ကျွန်တော်ကိုယ်တိုင်ရေးသားဖြန့်ဝေတော့မယ့် စာအုပ်ပါ။
ထို့ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်ကာ မိမိနေအိမ်၌ပင် အလွယ်တကူ ဆောင်ရွက်လို့ရသော ယတြာစာအုပ်တစ်အုပ် ရေးသားရလျှင် ကောင်းမည်ဟု စိတ်ကူးမိ၍ ယခု အောင်နိုင်သူတို့၏ယတြာများဟု အမည်ရသော စာအုပ်ကို ကြိုးစားရေးသားလိုက်ခြင်းဖြစ်ပါသည်။ ထိုစာအုပ်ကို ရေးသားရာတွင်လဲ များစွာသော အခက်အခဲများကို ရင်ဆိုင်ခဲ့ရ၏။ အများဆုံး အခက်အခဲမှာ ကွန်ပြူတာကို ကျွမ်းကျွမ်းကျင်ကျင် မကိုင်တွယ်တတ်ခြင်းပင် ဖြစ်၏။
တစ်ခါတစ်ရံ မိမိကြိုးစားရေး သားထားသော စာမူများအားလုံးကို မှားယွင်း၍ ဖျက်မိသွားသော ကြောင့် အသစ်ကပြန်၍ ရိုက်ယူရပြန်လေ၏။ မည်မျှပင် အခက်အခဲများ ရှိနေသည့်ကြားမှပင် မအိပ်မနေ ကြိုးစားအားထုပ်၍ ရေးသားခဲ့ရပါသည်။ယခုစာအုပ်ကို ကျွန်ုပ်သည် စီးပွားဖြစ် ရောင်းချသွားမည် မဟုတ်ပဲ ကုန်ကျသလောက်မျှဖြင့် ဖြန့်ဝေသွားမည်ဖြစ်ပါတယ်။အားလုံးသော ရွေ့ပြောင်း အလုပ်သမားများအားလုံး ကြုံတွေ့နေရသော ဒုက္ခအခက်အခဲများမှ လွတ်မြောက်ကြ၍ အောင်မြင်သော ဘ၀များကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ရပါသတည်း။
အခုတော့ စာအုပ်လေးကို အားလုံးအချောသတ်ရေးသားပြီးပါပြီ။ ထုပ်ဝေဖို့ပဲ ကျန်တော့တယ်။ အဲဒီတော့ စာအုပ်ကို ထုပ်ဝေဖို့အတွက် ပုံနှိပ်တိုက်တွေကို စုံစမ်းကြည့်တော့ အနည်းဆုံး အုပ်ရေ (၁၀၀၀) ထုပ်ဝေမှ ထုပ်ပေးမယ်တဲ့။ ကုန်ကျစရိပ် အနည်းဆုံး ဘတ်ငွေ (၅၀၀၀၀)လောက်တော့ ကုန်မယ်လို့ ပြောတယ်။ ဒါနဲ့ မထူးပါဘူးလေ ဆိုပြီး ကိုယ့်ဟာကို မိတ္တူကူးစက်တစ်လုံး ၀ယ်တယ်။ ကိုယ်ဘာသာစာရွက်တွေ ပရင့်ထုပ်တယ်။ နောက်ပြီး ကိုယ့်ဘာသာပဲ စာအုပ်ချုပ်တယ်။ နောက် ကျွန်တော့် ဗေဒင်ဟောခန်းကပဲ ဖြန့်မယ်။ အခုတော့ အွန်လိုင်းက ကျွန်တော် စာဖတ်ပုရိသတ်များအတွက် အရင်ဦးဦးဖျားဖျား လက်ဆောင်ပေးလိုက်ပါတယ်။ အကူအညီတောာင်းချင်တာက ဒီစာအုပ်လေးကို အချိန်ပေးပြီး ဖတ်ပေးပါ။ နောက်ပြီး လိုအပ်တာလေးတွေကို အကြံညာဏ်ပေးပေးကြပါဦး ၊ ဝေဖန်ပေးကြပါဦးလို့ အကူအညီတောင်းလိုက်ပါရစေ.........
ဒီမှာ-ဒေါင်းပါ။ ဒီမှာတော့ တိုက်ရိုက်ဖတ်ပါ။



























