင့် (၄၅)နှစ်ခန့် ရှိသော ကျွန်ုပ်နှင့် သားအမိ အရင်းအခြာပမာ ရင်းနှီးခင်မင်သော ဒေါ်အေးသာဟု အမည်ရသော အမျိုးသမီးကြီးတစ် ဦး ရောက်ရှိလာလေ၏။ ထိုဒေါ်အေးသာနှင့်အတူ သူနှင့်သက်တူ ရွယ်တူ အမျိုးသမီးကြီး တစ်ဦးလည်း အတူ ပါလာလေ၏။ ကျွန်ုပ်နှင့် ဒေါ်အေးသာသည် လွန်စွာရင်းနှီးခင်မင်ရကား ကျွန်ုပ်ကို ဆရာဟူ၍ မခေါ်ပဲ သားဟူ၍ ပင် ဒေါ်အေးသာက ခေါ်လေ၏။ ကျွန်ုပ်ကလည်း ဒေါ်အေးသာအား အမေဟူ၍ပင် ရင်းနှီးချစ်ခင်စွာ ခေါ်လေ၏။ ဒေါ်အေးသာတို့ နှစ်ယောက်သည် ကျွန်ုပ်၏ အခန်းထဲတွင် ခေတ္တခဏမျှ ထိုင်နားနေပြီးမှ ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဒီလိုပါသားရယ်။ အခုလာတဲ့ ကိစ္စက အမေ့သူငယ်ချင်းရဲ့ ကိစ္စနဲ့ လာခဲ့တာပါ။ သူနာမည်က ဒေါ်စနေမတဲ့။ စနေမဆိုတဲ့အတိုင်း သူဖြစ်နေတာတွေကလည်း အပူတွေချဉ်းပဲ။ အဲဒါ သားက ဗေဒင်လေးဘာလေးလည်း တွက်ချက်ကြည့်ပေးဖို့ရယ်၊ နောက်သူ့ရဲ့ အခက်အခဲတွေ ပြေပြောက်စေမယ့် ယတြာလည်း ဆောင်ရွက်ပေး လို့ရအောင် ခေါ်လာခဲ့တာပါပဲဟု ပြောလေ၏။

ကျွန်ုပ်လည်း ဒေါ်စနေမအား အရင်ဆုံး ဗေဒင်တွက်ကြည့်ပေး၏။ ထို့နောက် ယခုနှစ်ပိုင်းအရရော ဘ၀တစ်သက်စာ အတွက်ပါ ဆောင်ရန် ရှောင်ရန်များကိုပါ တွက်၍ ဟောပေးပြီးနောက် ကဲ... ဒေါ်စနေမရေ ကျွန်တော် ဘာကူညီပေးရမလဲ။ ကျွန်တော်ကို ပွင့်ပွင့်လင်းလင်း ပြောပါဟု ပြောလိုက်၏။

အဓိကကတော့ ကျွန်မရဲ့ ယောင်္ကျားနဲ့ သားသမီးတွေ အခုတလော အိမ်ကို ကပ်တယ်ကို မရှိဘူးဆရာလေး။ အိမ်မကပ်တော့ ကျွန်မက စိတ်တိုင်းမကျဖြစ်။ စိတ်တိုင်းမကျတော့ ကျွန်မက အော်တော့တာပေါ့။ ကျွန်မက အော်တော့ ဒင်းတို့က နားပူတယ်ဆိုပြီး အိမ်မှာ မနေချင်ကြပြန်ဘူး။ အဲဒီတော့ ဆရာရယ် ကျွန်မဖြစ်ချင်တာက ကျွန်မ ယောက်ျားနဲ့ ကလေးတွေ အိမ်ကပ်စေချင်တယ်။ အိမ်မြဲစေချင်တယ်။ ခြေမများ စေချင်ဘူး။ အဲဒါကို ကူညီပေးပါဟု ပြောလေ၏။

အင်း... အဲဒီအတွက်တော့ စိတ်မပူပါနဲ့အဒေါ်ရေ။ ကျွန်တော် အခုပြောလိုက်တဲ့ ယတြာကိုသာ ဆောင်ရွက်လိုက်ပါ။ လင်ရော သားသမီးတွေရော တစ်ယောက်မကျန် အဒေါ်စကားတွေကိုလည်း နားထောင်သွားမယ်။ နောက်ပြီး အိမ်မှာလဲ ကပ်နေစေတယ်။ ခြေလည်း ငြိမ်သွားမယ် အဒေါ်ရေဟု ဆိုကာ အောက်ပါ (၇)ရက်သားသမီး ခြေငြိမ်စေသော အိမ်မြဲစေသော ယတြာများကို ပြောပြလိုက်ရလေတော့ သတည်း။

တနင်္ဂနွေသားသမီးများခြေငြိမ်စေရန်...

တနင်္ဂနွေနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အနောက်အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ သပြေရွက်ကိုနင်းထားပြီး ၊ ထန်းရွက်ပေါ်မှာ (န) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (န)အက္ခရာ ရေးထားတဲ့ ထန်းရွက်ကို တနင်္ဂနွေသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

တနင်္လာသားသမီးများခြေငြိမ်စေရန်...

တနင်္လာနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ မြောက်အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ နှင်းဆီပန်းကိုနင်းထားပြီး ၊ အုန်းရွက်ပေါ်မှာ (အ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (အ)အက္ခရာ ရေးထားတဲ့ အုန်းရွက်ကို တနင်္လာသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

အင်္ဂါသားသမီးများခြေငြိမ်စေရန်...

အင်္ဂါနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အနောက်တောင် အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ အုန်းရွက်ကိုနင်းထားပြီး ၊ ကွမ်းရွက်ပေါ်မှာ (က) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (က)အက္ခရာ ရေးထားတဲ့ ကွမ်းးရွက်ကို အင်္ဂွါသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

ဗုဒ္ဓဟူးသားသမီးများခြေငြိမ်စေရန်...

ဗုဒ္ဓဟူးနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အရှေ့မြောက် အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ ကံ့ကော်ရွက်ကို နင်းထားပြီး ၊ ဇီးရွက်ပေါ်မှာ (ဆ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (ဆ)အက္ခရာ ရေးထားတဲ့ ဇီးရွက်ကို ဗုဒ္ဓဟူးသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

ကြာသပတေးသားသမီးများခြေငြိမ်စေရန်...

ကြာသပတေးနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ အရှေ့အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ ဇီးရွက်ကိုနင်းထားပြီး ၊ ၀ါးရွက်ပေါ်မှာ (လ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (လ)အက္ခရာ ရေးထားတဲ့ ၀ါးရွက်ကို ကြာသပတေးသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

စနေသားသမီးများခြေငြိမ်စေရန်...

စနေနေ့ နံနက်(၇)နာရီခွဲကနေ (၉)နာရီအတွင်းမှာ တောင်အရပ်တည့်တည့်ကို မျက်နှာမူရမယ်။ ပြီးတော့ မေမြို့ ပန်းကို နင်းထားပြီး ၊ သီဟိုဠ်ရွက်ပေါ်မှာ (သ) အက္ခရာကို ရေးရမယ်။ ပြီးရင် အဲဒီ (သ)အက္ခရာ ရေးထားတဲ့ သီဟိုဠ်ရွက်ကို စနေသားသမီးရဲ့ အိပ်ယာအောက်မှာ ထားရမယ်။ ထားတဲ့အချိန်မှာ ကိုယ်ဖြစ် ချင်တာကို ဆုတောင်းပေးရမယ်။

လင်မယားချစ်ခြင်း အပြစ်ကင်းကြပါစေ....

ဒီတစ်ခါကြတော့ ဇနီးမောင်နှံ များအတွက် သီးသန့်ပါ။ လင်မယားနှစ်ယောက် မတည့်ဘူး။ တစ်ယောက်ကို တစ်ယောက် ကြည့်မရဘူး။ အမြင်တွေ စောင်းနေတယ်။ တစ်ယောက် ဘာပြောပြော နောက်တစ်ယောက်က နားမ၀င်ဘူးဗျာ။ နောက် တိုင်ပင်လို့လည်း မရဘူး။ ကိစ္စတစ်ခုကို တိုင်ပင်လိုက်ပြီဆိုရင် နောက်တစ်ယောက်က ကန့်လန့် ပြန်ပြောတယ်။ ဒါဟာ အက်ကြောင်းပဲ။ အက်ကြောင်းသေးသေသေးလေးကနေ အက်ကြောင်းကြီးကြီး ဖြစ်လာဖို့ ပထမအဆင့်ပဲ။

လာကြပါတယ်။ အိမ်ထောင်သည်တွေ။ သူတို့ ပြောတာက အိမ်ထောင်ရေး စိတ်ကုန်တယ်ဆိုတာပဲ။ အဝေးဆုံးကို ထွက်သွားချင်တယ်တဲ့။ ဘာကြောင့် စိတ်ကုန်တာလဲဆိုတော့ မသိပါဘူး ဆရာရယ်တဲ့။ ကြည့်လို့ကို မရဘူးတဲ့။ အဲဒီတော့ ကျွန်တော်က ဒီလောက် စိတ်ကုန်နေရင်လဲ မပေါင်းနဲ့တော့ဗျာ။ ကွဲလိုက်လို့ သွေးတိုးစမ်းပြီး ပြောလိုက်တော့ “ ဒီလိုလဲ မဖြစ်သေးပါဘူး ဆရာရယ်တဲ့ ” တစ်အိမ်ထောင်ကနေ တစ်အိမ်ထောင် ပြောင်းတယ် ဆိုတာ ကောင်းတာ မဟုတ်ဘူးတဲ့” ဖြစ်ပြန်ရော။ အဲဒီတော့ ကျွန်တော်က “ ဒါဆို ကျွန်တော်က ဘာ ကူညီပေးရမလဲလို့ ” မေးလိုက်တော့ “ အဆင်ပြေချင်တယ် ဆရာရယ်တဲ့ ”

သူတို့က လတ်တလောလဲ အိမ်ထောင်ရေး အဆင်မပြေဘူး။ ဒါပေမယ့် အိမ်ထောင်လဲ မကွဲချင်ဘူး။ ရှေ့ဆက်ရမယ့် နေ့ရက်တွေမှာ လင်မယားနှစ်ယောက် အဆင်ပြေပြေနဲ့ ခရီးဆက်ချင်တယ်။ အဲဒါ အဆောင်လေး ယတြာလေး ပေးပါတဲ့။ သူတို့တွေက အကူအညီတောင်းတော့ ကွှန်တော် ဗေဒင်ဟောခန်းမှာ တော့ ကျွန်တော်ကိုယ်တိုင် လုပ်ပေးလိုက်တာ။ ကိုယ့်ဘာသာလဲ လုပ်လို့ ရပါတယ်။ လွယ်ကူတယ် ။ ထိရောက်တယ်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေသော ကျွန်တော်၏ မိတ်ဆွေများ ဆောင်ရွက်လို့ ရအောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ နောက်ဆုံးအနေနှင့် လင်မယားချစ်ခြင်း အပြစ်ကင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

လင်မယားချစ်ခြင်း အပြစ်ကင်းစေယတြာ

အင်္ဂါနေ့မှာ ဇီးပင်က အခေါက်ကို တစ်လက်မပတ်လည်လောက် ခွါယူပါ။ သောကြာနေ့မှာတော့ သပြေပင်က အခေါက်ကို တစ်လက်မပတ်လည်လောက် ခွါယူပါ။ ဇီးခေါက်မှာတော့ လင်ယောက်ျား၏ အမည်နဲ့ နေ့နံ ဂဏန်း ကိုရေးပါ။ သပြေခေါက်မှာတော့ မယားဖြစ်သူရဲ့ အမည်နဲ့ နေ့နံဂဏန်းကို ရေးပါ။ အဲဒီနှစ်ခုကို မျက်နှာချင်းဆိုင် ပူးပြီး လင်မယားနှစ်ယောက်ရဲ့ အင်္ကျီနှစ်ထည်ကရတဲ့ ချည်စများနှင့် (၉) ပါတ်ပတ်ပါ။ ယောက်ျားက ချစ်စေချင်ရင် ယောက်ျား ခေါင်းအုန်းအောက်မှာ ထား။ မိန်းမက ချစ်စေချင်ရင် မိန်းမ ခေါင်းအုန်းအောက်မှာ ထား။ လင်နှင့်မယား လျှာနှင့်သွားဆိုသော စကားမှ လင်မယား အချစ် အနှစ်ဖြစ်နိုင်ကြပါစေ။။။။

သားသမီးရင်သွေးရတနာရစေသောအစီအရင်

အမှန်တော့ ဒီကိစ္စက ကျွန်တော်အနေနှင့် မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဗေဒင်ဆရာတွေ အမြဲတမ်း ကြုံတွေ့နေရတဲ့ ကိစ္စဖြစ်နေလေတော့ ဒီနေရာမှာ ဒီပို့လေးကို တင်ပေးလိုက်တာပါ။ တစ်ချို့ကတော့ ပြောမှာပဲ။ ကလေးရအောင် လုပ်တဲ့ ကိစ္စက ဗေဒင်ဆရာနဲ့ ဘာဆိုင်လဲလို့။ ဟုတ်တော့လဲ ဟုတ်သား။

ဒါပေမယ့်ဗျာ။ တစ်ခါတစ်လေ။ ပြောမယုံ ကြုံဘူးမှသိ ဆိုသလို ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရတတ်တယ်။ တစ်ခါတုန်းက ကျွန်တော်ဆီကို အသက်လေးဆယ်လောက် အမျိုးသမီးတစ်ဦး ရောက်လာတယ်။ သူက ကျွန်တော့်ဆီမှာ အကူအညီတောင်းတယ်။ ဆရာရယ်တဲ့ ကလေးတောင်းပေးပါတဲ့။ အဲဒီတော့ ကျွန်တော်က လည်း ဘယ်သူ့ဆီ တောင်းပေးရမှာလဲ ဆိုတော့ သူက မသိဘူးလေ ဆရာရယ်။ ဆရာတို့လို ဗေဒင်ဆရာတွေ ဘုန်းကြီးတွေက ကလေးတောင်းပေးရင် ရတယ်ဆိုလို့တဲ့။

အဲဒီတော့ ကျွန်တော်က ခင်ဗျားမှာ ကလေး မရှိဘူးလား ဆိုတော့ ဟုတ်တယ် ဆရာရယ်။ အိမ်ထောင်သက် တွေသာ ကြာလာတာ ကလေးမရဘူးလို့ပြန်ပြောတယ်။ အဲဒီတော့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ ကျွန်တော်တို့ ကလေးရစေတဲ့အဆောင်တွေ ယတြာတွေ အစီအရင်တွေ လုပ်ပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အရင်ဆုံးတော့ ဆရာဝန်ဆီ သွားပြရမယ်။ ပြီးတော့ ခင်ဗျားတို့ လင်မယား နှစ်ယောက်စလုံးက ကလေးရစေနိုင်လာက်တဲ့ ကျန်းမာရေး ကောင်းမကောင်း အရင် သွားစစ်ရမယ်။ ဆရာဝန် ဆရာမတွေက ဒီတစ်သက် လုံးဝ ကလေးမရနိုင်တော့ဘူးလို့ အဖြေထွက်လာရင်တော့ ကျွန်တော်တို့ ဗေဒင်ဆရာတွေ မပြော နဲ့။ သိကြားမင်းကြီး ဆင်းလာပြီး ယတြာလုပ်ပေးရင်တောင် မရဘူးလို့ ပြန်ပြောလိုက်တယ်။

အဲဒီတော့ အမျိုးသမီက.. ဆရာရယ် ဆရာပြောတာတောင် နောက်ကျနေပါသေးတယ်။ ကျွန်မ ဆေးရုံတွေ ရော ဆေးခန်းတွေရော စုံနေပါပြီ။ ဒီဆေးကောင်းတယ်ဆို သောက်လိုက်၊ ဟိုဆေးခန်း ကောင်းတယ်ဆို ပြေးလိုက် ၊ ဒီဆရာဝန် စွမ်းတယ်ဆို သွားတွေ့လိုက်။ စုံနေပါပြီ။ တစ်ခါတလေ ဉာဏ်နဲတယ်လို့ပဲ ပြောပြောဆရာရယ် အနှိပ်သည်တွေနဲ့တောင် ဗိုက်သွားပြင်ပါသေးတယ်လို့ ပြန်ပြောတယ်။

အဲဒီတော့ ကျွန်တော်က ဆရာဝန်က ရနိုင်တယ်လို့ကော ပြောရဲ့လားဆိုတော့ သူက ဟုတ်တယ်ဆရာ ဆရာဝန် ဆရာမတိုင်းကတော့ကျွန်မတို့ လင်မယားနှစ်ယောက်လုံး ကလေးရနိုင်တယ်လို့ အဖြေထွက် တယ်လို့ ပြောပါတယ်ဟု ပြန်ပြောလေ၏ ထို့ကြောင့် ကျွန်ုပ်သည် ထိုအမျိုးသမီးအား သားသမီး ရင်သွေးရတ နာ အမြန်ရစေနိုင်သော ယတြာကို ဆောင်ရွက်ပေးရန် ဆုံးဖြတ်ချက် ချလိုက်၏။ ထို့နောက် ၎င်းအမျိုသမီး အား လိုအပ်တာများ ယူဆောင်လာ၍ မနက်ဖြန်တွင် ပြန်လာရန် အောက်ပါအတိုင်း မှာလိုက်လေ၏။

ကဲ ... မနက်ဖြန်ပြန်လာခဲ့ဗျာ။ ကျွန်တော်ယတြာ ဆောင်ရွက်ပေးပါ့မယ်။ ယတြာ ချေဖို့အတွက် လိုအပ်တာ တွေကိုတော့ ကျွန်တော်ဆီ ယူလာခဲ့ပေးရမယ်။ ဘာတွေ လိုအပ်လဲဆိုတော့ နံပါတ်(၁) ကျောက်ဖရုံသီးတစ် လုံး လိုတယ်။ အဲဒီ ကျောက်ဖရုံသီးကလည်း အပြစအနာအဆာ ကင်းတဲ့ ကျောက်ဖရုံသီ ဆိုရင် ပိုကောင်း တယ်။ လာတဲ့ အခါမှာ အဲဒီ ကျောက်ဖရုံသီးကို ပိတ်အနီစနှင့် လုံနေအောင်ပတ်ပြီး ယူလာခဲ့ရမယ်ဟု ပြောလိုက်လေ၏။

နောက်တစ်နေ့တွင် ကလေးလိုချင်သော ထိုအမျိုးသမီးသည် ကျွန်ုပ်ထံသို့ ရောက်ရှိလာလေ၏။ သူနှင့်အတူ ကျွန်ုပ်မှာလိုက်သော ကျောက်ဖရုံသီးကို ပိတ်နီစနှင့်ပတ်၍ ယူဆောင်လာ၏။ ကျွန်ုပ်လည်း ကျောက်ဖရုံသီး တွင် ကလေးရစေသော အင်းကို ရေဆွဲ၍ ထိုကျောက်ဖရုံသီးကို ပတ်နီစနှင့် လုံနေအောင်ပတ်၍ ပြန်မပြေ အောင် တွယ်ချိပ်များနျင့် ချိပ်ကာ ထိုအမျိုးသမီးအား ပြန်ပေးလိုက်လေ၏။ ထိုအခါ ထိုအမျိုးသမီးက... ဒါကို ကျွန်မက ဘယ်လို လုပ်ရမလဲဆရာဟု ပြန်မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က ....

ဒီကျောက်ဖရုံသီးကို ပြန်ယူသွားပြီးတော့ ညကြရင် ခင်ဗျားတို့ လင်မယားနှစ်ယောက်ကြားမှာ တညထားပြီး အိပ်ရမယ်။ မနက်မိုလင်းရင် မြစ်သို့မဟုတ်ျောင်းထဲ ရေသန့်သန့်မှာကလေးရစေကြောင်း ဆုတောင်းပြီး သွာမျှောရမယ်။ ဒီယတြာက တစ်ခါလုပ်ရင် အောင်မြင်ပါတယ်ဟု ပြန်ပြောလိုက်လေ၏။

ကျွန်ုပ၏ ချစ်လှစွာသော မိတ်ဆွေများခင်ဗျား။ ဆရာဝန် ဆရာမနှင့် ပြသကြည့်ပါလျှက် အကြောင်းအမျိုးမျိုး ကြောင့် သားသမီးရတနာ မထွန်းကားပါက အထက်ပါ ယတြာကို ဆောင်ရွက်ကြည့်လိုက်ပါ။ သေချာပေါက် အောင်မြင်မည် ဖြစ်ပါကြောင်း လေးနက်စွာဖြင့် တိုက်တွန်းလိုက်ရပါသတည်း။ အောက်တွင် ကျောက်ဖရုံသီးတွင် ချရမည့်အင်းများကို နေ့သားအလိုက် ရေးဆွဲ ဖော်ပြပေးလိုက်ပါတယ်။ ထိုအင်းက ချထားသည်မှာ မိမိမွေးနံမှ စချရပါတယ်။ ဆပွတ်လင်္ကာ (၆-ခုမြောက်နှင့်) ချ၍ သွားတာဖြစ်ပါတယ်။ အစဉ်အတိုင်း အပေါ်မှ အောက်သို့ ချသွားချင်ဖြစ်ပါတယ်။ အင်းချတာကတော့ အဆင်ပြေရာ မာကင်မှင် (သို့) တစ်ခုခုနှင့် ချ၍ ရပါကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ရပါသည်။ အင်းစွဲတဲ့အခါမှာတော့ ၁တွေ၂-တွေကို ဆွဲတဲ့အခါ ပီပီသသ မရေးပဲ အင်းဂဏန်းလို့ ခေါ်တဲ့ ကြောက်ကန်ပြီး ရေးတဲ့နည်းလေးနဲ့ ရေးပါလေ။

အထက်ပါအစီအရင်ကို သေချာစွာ လုပ်ဆောင်တတ်ခြင်းမရှိပါက (+6687 415 0022)သို့ ဆက်သွယ်မေး မြန်းနိုင်ပါကြောင်း...

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

အပြည့်အစုံဆက်လက်ဖတ်ရန်...