တန်ခိုးသိဒ္ဓိကိုဖွင့်လှစ်နိုင်မည့်သော့ရှစ်ချောင်း

နံပါတ်(၁) တန်ခိုးသိဒ္ဓိအကြောင်း....

ပထမဦးဆုံး နားလည်ရမှာက ကျွန်တော်တို့ နေထိုင်နေတဲ့ စကြာဝဠာကြီးရဲ့အကြောင်းကို အရင်ဆုံး နားလည်ထားသင့် တယ်။ ဒါကြောင့် ဒီစကြာဝဠာရဲ့ အရှိန်အစော် စွမ်းရည်ဆိုတဲ့ ကိစ္စပဲ။ အဲဒါကို ဘယ်သူလုပ်တာလဲလို့ မမေးနဲ့။ ဒါကို သဘာဝတရားကြီးလို့ ခေါ်တယ်။ ဓာတ်တစ်ခုလို သဘောထားချင်လည်း ထားလို့ရတယ်။ အရာအားလုံးကို မူလလို့ ယူဆချင်လည်း ယူဆပေါ့ကွာ။ အဲဒီလို မယူဆချင်ရင်လည်း နက်ရှိုင်းမှု့ရဲ့ ဗဟိုလို့ ပြောချင်လည်း ပြော။ အာဠာယ၀ိညာဏ် ကြီးလို့ ပြောချင်လည်းပြော။ အာဒိ သိမှု့လို့ ခေါ်ချင်လည်း ခေါ်။ အာဒိ လှုပ်ရှားမှု့ အာဒိစွမ်းအင် ကြိုက်သလိုခေါ်နိုင်တယ်။ ကြိုက်သလို နာလည်နိုင်တယ်။

ဥပမာအားဖြင့် ပြောရရင် ရေကို ကုလားလူမျိုးတစ်မျိုးက ပါနီလို့ခေါ်တယ်။ အခြားကုလားလူမျိုးတစ်မျိုးက ဂျားလ်လို့ ခေါ်တယ်။ အင်္ဂလိပ်က ၀ါးတားလို့ခေါ်တယ်။ တရုပ်က စွေ့လို့ခေါ်တယ်။ ကိုယ်နည်းကိုယ့်ဟန်နဲ့ ခေါ်ချင်သ လို ခေါ်နေကြတာပဲ။ ဒါပေမယ့် ရေကတော့ရေပဲ။ တခြားဘာမှ မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ စကြာဝဠာရဲ့ အရှိန်အစောကြီး ဟာ တကယ်ရှိတယ်။ ကိုယ်ကြိုက်သလို ခေါ်နိုင်တယ်။ ပရာန လို့လည်း ခေါ်လို့ရတယ်။ အဲဒိပရာနဟာ နေရာင်ခြည်မှာလည်း ရှိတယ်။ လရဲ့ ရောင်ခြည်မှာလည်း ရှိတယ်။ ရေမှာလည်း ၇ှိတယ်။ တိရစ္ဆာန်မှာလည်း ရှိတယ်။ သစ်ပင်ကျောက်တုံး စတဲ့အရာတွေမှာလည်း ရှိတယ်။ ကိုယ့်ရဲ့ ကိုယ်ထဲမှာလည်း ရှိတယ်။ သူတစ်ပါးတွေရဲ့ ကိုယ်ထဲမှာလည်း ရှိတယ်။ အဲဒီ ပရာနဟာ တစ်နေ့မှာ စွမ်းအင်ဖြစ်လာမယ်။ အဲဒိအခါကျတော့ ပရာနလို့ မခေါ်တော့ဘူး။ နဂါးတကောင်နဲ့ တင်စားပြီး နာဂသတ္တိ (SERPANT POWER) ရယ်လို့ ဖြစ်သွားတာပဲ။

ဒါဆို အဲဒီပရာနဆိုတဲ့ အရာကို ဘယ်သူပိုငတာလဲ....

အရာအားလုံနဲ့ ပတ်သက်တယ်။ ဒါပေမယ့် ဘယ်သူမှ မပိုင်ဘူး။ ဥပမာ ကိုယ်တွေ အသက်ရှူနေတဲ့ လေဟာ လူတိုင်းနဲ့ တော့ ပတ်သက်တယ်။ ဒါပေမယ့် ဘယ်သူပိုင်လို့လဲ။ အဲဒီအတိုင်းပေါ့။

ဒါဆိုရင် အဲဒီပရာနကို ကိုယ်က ဘယ်လိုလုပ်ရမှာလဲ......?
အဲဒီ ပရာနဟာ ကိုယ့်ကိုထဲမှာ ရှိနေတယ်။ ဒါပေမယ့် သူဟာ နိုးကြားခြင်း မရှိဘူး။ အပျင်းကြိးပြီး အိပ်စက်နေတဲ့ မြွေတစ်ကောင်လိုပဲ။ နိုးကို မနိုးဘူး။ ငြိမ်ပြီး အိပ်နေတယ်။ သူ့ကို ကိုယ်က နှိုးရမှာ။ သူနိုးတာကို နာဂသတ္တိနိုးတယ်။ တန်ခိုးစွမ်းအင်နိုးတယ်လို့ ပြောတာပေါ့။ အဲဒီနာဂသတ္တိဆိုတဲ့ အရာဟာ တကယ်ရှိတယ်။ သူဟာ အလွန် အဖိုးတန်တယ်။ လူ့လောကကြီးမှာ သူ့ကို အသုံးချပြီး ဘယ်အရာမဆို ရအောင်ယူနိုင်တယ်။ ချမ်းသာခြင်း၊ သြဇာတိက္ကမကြီးခြင်း၊ နာမည်ဂုဏ်သတင်း ကျော်ကြားခြင်းကအစ ဘာမဆို လုပ်နိုင်တယ်။

သေသေချာချာလုပ်ကြည့်ရင် ရှစ်မျိုးသောသိဒ္ဓိကို ရနိုင်တယ်....
မိမိခန္ဓာကိုယ်ကို သေးသေးကလေးဖြစ်အောင် ချုံ့ပစ်နိုင်တဲ့ ... အဏိမာသိဒ္ဓိ။
မိမိခန္ဓာကိုယ်ကို အဆမတန်ကြီးအောင် လုပ်နိုင်တဲ့ .... မဟိမာသိဒ္ဓိ။
အာကာသထဲထိအောာင် ပျံဝဲအောင် လုပ်နိုင်တဲ့ လဃိမာသိဒ္ဓိ။
ကိုယ်ကိုကို တောင်ကြီးလို လေးနေအောင် လုပ်နိုင်တဲ့ ဂရိမာသိဒ္ဓိ။
အလိုရှိတိုင်း ကြားနိုင်သိနိုင်တဲ့ ပရပတိသိဒ္ဓိ။
ကိုယ်အလိုရှိတိုင်း ဖန်တီးနိုင်တဲ့ ... ပရာကာမယသိဒ္ဓိ။
ကိုယ်အလိုရှိသလို စွဲဆောင်နိုင်တဲ့ ... ၀သိတံသိဒ္ဓိ။
အလိုရှိသလို လွှမ်းမိုးနိုင်တဲ့ ... ဣသတံသိဒ္ဓိ အဲဒီလို သိဒ္ဓိ၇ှစ်မျိုး အထိ ရရှိစေနိုင်တယ်။

အဲဒီသိဒ္ဓိရှစ်မျိုးကို ရအောင်ဖွင့်လှစ်ဖို့ သော့တံရှစ်ချောင်းလိုတယ်။

ပထမသော့တစ်ချောင်းရဲ့နာမည်က “ ယမ ” လို့ခေါ်တယ်။
အဲဒါကတော့ ဘယ်လိုအကြောင်းနဲ့မှ မုသားမပြောဆိုခြင်းဆိုတဲ့ အချက်ရယ်၊ အလိုဆန္ဒကို ချုပ်တည်းမှု့ရယ်၊ ခိုးဝှက်ခြင်း မပြုမှု့ရယ်၊ လာဘ်မစားဖို့ရယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါပေမယ့် ဒါတွေဟာ အတိအကျ ပြောရမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ ယမဆိုတဲ့သော့ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ရမလဲဆိုရင် အပြောအဆိုနဲ့ ပါတ်သက်လို့ သူက မချုပ်ချယ်ပါဘူး။ အမှန်ကို ပြောဖို့ပဲ တိုက်တွန်းတာပါ။ နားထောင်တာနဲ့ ပတ်သက်လို့လည်း သီးခြား ဆုံမချက်မရှိပါဘူး။ အမှန်ကို နားထောင်ရမယ်။ သတ္တိနဲ့ ပတ်သက်လို့လည်း အခက်တွေ့တဲ့အခါမှသာ ထုပ်ရမယ်တဲ့။

ဒုတိယသော့တစ်ချောင်းရဲ့နာမည်က “နိယာမ” လို့ခေါ်တယ်။
နိယာမဟာ ခန္ဓာဒာကိုအတွင်းအပြင် သန့်၇ှင်းစေရမယ်လို့ ဆိုထားတယ်၊ ရောင့်ရဲလွယ်ရမယ်လို့ ဆိုထားတယ်။ ဘုရား ကို ကြည်ညိုရမယ်လို့လည်း ဆိုထားတယ်။ အလိုရမက်တွေအားလုံး၊ အာသာဆန္ဒတွေအားလုံးကို နှိပ်ကွက်နိုင် ရမယ်။

တတိယသော့တစ်ချောင်းရဲ့နာမည်က “ အာသန” လို့ခေါ်တယ်။
အာသနဆိုတာကတော့ ထိုင်ပုံထိုင်နည်းတွေကို ဆိုတာပါ။ အဲဒီအာသနက ဘာအတွက် သတ်မှုတ်ထား၇သလဲဆိုတော့ ကိုယ်လက်အင်္ဂါ အကြောင်းမဲ့ ယိမ်းယိုင်ခြင်း၊ လှုပ်ရှားခြင်း မဖြစ်စေဖို့၊ ထိုင်ပုံထိုင်နည် အာသနကို သင်ကြားရတာပဲ။

စတုတ္ထသောတစ်ချောင်းရဲ့အမည်က “ ပရတျာဟာရ ” လို့ ခေါ်တယ်။
မြူတူးပြန့်လွှင့်နေတဲ့ စိတ်ကို ချုပ်တည်းတာ၊ အပြင်ကို အာရုံမစိုက်ပဲ ခန္ဓာတွင်းကို အာရုံစိုက်ဖို့ ညွန်ပြထားတယ်။

ပဉ္စမသောတစ်ချောင်းရဲ့အမည်က “ ပရာဏာယာမ ”လို့ခေါ်တယ်။
အဲဒါကတော့ အသက်ရှူတဲ့ ကျင့်စဉ်ကို ပြောတာပါ။

ဆဋ္ဌမသောတစ်ချောင်းရဲ့အမည်က “ ဓာရဏာ ” လို့ခေါ်တယ်။
ကိုယ်စူးစိုက်ရမယ့် အရာတွေကလွဲပြီး တခြားအရာတွေကို အာရုံမစိုက်ဖို့ပါ။ စိတ်မပျံ့လွင့်ဖို့ပါ။

သတ္တမသော့တစ်ချောင်းရဲ့အမည်က “ ဇာဏ ” လို့ ခေါ်တယ်။
ကိုယ်စူးစိုက်တဲ့အာရုံကလွဲပြီး အခြားအာရုံတွေကို စွန့လွှတ်လောင်မြိုက်ပစ်ဖို့ပါပဲ။

အဋ္ဌမသော့တစ်ချောင်းရဲ့အမည်က “ သမာဓိလို့ ” ခေါ်တယ်။
အဲဒါကတော့ စိတ်ရဲ့ တည်ငြိမ်မှု့ကို ပြောတာပါ။ ကိုယ့်စိတ်ကို မလှုပ်ရှားစေဘဲ တည်ငြိမ်နေတဲ့ သဘောကို ပြောတာပါ။ အဲဒိသော့ရှစ်ချောင်းကို ပိုင်ပိုင်နိုင်နိုင်ရအောင် လေ့ကျင့်ကြိုးစားပြီး နာဂသတ္တိလို့ ခေါ်တဲ့ ဘဏ္ဍာတိုက်ကို ဖွင်နိုင်ပါလိမ့် မယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

အပြည့်အစုံဆက်လက်ဖတ်ရန်...

အချစ်ရေးနှင့်-စိတ်ညှို့ပညာ

ဒီတစ်ခါ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ ဗေဒင်အကြောင်းလည်း မပါဘူး။ ယတြာအကြောင်းလည်းမပါဘူး။ အဆောင်တွေအကြောင်းလည်း မဟုတ်ပါဘူး။ မရေးတာကြာပြီဖြစ်တဲ့ စိတ်တန်ခိုးနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ စိတ်တန်ခိုးနဲ့ ပတ်သက်ပြီး ရေးရတာကတော့ အရမ်းတာဝန်ကြီးမားပါတယ်။ တစ်စုံတစ်ယောက်က မင်းကကော ဘယ်အဆင့် ရောက်နေလို့လဲလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်လည်း ဘာအဆင့်မှ မရသေးပါဘူး။ ဘာအဆင့်မှလည်း မလိုချင်ပါဘူး။ ကြိုးစားဆဲ-လေ့လာဆဲပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဆိုက်လေးထဲကို လာရောက်လေ့လာတဲ့ စာဖတ်သူများကို သိစေချင်တဲ့ စေတနာသက်သက်ဖြင့် သိသလောက် ရေးသားပေးလိုက်တာပါ။

အချစ်ဆိုသောအရာ

ဟုတ်ပြီ။ အချစ်ဆိုသော အရာသည် လူသားတိုင်းနှင့် လုံးဝကင်းကွာလို့ မရတဲ့အရာ။ အားလုံးနှင့် သက်ဆိုင်နေသောအရာ၊ အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အရာ ဖြစ်တယ်။ မချစ်တတ်သော လူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။ တစ်ရာမှာ တစ်ရာ-ရာခိုင်းနှုန်းမှာ ချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။ လူနည်းစုလောက်သာ ချစ်တတ်တဲ့စိတ်ကို မချစ်တတ်တဲ့စိတ်ဖြစ်အောင် ကြိုးစားအားထုပ်သွား ကြတာမဟုတ်လား။ ဒါကြောင့် လူသားတိုင်းမှာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာတဲ့ ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။

အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ

အိုကေနော်....။ ဒီအချစ်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူဆိုတာကလည်း လူအမျိုးမျိုး ရှိတာဆိုတော့ အချစ်ဆိုတဲ့ အရာကို တွေ့ဆုံရင်ဆိုင်လာကြရတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း ၊ ခံစားချက်ခြင်း မတူညီကြတဲ့အတွက် ရင်ဆိုင်ပုံခြင်းလည်း မတူညီကြပြန်ဘူး။ တစ်ချို့က နူးနူးညံ့ညံ့လေး ရင်ဆိုင်ကြတယ်။ တစ်ချို့တော့ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကတော့ ဘာသာတရားနဲ့ လက်တွဲပြီး ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့ အရက်ဆိုင်ကနေ ရင်ဆိုင်တတ်ကြတယ်။ ကဲ... ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကိုပဲ လိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။

အချစ်ရဲ့အကျိုးသက်ရောက်မှု့

နောက်တစ်ခုက အကျိုးသက်ရောက်မှု့။ တစ်ချိုကတော့ အချစ်ကြောင့် ကောင်းသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင် နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင် သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့ အကျိုးသက်ရောက်မှု့တွေပေါ့။

အဲဒီတော့ ကျွန်တော်တို့ ရင်ထဲကို အချစ်ဆိုတဲ့ အရာက ၀င်ရောက်လာပြီ ဆိုကြပါစို့။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အခု ကျွန်တော်က စိတ်တန်ခိုးနဲ့ ပါတ်သက်ပြီး ပြောမှာဆိုတော့ ဒီပြင့်အပြင်က ကြိုးစား အားထုပ်မှု့တွေကို မပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ ပါတ်သက်တာကိုပဲ ပြောတာကောင်းတယ်။ အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက် ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာ ဆိုတော့ နားလည်ပေးပါ။

ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း

အဲဒီတော့ ဒီနေရာမှာ ကျွန်တော်က ယောက်ျားလေးဆိုတော့ ယောက်ကျားလေး နေရာကနေ ရေးမယ်နော်။ ဥပမာ ကျွန်တော်က ကောင်မလေး တစ်ယောက်ကို ကြိုက်နေပြီ ဆိုကြပါစို့။ အရေးကြီးတာက အဲဒီကောင်မလေး ကျွန်တော်ကို ပြန်ချစ်အောင် ၊ ပြန်ကြိုက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ တစ်ခု သတိပြုရမှာက ဒီနေရာမှာ ကျွန်တော်တို့ လုပ်မှာက စိတ်အလုပ်ကို လုပ်မှာနော်။ ရုပ်အလုပ် မဟုတ်ဘူး။

အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်။

ကျွန်တော်တို့မှာ အရမ်းအရေးကြီးတာက စိတ်အား ထက်သန်ခြင်း ဆိုတာပါပဲ။ မိမိလုပ်တဲ့ အလုပ်ကို ယုံကြည်ရမယ်။ ငါ ဒီစိတ် အလုပ်ကို လုပ်တယ်။ တစ်နေ့ထက် တစ်နေ့ ငါအလိုရှိတဲ့ အရာနဲ့ ပို၍ပို၍ နီးစပ်လာပြီ ဆိုတာကို လေးလေးနက်နက် ယုံကြည်ထားရမယ်။ နောက်ပြီး စိတ်ဇောထက်သန်စွာနဲ့ နေ့စဉ်ပုံမှန် လုပ်သွားရမယ်။ ဦးတည်ချက်ကလည်း တိကျနေရမယ်။ အကြီးလိုလို အငယ်လိုလို မရဘူးနော်။ ဖြူဖြူကျော်သိန်းဆိုရင် ဖြူဖြူကျော်သိန်းပဲ။ ဖြူဖြူကျော်သိန်းကို မရရင် မိုးဟေကိုကွာ အဲဒီလိုမရဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ကိုယ့်ရဲ့ ပစ်မှတ်က ကွက်တိဖြစ်နေရမယ်။ တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။

နောက်တစ်ခုက ကိုယ်က ဘာလိုချင်နေတာလဲ။ ကောင်မလေးရဲ့ မေတ္တာတရားနော်။ အဲဒီတော့ သူ့ဆီက စစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်က လိုချင်နေတာ ဆိုရင် ကိုယ့်ဆီမှာလည်း မေတ္တာတရား ရှိနေရမယ်နော်။ စစ်မှန်ရမယ်။ ကိုယ်က အတုကြီးဆိုရင် သူ့ဆီကလည်း အတုကြီး ပြန်လာလိမ့်မယ်နော်။ ဒါဟာ အမှန်တရားပဲ။ တန်ပြန်သက်ရောက်မှု့ပဲ။ တူညီတဲ့ တုန့်ပြန်မှု့ပဲ။

အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်။

ဒါကိုတော့ နိမိတ်လို့ ပြောရင်ရမလားပဲ။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရဲ့ ပုံကို ပြတ်ပြတ်သားသား အာရုံပြုနိုင်ရမယ်။ ၀ါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်ရမယ်။

အဆင့်(၃)- သူနဲ့ ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်။

အိုကေ...။ စပြီ။ ကောင်မလေးကို ညှို့တော့မယ်။ အရင်ဆုံး ငြိမ်ငြိမ်လေး ထိုင်နေပြီးစရမယ်။ ငြိမ်ငြိမ်လေးထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် စုစည်းလိုက်တာပဲ။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့ စိတ်ကသာ အောင်မြင်စေမှာဖြစ်တယ်။ ဒါကိုလည်း သမာဓိလို့ ပြောရင်ရမလား။ ဘယ်လိုပဲပြောပြော အဓိကကတော့ သင့်ရဲ့ စိတ်ဟာ အေးချမ်းပေါ့ပါးနေရမယ်။ တည်ငြိမ်နေရမယ်။ ယောက်ယက် ခတ်မနေရဘူး။ ဟိုရောက်ဒီရောက် ဖြစ်မနေရဘူး။ ကိုယ်ချစ်ခင် စွဲလန်းနေတဲ့ ကောင်မလေးဆီကို ကိုယ့်ရဲ့ စိတ်အာရုံကို အပြည့်အ၀ စေလွှတ်တော့မှာ ဖြစ်တယ်။

အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်မလေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်။

အိုကေ ...။ နောက်တစ်ဆင့်တက်ပြီ။ သွားတွေ့တော့မယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်ပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကောင်မလေးကို သွားတွေ့မယ်။ ရောက်ပြီ။ ကောင်မလေးကို တွေ့ရပြီ။ ကိုယ်က ကောင်မလေးကို အရင်ဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်။ အဲဒီမှာ ကောင်မလေးကလည်း ကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာ ပြန်လည်ပြုံးပြတယ်နော်။ အဲဒီမှာ ကိုယ်က ကောင်မလေးကို အချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ ကောင်မလေးရဲ့ မျက်ဝန်းကို စိုက်ပြီး ကြည့်လိုက်တယ်။ ကောင်မလေးကလည်း ကိုယ့်မျက်ဝန်းတွေကို ပြန်လည် စိုက်ကြည့်နေပြီ။ သူနဲ့ ကိုယ်နဲ့ မျက်လုံးခြင်းဆုံ နေပြီနော်။ မျက်စိကို လုံးဝမလွဲလိုက်နဲ့။ စိုက်သာကြည့်နေ။ ပြီးတော့မှ ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။

ဒီမှာ မဖြူ။ ကျွန်တော် မဖြူကို စကား ပြောချင်တယ်။ ကျွန်တော့် စကားကို သေသေချာချာ နားထောင်နော်။ ကျွန်တော်ကတော့ မဖြူ့ကို အရမ်းချစ်တယ်။ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ တကယ်မြတ်မြတ်နိုးနိုး ချစ်တာပါ။ အရမ်းလည်း စွဲလန်းနေပါတယ်။ ကျွန်တော်က မဖြူကို စွဲလန်းချစ်ခင် နေသလိုပဲ မဖြူကလည်းကျွန်တော်ကို ပြန်ချစ်ရမယ်။ ပြန်ချစ်တယ် မဟုတ်လားလို့ တစ်ခါတည်း ပြန်မေးလိုက်တယ်။ အဲဒီမှာ သူက ကိုယ့်ကို တစ်ခါတည်း ပြုံးပျော် ရွှင်လန်းစွာနဲ့ စကားပြန်ပြောတယ်။ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်ရှင်ပေါ့။

(ဒါက ဥပမာ ပြောတာနော်။ တော်ကြာ ကိုယ့်မှာ ချစ်သူရှိတဲ့လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေဦးမယ်။ ကိုယ့်မှာ ချစ်သူရည်းစားရှိတဲ့ လူတွေကြပြန်တော့ ကိုယ့်ချစ်သူရဲ့ ရင်ထဲကို ၀င်ပြီး ကိုယ့်ကို ပိုချစ်သထက်ချစ်အောင် ၊စွဲလန်းသထက် စွဲလန်းအောင် ၊ သတိယသထက် သတိယအောင် ၀င်ပြီး ကိုယ်ချစ်သူလေးရဲ့ စိတ်ကို ညှို့လို့ရတာပေါ။)

အခု အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ စိတ်ကူးနေတာနော်။ စိတ်ကူးနေတာ။ အဲဒီလို နေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။

အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ။

အကောင်းဆုံးကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေး အိပ်စက်တဲ့အချိန် လုပ်တာ အကောင်းဆုံးပါပဲ။

မိတ်ဆွေများခင်ဗျား။ စိတ်ပညာနှင့် ပါတ်သက်၍ ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ။ ဆရာသခင် လမ်းပြပေးခဲ့သော နည်းနာများကို အခြေခံ၍ စိတ်တန်ခိုးဆိုသော လမ်းရှည်ကြီးကို စိတ်ရှည်လက်ရှည် ဆက်လက်ခရီးဆက်နေသော သာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကောင်းကင်ပေါ်လည်း ပြန်သန်း နိုင်သော တနခိုးကို မလိုချင်ပါ။ ရေထဲမှာ သွားနိုင်သော သူလည်း မဖြစ်လိုပါ။ အရာ ၀တ္ထုများကို မတို့မထိပဲ ရွေ့ရှားအောင်လည်း မစွမ်းဆောင်ချင်ပါ။ ကျွန်ုပ်လိုချင်သော စိတ်တန်ခိုး ဆိုသည်မှာကား ကျွန်ုပ်နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော လူမှု့ရေး၊ စီးပွားရေး၊ လုပ်ငန်းဆောင်တာ ကိစ္စများကို သာ ကျွန်ုပ် ဆန္ဒရှိသည့်အတိုင်း စေစားနိုင်သူသာ ဖြစ်ချင်ပါသည်။ ထို့ကြောင့် အောင်မြင်သော ဘ၀ခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ ရှေ့ရှု့ကြကုန်သော သူအပေါင်းတို့အတွက် ရည်ရွယ်၍ သိသလောက် ရေးသားပေးလိုက်ရခြင်း ဖြစ်ပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...

ဥုမ်-ဆိုတာ

ကျွန်တော်၏ မိတ်ဆွေတစ်ဦးက ဥုမ်အကြောင်း မေးတယ်။ ဥုမ် ဆိုတာကို ဘယ်လိုရွတ်ဆိုရမလဲတဲ့။ ကျွန်တော်ကလည်း ဥုမ်ဆိုတာကို ဂျီတော့နဲ့ ဘယ်လို ရွတ်ပြရပါမလဲပေါ့။ နောက်ဆုံးတော့ ဥုမ်အကြောင်းနဲ့ ဥုမ်ရွတ်နေတဲ့ ဗွီဒီယို ဖိုင်တွေ ရှာတင်ပေးလိုက်ပါတယ်။ ဥုမ်ရွတ်ချင်ရင် အောက်က ဗွီဒီယိုကို ဖွင့်ကြည့်ပြီး နားထောင်ပါ။ အသံတူအောင် လိုက်ရွတ်ကြည့်ပါ။ စာဖတ်ချင်တဲ့ သူတွေကတော့ ပုံကို တစ်ချက်ကလစ်လိုက်ပြီး နောက်စာမျက်နှာမှာပေါ်တဲ့ စာမှာသွားဖတ်လိုက်ပါ။

အပြည့်အစုံဆက်လက်ဖတ်ရန်...

ကိုယ့်နာမည်ကို ကိုယ်လေးစားရမယ် (မင်းသိင်္ခ)

စိတ်ပညာနဲ့ ပါတ်သက်တဲ့ လေ့ကျင့်ခန်းတစ်ခုကို ပြောပြရဦးမယ်။ အဲဒါက ဘာလည်းဆိုတော့ မိမိနာမည်ကို မိမိအလေးအနက်ထားရမယ်ကွ။ မိဘကပေးတဲ့ နာမည်ကိုလည်း ကိုယ့်ဟာကို နာမည် အသစ်တစ်ခု ပြောင်းပြီး ပေးပေါ့ကွာ။ ဒါပေမယ့် အဲဒီနာမည်ကိုတော့ အလေးအနက်ထားရမယ်။ ကိုယ့်နာမည် မဟုတ်လား ”

အဲဒီလို လုပ်လို တော်ပါမလားဗျာ။ နာမည်ရင်းကို ဖျောက်ပြီး နာမည်သစ်ပေးတယ်ဆိုတာ လုပ်ကောင်းရဲ့လား”

လုပ်ကေင်းတဲ့ ဟိုဘက်တောင် လွန်နေသေးတယ်။ မင်းကို တစ်ခုပြောပြမယ်။ ငါတို့ တိုင်းပြည် လွတ်လတ်ရေးရ အောင် ကြိုးစားခဲ့တဲ့ ရဲဘော်သုံးကျိတ်ဟာ နာမည်ရင်းနဲ့ တစ်ယောက်မှ မရှိဘူးကွ။ အကုန်လုံး နောက်ထပ်ပေးထားတဲ့ နာမည်တွေကြီးပဲ။ အဲဒီတော့ မူရင်းနာမည်ကို ကြိုက်ရင်လည်း မူရင်း နာမည်ထား။ မကြိုက်ရင်လဲ ရဲရဲဝံ့ဝံ့သာ ပြောင်းပစ်လိုက်။ ဒါပေမဲ့ အဲဒိ ပြောင်းပစ်တဲ့ နာမည်ကိုတော့ အလေးအနက်ထားရမယ်။ အဲဒိနာမည်ဟာ မင်းရဲ့ ဘ၀မှာ တိုးတက်ပြောင်းလဲအောင် လုပ်မယ့် နာမည်လို ခံယူရမယ် ”

ငယ်နာမည် - ထီးလှိုင်ရှင် ၊ ကြီးတော့ ကျန်စစ်သား။ ငယ်နာမည်- မောင်ခြတက်၊ ကြီးတော့ -ဘုရင့်နောင်။ ငယ်နာမည်- မောင်လွင်၊ ကြီးတော့- မင်းတုန်းမင်းတရား။ ငယ်နာမည်- မောင်ရစ်၊ ကြီးတော့ - မဟာဗန္ဓုလ။ ငယ်နာမည် - မောင်ထိန်လင်း၊ ကြီးတော့ - ဗိုလ်ချုပ်အောင်ဆန်း။ ငယ်နာမည် - မောင်မာ၊ ကြီးတော့- မာန်လည် ဆရာတော်။ ငယ်နာမည်- မောင်ထက်ခေါင်၊ ကြီးတော့- လယ်တီဆရာတော်။ အဲဒီ ဆရာတော်ကြီးတွေကတော့ ငယ်နာမည်ကို ဖျောက်ပြီး ပြောင်းတာ မဟုတ်ဘူးကွ။ သူတို့ရဲ့ ဘုန်းကံနဲ့ အလိုလို ပြောင်းလဲပြီး ခေါ်လာခဲ့ကြတာ။

အဲဒီတော့ မင်းအနေနဲ့ နာမည်ရင်းကို မကြိုက်လို့ ပြောင်းမယ်ဆိုရင်လည်း ပြောင်းနိုင်ခွင့်ရှိတဲ့ သဲလွန်စတွေကို ပြောပြတာပါကွာ။ သမိုင်းမှာလဲ အဲဒီလို နာမည် ပြောင်းသွားတာတွေ အများကြီးပဲ။ တစ်ချို့က တမင်တကာ ပြောင်းတာ။ တစ်ချို့က အလိုအလျှောက်ပြောင်းတာ၊ ငယ်နာမည်က ဗညားနွဲ့ကွာ၊ ဘုရင် ဖြစ်လာတော့ ရာဇာဓိ ရာဇ် လို့ ပြောင်းတယ်။ အဲဒိတော့ ပြောချင်တာက နာမည်ပြောင်းရမယ် မပြောင်းရဘူးဆိုတာက အဓိက မဟုတ်ဘူး။ ကိုယ့်နာမည်ကို အလေးအနက်ထားရမယ်။ ဂရုစိုက်ရမယ်ဆိုတာကို ပြောနေတာ။

အကယ်၍ သင်သည် မိမိ၏ အမည်ကို အသုံးမပြုလိုတော့ဘဲ နာမည် အသစ် ပေးလိုပါက ဒီနေရာတွင် အဘမင်းသိင်္ခ၏ နာမည်ပေးနည်းကို တင်ပြထားပါတယ်။ လေ့လာကြည့်ပါ။

အရေးကြီးတဲ့ အလုပ်ကို လုပ်မယ်ဆိုရင် နာမည်ဟောင်းကို စွန့်ပြီး နာမည်သစ်နဲ့ လုပ်တာ အကောင်းဆုံးပဲ။ ငါ့ဆီမှာ ရေထမ်းနေတဲ့ ဦးပုဆိုတဲ့ လူကြီးဟာ ရဟန်းဝတ်သွားတဲ့အခါ ဦးပုဆိုတဲ့ နာမည်ကို စွန့်ပြီး ဦးပညာဓိပ ဖြစ်သွားတယ်ကွ။ နာမည်ပြောင်းသွားသလို လူကလည်း အတော်ကြီး ပြောင်းလဲသွားတယ်။ အရင်က သူက ငါ့ကို ဆရာလို့ခေါ်တယ်။ အခုတော့ ငါက သူ့ကို ဆရာတော်လို့ ခေါ်ရတယ်။ သူ့ကို ငါက ကိုးကွယ်ရတယ်။ တောရကျောင်းတစ်ကျောင်းမှာ ဆရာတော်ကြီး ဖြစ်နေပြီ။

နာမည်ရင်းက ကိုကျော်ဒင်တဲ့။ ရဟန်းဝတ်တဲ့အခါမှာ ဦးကိတ္တိဖြစ်သွားတယ်.။ နောင်တော့ စွန်းလွန်းဆရာတော် ရယ်လို့ ဖြစ်လာတော့တာပဲ။ အဲဒီတော့ အရေးကြီးတဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ နာမည်ရင်းကိုစွန့်ပြီး နာမည်ရင်းနဲ့ လုပ်ရတယ်ဆိုတာ ထင်ရှားပြီ မဟုတ်လား။ မျိုးချစ်တော်လှန်ရေး သမားတွေဟာ နာမည်ဟောင်းတွေ စွန့်ပြီး နာမည်သစ်တွေနဲ့ တိုင်းပြည်အတွက် ကြိုးပမ်းခဲ့ကြတယ်။ စာရေးဆရာတွေဟာ ရာခိုင်နှုန်း (၉၀)လောက် နာမည်ရင်းနဲ့ မရေးဘဲ ကလောင်နာမည်ဆိုပြီး သီးခြားနာမည် တစ်ခုယူပြီး ရေးသားလေ့ ရှိကြတယ်။

နောက်ငါတို့ ဂမ္ဘီရလမ်းမှာလဲ နာမည်ရင်းကို စွန့်ပြီး ဂမ္ဘီရအမည်ဆိုတာ မှည့်လေ့ရှိတယ်။ နာမည်ရင်းက မောင်အောင်၊ ဂမ္ဘီရအမည်က ဘိုးဘိုးအောင်။ နာမည်ရင်းက မင်းခေါင်။ ဂမ္ဘီရအမည်က - အောင်မင်းခေါင်။ နာမည်ရင်းက ဆရာဆိုင်၊ ဂမ္ဘီရအမည်က ဗောဓိပင်ဆရာဆိုင်။ နာမည်ရင်းက ဦးသြဘာသ၊ ဂမ္ဘီရအမည်က - ရက္ကန်းစင်တောင် ဆရာတော်။ အခုလောက် ပြောပြရရင် အရေးကြီးတဲ့ အောင်မြင်မှု့ကိုရဖို့ နာမည်သစ်တစ်လုံး ဒါမှမဟုတ် ဂမ္ဘီရအမည်တစ်လုံး ရွေးချယ်သင့်တယ်။

နာမည်သစ်ရှာပြီး ဘာဆက်လုပ်ရမလဲ

ငွေပြား၊ ကြေးပြား၊ သံပြား၊ သစ်သားပြား၊ ပလပ်စတစ်ပြား ကြိုက်တဲ့ အပြားတစ်ပြားပေါ်မှာ အဲဒီနာမည်သစ်ပေါ်မှာ အဲဒီနာမည်သစ်ကို ခမ်းခမ်းနားနားရေးပြီး ဘုရားစင်အောက် ဒါမှမဟုတ် ဧည့်ခန်းမှာ အကျအန ချိပ်ဆွဲရမယ်။ ပြီးတော့ နေ့စဉ် စိတ်ဓာတ်တိုးတက်ရာ တိုးတက်ကြောင်း လေ့ကျင့်တဲ့အခါတိုင်းမှာ မင်းဟာ အဲဒီနာမည်သစ်နဲ့ အောင်မြင်တိုးတက်နေပြီဆိုတာ စိတ်ထဲမှာ မြင်အောင် အာရုံပြုရမယ်။

ပြီးတော့ ငြိမ်ငြိမ်ကလေးထိုင်ပြီး မင်းရဲ့ နာမည်ကို တစ်စုံတစ်ယောက်က လှမ်းပြီး ခေါ်နေပြီ။ အဲဒီ တစ်စုံတစ်ယောက် ဆိုတာလဲ အမျိုးမျိုး ရှိတယ်။ ကောင်းကင်ဘုံနဲ့ တင်စားချင် တင်စား။ မနောမယဓာတ်ကြီးနဲ့ တင်စားချင်တင်စား။ သိဒ္ဓိဓာတ်ကြီးနဲ့ တင်စားချင်တင်စား ၊ ကိုယ်လေးစားတဲ့ ဘိုးတော်တို့ မယ်တော်တို့နဲ့ တင်စားချင်တင်စား တင်စားခွင့်ရှိတယ်။

သူက ချစ်ခင်ရင်းနှီးလို့ မင်းနာမည်ကို ခေါ်ပြီးရင် သူတို့က မင်းအတွက် ဘာဖြစ်ပါစေဆိုပြီး ဆုတောင်းပေးတာပဲ ဖြစ်ဖြစ် ၊ ကောင်းချီးပေးတာပဲ ဖြစ်ဖြစ် ဆက်ပြီး ပြောလိမ့်မယ်။ တစ်ခါတစ်လေ ဘယ်လို လုပ်လိုက်ပါလားလို့ ညွန်ကြားတာမျိုးတောင် ရှိတယ်။ အဲဒိတော့ ကိုယ်ကမှ ကိုယ်နာမည်ကို ကိုယ့်နာမည်ကို ဂရုမစိုက်ဘူးဆိုရင် သူတို့က ဘယ်ခေူမလဲ၊ ဘယ် ဂရုစိုက်မလဲ။ ဒါကြောင့် ကိုယ်နာမည်ကို သိဒ္ဓိဓာတ်ကြီးက ခေါ်တဲ့အသံကို ကြားရတဲ့အခါမှာ ကိုယ့်ဘ၀အတွက် အောင်မြင်တိုးတက်ဖို့ “ ဂရန်တီလက်မှတ်” ရပြီလို့ သဘောပေါက် လိုက်ပေတော့။ အဲဒီအသံဟာ အပြင်က အသံဖြစ်ဖို့ထက် မင်းကိုယ်ထဲမှာရှိတဲ့ ပါရမီ ရုပ်လွှာက လှမ်းပြီး ခေါ်လိုက် တဲ့ “ တိတ်ဆိပ်တဲ့ အသံ ” ( ဗွိုက်အော့ဖ်ဆိုင်းလင့်) VOICE OF SILENCE ” ဖြစ်ဖို့ များတယ်။ အသံတကာ အသံထဲမှာ ကျက်သရေမင်္ဂလာ အရှိဆုံး အသံဖြစ်တယ်။ အဲဒီအသံကို ကြားလိုက်ရတဲ့ အခါမှာ “ဖရဏာပီတိ၊ ဂွမ်းဆီထိ ” သလို ဆွတ်ပျံ့ကြည်နူးသွားလိမ့်မယ်။

အားလုံးကျေနပ်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော

စိတ်တန်ခိုးကျင့်စဉ်အတွက် ဓာတ်နှိုးစာများ

စိတ်တန်ခိုးကျင့်စဉ်ကို စိတ်ဝင်စားသူများ ၊ ၀ါသနာပါသူများအတွက် ဓာတ်နှိုးစာများကို ဖော်ပြပေး လိုက်ပါသည် ဤပုံများကို မိတ္တူကူးယူ၍ မိမိ စိတ်တန်ခိုး လေ့ကျင့်ရာ နေရာတွင် ကပ်ထားလိုက်ပါ။ ထို့နောက် ရေမိုးချိုး အ၀တ်အစား သန့်ရှင်း စင်ကြယ်စွာ ၊ ချောင်ချိစွာ ၀တ်ဆင်၍ အစပထမ ငြိမ်ငြိမ်လေး ထိုင်ပါ။ ထို့နောက် အောက်ဖော်ပြပါ ဓာတ်နှိုးစာများကို လူမမာ ညည်းငြူသော အသံလောက်ဖြင့် မိမိ၏ အတွင်းစိတ် နှလုံးသား ကြားရုံလောက်သော အသံဖြင့် ရွတ်ဆိုပါ။ ဖြေးဖြေးမှန်မှန် ရွတ်ဆိုပါ။

နေ့စဉ်ရက်ဆက် ပုံမှန်လေး ရွတ်ဆိုကြည့်ပါ။ နောက်တွင် အလွတ် ရသွားပါလိမ့်မည်။ ထိုကဲ့သို့ ပုံမှန်ကလေး ရွတ်ဆိုပေးရုံမျှဖြင့်ပင့် သင်တို့၏ စိတ်ဓာတ်များ မည်မျှလောက် အားကောင်းလာမည် ဆိုသည်မှာ လုပ်ကြည်မှ သိပေလိမ့်မည်။ မိမိတို့၏ ဘ၀များ မြင့်မားချင်သော တိုးတက်ကြီးပွား အောင်မြင်ချင်သော အထက်တန်းကျကျ မျက်နှာပန်းလှလှ နေထိုင်ချင်သော အမျိုးကောင်းသား အမျိုးကောင်း သမီးများအတွက် ရည်ရွယ်၍ ဖော်ပြပေးလိုက်ရပါသည်။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော

စိတ်တန်ခိုးနှင့်ပါတ်သက်၍-အဓိကကျသောနေရာများ

ပုံပေါ်တွင် နှိပ်၍ကြည့်ပါ

လူတစ်ဦး၏ ခန္ဓာကိုယ်တွင် အသက်ရှင်သန်ရေးအတွက် အလွန်အင်မတန် အရေးကြီး အဓိကကျတဲ့ အချက် အချာကျတဲ နေရာ(၆)နေရာရှိတယ်။ သတ္တ၀ါတစ်ခု အသက်ရှင်သန်ဖို့အတွက် မောင်းနှင်နေတဲ့ စက်တွေရှိ တယ်။ အဲဒါကို စက္ကရလို့ ခေါ်တယ်။ ချက္ကရ လို့လည်း ခေါ်တယ်။
အဲဒီ ချက္ကရာ တွေက (၇)ခု ရှိတယ်။

............ချက္ကရာ(၇)ပါး................

မူလချက္ကရာ
ချက်ချက္ကရာ
ရင်ညွန့်ချက္ကရာ
နှလုံးချက္ကရာ
လည်မျိုချက္ကရာ
တတိယမျက်လုံးချက္ကရာ
သရဖူချက္ကရာရယ်လို့ (၇) မျိုးရှိတယ်။

..................ချက္ကရာဆိုတာ...............

ချက္ကရာဆိုတာ လူ့ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အရေးတကြီး အဓိကကျတဲ့ အစိတ်အပိုင်းတွေပါပဲ။ အဲဒီ ချက္ကရာ အားကောင်းရင် အားကောင်းသလောက် အဲဒီချက္ကရာတွေနဲ့ ပတ်သက်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကျန်းမာစေတာပေါ့။ အားကောင်းစေတာပေါ့။ ဖြတ်လတ်စေတယ်။ သွက်လက်စေတယ်ပေါ့။ များသောအား ဖြင့်တော့ ချက္ကရာတွေရဲ့ အင်အားဟာ ငုတ်လျှိုးနေတတ်တယ်။ သူ့မှာရှိတဲ့ စွမ်းအင်တွေရဲ့ ရာခိုင်းနှုံး တော် တော်နည်းနည်းကိုသာ ငါတို့ဟာ ရှင်သန်ရေးအတွက် အသုံးချနေကြတယ်။ ဒါကြောင့် အဲဒီစွမ်းရည်တွေကို အိပ်ပျော်နေတဲ့ နဂါးရယ်လို့ တင်စား ခေါ်ဝေါ်ကြတာဖြစ်တယ်။

ဒါကြောင့် တကယ်လို့သာ အဲဒီ အိပ်ပျော်နေတဲ့ နဂါးကိုသာ နှိုးနိုင်မယ်ဆိုရင် သူမတူတဲ့ စွမ်းရည်သတ္တိတွေ ကို ပိုင်ဆိုင်လာနိုင်မယ်။ ဆိုလိုတာက အဲဒီငုတ်လျှိုးနေတဲ့ စွမ်းရည်တွေကိုသာ ထုတ်ဖေိာပြီး အသုံးချနိုင်မယ် ဆိုရင် ဘယ်လောက်အံ့သြစရာ ကောင်းမလဲ။ လောကကြီးမှာ အံ့သြစရာကောင်းတဲ့ ထူးဆန်းတဲ့ အရာတွေ ကို လုပ်ပြနိုင်ခဲ့တဲ့ မယုံနိုင်စရာကောင်းတဲ့ ကိုယ်စွမ်းရည် ညာဏ်စွမ်းရည်ကို ပြနိုင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီ ချက္ကရ(၇)ခုထဲက တစ်ခုခု နိုးသွားလို့ပါပဲ။ တစ်ချို့ကတော့ ကိုယ် ကိုတိုင် တကူးတက နှိုးလို့ နိုးသွားတာ ရှိတယ်။ တစ်ချို့ကြတော့ အလိုလို နိုးသွားကြတာဖြစ်တယ်။

....................ချက္ကရာတွေကို ဘယ်လိုနှိုးမလဲ.................

မိမိကိုယ်တိုင် အဲဒီချက္ကရာတွေကို နှိုးမယ်ဆိုရင်တော့ အရင်ဆုံး ချက္ကရာတွေ တည်ရှိတဲ့နေရာကို သိရမယ်။ နောက်ပြီး အဲဒီ မိမိနှိုးမယ့် ချက္ကရာတွေ တည်ရှိရာ ကိုယ်ခန္ဓာအစိတ်အပိုင်းကို အလေးအနက် အားရုံစူးစိုက် တာကနေစရမယ်။ မိမိရဲ့ စိတ်ကို တခြားဘယ်ကိုမှ မပျံ့လွင့်စေဘဲ အဲဒီတစ်နေရာ အာရုံစိုက်ထားရမယ်။ ပြီးတော့ အဲဒီနေရာလေးမှာ လင်းနေတယ်လို့ အာရုံပြုထားရမယ်။ အဲဒါ ဘယ်လောက်ကြာကြာ လုပ်ရမလဲ ဆိုတော့ အတော်ကြီးကို လုပ်ယူရမယ်။ ပြီးတော့မှ အဲဒီ ချက္ကရာနှင့် ပတ်သက်တဲ့ အသံကို ဖြေးဖြေးမှန်မှန် ရွတ်ပေးရမယ်။ အဲဒီလို ရွတ်တဲ့အခါမှာလည်း လေးလေးမှန်မှန်နဲ့ ရင်ခေါင်းထဲက လာတဲ့အသံနှင့် ရွတ်ပေးရမယ်။ အဲဒီလို လုပ်ပေး၊ ကျင့်ပေးမယ်ဆိုရင် အိပ်ပျော်နေတဲ့ နဂါး (သို) ငုတ်လျှိုးနေတဲ့ စွမ်းရည်တွေ ထူးခြားစွာ ပြန်ပေါ်လာမှာဖြစ်တယ်။

ချက္ကရာ(၇)ပါးအကြောင်း
မူလချက္ကရာဟာ ယောက်ျား၊မိန်းမမျာ၏ အင်္ဂါနေရာမှာရှိတယ်။ အဲဒီ မူလချက္ကရာဟာ ကျောက်ကပ်တို့၊ သည်းခြေတို့ ၊ မျိုးပွားအင်္ဂါတို့၊ ကျောရိုးတို့နှင့် ပါတ်သက်တယ်။ အဲဒီ ချက္ကရာကို နှိုးမယ်ဆိုရင် အခုန ပြောခဲ့တဲ့ နေရာတွေကို အားကောင်းစေပါတယ်။ အဲဒီတော့ ထိုမူလချက္ကရာ တည်ရှိနေတဲ့နေရာကို အာရုံပြုပြီး လမ်....မ် ဆိုတဲ့အသံကို ဖြေးဖြေးမှန်မှန် ရင်ခေါင်းထဲက လာတဲ့အသံနှင့် ရွတ်ဆိုရမယ်။

ချက်-ချက္ကရာကတော့ ချက်နေရာမှာ ရှိတယ်ပေါ့။ အဲဒီအင်္ဂါဟာလည်း မျိုးပွားအင်္ဂါတွေ ၊ ကျေက်ကပ်တွေ ၊ ခြေထောက်တွေနဲ့ ပတ်သက်နေတယ်။ ပြီးတော့ လူတွေပြောပြောနေတဲ့ ဖိုနဲ့မ၊ မနဲ့ဖို ဆွဲဆောင်ညှို့ငင်နိုင်တဲ့ စွမ်းရည်ဟာလည်း အဲဒီနေရာမှာ ရှိတယ်။ အဲဒီ ချက္ကရာကို နှိုးဖို့ဆိုရင် ချက်နေရာကို အလင်းရောင် ဖြာထွက်နေ တယ်လို့ အာရုံပြုပြီး ဗမ်....မ်- ဟူသော အသံကိုရွတ်ဆိုပြီး နှိုးပါ။

မဏိပူရချက္ကရာဆိုတာကတော့ ရင်ညွန့်နေရာမှာ ရှိတယ်။ အစာအိမ်တို့ သည်းခြေတို့ အသည်းတို့နှင့် ပါတ်သက်တယ်။ အဲဒီ ချက္ကရာ အားကောင်းရင် စိတ်ဓာတ်အင်အား ကောင်းတယ်။ စိတအား ထက်သန်မှု့ ကောင်းတယ်။ သတ္တိကောင်းတယ်။ အဲဒီနေရာ အားမကောင်းရင် စိတ်ဓာတ်ကျလွယ်တယ်။ ကြောက်ရွံ့ ထိတ်လန့် လွယ်တတ်တယ်။ အဲဒီ ချက္ကရာ အားကောင်ဖိုးအတွက် လေ့ကျင့်မယ်ဆိုရင် အဲဒီနေရာလေးကနေ အလင်းရောင်လေးတွေ ဖြာထွက်နေတယ်လို့ အာရုံပြုပြီး ရမ်.....မ် ဟူသော ဂမ္ဘီရအသံကို ရွတ်ဆိုနှိုးရပါတယ်။

နှလုံးချက္ကရာ ဆိုတာကတော့ နှလုံးအိမ် တည်ရှိနေတဲ့နေရာပါပဲ။ နှလုံး ၊အဆုတ် ၊ သွေးလည်ပတ်မှု့စတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်။ ချစ်ခြင်းမေတ္တာ၊ သည်းခံ ခွင့်လွှတ်ခြင်း။ ကရုဏာတရား...စတာတွေနဲ့ ပါတ်သက်နေတယ်။ အဲဒီ ချက္ကရာ အားကောင်းဖို့အတွက် ဆိုရင်တော့ ယမ်....မ် ဆိုတဲ့အသံကို ရွတ်ဆိုပြီး နှိုးရမယ်။

လည်မျိုချက္ကရာကတော့ လည်ပင်း ၊ အဆုတ်အပေါ်ပိုင်း ၊ လက်မောင်းနှင့် အစာအိမ်ချေတဲ့ အင်္ဂါတွေနဲ့ ပတ်သက် နေတယ်။ အဲဒီချက္ကရာ အင်အားကောင်းရင် လူအများနှင့် ပူးပေါင်းဆောင်င်္ရက်ရသော ကိစ္စများ၌ အောငိမြင်စေခြင်း ၊ အသံသြဇာရှိစေခြင်းနှင့် တီထွင်ဖန်တီးညာဏ်ကောင်းခြင်း စတဲ့အကျိုးကျေးဇူးကို ဖြစ်စေပါတယ်။ သူ့ကိုနှိုးမယ်ဆိုရင် ဟမ်.....မ် ဆိုတဲ့အသံကို ရွတ်ပေးရပါတယ်။

တတိယမျက်လုံးဟုခေါ်သော မျက်လုံးနှစ်လုံး၏ ကြားတွင် ရှိပါတယ်။ ထိုချက္ကရာသည် ဦးနှောက် အောက်ဖက် ချမ်း ၊ ၀ဲဘက်မျက်လုံး ၊ နှာခေါင်း ၊ နားရွတ်၊ ကျောရိုးစသည်တို့နျင့် ပါတ်သက်နေတယ်။ စိတ်အချင်းချင်း ဆက် သွယ်ခြင်း ၊နတ်မျက်စိအလား ထင်မြင်စေခြင်းအတွေးအခေါ် အယူအဆ ကောင်းများထွက်ခြင်း ဖြစ်စေတယ်။ ထိုချက္ကရာ အားကောင်းအောင် လေ့ကျင့်မယ်ဆိုရင် ကရှမ်....မ် ဆိုသော ဂမ္ဘီရအသံကို ရွတ်ဆိုလေ့ကျင့်ရမည်။

သရဖူးချက္ကရာကတော့ ဦးနှောက်အပေါ်ပိုင်း၊ ညာဘက်မျက်လုံး ၊ စသော နေရာများနျင့် ပါတ်သက်နေတယ်။ ပရလောကနှင့် ဆက်သွယ်ခြင်း ၊ မြင့်မြတ်သော မေတ္တာတရား ၊ ညာဏ်ပညာနှင့် ပါတ်သက်တယ်။ ထိုချက္ကရာကို အားကောင်းအောင် လေ့ကျင်မယ်ဆိုရင်တော့ ဥုမ်....မ် ဟူသော ဂမ္ဘီရအသံဖြင့် ရွတ်ဆို၍ နှိုးရပါတယ်။

ထို့ကြောင့် မည်သူမဆို စိတ်တန်ခိုးနှင့် ပါတ်သက်သော ဗဟုသုတများကို ရရှိနိုင်ပါစေကြောင်းနှင့် လက်တွေ့ လိုက်နာ ကျင့်သုံးသူများလည်း ခရီးတစ်ခုအထိ ပေါက်မြောက်အောင်မြင်ပါစေကြောင်း ဆုတောင်လိုက်ပါတယ်။
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ

သံလိုက်ဓာတ်၏အခြေခံသဘောတရားများ

ဒီစကြာဝဠာကြီးထဲမှာရှိတဲ့ ဂြိုဟ်တွေ၊
နက္ခတ်ကြယ်တာရာတွေဟာ
ပရမ်းပတာတည်ရှိနေကြတာမဟုတ်ဘူး။
သူ့နေရာနှင့်သူ စနစ်တကျ
တည်ရှိနေကြတာဖြစ်သလို
သူ့လမ်းကြောင်းနှင့်သူ စနစ်တကျ
ရွေ့လျားလည်ပတ်နေကြတာဖြစ်တယ်။
သေချာတာတစ်ခုကတော့
အဲဒီအထဲက ဂြိုဟ်တစ်လုံးတစ်လေဟာ
အဲဒီလိုစနစ်တကျမဖြစ်တော့ရင်
စကြာဝဠာတစ်ခုလုံးဟာ
ရှုပ်ရှုပ်ထွေးထွေးတွေဖြစ်ကုန်ပြီး
အားလုံးပေါက်ကွဲ
ပျက်သုန်းသွားကြမှာဖြစ်တယ်။
ဒီစကြာဝဠာကြီးထဲမှာရှိတဲ့
ဂြိုဟ်တွေ၊နက္ခတ်တာရာတွေမှာ
အချင်းချင်း ဆွဲယူထိမ်းချုပ်နိုင်တဲ့
သံလိုက်စက်ကွင်းတွေအသီးသီးရှိနေကြတယ်။
အဲဒီသံလိုက်စက်ကွင်းတွေက
ဂြိုဟ်အသီးသီးရဲ့လမ်းကြောင်းတွေကို
စနစ်တကျဖြစ်အောင်ထိမ်းသိမ်းပေးထားတာပဲပေါ့။
အဲဒီတော့ ဒီစကြာဝဠာကြီးရဲ့
နေရာအသီးသီးမှာ
သံလိုက်စက်ကွင်းတွေ ပျံ့နှံ့စီးဆင်းနေတယ်။
လောကမှာရှိတဲ့ ဘယ်အရာမဆို
အဲဒီသံလိုက်စက်ကွင်းတွေနဲ့
ညီညွတ်မျှတလိုက်လျောညီထွေဖြစ်ဖို့
အရေးကြီးတယ်။ အဲဒီသံလိုက်စက်ကွင်းတွေကိုသွားပြီး
ဆန့်ကျင်မိလိုက်တာနဲ့ အားလုံး
ကမောက်ကမဖြစ်ကုန်တော့တာပဲ။
လူရဲ့ ခန္ဓာကိုယ်ဟာလည်း
အရာအားလုံးဟာ ဟန်ချက်ညီညီ
ရပ်တည်နေကြရတာဖြစ်တယ်။
သံလိုက်စက်ကွင်းကို သွားပြီးဆန့်ကျင်လိုက်မိတာနဲ့
လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဟန်ချက်တွေ
ပျက်ကုန်တော့တာပါပဲ။
ဟန်ချက်ပျက်တယ်ဆိုတာရုပ်ပိုင်း၊စိတ်ပိုင်း
တည်ငြိမ်မှု့ပျက်သွားတာပဲပေါ့။
ဒီတော့ လူသားတစ်ယောက်ဟာ
စကြာဝဠာသံလိုက်ဓာတ်ကြီးနဲ့
လိုက်လျောညီထွေဖြစ်နေဖို့
အင်မတန်အရေးကြီးပါတယ်။

ညှို့မျက်လုံးကျင့်စဉ်

လူ၏ မျက်စိသည် အလွန် တန်ခိုး ကြီးမား၏။ သားရဲ တိရ စ္ဆာန်များသည် လူ၏ မျက်စိကို အလွန် ကြောက်၏။ စူးရှ ထက်မြက်သော မျက်စိဖြင့် စိုက်၍ ကြည့်လျှင်ပင် တုန်လှုပ်၍ပင် လာ၏။ ထက်မျက်သော မျက်စိ များသည် မထက်မြက်သော မျက်စိ များ၏ အပေါ်သို့ အုပ်ချုပ် လွှမ်းမိုးသွား၏။

လူ၏မျက်စိသည် စိတ်ဝိညာဏ်၏ ပြူတင်းပေါက်များ သ ဖွယ် ဖြစ်၏။ မျက်စိမှ ကြည့်လိုက်သော အခါ အတွင်းစိတ် ၀ိညာဏ်သို့ တိုက်ရိုက် စူးရှ ပေါက်ရောက်၏။ ထို့ကြောင့် မျက်စိတန်ခိုးဖြင့် လူများကို ညှို့နိုင်လေသည်။

စိတ်ညှို့ရာတွင် မျက်စိအား ထက်သန်လေလေ အကျိုးရှိ လေလေဖြစ်၏။ ထို့ကြောင့် ထက်မျက် စူးရှသော မျက်စိ များကို ရအောင် လေ့ကျင့်ရာ၏။ မျက်စိတန်ခိုး ကြီးမား ထက်သန်စေရန် လေ့ကျင့်ရာ၌ နံက်စောစောနှင့် ညအ ချိန်တို့သည် အကောင်းဆုံးဖြစ်၏။ ထိုအခါ မအိပ်ချင်စေရ။

တစ်နေရာရာ၌ ထိုင်လျှက် မိမိရှေ့က စိုက်ကြည့်စရာ တစ်စုံတစ်ခုကို ထားရမည်။ သို့မဟုတ် မှန်တစ်ချပ်ကို ထား ၍ နှခေါင်းရင်း မျက်စိနှစ်လုံးကြားတွင် အမှတ်ကလေး တစ်ခုခု ပြုလုပ်၍ မှန်ထဲရှိ ၎င်းအမှတ်ကလေး၏ အရိပ်ကို စိုက်ကြည့်ရမည်။

မျက်စိမှာ ပြူး၍လည်း မထားရ။ မှန်မှန် စိုက်ကြည့်နေရမည်။ မျက်တောင် မခတ်ပဲ ကြာကြာ ကြည့်နိုင်သရွေ့ ကြည့်ရမည်။ မျက်တောင် မညောင်းပဲ မျက်တောင် မခတ်ပဲ ၅-မိနစ် ၊ ၁၀-မိနစ် ၊ ၁၅-မိနစ် စသည်ဖြင့် ကြာကြာ နေနိုင်သည့် တိုင်အောင် ကြိုးစားရမည်။ အချို့မှာ တစ်နာရီ နှစ်နာရီပင် ကြည့်နိုင်၏။ ကြာကြာကြည့်န်ုင် လေလေ မျက်စိတန်ခိုး ကြီးမားလာလေလေ ဖြစ်၏။

ဤကဲ့သို့ တစတစ ကျင့်စဉ် မျက်တောင်ညောင်း၍ ခတ်ချင် မှိတ်ချင်လာလျှင် မျက်ခွံကို အသာမ ပင့်ပေးနိုင် သည်။ မျက်ရည်များကျ၍ မျက်စ်စပ်လာလျှင် ဆက်လက်၍ မကြည့်နိုင်ပုံ ပေါက်က ရေအေးအေးနှင့် မျက်နှာ သစ်ပေးပါလေ။ နေ့စဉ် ရက်မပျက်ဘဲ အချိန်မှန်မှန် လေ့ကျင့်ရမည်။

ဤကဲ့သို့ စိုက်ကြည့်လျှက် ကျင့်နေစဉ် စိတ်ဇော ထက်သန်စွာဖြင့် “ငါ၏ မျက်စိများသည် တစ်နေ့ထက် တစ်နေ့ ထက်သန်လာပြီ။ ငါသည် တစ်နေ့ထက် တစ်နေ့ ကြာကြာကြည့်နိုင်လာပြီ။ ငါ၏ မျက်စိများသည် တစ်နေ့ထက် တစ်နေ့ စူးရှထက်မျက်၍ တန်ခိုးအရှိန် ကြီးမားလာပြီ။ ငါသည် မျက်တောင် မခတ်ဘဲ နာရီပေါင်း များစွာ ကြည့် နိုင်သည်။ ငါ၏ ထက်မျက် စူးရှသော မျက်စိများ၏ အရှိန်ကို မည်သူ တစ်စုံ တစ်ဦး တစ်ယောက်မျှ မခံမရပ် နိုင်တော့ပြီ။ ငါသည် လူတိုင်းကို ငါ၏ ထက်မြက်သော မျက်စိဖြင့် ညှို့နိုင်ပြီ...အမိန်ပေးနိုင်ပြီ စသည်ဖြင့် စိတ်ထဲ က တွေးထင်ရမည်။

မိတ်ဆွေ သင်သည် ဤစာမူကို ဖတ်မိသည့် အချိန်မှ စ၍ ဤကျင့်စဉ်အား လေ့ကျင့်ကြည့်ပါလေ။ သင်၏ ဘ၀ ဖြတ်သန်းရသော အချိန်ကာလများတွင် ထူးခြားစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့်...

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၁၃)

ကိုယ်လက်အင်္ဂါ ငြိမ်သက်ခြင်း

ကိုယ်လက်အင်္ဂါ အလဟဿ လှုပ်ရှားနေခြင်းသည် သံလိုက်ဓာတ် အား အရှိန် ယုတ်လျော့ စေကြောင်းကို ဖော်ပြခဲ လေပြီဒကိုယ်အင်္ဂါတွင် တစ်စုံတဏ်ရာ အကြောင်းမဲ့ စိတ်မပါဘဲ သတိလွတ်စွာ လှုပ်ရှားနေခြင်းသည် အား ကို ယုတ် လျော့စေသည်။ ဥပမာ... ဒူးနှန့်နေခြင်း ၊ လက်လှုပ်နေခြင်း ၊ ခေါင်းညိတ်နေခြင်း စသည်တို့ ဖြစ်လေသည်။

သံလိုက်ဓာတ်ရှိသောသူမှာ တစ်နေရာတည်း ကိုယ်လက်အင်္ဂါ လှုပ်ရှားခြင်း မရှိဘဲ အတော်ကြာ ဣနြေ္ဒရရ ထိုင်နေ နိုင်ရမည်။ လေ့ကျင့်ရန်မှာ အိပ်ယာပေါ်တွင် ပက်လက်လှန်ပြီး တစ်ကိုယ်လုံး အကြော အချင်များကို လျှော့၍ ငြိမ်သက်စွာနေရမည်။

ထိုကဲ့သို့ နေစဉ် မိမိလက်များနှင့် ခြေများမှာ သစ်တုံးများကဲ့သို့ ငြိမ်သက်စွာ နေစေရမည်။ ထိုအခါ ထါက်သက် ၀င်သက် မှန်မှန်ရှူ၍ “ငါသည် မည်သည့်အခါမဆို ဤကဲ့သို့ မလှုပ်ရှားဘဲ ငြိမ်သက်စွာ နေနိုင်၏”ဟု စိတ်ထဲက ပြဋ္ဌာန်းရမည်။ ထိုင်လျှက်လည်း ကျင်နိုင်သည်။

ကိုယ်အရှိန် တန်ခိုး

လူတိုင်း၌ ကိုယ်အရှိန် တန်ခိုးရှိကြောင်းကို ဖော်ပြခဲ့လေပြီ။ ၎င်းကိုယ်အရှိန်ဓာတ် ထက်မြက်အောင် အောက်ပါအ တိုင်း လေ့လာရမည်။ ညအိပ်ယာဝင်သောအခါ အိပ်လျှက် မျက်စိများ မှိတ်ပြီး ထွက်သက် ၀င်သက် မှန်မှန် လေးငါးခြောက်ခါလောက် ရှူလေ။ ထိုအခါ သင်၏ စိတ်သည် ငြိမ်သက်လာလိမ့်မည်။

နောက် စိတ်ထဲ၌ တွေးထင် ရမည်မှာ မိမိသည် ကမ္ဘာ၏ အလယ်ဗဟိုတွင် တည်နေသကဲ့သို့ အနီးအနား၌ရှိသော အရာဝတ္ထုများကို လျစ်လျူ ရှု့ပစ်ရမည်။ ထို့နောက် မိမိကိုယ် ပတ်ဝန်းကျင်၌ အေးမြသော အရှိန်များ ဖြာထွက်နေသကဲ့သို့ ထင်မှတ်ရမည်။ နောက် စိတ်ထဲ၌ ဤငါ၏ အေးမြသော ကိုယ်ရှိန်စက်ကွင်း၌ ၀င်မိသောသူတိုင်းသည် အေးမြသော စိတ်ဖြစ်၍ ငါ့ကို ရိုသေချစ်ခင်ရမည်ဟု ယုံကြည်ရမည်။

သံလိုက်ဓာတ်အသုံးပြုနည်း

သံလိုက်ဓာတ်ကို အသုံးပြုရာ၌ မိမိကိုယ်ကို ယုံကြည်စိတ်ချခြင်းသည် လိုသည်။ “ငါသည် မုချ အောင်မြင်ရမည်။ ငါသည် တွေ့ဆုံကြုံကြိုက်သော သူတိုင်းကို ငါ၏အလိုသို့ ဆွဲယူနိုင်သည်” ဟူသော စိတ်ရှိရမည်။ ပရိသတ် အ လယ်တွင် မိမိ၏ သံလိုက်ဓာတ်အရှိန်ကို အသုံးပြုလိုသော အခါ စိတ်ထဲက ယခု ငါ၏ သံလိုက်ဓာတ် အရှိန်စက် ကွင်းသို့ အားလုံးလူများသည် မိနေလေပြီ။ ငါပြောရာကို လိုက်နာရမည်။ ငါ၏ အလိုသို့ လိုက်နာရမည် စသည်ဖြင့် စိတ်ထဲ၌ ဇောထက်သန်စွာ ယုံကြည်ရမည်။

တစ်ဦး တစ်ယောက် အပေါ်၌သာ အသုံးပြုလိုလျှင် ထိုသူဆီသို့ သွားသောအခါ “သင်သည် ငါ၏ အလိုသို့ လိုက်နာရမည်” ဟုစိတ်ထဲ၌ ပြောရမည်။ နောက် စကားပြော သောအခါ ထိုသူ သဘောကျတတ်သော အချက်ကစ၍ ပြောဆိုပြီးလျှင် လိုရာအခက်ကို ရောက်လျှင် သင်၏ ကြည်လင် သော မျက်စိများဖြင့် သူ၏ မျက်နှာပေါ် နှာခေါင်းရင်း မျက်စိနှစ်လုံးကြားသို့ စိုက်ကြည့်လျှက် ပြောဆိုရာကို မုချ လိုက်ပါရမည်ဟု ယုံကြည်သောစိတ်နှင့် ပြောရမည်။ ထိုအခါ၌ သူသည် သင့်ကို ပြန်မကြည့်လျှင် သင်က အခြားနေရာကို လွဲကြည့်လိုက်ပါက သင်၏ မျက်နှာသို့ သူသည် ကြည့်လိမ့်မည်။ ထိုအခါ သင်လိုရာကို ပြောဆိုလေ။

အောင်မြင်ခြင်း

ဤကဲ့သို့ သံလိုက်ဓာတ်ကို အလုပ်အကိုင်၌ဖြစ်စေ အခြားနေရာများ၌ဖြစ်စေ အသုံးချခြင်းဖြင့် သင်သည် အစစအရာရာ၌ အောင်မြင်လာမည်ဖြစ်ပါကြောင်း............

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၁၂)

ကိုယ်အင်္ဂါ ပုံပန်းကို ပြုပြင်ခြင်း

သံလိုက်ဓာတ်ရှိသောသူ၏ ကိုယ်အင်္ဂါ ပုံပန်းမှာလည်း ထူးခြားသဖြင့် ၎င်းပုံပန်းကို ဖြစ်စေရန် အောက်ပါအတိုင်း နေ့စဉ် လေံကျင်ရမည်။ လေကောင်းလေသန့်ရှိသော နေရာတွင် မတ်တတ်ရပ်လျှက် ဘေးတွင် တွဲလောင်းချထား သောလက်များကို ဆန့်လျှက်ပင် အထက်ခေါင်းပေါ်သို့ ဘေးမှ မြှောက်တင်နေစဉ် ၀င်သက်ရှူသွင်းရမည်။

လက်များကို ပြန်ချသောအခါ ၀င်သက်ရှူထုပ်ရမည်။ ဖြာ်းဖြည်း ပြုလုပ်ရမည်။ ဤကဲ့သို့ ထွက်သက် ၀င်သက်နှင့် ကိုယ်အင်္ဂါ လှုပ်ရှားမှု့ကို လေ့လာစဉ် မိမိရှေ့၌ ကိုယ်လုံးပေါ်မှန်ကြီး ထား၍ မှန်ထဲသို့ ကြည့်လျှက် ပြုလုပ်လျှင်လည်း ကောင်းသည်။ ဤကဲ့သို့ နေ့စဉ် နံက်ဖြစ်စေ ညဖြစ်စေ လေ့ကျင့်ပါက မကြာမီ ကိုယ်ဟန်အမူအရာ ပြောင်လဲလာသည်ကို တွေ့ရလိမ့်မည်။

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၁၁)

သံလိုက်ဓာတ်ရှိသောသူ၏ကိုယ်ဟန်အမူအရာ

ညှို့မျက်လုံးကျင့်စဉ်

သံလိုက်ဓာတ်ရှိသောသူ၏ ထူးခြားသော ကိုယ်ဟန်အမူအရာတို့တွင် မျက်စိသည် အရေးအကြီးဆုံး ဖြစ်၏။ သံလိုက်ဓာတ် ရှိသောသူ၏ မျက်လုံးများမှာ ကြည်လင်၍ မျက်နှာ၏ ကျက်သရေကို ဖြစ်စေ၏။ ဤကဲ့သို့ မျက်စိ ရှိအောင် အောက်ပါအတိုင်း လေ့လာရမည်။

မိမိရှေ့တွင် မှန်တစ်ချပ်ကို ထောင်၍ မျက်နှာကို ရွှင်ပြစွာ ထားပြီးလျှင် မှန်ထဲရှိ မျက်နှာအပေါ် မှန်ထဲရှိ မျက်နျာအပေါ် နှခေါင်းရင်း မျက်စိနှစ်လုံးကြားသို့ စိုက်ကြည့်နေရမည်။ ၎င်းနှခေါင်းရင်း မျက်စိနှစ်လုံးကြားတွင် အမှတ်ကလေး တစ်ခုခု ပြုလုပ်ထားလျှင် ကောင်းသည်။

ဤကဲ့သို့ ကြာကြာ ကြည့်နိုင်သလောက် ကြည့်ရမည်။ တစ်နေ့လျှင် ၁၅-မိနစ်ထက်မနည်း နေ့စဉ်လေ့လာသွားပါက တနင်္ဂနွေတစ်ပတ်လောက် ကြာလျှင်ပင် သင်၏ မျက်စိအရှိန်သည် ကြည်လင်တောက်ပ၍ လာကြောင်းကို တွေ့ရလိမ့်မည်။

စိတ်တန်ခိုးကျင့်စဉ်အပိုင်း(၁၀)

သံလိုက်ဒာတ် မြဲမြံစေခြင်း

သံလိုက်ဓာတ်သည် ကိုယ်ကာယ၏ အရှိန်ဓာတ်ဖြစ်၏။ ၎င်းအရှိန်သည် လူတိုင်း၌ နည်းများမဟူ ရှိသော်လည်း အချို့မှာ လူအနည်းငယ်၏ အပေါ်မှာသာ လွမ်းမိုးနိုင်၍ အချို့မှာ တွေ့ဆုံ ကြုံကြိုက်သော သူတိုင်း၏ အပေါ်၌ လွမ်းမိုးနိုင်လေသည်။ ၎င်းကာယ၏ အရှိန်ဓာတ်သည် ကျန်းမာသောအခါ သာ၍ထက်မြက်၏။ ထို့ကြောင့် ကျန်းမာခြင်းကို အထူးဂရုစိုက်ရမည်။ ကိုယ်လက် အစဉ်ကျန်မာအောင် ကျန်းမာရေးလမ်းညွန်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။ ကိုယ်လက် အစဉ်ကျန်းမာမှသာ သံလိုက်ဓာတ်ပွားများ၍ အမြဲတည်၏။ အစားအသောက် အအိပ်အနေတို့ကို ဆင်ခြင်တိုင်းထွာ၍ စားသောက်နေထိုင်ရမည်။

အပြည့်အစုံဆက်လက်ဖတ်ရန်...