အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး တန်ခိုးဓာတ်ကို စတင်ဖွင်လှစ်ခြင်း

အရေးကြီးဆုံးက ကျန်းမာရေးကောင်းဖို့ လိုတယ်။ ရောဂါမဖြစ်ဖို့လိုတယ်။ အဲဒီတော့ ရောဂါတွေက ဘယ်ကလာလည်းဆိုတော့ အစာအိမ်က အများဆုံးလာတာ။ ဒါကြောင့် ကျန်းမာရေး ကောင်းချင်တယ်၊ ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင် ကိုယ့်ရဲ့ အစာအိမ်ကို ဂရုစိုက်ရမယ်။ အရင်ဆုံးလိုက်နာရမည့် အချက်က ဘယ်အခါပဲ ဖြစ်ဖြစ် အစာကို ၀အောင်မစားရဘူး။ အစာစားပြီး နာရီဝက်အတွင်း လဲလှောင်းခြင်း မပြုရဘူး။ တစ်ပါတ်မှာ တစ်ခါလောက်တော့ အဖတ်မစားပဲ အရေကြီး သောက်တဲ့အကျင့်ကို လုပ်သင့်တယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ နေရာ (၆)နေရာရှိတယ်။အဲဒီနေရာ (၆)နေရာကို ကြာပွင့် (၆)ပွင့်လို့ အလွယ်ခေါ်ကြရအောင်။ အဲဒီ ကြာပွင့် ခြောက်ပွင့်ကို ချက္ကရာလိုပ ခေတယ်။ ပါဠိလိုတော့ စက်လို့ အဓိပ္ပါယ်ရ ပြီးမြန်မာလိုတော့ စက်လို့ ခေါ်လို့ရမယ် ထင်တယ်။ တစ်ချို့ဆရာတွေကတော့ ချက္ကရာ(၇)ခုရှိတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် (၆)ခုလို့ လွယ်လွယ်ကူကျူမှတ်ထားလို့ ရတယ်။

ကျွန်တော်တို့ စအိုနဲ့ဆီးစပ်ကြားမှာ ချက္ကရာ တစ်ခုရှိတယ်။ ၀မ်းဗိုက်က ချက်နဲ့တည့်တည့်မှာ ချက္ကရာတစ်ခု ရှိတယ်။ ဒီနေရာမှာ ကုလားစကားတွေ၊ သက္ကတစကားတွေ၊ ပါဠိစကားတွေ ၊ မှတ်ရတာ မှတ်ရခက်တယ်။ အဲဒီတော့ လွယ်လွယ်ကူကူပဲ မှတ်ရအောင်။ ပထမချက္ကရာကို မူလချက္ကရာလို့ မှတ်ထားပေါ့။ ချက်တည့်တည်ြ ချာကရာကို ချက်က္ကရာလို့ မှတ်ထားပေါ့။ ရင်ညွန့်တည့်တည့် ချာကရာကို ရင်ညွန့်ချာကရာလို့ မှတ်လိုက်ပေါ။ လည်ပင်းမှာရှိတဲ့ ချာကရာကိုကြတော့ လည်ပင်းချာကရာလို့ မှတ်ထားလိုက်ပေါ့။ ပြီးတော့ မျက်ခုံးမွေးနှစ်ခုရဲ့ကြား နဖူးအောက်တည့်တည့်မှာ ရှိတဲ့ ချာကရာကို တတိယမျက်လုံး ချာကရာပေါ့။ ငယ်ထိပ်မှာ ရှိတဲ့ ချာကရာကိုကြတော့ ပြီးမြောက်မှု့ ချာကရာလို့သာ မှတ်ထားလိုက်ပေါ့။ မှတ်တာကတော့ ဘယ်လိုပဲ မှတ်မှတ်ပေါ့ဗျာ။ အရေးမကြီးပါဘူး။ အရေးကြီးတာက ချက္ကရာ(၆)ပါးရှိတယ်ဆိုတာကို သိဖိုပပါပဲ။

အဲဒီချာကရာတွေကို ဘယ်လို နှိုးမလဲ...

အဲဒီချာကရာတွေကို တစ်ခုဆီ နှိုးရမယ်။ ဘယ်လို နှိုးရမလဲဆိုတော့ ချာကရာတစ်ခုဆီ တစ်ခုဆီကို ဖယောင်းတိုင် မီးကလေး လင်းနေတယ်လို့ အာရုံပြုပြီး စိတ်နဲ့ မြင်အောင်ကြည့်ရမယ်။ ကြည့်နေတဲ့အတောအတွင်း မှာလည်း ၀င်သက်ထွက်သက်ကို သတိနဲ့ စောင့်ကြည့်ရမယ်။ ကိုယ်ကိုတိုင်ကတော့ ကိုယ့်စိတ်နဲ့ ထွန်းညှိထာတဲ့ မီးတောက်ကလေးကို အာရုံစိုက်ထားရမယ်။ အဲဒီတော့ တပြိုင်နက်တည်းမှာပဲ အသက်ရှူတာကိုလည်း မှတ်ထားရမယ်။ ချာကရာမှာ စိတ်နဲ့ ထွန်းညှိထားတဲ့ မီးတောက်ကလေးကိုလည်း အာရုံက မြဲနေရမယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ နှခေါင်းကို လေ၀င်သွားတဲ့အခါ ၀င်တယ်လို့ မှတ်ရမယ်။ ထွက်သွားတဲ့အခါမှာလည်း ထွက်တယ်လို့ မှတ်ရမယ်။ မီးတောက်ကလေး လင်းနေတာကိုလည်း လင်းတယ်လို့ မှတ်ရမယ်။ ကိုယ့်စိတ်က ဘယ်လို ဖြစ်နေမလဲဆိုတော့ ၀င်တယ်၊ ထွက်တယ်၊ လင်းတယ်လို့ တရစပ်မှတ်နေရမယ်။ မခက်ပါဘူး။

အဲဒီလို လုပ်နေရင် ဘာတွေ ဖြစ်လာမှာလဲ...။ ချာကရာတွေ နိုးကုန်မှာပေါ့။ ဘာတွေဖြစ်လာမှာလဲဆိုတော့ ချာကရာတွေ ပွင့်ကုန်မှာပေါ့၊ ချာကရာတွေ ပွင့်ကုန် နိုးကုန်ရင် ကိုယ်လိုချင်နေတဲ့ သိဒ္ဓိတွေ တန်ခိုးတွေ ရလာမှာပဲပေါ့။ အဲဒီလို ကျင့်နေတဲ့အချိန်မှာ အရေးကြီးဆုံးက ထိန ၊ မိဒ္ဓလို့ ခေါ်တဲ့ ပျင်းရိခြင်းရယ် ငိုက်မျဥးခြင်းရယ်ဆိုတာ ကိုယ့်ဆီ ၀င်မလောအောင် ကြိုးစာပေတော့။

တန်ခိုးတွေရတာ မရတာကို နောက်ထားဦး။ လောလောဆယ် ကိုယ်ရှင်သန် ကြီးပြင်းနေတဲ့ ပတ်ဝန်းကျင်မှာတော့ ကိုယ်ဟာ တန်ခိုးသြဇာအာဏာတွေ မြင်မားလာမယ်။ အောင်မြင်လာမယ်။ လူတကာကိုလွှမ်ဒမိုးထားနိုင်မယ်။ ပူပန်သောကတွေ အေးလာမယ်။ ခေါင်းအေးအေးနဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတာကိုတော့ လက်တွေ့ ကြုံလာမှ ယုံကြည်ကြပါကုန်.... ပုံလေးတွေကတော့ google က ရှာပြီး တင်ပေးလိုက်တာပါ။










အပြည့်အစုံဆက်လက်ဖတ်ရန်...

ထွက်ရပ်ပေါက်-၀ိဇ္ဇာလမ်းနှင့်ပါတ်သက်၍

ဝိဇ္ဇာဆိုတာ...

ဝိဇ္ဇာဆိုတာက လူစင်စစ်ကနေပြီးတော့ နတ်သိကြားတွေရဲ့ တန်ခိုးမျိုကို ရနေတဲ့လူဟာ ၀ိဇ္ဇာပေါ့။ အဲဒီတော့ အဲဒီကိစ္စဟာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာကို ပထမ စဉ်းစားရမယ်။ လူဟာ လူလောက်ပဲ စွမ်းရည်ရှိရမယ့် နေရာမှာ နတ်လောက်စွမ်းရည် ရှိရမယ်ဆိုပြီး လုပ်တဲ့ အလုပ်တစ်ခုပဲ။ အရမ်းလိုက်လုပ်လို့တော့ မဖြစ်ဘူး။ ကိုယ့်ရှေ့မှာ အဲဒီလိုလုပ်လို့ ဖြစ်သွားကြရဲ့လားဆိုတဲ့ သာဓကတွေ ကြည့်ရဦးမယ်။

အဲဒီလို ကြည့်လိုက်တော့ ကျွန်တော်တို့တတွေဟာ ၀ိဇ္ဇာရှိတယ်လို့တော့ ကြားဖူးကြတယ်။ ဒါပေမယ့် အထောက်အထားနဲ့ သိတာမျိုးတော့ မဟုတ်ကြပါဘူး။ အဲဒီတော့ အတိတ်က အကြောင်းအရာလေးတွေကို နည်းနည်းလောက် ပြန်ရှာဖွေ ကြည့်ကြရအောင်...

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျခေတ်မှာ အဲဒီဘက်ကို လိုက်စားတဲ့လူ တော်တော်များတယ်။ မနောမယသိဒ္ဓိ ၀ိဇ္ဇာဓိုရ်လမ်း လို့ ခေါ်တယ်။ နောက်ပြီး ဘုရားဟော သုတ်သီလအဋ္ဌကထာ ကေ၀ဋသုတ်မှာ ၀ိဇ္ဇာအကြောင်း ပါတယ်။ စိတ်ဆန္ဒ လုံး၀၀ိရိယ ရှေ့ထားပြီးလုပ်ရင် ဖြစ်နိုင်တယ်။ နောက် ပေါက္ကံပြည်မှာ နန်စံတဲ့ အနော်ရထာတို့ ၊ နရပတိစည်သူတို့ကို ၀ိဇ္ဇာက ဂါထာလာဆက်တယ်လို့ မဏိသာရကျမ်းမှာ ဆိုတယ်။ ပြိးတော့ ကဋိလ၀တ္ထုမှာ ကောင်းကင်ပျံ ၀ိဇ္ဇဓိုရ်အကြောင်းကို ဖော်ပြထားတယ်။ အဲဒီ ၀ိဇ္ဇဓိုရ်ဟာ ဘုံပြဿာဒ်(၇)ဆင့်မှာနေတဲ့ သူဋ္ဌေးသမီးနဲ့တောင် တိတ်တိတ် ညားသွားသေးတယ်လို့ သိရတယ်။

အပါဒါန်ပါဠိတော်မှာ သူမေဓာမြတ်စွာဘုရားကို ၀ိဇ္ဇာကလာဖူးပြီး မဟာလှေကားပန်းပွင့် လှူတယ်ဆိုတဲ့ အကြောင်းပါတယ်။ ပြီးတော့ ရာဇြ၈ိုဟ်မှာ ဥတ္တရသာမဏေကျော် အလောင်းတော်က ၀ိဇ္ဇဓိုရ်ဘ၀မှာ သူမေဓာ ဘုရားရှင်ကို စိတ်ပုတီးလှူခဲ့တယ်လို့လည်း ဆိုထားတယ်။ ပြီးတော့ သတ္တနိပတ် ၀ိဒေဟဇာတ်ထဲမှာ ဗြဟ္မဒတ်မင်းကြီးရဲ့ နန်းတော်ထဲကို ၀ိဇ္ဇဓိုရ်ဝင်လာတယ်လို့ ဆိုထားတယ်။ န၀နိပတ် သမုဂ္ဂဇာတ်တော်ထဲမှာ ယသုဒ္ဓဓမ္မ ၀ိဇ္ဇဓိုရ်ဟာ ဒါန၀တီဆိုတဲ့ ကြုတ်ထဲထည့်ပြီး ငုံထားတဲ့ မိန်းကလေးကို ၀င်ပြီးပေါင်းသင်းတယ်လို့ ဆိုထားတယ်။

သ၀ဏ္ဏဘုမ္မိမှာ နဂါးမနဲ့ ၀ိဇ္ဇာနဲ့ပေါင်းတယ်။ နဂါးမှန်းသိလို့ ၀ိဇ္ဇာကပြန်သွားတယ်လို့ ဆိုထားတယ်။ တောင်ထိပ်မှာနေတဲ့ ၀ိဇ္ဇာက တောင်အောက်ကို ရေဆင်းမခတ်ပဲ ရေဘူးကို တန်ခိုးနဲ့ ရေဆင်းခတ်ခိုင်းတာကို နရဓ ညီနောင်က မြင်လို့ ရေဘူးနောက်လိုက်သွားပြီး ၀ိဇ္ဇာနဲ့တွေ့တယ်။ အဲဒီမှာ ၀ိဇ္ဇာက အဲဒီညီနောင်ကို ပညာသင်ပေးတယ်လို့ ဆိုတယ်။ ပြီးတော့ သထုံပြည်မှာ မဟာဇမ္ဗု သပြေသီးကိုစားပြီး မပုတ်မသိုးသေနေတဲ့ ၀ိဇ္ဇာအသေကို ဘုန်းကြီးကရခဲ့ပြီး ကျောင်းဝမှာ ထားထားတာကို ကုလားညီနောင်က ခိုစားလို့ ပေါ့ပါးတယ်လို့ ဆိုထားတယ်။

နောက်တစ်ခုက ရတနာပူရမြို့မှာ ဆင်ဖြူရှင် တရဖျားဟာ ၀ိဇ္ဇာနဲ့ တွေ့ရတယ်လို့ ပြောတယ်။ ပြီးတော့ ဟံသာဝတီမှာ ဆင်ဖြူရှင်မင်းဟာ ကျုံးကြီးတူးတဲ့အခါ မြေအောက်မှာ မြေအောင်းဝိဇ္ဖာတစ်ယောက်နဲ့ တွေ့တယ်ဆိုပဲ။ ဒါတွေကတော့ ဖတ်ဘူးမှတ်ဘူးတဲ့ အကြောင်းအရာတွေပါပဲ။ ဒါဆိုရင် ရှေ့တုန်းက အရင်တုန်းက ၀ိဇ္ဇာဆိုတာ အမှန်တကယ် ရှိခဲ့တယ်ဆိုတာကို ကောက်ချက်ချလို့ ရသွားပြီပေါ့။ သင်တို့တတွေလည်း အဲဒီ ၀ိဇ္ဇာလမ်းဆိုတာကို ၀ါသနာပါတယ်ဆိုရင် ယုံကြည်စွာ လမ်းဆက်လျှောက်လို့ ရလောက်ပါပြီ......

ခင်မင်စွာဖြင့်
ဟိန်းတင့်ဇော်-ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...