ကောင်းတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

လာလည်ကြသော မိတ်ဆွေများခင်ဗျား....
ဟင်းကောင်းလေးတွေ စားရတော့လဲ ကိုယ်နဲ့ ခင်မင်ရာခင်မင်ကြောင်း မိတ်ဆွေအပေါင်းအသင်းများကို သတိယ မိတတ်ကြတာ သဘာဝပဲ မဟုတ်လားဗျာ။ အဲဒီတော့ စိန်ထက်တန်ဖိုးကြီးတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်လိုတဲ့ဆန္ဒနဲ့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ ညာဘက်ဆိုက်ဘားမှာလဲ ပေးထားပါတယ်။ အောက်မှာလဲ ဒေါင်းလို့ရပါတယ် အဘမင်းသိင်္ခ၏ မေတ္တာပို့အခွေရယ်၊ အဘမင်းသိင်္ခ၏အသံဖိုင်နဲ့ ဓနသိဒ္ဓိကျင့်စဉ်ရယ် ဒေါင်းယူကြပါ။ လိုက်ကျင့်ကြပါ။ အောင်မြင်အောင် ကြိုးစားကြပါလို့ လေးနက်စွာ တိုက်တွန်းလိုက်ပါတယ်။

အဘမင်းသိင်္ခ၏မေတ္တာပို့အခွေ......... ဒီမှာယူပါ။
အဘမင်းသိင်္ခ၏ဓနသိဒ္ဓိကျင့်စဉ်အပိုင်း(၁)အသံဖိုင်......ဒီမှာယူပါ။
အဘမင်းသိင်္ခ၏ဓနသိဒ္ဓိကျင့်စဉ်အပိုင်း(၂)အသံဖိုင်......ဒီမှာယူပါ။
အဘမင်းသိင်္ခ၏ဓနသိဒ္ဓိကျင့်စဉ်အပိုင်း(၃)အသံဖိုင်......ဒီမှာယူပါ။
အဘမင်းသိင်္ခ၏ဓနသိဒ္ဓိကျင့်စဉ်အပိုင်း(၄)အသံဖိုင်......ဒီမှာယူပါ။

အပြည့်အစုံဆက်လက်ဖတ်ရန်...

ဆရာသို့ ပေးစာ

Good morning ပါ ဆရာ....

ဆရာကတော့ ကျွန်တော်ကို မှတ်မိချင်မှ မှတ်မိပါလိမ့်မယ်။
ဆရာ့ဆီကို ကျွန်တော် 2 ခေါက် လာဖူးပါတယ်။
ဆရာက ကျွန်တော့်ကို ယတြာ 4 မျိုး give လိုက်ပါတယ်။
3 မျိုးကတော့ ကျွန်တော် do ပြီးပါပြီ။
တော်တော်လည်း ok ပါတယ်ဆရာ။
ပထမတုန်းက ဆရာ့ ယတြာတွေ ဒီလောက် good မယ် မထင်ဘူး။
လက်တွေ့ လုပ်ကြည့်တော့ verry good တာပဲ ဆရာရဲ့။
ဆရာ့ကို အထင်လွဲခဲ့မိတဲ့အတွက် sorry နော်ဆရာ...
ယတြာ 1 မျိုးကတော့ ပန်း 2 မျိုး ရှာမရလို့ အခုထိ မ do ရသေးဘူးဆရာ။
နှင်းဆီ black ရောင် 7 ပွင့်နဲ့ မေမြို့ပန်း white ရောင် 5 ပွင့်ကို sat နေ့ morning 7;00 AM နာရီမှာ ဘုရား 1 ဆူဆူရဲ့ thu < မှာ လှူရမယ်လို့ ဆရာ မှာထားတယ်လေ။
နှင်းဆီ black ရောင်က ရှာလို့ မရဘူးဆရာရဲ့။
မေမြို့ flower ကလည်း ဒီ time မှာ မပေါ်ဘူးလေ ဆရာရဲ့
အဲဒါကြောင့် ဆရာ့ယတြာကို change ပေးလို့ ရမရ question လှမ်းလုပ်တာ။
ဒီ letter ရရခြင်း letter လေး 1 ကြောင်း 2 ကြောင်းလောက် ပြန် write ပေးပါ ဆရာရယ်...

The end
TeacherPupil
Mg Htun Linn

ဘာရယ်ဟုတ်ပါဘူးဗျာ..
ဆရာဇင်ယော်နီ စာအုပ်ထဲမှာ ဖတ်ရတာလေး သဘောကျလို့ တင်လိုက်တာပါ။
ပျော်ရွှင်ပါစေ....

အပြည့်အစုံဆက်လက်ဖတ်ရန်...

မေ့ မနေခဲ့ပါ..........

ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေသော ဆရာတော် သံဃာတော်များအား
သုံးတန်စေတနာ ခိုင်မာစွာ ပြဋ္ဌာန်း၍
ကာလဒါနဟု ခေါ်တွင်သော ၀ါဆိုသင်္ကန်း ကပ်လှူခဲ့ပါတယ်။

ထိုနေ့က ကျွန်ုပ်နှင့်အတူ ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ ရောက်ရှိနေသော
မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားတစ်ရာလောက်က
သူတို့ရဲ့ ချွေးနှဲစာလေးတွေနဲ့ စုပေါင်းပြီး ကောင်းမှု့ပြုခဲ့ကြပါတယ်။

ထို့ကြောင့် ကျွန်ုပ်တို့၏မွန်မြတ်လှစွာသော
ကုသိုလ်ကောင်းမှု့ အစုစုတို့၏ အဖို့ကို
သင်တို့အား အမျှအတန်းပေးဝေပါကြောင်း...

ဘ၀အကျိုးပေး အခြေအနေကြောင့် မည်သည့်နေရာသို့
ရောက်နေသည်ဖြစ်ပါစေ...
ကျွန်ုပ်တို့သည် စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များသာ......

အပြည့်အစုံဆက်လက်ဖတ်ရန်...

အွန်လိုင်းပေါ်က ဘလော့နည်းပညာများ

ကျွန်တော်က စာသိပ် မတတ်ပါဘူး... ဒါပေမဲ့ ကလိရတာ ၀ါသနာ အရမ်းပါတယ်...(ဘလော့ကို ပြောတာပါ) ဒါကြောင့် နည်းပညာ ဆိုက်တွေ သွားရင် အရင်ဆုံး bloger Help အထဲကို အရင်ဝင်တော့တာ...ပြီးရင် ဆရာတွေ (ကျွန်တော် သတ်မှတ်ထားတာပါ ) ပြောတဲ့ အတိုင်း လိုက် ကလိတော့တာ...အစတုန်းက ဆိုရင် တန်းပလိပ် တွေ ခဏခဏ ပြောင်းရတယ်....။ ပျက်ပျက်သွားတယ်...။ နောက်တော့လည်း အောင်မြင် သွားတယ်။

ဒါပါပဲ...ဘ၀ဆိုတာ လဲကျတိုင်း လဲကျတိုင်း ပြန်ထနိုင်တာ ကိုပြောတာပဲ မဟုတ်လားဗျာ...ကျွန်တော် ပြောချင်တာက...ကျွန်တော် အတုခိုး နေကျ ဘလော့ ဆိုက်တွေက နည်းပညာ တွေကို စုပေါင်းပြီး တင် ထားတယ်...ဒါပေမဲ့ ကျွန်တော် ရေးထားတာ ကျွန်တော်ရဲ့ ကိုယ်ပိုင် အဲဒီလို မလုပ်ထားပါဘူး...။ ဒါ ကျွန်တော် ရဲ့ရိုးသားမှု့...။

လင့်တွေကိုလည်း မူရင်းဆိုက် တွေကိုပဲ ညွန်းထားပါတယ်။ မယုံရင် နှိပ်ကြည့်ပါဗျာ. ဆရာသမားတွေလည်း ခွင့်ပြုလိမ့်မယ် ထင်ပါတယ်....ဒါ အစပဲ ရှိပါသေးတယ်...တဖြည်းဖြည်း တွေ့သမျှ ထပ်ထည့်ပေးသွားမှာပါ...။

အကယ်၍ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်ုပ်ကဲ့သို့ စာတစ်လုံးမှ မတတ်ဘဲ ဘလော့ တစ်ခု စတင် ရေးသားချင် သည့် ကျွန်ုပ်ကဲ့သို့ အူကြောင်ကြောင် လူတစ်ယောက် ရောက်ရှိလာပါက အသုံးပြု၍ ရအောင် ကြိုတင်ပြင်ဆင် ထားသည်ဖြစ်ပါကြောင်း.....

အပြည့်အစုံဆက်လက်ဖတ်ရန်...