DON'T LOOK BACK.
ဘ၀ခရီးစဉ်ကြီး နှင်နေစဉ်
တစ်စုံတစ်ခုအတွက် ဆုံးဖြတ်ချက်များ
ချမှတ်ပေးရမည့် အချိန်အခါမျိုး ကြုံရတတ်သည်။
ရွေးချယ်ရခက်နေပြီလား။
အဖြေရှာပါးနေပြီလား။
မိမိ အစီအစဉ်တကျ
ပြင်ဆင်လုပ်ကိုင်နေမှု့များ
ပျက်ရတော့မလိုလို ဖြစ်နေပြီလား။
မဖြစ်နိုင်တော့ပါဘူးဟု ထင်နေပြီလား။
မိမိလုပ်နိုင်မည့်
အခြေအနေတစ်ချို့ ရှိပါသေးသည်။
ဖြစ်ချင်တာတွေ ဖြစ်ပလေ့စေ။
မိမိ လုပ်နေတာကို ဆက်လုပ်သွာဖို့ပင် ဖြစ်သည်။
သတ္တိစိတ်ကို မွေးမြူပါ။
မိမိ၏ ရည်မှန်းချက်ရှိရာသို့ ရှေ့ရှု့မည့်
ဦးတည်ချက်ကို ရွေးချယ်ချယ်လိုက်ပါ။
ကဲ.....ဒုက္ခပေါင်းစုံကို
ထုပ်ပိုးထားလိုက်။
ရှေ့ကို ခြေတစ်လှမ်း စလှမ်းလိုက်ပါ။
အပြောင်းအလဲ လုပ်ခါစတွင်
ကြမ်းတမ်းခက်ခဲမှု့ ရှိနိုင်သည်။
မိမိကိုယ် မိမိ ကြံ့ကြံ့ခိုင်နိုင်အောင်
ပြင်ဆင်ထားပြီးပြီလား။
ရှေ့ကို ရင်ဆိုင်ရမည့် စိတ်လှုပ်ရှားဖွယ်
အကြောင်း အချက်အားလုံကို
စဉ်းစားကြည့်လိုက်ပါ။
ဟိုး...ရှေးတစ်ကွေ့တွင်
မိမိ တစ်ခါမျှ မတွေးမိခဲ့သော
စွန့်စားခန်းများက
အသင့် စောင်ကြိုနေနိုင်သည်။
မိမ နားမလည်နိုင်သော နည်းမျိုးဖြင့်
မိမိ၏ ဆန္ဒများနှင့် စိတ်ကူးယဉ် အိပ်မက်များလည်း
ပြည့်ဝ မှန်ကန်လာနိုင်သည်။
မိမိ၏အနေအထားကို စိန်ခေါ်ရင်း
စိတ်ဝင်စားမှု့ အသစ်များမှ
မိတ်ကောင်း ဆွေကောင်းများ ထွက်ပေါ်လာနိုင်သည်။
မိမိဘ၀တွင် ရွေးချယ်စရာများစွာ
ရှိနေကြောင်း သိနားလည်ထားပါ။
မိမိ ကြီးထွားလာစေနိုင်မည့်
နည်းလမ်းများစွာလည်း ရှိနေကြာင်း သိထားပါ။
မိမိ တစ်သက်တာတွင်
ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်မထားသော
နေရာ ဒေသများသို့ ရောက်လျှင်ရောက်သွားနိုင်သည်။
မိမိတစ်ခါမျှ မမြင်ဘူးသည့် အရာများ
မြင်ချင်မြင်နိုင်သည်။
လမ်း ခုလတ်တွင်
ကြီးကျယ် ခန်းနား ဝေးလံ ခေါင်းပါး ကမ္ဘာလောကမျယားနှင့်
အံ့သြစရာ နေရာဒေသများသို့ပင်
ရောက်ချင်ရောက်သွားနိုင်သေးသည်။
ထိုနေရာ ထိုဒေသမျိုးတွင်
တစ်ဦးတစ်ယောက်အတွက် အထူးသီးသန့်
တစ်စုံ တစ်ယောက်၏
လှိုက်လှဲ ကြိုဆိုမှု့ ၊ မြတ်နိုးချစ်ခင်မှုနှင့်
အလေးတစ်ယူ ဂရုစိုက်မှု့တို့ကို
ရရှိခံစားချင် ခံစားနိုင်သည်။
ထိုသူ၏ ကျေးဇူးကြောင့်
စိတ်တည်တည်ငြိမ်ငြိမ် နေတတ်သွားပြီး
သူနှင့် မျှဝေပြီး အဖြစ်အပျက်များ ခံစားချက်များကို
စိတ်ပါဝင်စားစွာ နားထောင်တတ်သွားနိုင်သည်။
မိမိ၏ မိတ်ဆွေများသည်
မိမိ လုပ်ကိုင် ဆောင်ရွက်သမျှအတွက်
ထောက်ခံ အားပေးတတ်ကြပါကလားဟု
သိမြင်သဘောပေါက်သွားပြီး
စိတ်သက်သာမှုလည်း
တွေ့ချင် တွေ့သွားနိုင်သည်။
မိမိ မည်သည့် ကိစ္စအတွက်မဆို
ဆုံးဖြတ်ချက်များ ချမှတ်တိုင်း
ထိုမိတ်ဆွေများက
မိမိအတွက် အမှန်တရားများ
ရွေးချယ်ပေးလိမ့်မည်ဟုလည်း ယုံကြည်မိနိုင်သည်။
ထို့အတွက်
ခြေတစ်ဖက်ရှေ့တွင်
ခြေတစ်လှမ်းကို စလှမ်းလိုက်ပါ။
နိစ္စဒူဝ ဘ၀ခရီးစဉ်ကို
တစ်နေ့ပြီး တစ်နေ့
နှင်သွားပါလေတော့။
ရှေ့ဘက်လမ်းအဆုံးတွင်
ပိုမိုတောက်ပ ကောင်းမွန်သည့်
အနာဂါတ်တစ်ခု ရှိနေလေသည်။
လာလမ်းကို ပြန်လှည့်မကြည့်ပါနှင့်။
မိမိသည်
နောက်ကြာင်းကို ပြန်လှည့်တော့မည်
မဟုတ်သောကြောင့်ပင် မဟုတ်ပါလား
မူရင်း=ဇော်ဟန်ဇော်
အဘပြောဘူးတဲ့ အနားယူခြင်းပုံပြင်
အဲဒီ စစ်သူရဲကောင်းကြီးကလည်း အဲဒီ သူတောင်းစား ဒိုင်အိုဂျင်ကို သိပါတယ်။ အဲဒီဒိုင်အိုဂျင်ဟာ ကိုယ်လုံးကိုယ် ပေါက် အလွန်လှတယ်။ မျက်နှာကလည်း ဥပဓိရုပ် အလွန်ကောင်းတယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်း ဒါးသဂရိတ်က...“ အို.... ဆရာသမား၊ ကျုပ် ဘာများ ခင်ဗျားအတွက် လုပ်ပေးရမလဲ ” လို့ ရိသဲ့သဲ့ စကားမျိုးနဲ့ မေး လိုက်တယ်။
အဲဒီ အခါမှာ သူတောင်းစား ဒိုင်အိုဂျင်က “ အလက်ဇင်းဒါးသဂရိတ် ဆိုတဲ့ လူကို ပြောချင်တာက ဘာမှ လုပ်မ ပေးပါနဲ့။ ဒီနားက နည်းနည်း ဖယ်ပေးစမ်းပါ။ နေဆာလှုံနေတာ အရိပ်ကွယ်လို့ပါ။ ဒီ့အပြင် ဘာမှ လုပ်ပေးစရာ မလိုပါဘူး ” လို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်းဒါး သဂရိတ်က နေရိပ်မကွယ် အောင် နေရာ ဖယ်ပေးလိုက်တယ်။
အဲဒီအခါမှာ သူတောင်း ဒိုင်အိုဂျင်က “ တလောတုန်းက တပ်တွေ ပြင်နေတာကို ကျုပ်တွေ့ရတယ်။ အဲဒါ ဘာ လုပ်မလို့လဲ ” လို့ မေးလိုက်တယ်။ အဲဒီတော့ အလက်ဇင်းဒါး သဂရိတ်က တခြား မဟုတ်ပါဘူး ဒိုင်အိုဂျင်ရယ်။ အိန္ဒိယကို တိုက်မလို့ ။ အိန္ဒိယကို တိုက်လို့ နိုင်ပြီဆိုရင် ကမ္ဘာတစ်ခုလုံးကို နိုင်တာနဲ့ အတူတူပဲ” လို့ ပြန်ပြီး ပြော လိုက်တယ်။
အဲဒီအခါမှာ ဒိုင်အိုဂျင်က “ အိန္ဒိယကို နိုင်ပြီပဲ ထားပါတော့ ၊ ဘာလုပ်ဦးမှာလဲ” လို့ အလက်ဇင်းဒါး သဂရိတ်ကို မေးလိုက်တယ်။ အဲဒီအခါမှာ အလက်ဇင်းဒါး သဂရိတ်က “အိန္ဒိယကို အောင်နိုင်ပြီဆိုမှတော့ ကျုပ် အနားယူမှာ ပေါ့” လို့ ပြန်ပြီး ဖြေလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုဂျင်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။
ခင်ဗျားက အရူးပဲ၊ အနားယူဖို့ ကိစ္စမှာ အိန္ဒိယကို အောင်နိုင်ဖို့ ဆိုတဲ့ အကြောင်းမပါဘူး။ ဘယ်သူမဆို အနားယူ ခွင့်ရှိတယ်။ အိန္ဒိယကို အောင်နိုင်မှ အနားယူ ရမယ်လို့ ခင်ဗျားကို ဘယ်လို ဆရာ သမားမျိုးက သင်ပေးလို့လဲဗျာ ဒီမှာ ကြည့်စမ်း။ ခု... ကျုပ် အနားယူနေပြီ၊ အိန္ဒိယကိုလည်း မအောင်နိုင် ပါဘူးဗျာ၊ လွတ်လွတ် လတ်လတ် လပ် လပ် အနားယူခွင့် ကျုပ်မှာရှိတယ်။
ခင်ဗျား နားရမဲ့ အချိန်ဟာ ဒီအချိန်ပဲ။ အိန္ဒိယကို အောင်နိုင်ပြီးမှ နားရမယ် ဆိုရင်တော့ ခင်ဗျားနားရမှာ မဟုတ် ဘူး။ အိန္ဒိယကို အောင်နိုင်ပြီးလည်း တခြား အောင်နိုင်စရာတွေကို ခင်ဗျား လုပ်ရဦးမယ်။ ဘယ်တော့မှ နားရ မယ့် လူစားမျိုးမဟုတ်ဘူး၊ အဲဒီလိုပဲ စစ်ချီရင်း လမ်းမှာ သေရမှာပဲ” လို့ ပယ်ပယ်နယ်နယ်ကြီး ပြောချလိုက်တယ်။ ခင်ဗျား လုပ်ရမယ့် အလုပ်တွေ မပြီးခင် ခင်ဗျားသေမှာ၊ ကျုပ်ပြောတာ မယုံ စောင့်ကြည့်” လို့ ဒိုင်အိုဂျင်က ဆက် ပြီး ပြောလိုက်တယ်။
အဲဒီတော့ အလက်ဇင်းဒါး သဂရိတ်က “ဒိုင်အိုဂျင်းပြောတာ ကျုပ်မှတ်ထားပါမယ် ဒီလို ပြောပြတဲ့ အတွက် ကျေး ဇူးလည်း တင်ပါတယ် ၊ ဒါပေမဲ့ ခုတော့ အိန္ဒိယကို အောင်နိုင်ဖို့ သွားရဦးမယ်ဗျို့” လို့ ပြောပြီး ထွက်သွားတယ်။ အမှန်တကယ်ပဲ အလက်ဇင်းဒါး သဂရိတ်က လမ်းမှာပဲ ဆုံးသွားတယ်။ အိမ်ကို ပြန်မရောက်တော့ဘူး။ အလက် ဇင်းဒါး သဂရိတ် သေဆုံးတဲ့နေ့မှာပဲ ဒိုင်အိုဂျင်းလည်း သေဆုံးသွားပါတယ်။ သူတို့ နှစ်ဦးဟာ သေလွန်ပြီးတဲ့ နောက်ပိုင်း တမလွန် ဘ၀မှာပြန်ပြီးတွေ့ကြတယ်။ အဲဒီအခါမှာ အလက်ဇင်းဒါး သဂရိတ်က ရှက်ကိုး ရှက်ကန်း နဲ့ “ဟော...စစ်သူရဲကောင်းနဲ့ သူတောင်းစားတစ်ဦး ပြန်ပြီး ဆုံကြပြန်ပြီ” လို့ ပြောလိုက်တယ်။
အဲဒီအခါမှာ ဒိုင်အိုဂျင်းက “ပြန်ပြီး ဆုံတာတော့ မှန်တယ်ဗျို့၊ ဒါပေမဲ့ ခင်ဗျာရဲ့ တွေးထင်ချက်တွေဟာ လွဲနေ တယ်။ ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက်ဟာ ဘယ်သူဟာ သူတောင်းစား ၊ ဘယ်သူဟာ ဧကရာဇ် ဖြစ်တယ်ဆိုတာ ခင်ဗျား သဲသဲကွဲကွဲ သဘောပေါက်ပုံ မရဘူး။
ကျုပ်ဟာ လွတ်လတ်တယ်။ ပြီးတော့ ကျုပ်ဘ၀ကို ကျုပ် ကျေနပ်တယ်။ အပြည့်အ၀ အသက်ရှင်တယ်။ ခင်ဗျား ဟာ ဒီလို မဟုတ်ဘူး။ အောင်နိုင်မှု့တွေ အတွက် ကြိုးစားရင်း ခင်ဗျားဘ၀ကို ခင်ဗျား မကျေနပ်ဘူး။ အဲဒီတော့ ခင်ဗျားဟာ အစဉ်သဖြင့် လိုအပ်မှု့တွေနဲ့ ပြည့်လျှမ်းနေတယ်။ ကျုပ်ဟာ ဘာမှ မလိုအပ်ဘူး။ ဒါကြောင့် ကျုပ် ဟာ သူတောင်းစား မဖြစ်နိုင်ဘူး။ ဖြစ်ချင်ဖြစ်ရင် ဟဲ...ဟဲ... မပြောတော့ပါဘူးလေ...လို့ ပြန်ပြီး ပြောလိုက်တယ်။ ပုံပြင်ကတော့ ဒီမှာ အဆုံးသတ်ခဲ့ပါတယ်။
ကျွန်တော်တို့ တတွေကတော့ ဒါကို ပုံပြင်လို့ မယူဆခဲ့ ကြပါဘူး...မိတ်ဆွေတို့ကတော့ ကြိုက်သလို ယူဆနိုင်ပါ ကြောင်း....
မှန်လိုလူ
ကျူးကျော်စော်ကားလာသူအား ဖျောင့်ဖျ ပြောဆိုခြင်းသည် အချဉ်နှီး ဖြစ်၏… ထိုသူတို့အား မိမိရရ ရိုက်နှက်လိုက်ခြင်းသည်သာလျှင် အကောင်းဆုံး ထွက်ပေါက်ဖြစ်ပေသည်… ပုဏ္ဏားဘကွန်း .
ပရဟိတဆိုတာ
ကိုယ်ကျိုးစွန့်၍ သူတစ်ပါး၏ အကျိုးကို ဆောင်ရွက်ဝံ့သူအတွက် ဆွေမျိုး မလိုတော့ပါ.. ပူပန်မည့်သူတွေ…အလျှို အလျှို ပေါ်လာပါလိမ့်မည်.. ပုဏ္ဏားဘကွန်း .
သတိထားပေတော့...
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး အထင်သေးတတ်သော(၀ါ)အထင်ကြီးတတ်သောသူသည် အလိမ်ခံရရန် ရာနှုန်းပြည့် သေချာသကဲ့သို့ သူ၏ စိတ်ဓာတ်၌လည်း သူများကို လိမ်လည်လိုသောစိတ်ထား ငါးဆယ်ရာခိုင်နှုန်း ပါရှိနေသည်။ ပုဏ္ဏားဘကွန်း










