သောကြာသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ

“ဗေဒင်ဟောပါ - သင်မပါစေနဲ့ဟု ဆရာသခင်က ဆုံးမခဲ့ဘူးသည်။ သို့သော်....”



တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ် အားဖြင့် ၂၂- နှစ်အရွယ်ရှိသော အင်မတန် ချောမောလှပသော မစံပယ်ဟု အမည်ရသော မိန်းကလေး တစ်ဦးသည် လွန်စွာလေးလံနေသော ခြေလှမ်းများဖြင့် ၀င်ရောက် လာလေတော့၏။



ထိုမိန်းကလေးသည် ကျွန်ုပ်ထံတွင် ဗေဒင်မေးမြန်းလို၍ ရောက်ရှိလာခြင်းဖြစ်၏။ ဗေဒင်မေးသည် ဆိုရာ၌ အဓိကအားဖြင့် သူမ၏ အိမ်ထောင်ရေးကို သိရှိလို၍ လာရောက်ခဲ့ခြင်းပင် ဖြစ်လေ၏။ ဤနေရာ၌ မစံပယ်၏ အကြောင်းကို အနည်းငယ်မျှ ပြောပြရန် လိုအပ်ပါသည်။ မစံပယ်သည် ရှမ်းပြည်နယ် တောင်ကြီးဘက်မှ ဖြစ်၏။ သူမ၏ အသားအရည်သည် ၀င်းပ၏။ အရပ်အမောင်း ကောင်း၏။ နှာတံပေါ်၏။ တိုင်းရင်းသူ ဖြစ်သောကြောင့် မျက်နှာ အနည်းငယ်လေးဒေါင့် ဆန်၏။



အကျဉ်းချုပ်ပြောရပါမူ ထိုမိန်းကလေးသည် လွန်စွာ ကြည့်၍ကောင်း၏။ အင်မတန် ချောမောလှပ၍ တင့်တယ်သော ထိုမိန်းကလေးသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ သူမ၏ အိမ်ထောင်ရေး အကြောင်းကို သိရှိလိုသောကြောင့် ရောက်ရှိလာခဲ့လေ၏။ သူမ၏အသက်သည် (၂၂)နှစ်ရှိပြီ ဖြစ်၏။ အသက် ၂၁နှစ်တွင် အိမ်ထောင် ကျခဲ့၍ အိမ်ထောင်သက် (၈)လလောက် အရောက်တွင် သူမ၏ အမျိုးသားသည် သူမအား ထားပစ်ခဲ့၍ အိမ်မှ အပြီးအပိုင် ထွက်သွားခဲ့သည်ဟု သိရ၏။ သူမ၏ အကြောင်းကို ထိုကဲ့သို့ ပြောပြလေသော အခိုက်တွင် ကျွန်ုပ်၏ စိတ်တွင် ဤမျှလောက် ချောမောလှပသော ထိုအမျိုးသမီးကို စွန်ပစ်ထားရစ်ခဲ့သော ၎င်း၏ အမျိုးသားကို နားမလည်နိုင် ဖြစ်မိလေ၏။ ထို့နောက် ကျွန်ုပ်၏ စိတ်သည် စွန့်ထားခံခဲ့ရသော မိန်းကလေးကိုပင် ဂရုဏာ သက်မိလေ၏။ ထို့နောက် မစံပယ်က ...



သူ အိမ်က ထွက်သွားတာ တစ်လလောက် ရှိပြီဆရာ။ အခုဆိုရင် ကျွန်မ တစ်ယောက်တည်း ဘ၀ကို ဖြစ်သလို ဖြတ်သန်းနေရတာ။ ပတ်ဝန်းကျင်ကလည်း ကျွန်မကို အထင်သေးပြီး အတင်းတွေ ဘာတွေတောင် ပြောကြတယ်။ ကျွန်မဖြင့် အရမ်း အားငယ်တာပဲ ဆရာရယ်ဟု မျက်လုံး၌ မျက်ရည်စများ ရစ်ဝဲလျှက် ပြောလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ စိတ်အစဉ်သည် ငြိမ်သက်နေသော ညောင်ဗုဒ္ဓဟေပင်ကို လေပြင်းတိုက်ခတ်သကဲ့သို့၎င်း၊ တည်ငြိမ်နေသော ကန်ရေပြင်ကို ခဲကြီးကြီး ပစ်ချလိုက်သကဲ့သို့၎င်း သနားစရာ ကောင်းသော မစံပယ်ဟူသော အမျိုးသမီးကို လွနိစွာသနားဂရုဏာ ဖြစ်မိသွားလေ၏။



ကျွန်ုပ်သည် ထိုမိန်းကလေးအား တားရော့ကဒ်များဖြင့် ကြည့်ပေးလိုက်လေ၏။ အိမ်ထောင်ရေး ကံဇာတာမှာ လွန်စွာ မကောင်းကြောင်း အိမ်ထောင်ဘက် အမျိုးသားမှာ ပြန်လာမည်ဟု မမြင်ကြောင်း ။ သူမအား အပြီးအပိုင် စွန့်လွှတ်သွားတာ ဖြစ်ကြောင်း ၊ ဒီလို မပြောချင်ပေမယ့် စိတ်မကောင်းစွာနှင့် ပြောရကြောင်း စသည်ဖြင့် ဟောပေးလိုက်၏။ ထိုအချိန်တွင် ၎င်းမစံပယ်၏ ရစ်ဝဲနေသော မျက်ရည်များသည် ကျွန်ုပ်၏ ဗေဒင်ဟောသော စာပွဲခုံပေါ်သို့ တစ်ပေါက်ခြင်း ကျလာလေတော့၏။ သူမ၏ ငိုသံသည်လည်း တိတ်ဆိတ်နေသော ကျွန်ုပ်၏ အခန်းတွင်းတွင် တဖြေးဖြေး ထွက်ပေါ်လာလေတော့၏။ မစံပယ်နှင့် အဖော်ပါလာသော အမျိုးသမီးတစ်ဦးသည် မစံပယ်အား အနားသို့ကပ်ခါ သတိပေး အားပေးရှာလေ၏။



မစံပယ်က ဆရာရယ်။ ကျွန်မကလေ အိမ်ထောင်ရေး ကံဇာတာ မကောင်းဘူး ထင်ပါတယ်။ အရင် တစ်ယောက်တုန်းကလည်း ဒီလိုပဲ ကျွန်ုပ်မကို ဘာမပြောညာမပြော ပစ်သွားခဲ့တာ။ အခု တစ်ယောက်မကောင်း လို့ နောက်တစ်ယောက်ကို အိမ်ထောာင် ပြုပြန်တော့လည်း အရင် တစ်ယောက်လိုပဲ ကျွန်မကို ပစ်သွားပြန်ပြီ။ ကျွန်မရဲ့ ကံကိုက မကောင်းတာပါရှင်။ အခုတော့ ကျွန်မဘ၀ကို ကျွန်မ ဘယ်လို ဆက်ပြီး ရှင်သန်နေထိုင် သွားရမယ်မှန်းတောင် မသိတော့ပါဘူးရှင်ဟု ပြောသောကြောင့် ကျွန်ုပ်ကလည်း အားမငယ်ပါနဲ့ မစံပယ်ရယ်။ ဘ၀ဆိုတာ ဒီလိုပါပဲ။ ကိုယ်ရည်ရွယ်သလို မဖြစ်တတ်ဘူးလေ။ လူ့လောကကို ၀င်ရောက်လာပြီဆိုကတည်းက ငိုကြွေးတဲ့ အသံတွေနဲ့ ၀င်ရောက်လာခဲ့တာလေ။ ထွက်သွားတဲ့ အချိန်ကြရင်လည်း ငိုသံတွေနဲ့ဆိုတော့၊ ဒီလူ့လောက ကြီးကိုက ငိုကြွေးခြင်းနဲ့ စတင်ပြီး ငိုကြွေးခြင်းနဲ့ပဲ အဆုံးသတ်ရတာကိုပဲ ဘ၀လို့ဆိုသလား မသိပါဘူးမစံပယ်ရယ်ဟု မဆီမဆိုင် စကားများကို ပြောရင်း အားပေးလိုက်လေ၏။



ထို့နောက် မစံပယ်သည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းထဲတွင် ခေတ္တခဏမျှ ထိုင်နေပြီးလျှင် ကျွန်ုပ်အား နှုတ်ဆက်လျှက် ပြန်သွားလေတော့၏။ ကျွန်ုပ်အား ကျောခိုင်းထွက်ခွါသွားသော မစံပယ်၏ ကျောပြင်အား ငေးမောကြည့်မိရင်း အနာဂါတ်မှာ ကံကောင်းပါစေ မိန်းကလေးရေဟု စိတ်ထဲမှ ဆုတောင်းပေးလိုက်လေ၏။



ကျွန်ုပ်၏ ဗေဒင်ဟောခန်းမှ မစံပယ်လည်း ပြန်သွားပြီဖြစ်၏။ ကျန်နေသေးသော ဧည့်သည် သုံးလေးယောက်ကို ကျွန်ုပ်လည်း ဆက်လက်၍ ဗေဒင်ဟောပေးလိုက်၏။ ထိုဧည့်သည် သုံးလေးယောက် ပြန်သွားသောအခါတွင် ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်တည်း ကျန်နေတော့၏။ ထိုအချိန်တွင် လွန်စွာ သနားဖွယ်ကောင်း သော မစံပယ်၏ မျက်နှာလေးသည် ကျွန်ုပ်၏ အာရုံထဲတွင် ပြန်ပေါ်လာပြီးလျှင် ကျွန်ုပ်လည်း အောက်ပါအတိုင်း ဆက်လက်တွေးနေမိတော့၏။



အော်... မစံပယ်ဆိုတဲ့ မိန်းကလေးက ဘယ်မှာ နေတာလဲ မသိဘူး။ ယောက်ျားက စွန်ပစ်သွားတာ ဆိုတော့ ထိုင်းနိုင်ငံမှာ တစ်ယောက်တည်း တော်တော် အန္တရာယ်များမှာပဲ။ ပါတ်ဝန်းကျင်ကလည်း အထင်သေးပြီး အတင်းတွေပြောတာ ခံနေရမှာပဲ။ လူတွေကလည်း တော်တော်မကောင်းတာပဲ။ အားနည်းတဲ့လူကို အားပေးမယ်ဆိုတာ မရှိဘူး။ ရေနစ်သူဝါးကူလို့ ထိုးဆိုတာ ဒီလိုမျိုးကိုပြောတာနေမှာ။ သူတို့နေရာမှာ ငါသာဆိုရင် မစံပယ်ကို မကောင်းမပြောပါဘူး။ လိုအပ်တာကိုတောင် ကိုယ်တတ်နိုင်သလောက် ကူညီပေးဦးမှာ။ အင်း တစ်ယောက်တည်း ဆိုရင် ကျန်းမာရေး မကောင်းရင်တော့ ဒုက္ခပဲ။ တစ်ယောက်တည်း သတိတွေ ဘာတွေ လစ်နေရင် လူမသိ သူမသိဘဲ ဒုက္ခဖြစ်နေတော့မှာ။ အင်း ငါကလည်း သတိမေ့တတ်လိုက်တာ။ ဖုံးနံပါတ်လေး တောင် မတောင်းထားလိုက်ရဘူး... စသည်ဖြင့် တောင်စဉ်ရေမရ တွေးနေမိလေတော့၏။ ထိုအတွေးများနှင့် အတူ ကျွန်ုပ်၏ စိတ်အစဉ်သည် လေးလံသွားလေတော့၏။



ကျွန်ုပ်သည် ညနေငါးနာရီလောက်တွင် အလုပ်ကိစ္စများကို ခေတ္တနားလိုက်ပြီးလျှင် တစ်နေကုန် ၀တ်ထားသော ဗေဒင်ဟောသော နီညိုရောင် ယူနီဖောင်းကို လဲဝတ်လိုက်၏။ ထို့နောက် ရေမိုးချိုး၏။ အ၀တ်အစားလဲ၏။ ညနေဘက် အလေ့အကျင့်အရ ဘုရားစင်ကို သန့်ရှင်းရေးလုပ်၏။ ဘုရားသောက်တော်ရေ လဲ၏။ မြတ်ဘုရားအား ဆီမီးထွန်းခြင်း၊ အမွေးနံ့သာများ ကပ်လှူပူဇော်ခြင်း ဘုရားပန်းလဲခြင်း စသော ဘုရား ဝေယျာ ဝေစ္စများကို ပြုလုပ်ပြီးလျှင် ဘုရားရှိခိုး အဓိဋ္ဌာန်ပုတီးစိတ်ရန်အတွက် ဘုရားစင်ရှေ့တွင် ထိုင်လိုက်ပြီးလျှင် မြတ်စွာဘုရားအား လက်အုပ်ချီလိုက်လေ၏။



ထိုအချိန်တွင်ပင် ကျွန်ုပ်၏ အာရုံထဲသို့ မစံပယ်၏ ညှိုးငယ်နေသော မျက်နှာကလေးသည် ဖြတ်ခနဲ့ မဖိတ်ခေါ်ရပါဘဲ ရုတ်တရက် ပေါ်လာလေတော့၏။ ကျွန်ုပ်သည် ဆက်လက်၍ ဘုရားရှိခိုးရန် အတွက် စိတ်ဂနာမငြိမ် ဖြစ်နေတော့၏။ ကိုယ့်စိတ်ကို မနည်းစုစည်းလိုက် ပြန်၍ မစပယ်ထံသို့ လွင့်သွားလိုက် ဖြစ်နေ၏။ ကျွန်ုပ်၏ စိတ်သည် အခါတိုင်းကဲ့သို့ ကြည်ကြည်လင်လင် တက်တက်ကြွကြွ မရှိတော့ဘဲ စိတ်နှင့် ကိုယ်မကပ်ဘဲ ဘုရားရှိခိုး ပြီးသွားလေတော့၏။ အမှန်အတိုင်း ၀န်ခံရလျှင်ပါမူ ဘုရားရှိခိုးသော အချိန်တွင် ကျွန်ုပ်၏ စိတ်အစဉ်သည် မြတ်ဘုရားထံတွင် အာရုံကပ်မနေဘဲ နှုတ်ကသာ ဘုရားစာများကို ကြက်တူရွေးတစ်ကောင် ကဲ့သို့ တတွတ်တွတ် ရွတ်ဆို ပြီးသွားခြင်း ဖြစ်လေတော့၏။



ဘုရား ၀တ်တက်၍ ပြီးသောအခါတွင်လည်း ကျွန်ုပ်သည် ဘုရားစင်ရှေ့မှ မထနိုင်သေးဘဲ ပုတီးကို ရှေ့တွင် ချကာ ငူငူကြီးထိုင်လျှက် မစံပယ်၏ အကြောင်းကို ဆက်လက်၍ တွေးနေမိလေတော့၏။ ထိုကဲ့သို့ စားချိန်တွင်လည်း မစံပယ်အကြောင်း အိပ်ချိန်တွင်လည်း ကောင်းမွန်စွာ မအိပ်စက်နိုင်သေးပဲ မစံပယ် အကြောင်းများကို တောင်စဉ်ရေမရ တွေးတောလျှက် မအိပ်နိုင်သေးဘဲ ရှိလေတော့၏။ မြင်သာထင်သာအောင် ပြောပြရပါမူ သတိနဲ့ကိုယ် မကပ်ခြင်းပင်ဖြစ်၍ သမာဓိဆိုသော စိတ်ဓာတ် တည်ငြိမ်ခြင်း ပျက်သွားခြင်းပင် ဖြစ်၏။



ထိုကဲ့သို့ ကျွန်ုပ်၏ စိတ်သည် မစံပယ်အကြောင်းကို တွေးတောပူပန်လျှက် စိတ်နှလုံး ညှိုးနွမ်းစွာ ကုန်လွန်ခဲ့သော အချိန်များသည် နာရီမှ ရက် ၊ ရက်များမှ လတိုင် ကျွန်ုပ်၏ စိတ်ထဲမှ မပျောက်သွားဘဲ ကျွန်ုပ်အား ကောင်းစွာ နှိပ်စက်လေတော့၏။ လုပ်နေကျ အလုပ်များကိုလည်း စိတ်မပါတော့သလို ဖြစ်နေတော့၏။ ပျင်းသလိုလို စိတ်လေသလိုလို ဖြစ်နေ၏။ ထိုကဲ့သို့ နေထိုင်လာခဲ့ရာမှ တစ်နေ့တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ မစံပယ်ဟု အမည်ရသော လွန်စွာချောမောသော မိန်းကလေးသည် အဖော် အမျိုးသားတစ်ဦးနှင့်အတူ ၀င်ရောက်လာ ခဲ့လေ၏။ ထို့နောက် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေတော့၏။





ဆရာရေ....။ ဘယ်တော့မှ ပြန်မလာတော့တဲ့ ဟိုအကောင်ကိုတော့ လုံးဝ မမျှော်တော့ဘူးလေ။ အခု ကျန်နေသေးတဲ့ အနာဂါတ်အတွက် ကျွန်မ အဖော်တစ်ယောက် ရှာထားတယ်။ ကျွန်မအတွက် ကောင်းမကောင်း ကိုက်မကိုက် တွက်ကြည့်ပေးပါဦး။ ဘ၀ဆိုတာ စိတ်ပျက်ဝမ်းနည်း အားငယ်စရာတွေကို အတတ်နိုင်ဆုံး မေ့ထားပြီး ရသသလောက် ပျော်ရွှင်မှုလေးတွေနဲ့ ဖြတ်သန်းသွားရမှာ မဟုတ်လား ဆရာရယ်ဟု ကျွန်ုပ်အား ပြောရင်း တစ်ဘက်မှ အတူထိုင်နေသော အဖော်အမျိုးသားဘက်ကို လှည့်ကြည့်ရင်း ရှင်လည်း အရင် လူတွေလို ကျွန်မကို ပစ်ထားခဲ့မှာလားဟု လှည့်၍ မေးလေ၏။



ထိုအခါ အဖော်အမျိုးသားက ချက်ချင်းဆိုသလို သွားများကို အကုန် ဖြဲလျှက် မပြစ်ပါဘူး စံပယ်ရယ်။ ဘုရားစူး မိုးကြိုးပစ်ပါ။ မယုံဘူးလား။ ရင်ထဲကစကားပါ။ မယုံရင် နားထောင်ကြည့်ဟု ရင်ဘတ်ကြီးကို ကော့၍ ပြလိုက်လေ၏။ ထို့နောက် ကျွန်ုပ်သည် မစံပယ်တို့ နှစ်ဦးအား ကောင်းမွန်စွာ ဗေဒင်တွက်ပေးလိုက်လေ၏။ သူတို့နှစ်ဦးလည်း ကျွန်ုပ်အား နှုတ်ဆက်၍ ပြန်သွားကြလေ၏။



ထိုအချိန်တွင် ကျွန်ုပ်သည် ထိုင်၍ စဉ်းစားမိသည်မှာ ....



အော်.... ငါ့နှယ်။ ငါက စံပယ်ဆိုတဲ့ မိန်းကလေးကို အကြောင်းပြုပြီး ပူပန်နေလိုက်တာ။ စားချိန်လည်း ကောင်းကောင်း စားမရ၊ အိပ်ချိန်လည်း ကောင်းကောင်း အိပ်မရ။ နောက်ဆုံး ဘုရားရှိခိုး တရားထိုင်တဲ့ အချိန်တွေမှာတောင် ကောင်းကောင်း စိတ်မဖြောင့်ဘူး။ သူ့အတွက် ပူပန်နေလိုက်တာ။ ငါနဲ့ ဘာမှ သွေးမတော် သားမစပ်၊ ဘာမှလည်း မပါတ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို ငါ့ဆီမှာ ဗေဒင်ကြည့်တာ တစ်ခုလေးနဲ့ ငါက လိုက်ပြီး ပူပန်နေလိုက်တာ။



သူကတော့ နောက် အဖော်တစ်ယောက်နဲ့။ ရီရီမောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ပါလား။ ဒီအတိုင်းဆိုရင် အလိုလိုလိုက်ပြီး ပူပန်နေမိတဲ့ငါက သက်သက် အပို အလုပ်တွေကို လုပ်နေမိတာပါလား။ အမှန်က ဗေဒင်ဆရာဆိုတာ ဗေဒင်ဟောဖို့ တစ်ခုပဲလေ။ ဗေဒင်ဟောပြီးရင် ငါ့အလုပ်က ပြီးသွားပြီပဲ။ သူ့ဆီကို ငါ့စိတ်ကေ၇ာက်နေတာကိုက ငါမှားနေတာဟု တစ်ယောက်တည်း ထိုင်စဉ်းစားရင်း ခေါင်းရင်းဘက် နံရံတွင် ချိတ်ဆွဲထားသော ဆရာသခင် အဘမင်းသိင်္ခ၏ ဓာတ်ပုံကို လှမ်းကြည့်လိုက်ရင်း ကျွန်ုပ်သည် အဘအား အောက်ပါအတိုင်း ပြောလိုက်မိလေတော့သတည်း။



အဘရေ... အဘကတော့ တပည့်တွေကို ဗေဒင်ဟောပါ။ သင်...မပါစေနဲ့လို့ ဆုံးမထားခဲ့တယ်နော်။ အခုတော့ ကျွန်တော်က ဗေဒင်ဟောတဲ့ အထဲမှာ ကျွန်တော် ပါနေမိလိုက်ပြီ အဘရေ.. ဟု ပြောလိုက်မိလေတော့သတည်း။



သောကြာသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ









ကံအမြင့်ဆုံးအချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း


တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း


တတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း


ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း


တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း


ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း


တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း


ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း


တတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း


တတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း




အပြည့်အစုံဆက်လက်ဖတ်ရန်...

ကြာသပတေးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသော အချိန်များ

ဗေဒင်ဆရာနှင့် iPhone ရူးရောဂါ



တစ်နေ့သ၌ ကျွန်ုပ်သည် အွန်လိုင်းပေါ်မှ တဆင့် ဗေဒင်ဟောပြောရင်းဖြင့် မညိုမြဟု အမည်ရသော အမျိုးသမီး တစ်ဦးနှင့် ရင်းနှီးခင်မင်ခွင့်ရ လေတော့၏။ အစပထမပိုင်းတွင် ဗေဒင်ဟောရင်းဖြင့် သိကြွမ်းကြသော်ငြားလည်း နောက်ပိုင်းတွင် တစ်ယောက်နှင့် တစ်ယောက် အွန်လိုင်းပေါ်တွင် အလ္လာပသလ္လာပ ပြောကြ ဆိုကြမိလေသောကြောင့် တစ်စထက်တစ်စ ပိုမို၍ ရင်းနှီးခင်မင်လာလေသည်။



ထိုမညိုမြဟုဆိုသော အမျိုးသမီးသည် လွန်စွာခင်မင်ဖွယ်ရာ ကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်လေ၏။ အားနည်းနေသောအခါ အားငယ်နေသော အခါများတွင် ကျွန်ုပ်၏ မိခင်တစ်ဦး အမကြီးတစ်ဦး အနေနျင့် အမြဲတမ်း အားပေးစကားပြောလေ့ ရှိလေ၏။ သူတ်ပါးအားလည်း အမြဲတမ်း ကူညီပေးလေ့ရှိကြောင်း ပြောပြ လေ့ရှသောကြောင့် သူမသည် အားငယ်နေသောသူများ အားနည်းနေသူများကိုလည်း အမြဲတမ်း ကူညီပေးလေ့ ရှိကြောင်း ပြောပြလေ့ရှိ၏။ ထို့ကြောင့် ဆရာမှလည်း အခက်အခဲရှိခဲ့ပါက သူမအား မိခင်တစ်ယောက် အမကြီး တစ်ယောက်ကဲ့သို့ သဘောထား အကူအညီတောင်းနိုင်ကြောင်းကိုလည်း အားပေးစကား ပြောခဲ့လေ၏။





ကျွန်ုပ်ကလည်း အကူအညီ မလိုကြောင်း အရမ်းကြီး မချမ်းသာပေမယ့် အဆင်ပြေကြောင်း ပြန်လည်ပြောပြခဲ့၏ ထိုကဲ့သို့ ကျွန်ုပ်နှင့် မညိုမြသည် အွန်လိုင်းပေါ်မှ တဆင့် အမြဲတမ်းစကားပြောရင်း တစ်ယောက်ကို တစ်ယောက် အားပေးစကား ပြောရင်းဖြင့် ဖြူဖြူစင်စင် ရင်းနှီးခင်မင်လာခဲ့သည်မှာ လအတော်ပင် ကြာခဲ့လေ၏။



တစ်နေ့တွင် မညိုမြက ကျွန်ုပ်အား အောက်ပါအတိုင်း ဖုံးဆက်လာခဲ့လေ၏။



ဆရာရေ.... ဒီလကုန်ရင် ကျွန်မသူငယ်ချင်း တစ်ယောက် ထိုင်းကို ဆင်းလာဖို့ ရှိတယ်။ အဲဒါ သူနဲ့ ဆရာ့အတွက် iPhone တစ်လုံး ၀ယ်ထည့်ပေးလိုက်မလို့လေ။ ပြီးတော့ ဆရာ ကျွန်မအတွက် ကူညီပေးတဲ့ ယတြာတွေက လည်း ကျွန်မအတွက် အထောက်အကူ ဖြစ်လို့လေ။ ဒါကြောင့် ကျွန်မက ဆရာ့ကို ကျေးဇူးဆပ်တဲ့ အနေနှင့် လက်ဆောင် ၀ယ်ထည့်ပေးလိုက်မလို့။ ဆရာ လက်ခံပါနော်ဟု ဖုံးဆက်ပြောလေ၏။



ကျွန်ုပ်သည် iPhpne ဟူသော အသံကို ကြားလိုက်ရသည့်နေ့မှ စ၍ စားသည့်အချိန် သွားသည့်အချိန် စသော အချိန်တိုင်း အားလုံးတွင် iPhone ဟူ၍ အတွေးများ ဖြစ်နေလေတော့၏။ ကုန်ကုန်ပြောရလျှင်မူ အိပ်မက်ထဲတွင် ပင် ကျွန်ုပ်သည် အိပ်မက်မက်လေ၏။ အိပ်မက်ထဲတွင် ကျွန်ုပ်သည် ထိုဖုံးနှင့် မြန်မာပြည်မှ မိဘများကို စကားပြောနေသည်ဟု အိပ်မက် မက်လေတော့၏။ ထိုမျှလောက် ကျွန်ုပ်အား အိုင်ဖုန်းကို စွဲလန်းလေတော့၏။



ထို့နောက် ကျွန်ုပ်သည် ပင်ကိုယ်သဘာဝအားဖြင့် လွန်စွာ အကြွားသန်လှသူ ဖြစ်လေရာ ကျွန်ုပ်နှင့် ရင်းနှီးသော မိတ်ဆွေများ တပည့်များ အသိများ ဗေဒင်မေးသူများအား အိုင်ဖုန်းအကြောင်းကို ကြားဖူးနားဝဖြင့် အိုင်ဖုံးဆိုသည်မှာ အလွန်ကောင်းကြောင်း ကျွန်ပြူတာ သေးသေးလေး တစ်လုံးကဲ့သို့ လွန်စွာ အသုံးဝင်ကြောင်း လူတိုင်း မကိုင်နိုင်ကြောင်း ငွေကြေးပြည့်စုံသူများသာ ကိုင်နိုင်ကြကြောင်း ထိုအိုင်ဖုံးကို အမေရိကမှ ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်မှ မကြာခင် ရက်ပိုင်းအတွင်း လူကြုံဖြင့် ပို့ပေးမှာဖြစ်ကြောင်း တွေ့သမျှ လူတိုင်းအား ခပ်ကြွားကြွား ပြောလျှက်ရှိလေတော့၏။



ကျွန်ုပ်၏ တပည့်များ အသိမိတ်ဆွေများကလည်း ထိုအိုင်ဖုန်းကြီး ရောက်လာတဲ့နေ့ကျရင် သူတို့အား ဖုန်းဆက် ပြောပါရန်နှင့် မမြင်ဘူး၍ လာရောက် ကြည့်လိုကြောင်း အစဉ်ပြေပါက ထိုင်းနိုင်ငံတွင် တစ်နှစ်လောက် ကြိုးစားပန်းစား အလုပ်လုပ် ပိုက်ဆံစု၍ အိုင်ဖုန်း ၀ယ်ကိုင်မည့်အကြောင်းကို ပြန်၍ ပြောလေကြသောကြောင့် ကျွန်ုပ်ကလည်း ရောက်တဲ့နေ့ကျရင် ဖုံးဆက်လိုက်မယ်ဟု ပြန်လည် ဂတိပေးရလေ၏။



ထိုကဲ့သို့ မကြာမီအချိန်ကာလ၌ မညိုမြပြောထားသော ရက်သို့ ရောက်လာခဲ့လေ၏။ ထိုနေ့တွင် မညိုမြနှင့် ကျွန်ုပ် အွန်လိုင်းပေါ်တွင် တွေ့ကြရာ မညိုမြက အိုင်ဖုန်းထည့်ပေးမည့် သူငယ်ချင်းနှင့် သွားခါနီးတွင် မတွေ့လိုက်ရကြောင်း ထို့ကြောင့် မထည့်ပေးလိုက်နိုင်ကြောင်း သူမကိုယ်တိုင် ဒီဇင်ဘာလလောက်မှာ ထိုင်းနိုင်ငံသို့ အလည်လာမည်ဖြစ်ကြောင်း ထို့ကြောင့် သူလာမှယူလာမည်ဟု ကျွန်ုပ်အားပြောပြန်လေ၏။



ကျွန်ုပ်အား အိုင်ဖုန်းအကြောင်း တမေးတည်းမေးနေကြသော အသိမိတ်ဆွေများအားလည်း ထိုအမျိုးသမီး ပြောသကဲ့သို့ ပြန်ပြောရလေ၏။ ထိုကဲ့သို့ ကျွန်ုပ်အား မညိုမြက ရက်ရွေ့ပြောလိုက် ကျွန်ုပ်ကလည်း ရက်ရွေ့ပြောလိုက်ဖြင့် ထိုအိုင်ဖုန်းဆိုသော အရာသည် ကျွန်ုပ်ထံသို့ ရောက်မည်ဟုပြောသော နေ့မှစ၍ ယခုဆိုလျှင် တစ်နှစ်လောက်ပင် ဖြစ်နေလေ၏။ နေမြင့်လေ အရူးရင့်လေ ဆိုသကဲ့သို့ ကျွန်ုပ်တွင် စွဲကပ်နေသော အိုင်ဖုန်းရောဂါသည်လည်း တစ်နေ့တခြား ပိုပို၍ ဆိုးရွားလာလေတော့၏။



ထိုကဲ့သို့ ကျွန်ုပ် လုံးဝမမြင်ဘူး မကိုင်ဘူးသော အိုင်ဖုန်းဆိုသောအရာကို မညိုမြဟုဆိုသော မိတ်ဆွေအမျိုးသမီးက ကျွန်ုပ်၏ အတွေးထဲသို့ လာရောက် ထည့်ပေးခဲ့လေ၏။ ထိုမမြင်ဘူး မကိုင်ဘူးသော အိုင်ဖုန်းကို ကျွန်ုပ်သည် အစွဲကြီး စွဲလန်းလျှက်ရှိရကား မစားနိုင်မသောက်နိုင် မအိပ်နိုင်ပင်ဖြစ်လျှက် ကျန်းမာရေးပင် ချို့ယွင်းလာလေတော့၏။ ရမည်ဟု ပြောထားသောနေ့ကို ရောက်လာလိုက် နောက်တစ်ရက်ကို ရွေ့ဆိုင်းသွားလိုက် နောက်တစ်လကို ကျော်သွားလိုက် ဖြစ်နေသည်မှာ လွန်စွာ အသဲယားစရာကောင်း၏။ ကျွန်ုပ်၏ ပင်ကိုယ်ဗီဇအရ လွန်စွာ အကြွားသန်သည့်အားလျှော်စွာ ကျွန်ုပ်ကိုယ်တိုင် လေလုံးထွားထားသော စကားများကိုလည်း တပည့်များကိုတွေ့တိုင်း လွန်စွာ ရှက်မိလေသောကြောင့် ကျွန်ုပ်သည် တပည့်များကိုပင် မတွေ့ရဲတော့သော အခြေအနေသို့ ရောက်ရှိရလေတော့၏။



ထိုကဲ့သို့ နေလာခဲ့ရာမှ တစ်နေ့တွင် မြန်မာပြည်သို့ ခေတ္တ အလည်အပတ် ပြန်သွားခဲ့၏။ မြန်မာပြည်သို့ ပြန်ရောက်ခိုက် ကျွန်ုပ်သည် ဇာတိဖြစ်သော ဧရာဝတီမြေသို့ ရောက်ဖြစ်၏။ ကျွန်ုပ်၏ ကျေးရွာတွင် ငယ်သူငယ် ချင်း အရင်းအခြာကြီး ဖြစ်သော ရွှေတိုးဆိုသော သူငယ်ချင်းသည် သွက်သွက်ခါအောင် ရူးနေသည်ကို အံ့သြ စိတ်မကောင်းစွာ တွေ့ရလေ၏။ ကျွန်ုပ်အပါအ၀င် မည်သူကိုမျှ မမှတ်မိတော့ပေ။ အားလုံကို မေ့သွားတော့၏။



ဒီနေရာ၌ အရူးကြီး ရွှေတိုးအကြောင်းကို ကျွန်ုပ်အနေနှင် အနည်းငယ်ပြောပြရန် သင့်၏။ ရွှေတိုကြီး၏ တကိုယ်လုံးတွင် အ၀တ်အစားများမှာ စုတ်ပြတ်လျှက် ရှိ၏။ အရူးရွှေတိုးသည် ကြိုးခွေတစ်ခွေကို ပုခုံးထက်တွင် စလွယ်သိုင်းထားလေ၏။ လက်တစ်ဖက်တွင်လည်း တစ်လံလောက်ရှိသော ၀ါးစိမ်းကိုင်း တစ်ကိုင်းကို ကိုင်ထား၍ အသံချဲ့စက်သံကြားသော အရပ်ဒေသများသို့ သွာရောက်၍ ၀မ်းရေးကို ဖြေရှင်းလေ၏။ သူ ကောင်းကောင်း သိသော အကြာင်းအရာတစ်ခုမှာ အလှူအိမ်များမှ ဖွင့်သော အသံချက်စက်သံကိုမူ ကောင်းကောင်း မှတ်ထားလေ၏။ ကျွန်ုသည် ကျွန်ုပ်၏ ငယ်သူငယ်ချင်း အရင်းအခြာကြီး ဖြစ်သော ရွှေတိုးတစ်ယောက် မည်ကဲ့သို့ ရူးသွတ်သွားရသနည်းဟု ရွာမှ သူငယ်ချင်းများထံတွင် စုံစမ်းကြည့်လေရာ ရွာမှ သူငယ်ချင်းများက အောက်ပါအတိုင်း ပြောပြလေ၏။



ရွှေတိုကြီးက အရမ်းသနားဖို့ ကောင်းတယ်ကွ။ အရူးတကာ့ အရူးထဲမှာ ဥစ္စာရူး ဖြစ်မယ်ထင်တယ်။ ပြီးခဲ့တဲ့ ၄-နှစ်လောက်တုန်းက ဒီကောင်က မြင်းရူးရူးတယ်လေကွာ။ ဧရာဝတီမြစ် တစ်ဘက်ကမ်းမှာ ရှိတဲ့ သူ့ဦးလေး ဆီကို ဒီကောင် အလည်သွားတယ်။ အဲဒီမှာ သူ့ဦးလေးက သူ့ကို သီတင်းကျွတ်ရင် မြင်းတစ်ကောင် ၀ယ်ပေးမယ် လို့ ပြောလွှတ်လိုက်တယ်ကွ။ အဲဒီကောင် အရှေ့ဘက်ကမ်းက ပြန်လာတဲ့ အချိန်က စပြီး မြင်းရူး ရူးတော့တာပဲ ။ အချိန်ပြည့် မြင်းအကြောင်း ပြောနေတော့တာပဲ။ သူ့ဦးလေးက မြင်းတစ်ကောင် ၀ယ်ပေးမယ်လို့ ပြောလိုက် ကြောင်း အဲဒီမြင်း ၀ယ်တဲ့နေ့ကျရင် ဘယ်လို စီးမယ်ဆိုတဲ့ အကြောင်း သူ့မြင်းကို သူဘယ်လို ဂရုစိုက်မည် ဆိုသည့်အကြောင်း ဒါတွေဘဲ ပြောနေတော့တာပဲ။



ဒါပေမယ့် သူ့ဦးလေးကလည်း အတော်ရက်စက်တယ်ကွာ။ တစ်ခေါက်သွားရင် တစ်ခါရက်ရွေ့တယ်။ နောက်တစ်ခေါက် သွားတော့ နောက်တစ်ခါ ရက်ရွေ့တယ်။ သီတင်းကျွတ်သွားရင် တန်ဆောင်မုန်း ကို ရွေ့တယ်ကွာ။ တန်ဆောင်မုန်းမှာသွားရင် သင်္ကြန်ကို ရက်ရွေ့တယ်ကွာ။ သူ့ဦးလေးကလည်း အတော်ရက်စက်တယ်ကွာ။ အစောကြီးကတည်းက မ၀ယ်ပေးချင်ရင် ဘာမှ မပြောနဲ့ပေါ့ကွ။ အခုတော့ ဟုတ်တာလဲ မဟုတ်ဘဲနဲ့ ရွှေတိုးကြီးကို မျှော်လင့်ချက်တွေ ပေးပေးပြီး နောက်ဆုံးတော့ ရွှေတိုးကြီးဟာ မင်းမြင်တဲ့အတိုင်း သွက်သွက်ခါခါ အောင် ရူးသွားတော့တာပဲဟေ့။ အဲဒီ အချိန်ကစပြီး ရွှေတိုးတစ်ယောက် မြင်းကလွဲရင် ဘာမှကို မသိတော့ဘူးဟု ကျွန်ုပ် အား ပြောပြလေတော့၏။



ထိုအချိန်တွင် ကျွန်ုပ်၏ ခေါင်းထဲတွင် အတွေးတစ်စ ၀င်ရောက်လာလေ၏။ အရူးရွှေတိုးကြီးက မြင်းကို လိုချင်တာ မရသောကြောင့် သွက်သွက်ခါခါအောင် ရူးသွားရလေ၏။ ကျွန်ုပ်မှာမူ iPhone ကို မရသောကြောင့် ရူးချင်ချင် ဖြစ်နေ၏။ ထို့ကြောင့် ကျွန်ုပ်နျင့် ရွှေတိုးကြီးသည် နှစ်ယောက်စလုံး အရူးများသာ ဖြစ်ကြလေ၏။ နှစ်ယောက်စလုံးမှာ မရနိုင်သည်ကို မျှော်လင့် တမ်းတရင်း ရူးသွတ်နေခြင်းပင်ဖြစ်လေ၏။ ရွှေတိုးကြီးက သွက်သွက်ခါအောင် ရူးသွတ်နေ၍ ကျွန်ုပ်မှာမူ ယဉ်ယဉ်လေး ရူးနေခြင်း ဖြစ်၏။ အမှန်တကယ်တော့ အရူးများ သာ ဖြစ်ကြသည် မဟုတ်ပါလား။ ထိုနေ့မှစ၍ ကျွန်ုပ်သည် ကျွန်ုပ်နှင့် အပြင်မှာ တစ်ခါတစ်ရံမျှ တွေ့ဘူးမြင်ဘူးခြင်း မရှိသော လွန်စွာ သဘောကောင်း၍ အပြောချိုသော မညိုမြဟူသော အမေရိကမှ အမျိုးသမီး လက်ဆောင်ဝယ်ပေးမည်ဟု ဆိုသော အိုင်ဖုန်းဟူသောအရာကို ကျွန်ုပ်၏ ဦးနှောက်နှင့် နှလုံးသားအတွင်းမှ အပြီးအပိုင် မောင်းထုတ်လိုက်လေတော့သတည်း။



ကြာသပတေးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ

















































ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း


တတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း


ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း


တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း


ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း


တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း


ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်း


တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း
တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း


ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း


တတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း


ကံအမြင့်ဆုံးအချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း


တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း


အပြည့်အစုံဆက်လက်ဖတ်ရန်...

ဗုဒ္ဓဟူးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသော အချိန်များ

ဒီနေ့က ကျွန်တော့်ရဲ့ အသက် (၃၄)နှစ်ပြည့်ပြီး (၃၅)နှစ်ထဲကို ၀င်တဲ့ မွေးနေ့လေးပါ။ ကျွန်တော်က ၈.၈.၁၉၇၇ တနင်္လာသားဆိုတော့ ဒီနှစ်မွေးနေ့လေးက မွေးရက် မွေးလ မွေးနေ့ အားလုံးတိုက်ဆိုင်တဲ့ နေ့လေးပါ။ မွေးနေ့မှာ ဘာတွေ အမှတ်တရ လုပ်ဖြစ်လဲဆိုတော့ ညဦးပိုင်းတုန်းက အော် မနက်ဖြန် ငါ့မွေးနေ့ပါလား ဆိုတာ တစ်ချက် သတိယတယ်။



မိုးလင်းပိုင်းရောက်တော့ မိုးလင်းကတည်းက ဗေဒင်မေးတဲ့ ဧည့်သည်တွေ ရောက်လာတယ်။ ဟောစာတမ်း ကိစ္စတွေနဲ့ အလုပ်များနေတာ မွေးနေ့ဆိုတာကိုတောင် မေ့နေမိတယ်။ ညနေလောက် ရောက်တော့မှ သတိယဖြစ်သွားတယ်။ ဒါပေမယ့် ဘာပွဲမှ မလုပ်ဖြစ်ပါဘူး။ ဒီတိုင်းလေးပဲ တိတ်ဆိပ်ငြိမ်သက်စွာ မွေးနေ့ကို ကျော်ဖြတ်ဖြစ်ပါတယ်။ ဒါကြောင့် မွေးနေ့ အထိမ်းအမှတ် ဒီနေ့ည ကျွန်တော် စောစောအိပ်တော့မယ်ဗျာ။ အာလုံးပဲ ဂွတ်နိုက်ပါ။





ဗုဒ္ဓဟူးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ





















ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)အတွင်း
တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း


ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၃၀)တွင်း


တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)အတွင်း


ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၀၀)ခွဲ၊ညနေ(၄း၀၀)မှ(၇း၃၀)တွင်း
တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ၁၀း၃၀)တွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်မွန်းတည်း(၁၂း၀၀)မှ (၁း၃၀)တွင်း
တတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း
တတိယကံမြင့်ချိန်နံက်(၁၀
ကံအမြင့်ဆုံးအချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)၊ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)၊ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း
တတိယကံမြင့်ချိန်မွန်းတည့်(၁၂)မှ(၁း၃၀)တွင်း


အပြည့်အစုံဆက်လက်ဖတ်ရန်...

အင်္ဂါသားသမီးများအတွက် ကံကောင်းသော အခါရွေးချယ်ပေးခြင်း

တစ်ခုသော တနင်္ဂနွေနေ့၌ ကျွန်ုပ်သည် လွန်စွာရင်းနှီးသော မိတ်ဆွေလင်မယားနှစ်ဦးမှ ဖိတ်ကြားထားသော ကလေးကင်ပွန်းတပ် တစ်ခုသို့ သွားရောက်ခဲ့လေ၏။ ကျွန်ုပ် သွားရောက်သော အချိန်တွင် ဘုန်းတော်ကြီး ဆွမ်းကပ်နေသော အချိန် ဖြစ်၏။ ကျွန်ုပ်လည်း အလှူရှင်များနှင့် အတူ ၀င်ရောက်၍ ကုသိုလ်ယူရင်း ၀ိုင်းဝန်း၍ ဆွမ်းကပ်၏။ အလှူရှင်များနှင့်အတူ အလှူတော်ငွေများ ထည့်ဝင်၏။ ထို့နောက် အလှူရှင်များနှင့်အတူ ရေစက်အတူချ တရားအတူနာ အမျှအတန်းပေးဝေ၏။ ဆရာတော်များသည် ဆွမ်းဘုန်းပေး တရားတော်များကို ချီးမြင့် ရေစက်ချပြီး ပြန်ကြွသွားလေ၏။





ကျွန်ုပ်တို့ကိုလည်း ဘုန်းတော်ကြီးများ ဆွမ်းဝိုင်းအကျများကို အိမ်ရှင်များမှ ကြွေးမွေးဧည့်ခံလေ၏။ အလှူရှင် လင်မယားနှစ်ဦးမှ ကိုဟိန်းတင့်ဇော် နေဦနော် အေးဆေးပေါ့ဟု အေးဆေးမှ ပြန်နော်ဟု ပြောသဖြင့် ကျွန်ုပ်ကလည်း ရပါတယ်ဗျာ။ လုပ်ပါလုပ်ပါ။ ကျွန်တော့်အတွက် စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ဟု ပြန်ပြောလိုက်လေ၏။



ကျွန်ုပ်တို့ ခေါင်းရင်းဘက်ဝိုင်းတွင် ကျွန်ုပ်နှင့် တစ်ဝိုင်းတည်း ထိုင်နေကြသော သူ ၄-ဦးရှိ၏။ အသက်၄၅-နှစ်ခန်ရှိသော လင်မယားနှစ်ဦးနှင့် အသက် ၃၀လောက်ရှိသော အမျိုးသားတစ်ဦးဖြစ်လေ၏။ ကျွန်ုပ်အပါအ၀င် လူလေးဦး ၀ိုင်းထိုင်နေခြင်း ဖြစ်လေ၏။ လင်မယားနှစ်ဦးအနက်မှ အမျိုးသား ဖြစ်သူသည် ကျွန်ုပ်အား မကြာခန ဆိုသလို လှမ်းလှမ်း၍ အကဲခပ်ကြည်လေ၏။ အနည်းငယ်ကြာသောအခါတွင်လည်း အလှူရှင်အိမ်တွင် လူအနည်းငယ် ရှင်းသွားပြီဖြစ်၏။ တရားနာလာသော သူများသည်လည်း အလုပ်ဆင်းမီ ပြန်သွားကြပြီ ဖြစ်၏။ ထို့ကြောင့် အလုပ်ရှင်အိမ်တွင် အလှူရှင်မိသားစုနှင့် ကျွန်ုပ်အပါအ၀င် ဧည့်သည် လေးငါးယောက်လောက် သာ ရှိလေ၏။ အလှူရှင်ဖြစ်သူလည်း အခုမှ အနည်းငယ် အားလပ်သဖြင့် ကျွန်ုပ်တို့ ၀ိုင်းသို့ လာရောက်ထိုင်ရလေ၏။



အလှူရှင် ကိုအောင်ဝင်းက ကျွန်ုပ်တို့ ၀ိုင်းသို့ လာရောက်ထိုင်ရင်း ကျွန်ုပ်ရှေ့မှ လင်မယားနှစ်ဦးအား ကျွန်ုပ်နှင့် မိတ်ဆက်ပေးလေ၏။ ဒါက ဆရာကြီးမင်းသိင်္ခတပည့် ဗေဒင်ဆရာ ကိုဟိန်းတင့်ဇော်လေဟု မိတ်ဆက်ပေးလေ ၏။ အစောနကတည်းက ကျွန်ုပ်အား မကြာမကြာ အကဲခတ်နေသော ထိုသူသည် ကျွန်ုပ်ကို ဗေဒင်ဆရာဖြစ် သည်ဟု ကြားလိုက်ရသည်နှင့် တပြိုင်နက် ၎င်း၏ မျက်ခုံးနှစ်ဘက်သည် အနည်းငယ် မြင့်တက်သွားပြီး အံ့သြ သွားပုံရလေ၏။ ကျွန်ုပ်ကလည်း ၎င်းအား ဖော်ရွှေစွာဖြင့် ဟုတ်ပါတယ်ဗျာ။ မဟာချိုင်နေ၀စ်မှာ နေပါတယ်။ နေ၀စ်ဘက်ကို ရောက်ရင် ၀င်လည်လို့ ရပါတယ်။ ဖိတ်ခေါ်ပါတယ်ဟု ပြန်လည် နှုတ်ဆက်လိုက်၏။



၎င်းအမျိုးသားသည် ကျွန်ုပ်က ခင်မင်စွာဖြင့် ဖိတ်ခေါ်သော်လည်း ကျွန်ုပ်အား ခပ်တည်တည်ဖြင့် ကြည့်လိုက်ကာ အေးဗျ.... ကျွန်တော်ကတော့ ဗေဒင်တွေဘာတွေ တစ်ခါဘူးမှ မမေးဘူးပါဘူး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်း အသိတွေ ဗေဒင်တွေဘာတွေ သွားမေးရင်းနဲ့တော့ အဖော်လိုက်သွားဖူးပါတယ်။ ရန်ကုန် မှာနေတုန်းကလည်း ခင်ဗျားတို့ ဆရာမင်းသိင်္ခရဲ့ တပည့်တွေဆီကို လိုက်သွာလို့ ရောက်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က မေးတာတော့ မဟုတ်ပါဘူး။ အဖော်လိုက်သွားရင်း ရောက်ဖြစ်တာပါဟု ခပ်တည်တည်ဖြင့် ပြန်ပြောလေ၏။



ထို့နောက် ၎င်းက ဆက်လက်၍ ကျွန်တော် ဗေဒ်ဆရာတွေနဲ့ ပါတ်သက်လို့ နည်းနည်း အစာမကြေတဲ့ဟာလေး ရှိတယ်ဗျ။ အဲဒါကို ခင်ဗျားနဲ့ တွေ့တုန်း နည်းနည်လောက် ပြောလို့ရမလားဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က မိတ်ဆွေကြီးက ကျွန်တော်ဆီမှာ ဗေဒင်လာမေးဘူးလို့လားဟု ပြန်မေးလိုက်လေရာ ၎င်းက မမေးဘူးပါဘူး။ ဒါပေမယ့် ဗေဒင်ဆရာတွေနဲ့ ပါတ်သက်တဲ့ ကိစ္စဆိုတော့ ဗေဒင်ဆရာကို ပြောတာ ပိုကောင်းမလားလို့ဗျ။ ပြောလို့ ရရ မရရ နည်းနည်းလောက်တော့ ပြောမယ်ဗျာဟု အားမနာတမ်း ပြောလေတော့၏။ ထိုအခါ အလှူရှင် ကိုအောင်ဝင်းကလည်း ကျွန်ုပ်အား အားနာသော မျက်လုံးများဖြင့် လှမ်းကြည့်လေ၏။



ထိုအခါ ကျွန်ုပ်ကလည်း ဒီနေ့ ကျွန်တော်လာတာက ကိုအောင်ဝင်းတို့ အလှူကို လာတာပါဗျာ။ မိတ်ဆွေကြီး စကားပြောချင်တယ် မေးချင်တယ်ဆိုရင်တော့ ကျွန်တော့်အခန်းကို လာခဲ့ပါ။ ကျွန်တော် ခင်ဗျားကို ကော်ဖီတစ်ခွက်ဖျော်တိုက်ပြီး ခင်ဗျား ပြောတဲ့စကားတွေကို အေးအေးဆေးဆေး နားထောင်ပေးပါ့မယ်ဟု ပြန်ပြောလိုက်လျှင် ၎င်း မသိဆိုးဝါးလှသော ဧည့်သည်က. ကျွန်ုပ် ပြန်ပြောသည်ကို အရေး မစိုက်သော အမူအယာဖြင့် ဆက်လက်၍ ကျွန်ုပ်အား အောက်ပါအတိုင်း တရစတ် ပြောချလေတော့၏။



အမှန်အတိုင်းပြောရရင် ကျွန်တော့ ဗေဒင်ဆရာတွေဆီကိုသွားရင် သူတို့ဘာတွေပြောတာလဲ နားထောင်ကြည့် တယ်။ ဘာတွေ ပြောကြလဲဆိုတော့ တစ်ချို့ ယတြာတွေကို ပြောပြပြီး ဘယ်လိုဖြစ်အောင် လုပ်လို.့ရတယ် ဒီလိုဖြစ်အောင် လုပ်လိုရတယ်ဆိုပြီးတော့ ပြောတာတွေ့ရတယ်။ သူ့ဘာသူနေတဲ့ တစ်ယောက်ကိုလည်း လုပ်လို့ ရတာဘဲလား။ ဆရာကြီးရဲ့ တစ်ချို့တပည့်တွေနဲ့ လည်း သူငယ်ချင်းတွေ သွားဗေဒင်မေး ယတြာချေနဲ့လုပ်တော့ လိုက်သွားရင်း တွေ့ဘူးတဲ့ ဆရာတစ်ချို့ လည်း ရှိခဲ့ဘူးပါတယ်။ တွေ.ဖူးတဲ့သူ အားလုံးနည်းပါးက မှားခြင်း မှန်ခြင်းဆိုတာထက် ဗေဒင်လာမေးသူ စိတ်ကြိုက်လုပ်ပေးလေ့ရှိတာကို တွေ့ဘူးပါတယ်။



ငါ့ကိုလာ မပြိုင်နဲ. ငါ့ပညာနဲ့ လုပ်လိုက်နိုင်တယ်ဆိုတဲ့ ဆရာတွေ များပါတယ်။ အားလုံးက အပြိုင်ဖြစ်ရင် အနိုင်လိုချင်ကြတဲ့ လူတွေကြီး ပါ။ လာမေးတဲ့ လူတစ်ယောက်ထဲရဲ့ အပြောမှာ ဗေဒင်ဆရာတွေက အမှန်လို့ အတည်ယူပြီး အနိုင်ရအောင် လုပ်ပေးကြတာ တကယ်တရားမျှတပါရဲ့လား။ တကယ်တော့ ခင်ဗျားတို့ ဗေဒင်ဆရာတွေဆိုတာ တနည်းအားဖြင့် စိတ်ရောဂါကု ဆရာဝန်တွေနဲ့ အတူတူပါဘဲ။ တစ်ခါတစ်လေ ဗေဒင်ဆရာတွေရဲ့ စကားတစ်ခွန်းက စိတ်ဓါတ်ကျသွားနိုင်စေသလို စိတ်ဓါတ်ကိုမြှင့်တင်ပြီးပေးပြီး ဘ၀ခွန်အားကိုလည်း တက်စေတယ် မဟုတ်လားဟု ကျွန်ုပ်အား ပြောလေ၏။



ထိုအခါ ကျွန်ုပ်လည်း ၎င်း၏စကားကို မည်သို့ ပြန်လည်ချေပပြောဆိုရမည်ကို မသိအောင် ဖြစ်သွားမိ၏။ မည်သို့ ရှင်းပြရမည်ကို နားမလည်နိုင် ဖြစ်မိ၏။ တစ်ချို့ စကားလုံးများသည် မရှင်းလင်းတာကပင် ကောင်းသေး၏။ ရှင်းပြလိုက်ကာမှ ပိုမို၍ ရှုပ်ထွေးသွားတတ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ထိုလူအားမည်သို့ ပြန်ပြောရမည်ကို လုံးဝမတတ်သောကြောင့် မျက်လုံးကြီး အကြောင်သားဖြင့် ကြည်နေမိတော့၏။



ထိုအချိန်တွင် ကျွန်ုပ်တို့ ၀ိုင်းထဲတွင် တစ်ချိန်လုံး ငြိမ်၍ ထိုင်နားထောင်နေသော အမျိုးသားက ကျွန်ုပ်တို့ စကားဝိုင်းကို ၀င်ရောက်လာပြီးလျှင် ကျွန်ုပ်အားပြောသော အမျိုးသားကြီးကို အောက်ပါအတိုင်း လှမ်းပြောလိုက်လေ၏။



အော်... ခင်ဗျားမလဲ ဗေဒင်ဆရာကို ဘာတွေ သွားပြောနေတာတုံး။ ဗေဒင်ဆရာလဲ ဆရာဝန်လိုပဲပေါ့ဗျာ။ ဆရာဝန်တွေလည်း တစ်ခါတလေ လူနာတွေကို မပြောချင်တဲ့ စကားကို ပြောရတာပဲမဟုတ်လား။ ခင်ဗျား ရုပ်ရှင်တွေထဲမှာ မတွေ့ဘူးလား။ လုံးဝသေတော့မယ့် လူနာတစ်ဦးကို ဆရာဝန်က ဘာမှ မပူပါနဲ့။ သေချာပေါက် ခင်ဗျာ အသက်ရာကျော် နေရမယ်လို့ ပြောတာ တွေ့ဘူးလို့လား။ မသိမသာလေး ခေါင်းခါပြလိုက်တာ မဟုတ်လား။ ဗေဒင်ဆရာတွေလည်း ဒီလိုပေါ့ဗျာ။ တစ်ခါတလေကြတော့လည်း မကောင်းတဲ့ စကားတွေကို တော့ ဘယ်ပြောချင်ပါ့မလဲ။ ဒါပေမယ့် ဗေဒင်ဆရာဘက်ကလည်း ကြည့်ကြည့်ဦးလေ။ မပြောချင်ပေမယ့် မျက်လုံးမှိတ်ပြီး ပြောလိုက်ရတာပဲ မဟုတ်လား။



နောက်ယတြာကတော့ ဆရာကလည်း အမျိုးမျိုး ရှိတာပဲ မဟုတ်လား။ နောက် တစ်ခု စဉ်းစားကြည့်ရမှာက ဗေဒင်ဆရာတွေက အိမ်တကာ လှည့်ပြီး မဟုတ်တာတွေ လိုက်လုပ်ပေးတဲ့ ဆရာတွေကြတော့ တစ်မျိုးပေါ။့ ကိုယ်ရဲ့ ဗေဒင်ဟောခန်းမှာ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေပြီး လာပြီးအကူအညီတောင်း ကြတာလေ။ သူက ကိုယ့်ဆီကို အကူအညီလာတောင်းတာ။ ဗေဒင်ဆရာရယ် လုပ်ပေးပါလို့လာပြီး အကူအညီတောင်းကြ တာ။



ဗေဒင်ဆရာက ဗေဒင်ဆရာပဲလေ။ တန်ခိုးရှင်မှ မဟုတ်တာ။ ကိစ္စမှန်သမျှ ဖြစ်စေ အောင်စေဆိုပြီး လုပ်ပေးလို့ မရပါဘူး။ နောက်ပြီး ကိုယ့်ဘာသာ အေးအေးဆေးဆေးနေတဲ့ လူတိုင်းကိုလည်း လိုက်လုပ်လို့ မရပါဘူး။ ကိုယ်နဲ့ ပါတ်သက်တဲ့ ကိစ္စတွေလောက်ကိုသာ လုပ်လို့ရတာပါ။ နောက်ပြီး ဗေဒင်ဆရာတွေဟာ တွေ.ဖူးတဲ့သူ အားလုံးနည်းပါးက မှားခြင်း မှန်ခြင်းဆိုတာထက် ဗေဒင်လာမေးသူ စိတ်ကြိုက်လုပ်ပေးလေ့ရှိတာကို တွေ့ဘူးတယ်။ ငါ့ကိုလာ မပြိုင်နဲ. ငါ့ပညာနဲ့ လုပ်လိုက်နိုင်တယ်ဆိုတဲ့ ဆရာတွေ များပါတယ်။ အားလုံးက အပြိုင်ဖြစ်ရင် အနိုင်လိုချင်ကြတဲ့ လူတွေကြီးပါ။



လာမေးတဲ့ လူတစ်ယောက်ထဲရဲ့ အပြောမှာ ဗေဒင်ဆရာတွေက အမှန်လို့ အတည်ယူပြီး အနိုင်ရအောင် လုပ်ပေးကြတာ တကယ် တရားမျှတပါရဲ့လားဆိုတာကတော့ ဗေဒင်ဆရာတိုင်း အဲလို မဟုတ်ပါဘူးဗျာ။ ဗေဒင်ဆရာတွေဆိုတာကလည်း ဘာသာရေးကို တန်ဖိုးထားတဲ့ လိုက်စားတဲ့ ဆရာတွေ အများကြီးရှိပါတယ်။ ကိစ္စတစ်ခု လာတိုင်ပင်တာနဲ့ ဒါဟာ သင့်တော်သလား မသင့်တော်တဲ့ ကိစ္စလားဆိုတာ မစဉ်းစားပဲ နေပါ့မလား။ သူတို့လည်း စဉ်းစားမှာပေါ့။ မဟုတ်ဘူးလား ဆရာရယ် ဟု ကျွန်ုပ်ဘက်သို့ လှည့်ကာ စစ်ကူတောင်းရင်း ကျွန်ုပ်၏ ရှေ့မှ လူကြီးအားလှမ်း၍ ပြောလိုက်လေ၏။



ထိုအခါ ကျွန်ုပ်ကလည်း ယောင်တောင်တောင်ဖြင့် ဗျာ ....... အော် .... ဟုတ်ပါတယ် ။ ဟုတ်ပါတယ်ဟု ကြောင်တောင်တောင်ဖြင့် ပြန်လည်၍ ခေါင်းညိတ်လိုက်မိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်းတွင် ဧည့်သည်တွေ စောင့်နေကြကြောင်း ဖုံးဆက်လာသဖြင့် ကျွန်ုပ်လည်း အလှူရှင် လင်မယားအား၎င်း ကျွန်ုပ်အား ၀ိုင်းဝန်းကူညီ၍ ပြောပေးသော မိတ်ဆွေအား၎င်း ကျွန်ုပ်၏ ရှေ့တည့်တည့်မှ ကျွန်ုပ်၏ မိတ်ဆွေကြီးအား၎င်း နှုတ်ဆက်ကာ ပြန်လာခဲ့လေတော့၏။



အပြန်တွင် အလှူရှင် ဖြစ်သော ကိုအောင်ဝင်းက စိတ်မရှိပါနဲ့ ဆရာရယ်။ ဒိလူက ဒီလိုပါပဲ။ စိတ်ရင်းတော့ ကောင်းပါတယ်။ စကားအပြောအဆို မတတ်တာလေး တစ်ခုပါပဲဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ရပါတယ်ဗျာ။ ကျွန်တော်က သူမေးတာတောင် ကောင်းကောင်း ပြန်ဖြေတတ်တာ မဟုတ်ပါဘူး။ အခုတောင် ကျွန်တော့်ဘေးက မိတ်ဆွေက ကျွန်တော့်ကိုယ်စား ၀င်ပြောပေးလို့ တော်သေးတယ်။ မဟုတ်ရင် ကျွန်တော်တောင် ဘာပြန်ပြောရမှန်း မသိလို့ ချက်ချင်းတောင် ထပြန်ရမလား မဆိုနိုင်ဘူး။ ပြီးတော့ သူလည်း သူမြင်တာကို သူပြောတာ သူလည်း မမှားပါဘူးဗျာ။ မှန်ပါတယ်ဟု ကျွန်ုပ် ပြန်ပြော၍ ဆိုင်ကယ် တက္ကစီငှားကာ ပြန်လာခဲ့လေ၏။



အခန်းသို့ ပြန်ရောက်သောအခါ ဧည့်သည်များကို ဗေဒင်ဟောခြင်း ၊ ယတြာပေးခြင်း စသောအလုပ်များ ပြီးသောအခါ ရေးလက်စ အင်္ဂါသားသမီးများအတွက် ကံကောင်းသော အခါရွေးချယ်ပေးခြင်းစသည်ကို ဆက်လက် ရေးသားပေးလိုက်လေတော့သတည်း။



အင်္ဂါသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ













































ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်နံနက်(၁၀း၃၀) မှ (၁၂း၀၀)တွင်း


တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း


ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်နံနက်(၆း၀၀) မှ (၇း၃၀)တွင်းညနေ(၄း၃၀)မှ ည(၇း၀၀)တွင်း


တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်မွန်းတည့် (၁၂း၀၀)မှ(၁း၃၀)တွင်း


တတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်နံနက်(၇း၃၀) မှ (၉း၀၀)တွင်း


တတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
ကံအမြင့်ဆုံးအချိန်နံက်(၁း၃၀)မှ(၁၂း၀၀)တွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်းညနေ(၄း၃၀)မှ ည(၇း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်းညနေ(၄း၃၀)မှည(၇း၃၀)တွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်နံနက်(၉း၀၀) မှ (၁၀း၃၀)တွင်း


တတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း


တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း




အပြည့်အစုံဆက်လက်ဖတ်ရန်...

တနင်္လာသားသမီးများအတွက် ကံကောင်းသောအခါရွေးချယ်ပေးခြင်း

ဒီတစ်ခါလာတဲ့ သူ့နာမည်က ကိုကျော်ခေါင်တဲ့။ အဘမင်းသိင်္ခ မြေလျှောက်ဝိဇ္ဇာ ရွှေမြသာဆိုတဲ့ စာအုပ်ထဲက ကိုကျော်ခေါင်တော့ မဟုတ်ဘူး။ ထိုင်းနိုင်ငံကို မြေလျှောက်ပြီး ရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမား ကိုကျော်ခေါင်ပါ။ သူ ထိုင်းနိုင်ငံကို ရောက်တာ အခုဆိုရင် (၁၅)နှစ်ကျော်ပြီ။ အခုတော့ သူက အလုပ်ရုံက အလုပ်သမားတစ်ဦး မဟုတ်တော့ပါဘူး။ သူ့ရဲ့ ဇွဲလုံးလ၀ိရိယနဲ့ သူ့ရဲ့ ကြိုးစားအားထုပ်မှု့ကြောင့် ပွဲစားဆိုတဲ့ နာမည်တစ်ခုကို အပိုင်စားရထားပြီး အတော်အသင့် အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်နေပြီလေ။



သူလည်း ပွဲစားတို့ထုံးစံအတိုင်း တော်တော်အလုပ်များတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ အလုပ်များတဲ့ အထဲမှာ မိန်းမများလို့ အလုပ်များတာလဲ ပါတာပေါ့လေ။ မနက်မိုးလင်းကတည်းက မယားအငယ်လေးက လဘက်ရည် သောက်ချင်တယ်လို့ပြောလို့ သူကသွားဝယ်ပေးရတယ်။ နောက်မယားအလတ်က ကုန်တိုက်မှာ အလှကုန် ပစ္စည်း သွားဝယ်ပေးရမယ်ဆိုလို့ ကုန်တိုက်ကို လိုက်ပို့ပေးရတယ်။ နောက် မယားကြီးက အိမ်လခ ၊ ကားလခသွင်း ဘေတွေ သွားသွင်းရမယ်ဆိုလို့ သွားရသေးတယ်။ နောက် ကလေးကိစ္စ ခွေးကိစ္စ အစုံပါပဲလေ။



ဘယ်လောက်ပဲ အလုပ်တွေများများ ကိုကျော်ခေါင်ဆိုတဲ့လူက အပြုံးမပျက်ဘူးလေ။ သူ့ကိုယ်သူတောင် ဦးအောင်ဇေယျသွေး အပြည့်ပါတဲ့လူဆိုပြီး ဂုဏ်တောင်ယူနေသေးတာ။ ပြီးတော့ နောက်တစ်ခုရှိသေးတာက ဒီလူကိုမြင်လိုက်ရရင် ကျွန်တော်တို့တောင် အလိုလိုပျော်လာမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက ပျော်ပျော်နေတတ်တယ်။ သူ့မျက်နှာကကို အလိုလို ပြုံးနေတာ။ သူ့မိန်းမတွေကိုလည်း သူကသိပ်ချစ်တတ်တာ။ သိပ်ပြီး ဂရုစိုက်တတ်တာ။ ပြီးတော့ ပြောရရင် သူ့မိန်းမတွေကလည်း သူ့ကို သိပ်ချစ်ကြတာ။ ပါရမီကောင်း တယ်ထင်ပါရဲ့။





အဲဒီကိုကျော်ခေါင်ကြီးက ကျွန်တော်ဆီကို မကြာခနလာပြီး ဗေဒင်မေးလေ့ရှိတယ်။ သူ့အတွက် ဗေဒင်မေးတာ ကတော့ တစ်ခါတည်းပါ။ မကြာခနဆိုသလို ကောင်မလေးတွေ ခေါ်ခေါ်လာပြီး ဗေဒင်မေးခိုင်းလေ့ရှိတယ်။ ကျွန်တော်ကလည်း သူခေါ်လာတဲ့ ကောင်မလေးတိုင်းကိုလည်း ကိုကျော်ခေါင်နဲ့ ဘာတော်လည်းလို့ မေးတယ်။ အဲဒီမှာ သူခေါ်လာတဲ့ ကောင်မလေးတိုင်းက လင်မယားလို့ ပြန်ဖြေတယ်။ ကျွန်တော်က ကိုကျော်ခေါင်ကြီးမှာ မိန်းမ ဘယ်နှစ်ယောက်တောင် ရှိလဲလို့ ပြန်မေးလိုက်တော့ အဲဒီကောင်မလေးတွေက ဘာပြန်ပြောလဲဆိုတော့ အများကြီးပဲလို့ ပြန်ဖြေတယ်။



ခင်ဗျားတို့က မနာလိုမဖြစ်ဘူးလား၊ သ၀န်မတိုဘူးလားလို့ ပြန်မေးလိုက်တော့ သူတို့တွေက ဘာပြန်ပြောလဲ ဆိုတော့ ကျွန်မယောင်္ကျားကို သ၀န်လဲမတိုဘူး။ မနာလိုလဲမဖြစ်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်မယောက်ျား ကိုကျော်ခေါင်ကြီးက ရိုးသားတယ်။ မလိမ်ညာတတ်ဘူး။ အစသိတဲ့အချိန်တုန်းကတည်းက သူ့မှာ မိန်းမတွေအများကြီး ရှိတယ်လို့ပြောပြီးမှ ချစ်ခွင့်ပန်တာ။ အဲဒါကလည်း လေးစားစရာတစ်ခုပဲ။ နောက်တစ်ခုက သူက ယူပြီးသွားရင် ပစ်မထားဘူးဆရာရဲ့။ အားလုံးကို တပြေးညီတည်း အိမ်ထောင်ဦးစီး တာဝန်ကြေအောင် လုပ်ကျွေးတာဆိုတော့ အင်မတန်တော်တဲ့ အိမ်ထောင်ဦးစီး ယောက်ျားတစ်ဦးပါ ဆရာရယ်။ နောက်ပြီးတော့ ကျွန်မယောက်ျားက သမာသမတ်လည်း ရှိတယ်ဆရာရဲ့။ ဘက်မလိုက်တတ်ဘူး။ အားလုံးကို မျှမျှတတ ဆက်ဆံတတ်တယ်။ အမှန်အတိုင်းပြောရရင် ကိုကျော်ခေါင်က သူတော်ကောင်းကြီးပါ ဆရာရယ် အစရှိသည်ဖြင့် ကိုကျော်ခေါင်၏ ကောင်းကြောင်းတွေကိုထိုင်ပြီး ပြောတတ်ကြတယ်။ အဲဒီအချိန်မှာ ကိုကျော်ခေါင်ကြီးကတော့ မျက်နှာကြီး စပ်ဖြီးဖြီးကြီးနဲ့ပေါ့။



အဲဒီတော့ ကျွန်တော်က ဒါကတော့ ခင်ဗျားယောက်ျား ကိုကျော်ခေါင်ကြီး လုပ်နိုင်ကိုင်နိုင်တုန်း ဖြစ်နေလို့ပါ။ တစ်နေ့တစ်ချိန်ချိန် ကိုကျော်ခေါင်ကြီး မလုပ်နိုင်မကိုင်နိုင် ဖြစ်တဲ့အချိန် အသက်ကြီးတဲ့ အချိန်ကြရင်ကော ဘယ်လိုလုပ်ပါ့မလဲ။ အဲဒီအခါကြရင် ခင်ဗျားတို့က ကျုပ်တို့ ကိုကျော်ခေါင်ကြီးကို တစ်ယောက်ပြီး တစ်ယောက် ပစ်သွားကြမှာပဲ မဟုတ်လားဟု အတည်ပေါက်နှင့် ခပ်နောက်နောက် မေးလိုက်လေ၏။ ထိုအခါ ကိုကျော်ခေါင်၏ ဘယ်နှစ်ယောက်မြောက် မယားမှန်းမသိသော အမျိုးသမီးက အဲဒီလိုတော့ မပြောပါနဲ့ ဆရာရယ်။ တကယ်လို့ ကိုကျော်ခေါင်ကြီး မလုပ်နိုငမကိုင်နိုင်တဲ့ နေ့တွေကို ရောက်ရင် ကျွန်မတို့က တလှည့် ပြန်လုပ်ကျွေးဖို့ စုပြီး တိုင်ပင်ထားပြီးသားပါဆရာရယ်။ အထင်မသေးပါနဲ့ ဆရာရယ်ဟု ပြန်ပြောလေ၏။



ကိုကျော်ခေါင်ကို ကျွန်တော်က ဘယ်လိုမှ မဖြစ်နိုင်တာတွေကို ခင်ဗျားက ဖြစ်အောင် လုပ်တယ်ဆိုတော့ ခင်ဗျားမှာ အဆောင်လေး ဆေးလေးတော့ ရှိမယ်ထင်တယ်။ ဘာတွေဆောင်ထားပြီး ဘာဆေးတွေများ သောက်ထားလို့တုန်းဆိုလို့ ကျွန်တော်က မေးတော့ ကိုကျော်ခေါင်က ဘာပြန်ပြောတယ် မှတ်လဲ။ ဆေးတွေ အဆောင်တွေကတော့ တခြားမဟုတ်ပါဘူး ဆရာသမားရယ်။ မေတ္တာပေါ့။ မေတ္တာတရားက အရာရာကို အနိုင်ရစေတာပဲ မဟုတ်လား။ ကျွန်တော်က အားလုံးအပေါ်မှာ မေတ္တာထားလိုက်တာပါ။ အဲဒီတော့ အားလုံးက လည်း ကျွန်တော့်ကို ချစ်ခင်ကြတယ် ။ မေတ္တာရှိကြတယ်ပေါ့ ဆရာရယ်။ ဟားဟားဟား လို့ ရီမောရင်း ပြန်ပြောတယ်။



ကဲ... ကိုကျော်ခေါင် ... ဒီတစ်ခါကော ကျုပ်က ဘယ်သူ့အတွက် ဗေဒင်ကြည့်ပေးရမှလဲ၊ ပြောပါဦးဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုကျော်ခေါင်က ဘယ်သူ့အတွက်မှ ဗေဒင်မကြည့်ပါဘူး ဆရာသမားရယ်။ ကျွန်တော့်အတွက် အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။ ဆရာသမားလည်း သိတဲ့အတိုင်းပဲလေ။ ကျွန်တော်က ပွဲစားဆိုတော့ အလုပ်ကလည်း ခပ်များများပဲ မဟုတ်လား။ ပြီးတော့ အချိန်ကောင်း အခါကောင်း နက္ခတ်ကောင်းဆိုတဲ့ စကားကို ကျွန်တော်က အရမ်းကြိုက်တာ။ ဒါကြောင့် တနင်္လာသား ကျွန်တော့်အတွက် ကံဇာတာ ပွင့်လန်းတိုးတက် ကောင်းမွန်စေမယ့် အချိန်ကောင်းလေးတွေ ရွေးပေးစေချင်တယ်။ ရွေးပေးရင်လည်း တစ်ရက်စာ မဟုတ်ဘူးနော်။ အမြဲတမ်း နေ့တိုင်း သုံးလို့ ရအောင် (၇)ရက်စာ ရွေးပေးစေချင် တယ်။



ကျွန်တော်က အဲဒီစာရွက်လေးကို အခန်းမှာကပ်ထားပြီး ကျွန်တော့်အတွက် ကံဇာတာအခွင့်အလန်း ကောင်းမွန်စေမယ့် အချိန်တွေကို ရွေးပြီး အလုပ်လုပ်ချင်လို့ ဆရာသမားရဟု ပြောသောကြောင့် ကျွန်ုပ်လည်း အောက်တွင်ဖော်ပြထားသော တနင်္လာသားသမီးများအတွက် အခါပေးစာရွက်လေးကို ပရင့်ထုပ်၍ ပေးလိုက်လေတော့၏။ ကိုကျော်ခေါင်လည်း ကျွန်ုပ်ပေးလိုက်သော စာရွက်လေးကိုရ၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပြီးလျှင် ပြန်တောမယ်ဆရာရေ... နွေရောက်ရင် မိန်းမတွေကို သီလရှင်ဝတ်ပေးမယ်။ အဖေတူ အမေကွဲ သားသမီးတွေ အားလုံးကို စုပေါင်းရှင်ပြုပေးမယ်။ ပွဲစားကြီးဦးကျော်ခေါင် မိသားစုသီးသန့် စုပေါင်းနားသ အလှူတော် မင်္ဂလာပေါ့။ အဲဒီအခါကြရင် ဆရာ့ကို ဖိတ်လိုက်ဦးမယ် ဆရာရေဟု ကျွန်ုပ်အား နှုတ်ဆက်၍ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းမှ တဟားဟား အော်ရီကာ ပျော်ရွှင်တက်ကြွသော ခြေလှမ်းများဖြင့် ပြန်သွားလေတော့သတည်း။







အပြည့်အစုံဆက်လက်ဖတ်ရန်...

တနင်္ဂနွေသားသမီးများအတွက် ကံကောင်းသောအခါရွေးချယ်ပေးခြင်း

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ်အားဖြင့် ၂၇-နှစ်ခန်ရှိသော မအေးအေးမိုးဟု အမည်ရသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ ထိုမိန်းကလေးသည် အင်မတန်မှ အလုပ်နှင့်ပါတ်သက်၍ လောဘကြီးလှသော မိန်းကလေးတစ်ဦး ဖြစ်လေ၏။ အလုပ်ရုံတွင်လည်း အလုပ်လုပ်၏။ ထိုအလုပ်ရုံတွင် သူမ ဈေးလည်းရောင်း၏။ အလုပ်ရုံတွင် လူလိုအပ်လာလျှင်လည်း သူမသည် ထိုအလုပ်ရုံတွင် အလုပ်သမားများ သွင်းပေးလေ၏။ ထိုအတူ မများသော ငွေကြေးများကိုလည်း နေ့ပြန်တိုးပေးလေ၏။ ထို့အတူ အိမ်တွင်လည်း အလကားမနေ အခွေငှား၏။ ထမင်းလခ ချက်ကျွေး၏။ ထိုကဲ့သို့ များပြားလှသော အလုပ်များကို အလုပ်နှင့် လက်မပြတ်အောင် တရစပ်လုပ်သူ ဖြစ်လေ၏။ သူမသည် ကျွန်ုပ်၏ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ရောက်ရှိလာလေ၏။



သူမသည် လွန်စွာအလုပ်များလှသည့်အားလျှော်စွာ ကျွန်ုပ်ထံတွင်လည်း မေးခွန်းပေါင်းများစွာကို တရစပ်မေး လေတော့၏။ ကျွန်ုပ်ကလည်း သူမမေးသမျှ မေးခွန်းတိုင်းကို ဖြေပေးရလေ၏။ ဒီနှစ် ကံဇာတာကောင်း မကောင်း မေးလေ၏။ ကျွန်ုပ်ကလည်း သုံးတန်ပေါ်နိစ်ဗေဒင်ပညာနှင့် ဂဏန်းဗေဒင်ပညာတို့ဖြင့် တွက်ချက်၍ ဟောပေးလိုက်၏။ သူမသည်လည်း ကျေနပ်သွား၏။ ထို့နောက် ပေးထားသောငွေများ ပြန်ရမလား မရဘူးလား ဟု မေးပြန်လေ၏။ ကျွန်ုပ်ကလည်း တားရော့ပညာဖြင့် ရ-မရ ကြည့်ပေးလိုက်၏။ တားရော့ကဒ်သည် နံပါတ်(၁၅) တစ္ဆေကဒ်ကျ၏။ ထို့ကြောင့် အဆင်မပြေ ကြန့်ကြာနေမည် မရသေးဟု ဟောပေးလိုက်၏။ သူမသည်လည်း မအီမလည်ကြီး ဖြစ်သွားလေ၏။





ထို့နောက် သူမကဆက်လက်၍ လက်ရှိသူမကို ချစ်ခွင့်ပန်နေသူ (၃)ဦးရှိတယ်။ ဘယ်သူ့ကို ဘ၀တစ်သက်စာ ရွေးချယ်ပေးရမလဲဟု ထပ်မံ၍ မေးပြန်လေ၏။ ကျွန်ုပ်ကလည်း ၎င်းတို့ သုံးဦးစလုံး၏ နေ့နံကို မေးမြန်းပြီးလျှင် တစ်ယောက်မှ အကျိုးမပေးကြောင်း အကုန်လုံး လူလိမ်များသာဖြစ်ကြောင်း နောက်ဆုံး ကျော်အောင်ဆိုသော တစ်ယောက်မှာ လက်ရှိ အိမ်ထောင်ရှိနေကြောင်း ရွေးချယ်ခြင်း မရွေးချယ်ခြင်းမှာ သင်၏ သဘောသာ ဖြစ်ကြောင်း ဟောပေးလိုက်၏။ သူမ၏ မျက်နှာကြီးသည် ပြိုတော့မည့် မိုးကဲ့သို့ ချက်ချင်း မဲမှောင်သွားလေတော့၏။



ထို့နောက် သူမ ဘာပဲမေးမေး အဆင်မပြေဘူးဟု ဟောပေးသော ကျွန်ုပ်အား ဒေါသ ဖြစ်လာပုံ ရလေ၏။ ထို့ကြောင့် သူမသည် အသံကျယ်ကျယ်ဖြင့် ကျွန်ုပ်အား အောက်ပါအတိုင်း ရန်တွေ့လေတော့၏။



ဘယ်လိုလည်း ဆရာသမားရယ် စိတ်ညစ်လို့ ဗေဒင်လာမေးတာ ဆရာ့ဆီမှာ ဗေဒင်မေးလိုက်မှ ကိုယ့်ကိုကို သတ်သေချင်စိတ်တောင် ပေါက်သွားတယ်။ နည်းနည်းပါးပါး စိတ်ချမ်းသာစရာလေးတွေ ပြောပါဦးဆရာရဲ့ ။ အခုတော့ ဘာမေးမေး စိတ်ချမ်းသာစရာကို မရှိဘူးဟု ကျွန်ုပ်အားရန်တွေ့သံဖြင့် ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က ...



ဒီမှာ မအေးအေးမိုးရဲ့။ ခင်ဗျားက အခုလာတာ ဗေဒင်လာမေးတာ မဟုတ်ဘူးလား။ စိတ်ချမ်းသာချင်လို့ လာတာဆိုရင်တော့ ခင်ဗျား လာတဲ့နေရာ မှားနေပြီထင်တယ်။ စိတ်ချမ်းသာချင်ယုံသက်သက် ဆိုရင်တော့ ဗေဒင်မေးဖို့တောင် လာစရာမလိုဘူး။ ကိုယ့်ကို စိတ်ချမ်းသာစရာ ပြောတတ်တဲ့ လူတစ်ယောက်ဆီကို သွားလိုက်ရင် ရပြီပဲမဟုတ်ဘူးလား။ ပြီးတော့ ပြောရဦးမယ် မိန်းကလေး။ ကျုပ်ကလည်း မိန်းကလေးကို ဗေဒင်ဟောနေတာနော်။ အားပေးစကားပြောနေတ မဟုတ်ဘူး။ ကျုပ်ရဲ့ မူရင်း စိတ်အမှန်ကို ပြောရရင် မိန်းကလေးကို ကောင်းတဲ့ စိတ်ချမ်းသာစေမယ့် စကားတွေ ပြောချင်တာပါ။ ဒါပေမယ့် အခုအချိန်က ဗေဒင်ဟောတဲ့ အချိန်လေ။



ကျုပ်တို့ ဗေဒင်ဆရာတွေအတွက် ဆောင်ပုဒ်လေးတစ်ခုရှိတယ်။ ဗေဒင်ဟောပါ သင်မပါစေနဲ့တဲ့။ ဆိုလိုတာက တော့ ဗေဒင်ဟောတဲ့နေရာမှာ ဗေဒင်ဟောတဲ့ အလုပ်တစ်ခုပဲ လုပ်ရမယ်တဲ့။ ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက် တွေ မပါစေရဘူး။ သနားခြင်း၊ ၀မ်းသာခြင်း ၊ ၀မ်းနည်းခြင်း ၊ ချစ်ခြင်း ၊ မုန်းခြင်း ၊ ပျော်ရွှင်ခြင်း ၊ တက်ကြွခြင်း စတဲ့ ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက်တွေ မပါရဘူး။



ဥပမာ ကိုယ်အရမ်းမုန်းနေတဲ့ လူတစ်ယောက် ဗေဒင်လာမေးတယ် ဆိုကြပါစို့။ သူ့ကိုလည်း ဗေဒင်ဟောပေးရ မယ်။ ဒါတာဝန်ပဲ။ သူ့ကို ကိုယ်က အရမ်းမုန်းနေတာမို့လို့ မကောင်းတာတွေချဉ်းပဲ ဟောမယ်လို့ လုပ်လို့ မရဘူးလေ။ ကိုယ်အသုံးပြုတဲ့ တွက်ကိန်းအရ မြင်တာတွေကို ပြောပြရမှာ။ ကောင်းတာတွေကိုပဲ မြင်မြင် ၊ မကောင်းတာတွေကိုပဲ မြင်မြင် အကုန်ပြောပြရမှာ။ ချစ်လို့ ကောင်းတာတွေကို ပြောမယ်၊ မုန်းလို့ မကောင်းတာ တွေကို ပြောမယ် အဲဒီလို လုပ်လို့ မှ မရတာ။ အဲဒီလိုလုပ်မယ်ဆိုရင်လည်း ဒါကို ဗေဒင်ဟောတယ်လို့ ပြောလို့ ဘယ်ရတော့မလဲ။ မဟုတ်ဘူးလားဟု ကျွန်ုပ်က ပြောလိုက်လေလျှင်....မအေးအေးမိုးက



ဟုတ်ပါပြီဆရာရယ် ကျွန်မက ကျွန်မရဲ့ ကံကြမမာကို အားမလိုအားမရ ဖြစ်မိလို့ အမှတ်တမဲ့ ပြောလိုက်မိတာပါ။ ကျွန်မကလည်း ကျွန်မရဲ့ ကံကြမ္မာကို အမှန်အတိုင်း သိရလို့လည်း ကျေနပ်ပါတယ်။ အခု ကျွန်မက ဆရာ့ကို အပြစ်မြင်နေတာ မဟုတ်ပါဘူးဟု ပြန်ပြောလေ၏။ ထို့နောက် မအေးအေးမိုးက ဆက်လက်၍



ဒီလိုပါဆရာ။ ကျွန်မက အလုပ်တွေ တအားများတယ်။ အဲဒီတော့ တစ်ချို့ အလုပ်တွေကိုကြတော့ အချိန်လေး အခါလေးရွေးပြီး လုပ်ချင်တာ။ ကျွန်မက တနင်္ဂနွေသမီးဆိုတော့ တနင်္ဂနွေသားသမီးတွေ အတွက် နေ့တိုင်း နေ့တိုင်း ဘယ်အချိန်ကောင်းတယ်၊ ဘယ်အချိန်မကောင်းဘူး အဆင်သင့် ရွေးချယ်လို့ရအောင် ပြောပေးစေချင်တယ်။ အဲဒါဆိုရင် ကျွန်မက အလုပ်တစ်ခု လုပ်တော့မယ်ဆိုတိုင်း အချိန်ကိုကြည့် ပြီးရင် ကောင်းမကောင်း ကြည့်မယ်။ ကောင်းရင်လုပ်မယ်။ မကောင်းရင် နောက်တစ်ချိန်ကို ပြောင်းစောင့်မယ်ပေါ့။ မကောင်းဘူးလားဆ၇ာဟု ပြန်ပြောလေသောကြောင့် ကျွန်ုပလည်း တနင်္ဂနွေ သားသမီးများအားလုံးအတွက် နေ့စဉ် ကံဇာတာကောင်းသော အောက်ပါအချိန်ဇယားကို မအေးအေးမိုးအား စာရွက်ထုပ်၍ ပေးလိုက်လေတော့ သတည်း။ မအေးအေးမိုးလည်း ကျွန်ုပ်ပေးလိုက်သော အခါပေး ဇယားကို ယူ၍ ကျွန်မ ကံဇာတာမကောင်းလို့ ၀မ်းနည်းတယ်- ဆရာ့ဆီကို သိချင်တာတွေ လိုချင်တာတွေ ရလိုက်လို့ ၀မ်းသာတယ် ။ ပြန်ဦးမယ် - နောက်ပြန်လာခဲ့ဦးမယ်ဟု ကျွန်ုပ်အား ဦးပီတာကြီးစတိုင် နှုတ်ဆက်၍ ပြန်သွားလေတော့သတည်း။





အပြည့်အစုံဆက်လက်ဖတ်ရန်...

2011-ခု မရမ်းတလင်းအခါတော်ပေးပြက္ခဒိန် (နှစ်သစ်ကူးလက်ဆောင်)

ဒီတစ်ခါပေးလိုက်တဲ့ မျှဝေလိုက်တဲ့ လက်ဆောင်လေးကတော့ အားလုံးသော ကျွန်တော် မိတ်ဆွေတွေအတွက် အရမ်းကို အသုံးဝင်တဲ့၊ လိုအပ်တဲ့ အရာပါ။ အဘဆရာကြီးမင်းသိင်္ခ ရှိစဉ်ကတည်းက နှစ်စဉ် ထုပ်ဝေပေးခဲ့တဲ့ မရမ်းတလင်းက ထုပ်ဝေတဲ့ တားရော့ အခါတော်ပေး ပြက္ခဒိန်ပါ။ ဘယ်နေ့က ကောင်းတယ်။ မကောင်းဘူး စသည်ဖြင့် နေ့အလိုက် ရွေးချယ်ပေးထားတဲ့ ပြက္ခဒိန်ဆိုတော့ အားလုံးသော (၇)ရက်သစားသမီးများအတွက် ၊ အိမ်တိုင်းအတွက် အရမ်းကို အကျိုးရှိပါတယ်။ အားလုံးစုစုပေါင်း (၁၃)ရွက်ပါ။ မျက်နှာဖုံး တစ်ရွက်ရယ် ၁၂-လစာ ၁၂ရွက်ရယ်ပါ။ ဒေါင်းလော့တင်ပေးထားပါတယ်။

ဒီမှာ ဒေါင်းယူလိုက်ကြပါ။ (Jpg file-Mediafire)
ဒီမှာလည်း ဒေါင်းလို့ရပါတယ် (Pdf file-Mediafire)
ဒီမှာလဲတိုက်ရိုက်ကြည်လို့ရတယ်၊ဒေါင်းလို့ရတယ်နော်။ (google DOC)
ကျေးဇူးတင်စကား လေးတော့ ပြောခဲ့ပါဦးနော်....

အပြည့်အစုံဆက်လက်ဖတ်ရန်...

အတိတ်နိမိတ်ကောင်းများနှင့် နေထိုင်ခြင်း

တစ်နေ့မှာ ကျွန်တော့်ရဲ့ အီးမေးလ်ထဲကို မယဉ်ကျေးမေဆိုသည့် မိန်းကလေးတစ်ဦးက အီးမေးလ်တစ် စောင် ပို့လာခဲ့ပါတယ်။ သူ့ရဲ့ စာအတိုင်း ပြန်လည် ဖော်ပြပေးရရင်

လေးစားရပါသောဆရာရှင့်...........

ကျွန်မနာမည် ယဉ်ကျေးမေလို့ ခေါ်ပါတယ်။ ကျွန်မဟာ ဆရာ့ဘလော့ရဲ့ စာဖတ်ပရိသတ် တစ်ယောက်ပါ။ အခုလို ဂမ္ဘီရနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ဆရာစားမချန် ပြန်လည် ဝေမျှပေးတဲ့အတွက်လည်း စာဖတ်ပရိသတ်အားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်စကား ပြောပါရစေ။

ကျွန်မဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀အရွယ်ကတည်းက ဗေဒင်တွေဘာတွေကိုဆိုရင် အရမ်းဝါသနာ ပါပါတယ်။ တတ်နိုင်သလောက်လည်း လေ့လာပါတယ်ဆရာ။ ကျွန်မက အိမ်မှာဆိုရင် အမြဲတမ်း အတိတ်နဲ့ နိမိတ်နဲ့ ပြည့်စုံအောင် နေထိုင်ပါတယ်။ နောက်ပြီး ကျွန်မက နည်းနည်းတော့ အယူသီးတယ်ဆရာရဲ့။ ဒါကြောင့် မို့လား မသိဘူး။ အိမ်ကလူတွေနဲ့ ကျမနဲ့က နည်းနည်းတော့ ဆန့်ကျင်ဖက် ဖြစ်နေတယ်။

ကျွန်မတို့ မိသားစုတွေက အားလုံးပေါင်း (၅)ယောက်ရှိပါတယ်ဆရာ။ ကျွန်မကတော့ နို့ညှာပေါ့။ နို့ညှာဆိုတာ ကျွန်မအောက်မှာ တစ်ယောက်ပဲ ရှိတော့တာကို ပြောတာပါ။ ဒါကြောင့် ကျွန်မက လေးယောက်မြောက်ပေါ့ ဆရာရယ်။ ကျွန်မတျု့ မိသားစု ဖေဖေရယ်၊မေမေရယ်၊ အမနှစ်ယောက်ရယ် အကိုတစ်ယောက်ရယ်၊ မောင်လေး တစ်ယောက်ရယ်။ ကျွန်မရယ် အားလုံးပေါင်းလိုက်ရင် စုစုပေါင်း (၅)ယောက်ပါ။ ကျွန်မရဲ့ မိခင်ဖြစ်သူက အရမ်း ငြီးတတ်တယ်ဆရာ။ ခိုက အရှုံးပေးရလောက်အောင် ငြီးတာ။ တစ်ခုခု အဆင်မပြေဘူးဆို၇င် တစ်နေ့ကုန်ကို ထိုင်ငြီးနေတော့တာပါပဲ ဆရာရယ်။

ငါတော့ သေချင်တော့တာပါပဲ။ ငါ့ကို ကူကယ်မယ့်လူလည်း ရှိတော့မှာ မဟုတ်ဘူး။ ဒီလိုဖြစ်မယ်မှန်း သိရင် မလုပ်ခဲ့ပါဘူး။ ငါတော့ စိတ်ညစ်လို့ သေသာသေလိုက်ချင်တော့တာပဲ။ ဒုက္ခပါပဲ။ ဒီတစ်သက်ကတော့ ငါနေချင်တဲ့ အဆင့်အတန်းတွေ နေရမှာလဲ မဟုတ်တော့ပါဘူး။ ဒီဘ၀ကြီးကတော့ ၀ဋ်ခံနေရတာ သက်သက်ပါပဲ။ နောင်ဘ၀များ လူမဖြစ်ပါရစေနဲ့ စသည်ဖြင့် အစုံပေါ့ဆရာရယ်။ အရမ်း ငြီးတတ်တယ်။ ကျွန်မကလည်း အဲဒီလို ငြီးတာကို မကြိုက်ဘူးဆရာ။

ဇမ္ဗူဒိတ်တောင်ကျွန်း လက်ယာနိမ်ထွန်းတယ်လို့ ဆိုတယ် မဟုတ်လားဆရာ။ ကောင်းတဲ့နိမိတ်၊ ကောင်းတဲ့ အသံ၊ ကောင်းတဲ့ အတွေးတွေနဲ့ ကိုယ်အိမ်တစ်ခုလုံး ပြန့်နှံနေမှ ကိုယ်အိမ်က မင်္ဂလာရှိမယ်။ စီးပွားတက်မယ်လို့ ကျွန်မကတော့ ယုံကြည်တယ်။ အဲဒါကို ပြောပြတော့ အမေက ကျွန်မကို မျက်စောင်းထိုးပြီး ငါမွေးလို့ လူဖြစ်လာရတဲ့ သူကများ ငါ့ကို ဆရာပြန်လုပ်နေသေးတယ်လို့တောင် အပြောခံရပါသေးတယ် ဆရာ။

နောက် အမတစ်ယောက်ကတော့ အရမ်းကျိန်တတ်တယ်ဆရာ။ ဘယ်ကနေ ဘယ်လို တတ်လာလဲတော့ မသိပါဘူးဆရာရယ်။ အဲဒိအမတစ်ယောက်ကြပြန်တော့ တစ်ခုခု စိတ်တိုင်းမကျ ဖြစ်တာနဲ့ ကျိန်တော့တာပဲ။ ပါးစပ်က မကြားတကြားရော ကြားရအောင်ရော ကျိန်တယ်။ ကိုယ်ကိုကိုလည်း ကျိန်တယ်ဆရာ။ နောက်သူများတွေကိုလည်း ကျိန်တာပဲ။ အဲဒါကို ကျွန်မ မကျိန်ကောင်းဘူး။ မင်္ဂလာမရှိဘူးလို့ ပြေရင် အမကလဲ မကြိုက်ဘူးဆရာ။ အငယ်က အငယ်လို မနေဘူးတဲ့။ အဲဒီတော့ ဆရာရယ် အိမ်မှာက ကျွန်မနဲ့ အိမ်က လူတွေနဲ့က နည်းနည်းတော့ ကသိကအောက် ဖြစ်ရပါတယ်။

အခု ကျွန်မ ဆရာ့ဆီ စာရေးပြီးမေးချင်တာက ကျွန်မတို့ လူ့လောကကြီးမှာ အမြဲတမ်း ပြောဆိုနေတဲ့ စကားလုံး လေးတွေထဲက အဲဒီ အတိတ်တို့ ၊နိမိတ်တို့နဲ့ ပတ်သက်ပြီး ဆရာသိသလောက် နည်းနည်းလေး ရှင်းပြပေးစေ ချင်ပါတယ်ဆရာ။

ကြိုတင်ကျေးဇူးတင်စွာဖြင့်
ယဉ်ကျေးမေ

အဲဒီစာကလေး ကျွန်တော်ဆီကို ရောက်လာခဲ့တာ။ ကျွန်တော်ကလည်း အီးမေးလ်ကနေ ပြန်ရေးပေးရင် ရပါတယ်။ ဒါပေမယ့် ဘလော့မှာလဲ တင်ချင်တာနဲ့ ဘလော့ပို့အဖြစ်နဲ့ပဲ ပြန်ရေးပေးလိုက်တာပါ။

ကျွန်တော်နဲ့ ယဉ်ကျေးမေနဲ့က တော်တော်လေး စရိုက်တူတယ်လို့ ပြေရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း အဲဒိ အတိတ်ကောင်း နိမိတ်ကောင်းတွေကို အယူသည်းတယ်။ ကိုယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အတိတ်ကောင်းတွေ နိမိတ်ကောင်းတွေ ဖြစ်အောင် အမြဲတမ်းကြိုးစားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ချမ်းသာချင်တာကိုး။ ချမ်းသာတာမှ တော်တော်ကြီးကို ချမ်းသာချင်တာ။ ဒါကြောင့် ကျွန်တော်က ကိုယ်ကိုကို အမြဲတမ်း ဂရုစိုက်တယ်။ အကုန်လုံး ဂရုစိုက်တယ်။

နံပါတ် (၁) ကောင်းကောင်းဝတ်တယ်ဗျာ။ (အဖိုးတန်ကြီးတွေ ဖြစ်ဖို့ မလိုပါဘူး) သန့်ရှင်း သပ်ရပ်နေအောင် ကြိုးစားတယ်။ တစ်စုံတစ်ယောက်က ကျွန်တော်ကို ခပ်လှမ်းလှမ်းကနေ မြင်လိုက်တာနဲ့ ကျွန်တော်ကို အဆင်ပြေနေတဲ့ လူသားတစ်ယောက်အဖြစ် မြင်ရအောင် ကျွန်တော် ကြိုးစားတယ်။ ကျွန်တော့်ကို ကြည့်လိုက်ရင် အရောင်မှိန်မနေဘူး။ အိုကေ..။ သူ ကျွန်တော့်ကို မြင်သွားပြီ။ သူနှုတ်ဆက်တယ်။ ဟကောင်ကြီး မတွေ့တာကြာလို့ လှ-လို့ ပ-လို့ပါလားကွ။ မင်းကြည့်ရတာ အဆင်တော်တော် ပြေနေတယ် ထင်တယ်။ အဲဒီလို သူ ကျွန်တော်ကို နှုတ်ဆက်တယ်။

အိုကေ...။ ဒါ ကျွန်တော် လိုချင်တဲ့ နိမိတ်။ ကျွန်တော် ကြားလိုက်တယ်။ ကျွန်တော် ပျော်သွားတယ်။ သူ့ပြောတဲ့ စကားသံလေးဟာ ကျွန်တော်ရဲ့ ရင်ထဲကို အေးမြစွာ စီးဆင်းသွားတယ်။ တဆက်တည်း ကျွန်တော်ရင်ထဲမှာ ဆက်လက်ဖြစ်တည်သွားတဲ့ ကျွန်တော်ရဲ့ စိတ်လေးက ဘယ်လိုဆက်ဖြစ်သွားလဲဆိုတော့ အင်း သေချာပါတယ်။ ငါဟာ သူတို့ပြောသလို သေချာပေါက် ကြီးပွားချမ်းသာမဲ့ ကောင်ပဲ။ အဲဒီလို စိတ်ထဲ ဖြစ်သွားတယ်။ ခိုင်မာသွားတယ်။

နောက်ပြီး ကျွန်တော်က တွေးရင်လဲ ကျွန်တော့်အတွေးထဲမှာ ကျွန်တော်က သူဋ္ဌေးကြီးနော်။ အင်မတန် ကြွယ်ဝ ချမ်းသာနေတဲ့ သူဋ္ဌေးကြီးနော်။ ကားကြီးအကောင်းစားကြီးကို စီးလို့ ၊ ပိုက်ဆံအိပ်ကြီး အကြီးကြီးကိုလည်း ကျွန်တော် ချိုင်းကြားမှာ ညှပ်ထားတာ။ ကျွန်တော် တစ်ကိုယ်လုံးမှာလဲ တန်ဖိုးကြီးတဲ့ အဆင်တန်စာတွေက အပြည့်။ နောက်ပြီး ကျွန်တော်ဆီကို မရှိဆင်းရဲတဲ့ ဆွေမျိုးသားချင်းတွေ ၊ အသိမိတ်ဆွေတွေကလည်း ကျွန်တော်ဆီမှာ လာပြီး အကူအညီတောင်းကြတယ်။ ကျွန်တော်ကလည်း သူတို့ တောင်းတဲ့ အကူအညီတွေကို ရက်ရက်ရောရော ပေးနေတာဗျ။ ဒါက အတွေးနိမိတ်ပါ။

နောက်တစ်ခု ကျွန်တော်က စကားပြောရင်လဲ ကောင်းတာတွေပဲ ပြောဖြစ်ပါတယ်။ မကောင်းတဲ့ စိတ်ညစ်တယ် ဆိုတဲ့စကားမျိုးတွေ စိတ်ဓာတ်ကျတယ်ဆိုတဲ့ စကားတွေ ၊ စိတ်မကောင်းတဲ့စကားတွေ သိမ်ငယ်တဲ့ စကားတွေ မပြောဖြစ်အောင် ကြိုးစားပါတယ်။ ကြာလာတော့လည်း တကူးတက သီးသန့်ကြိုးစားစရာရယ်လို့ မလိုတော့ပါဘူး။ အလိုလို အကျင့်ပါသွားပါတယ်။ အဲဒါတွေ အမြင်၊ အကြား၊ အတွေးဆိုတဲ့ အတိတ်နိမိတ်တွေနဲ့ ပြည့်စုံမယ်ဆိုရင် ပိုပြီးတော့ ကောင်းပါတယ်။

ဒါကြောင့် ဘ၀အောင်မြင်ရေး ခရီးကို လျှောက်လှမ်းနေကြသော အမျိုးကောင်းသားအမျိုးကောင်း သမီးများအတွက် ကျွန်တော် သိသလောက် ပြန်လည် တင်ပြပေးလိုက်ပါတယ်ခင်ဗျာ.....


စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ

အပြည့်အစုံဆက်လက်ဖတ်ရန်...

မငွေခင်အားပေးသော (၇)-ရက်အခါပေး

ကျွန်ုပ်သည် မဟာချိုင်မြို့တွင်းရှိ လွန်စွာ ချောင်ကျလှသော ၀ပ်စလိဆိုသော အရပ်တွင် (၅)လခန့် နေထိုင်ခဲ့၏။ ထိုအရပ်ဒေသသည် လွန်စွာချောင်ကျ၍ လွန်စွာမှလည်း သွားရေးလာရေး ခက်ခဲလှသည် ဖြစ်ရာ ကျွန်ုပ်၏ အထံ သို့ ဗေဒင်လက္ခဏာ ကြည့်ရန် လာရောက်ကြသူများအတွက် အခက်အခဲ ဖြစ်ကြကုန်၏။ တစ်ခါဘူးမှလည်း မလာရောက်ဘူးကြသူများကို သွားရောက်ကြိုဆိုရသည် ဖြစ်ရာ ကျွန်ုပ်အတွက်လည်း လွန်စွာ ခက်ခဲလေ၏။ ထို့ ကြောင့် ကျွန်ုပ်သည် မြန်မာပြည်သားများ အများအပြားရှိ၍ သွားရေးလာရေး လွယ်ကူသော နေ၀စ်ဟူသော အရပ်သို့ ပြောင်းရွေ့ခဲ့ရလေ၏။

ကျွန်ုပ် ပြောင်းရွေ့ခဲ့သော နေ၀စ်ဟူသော ရပ်ကွက်ကလေးတွင် မြန်မာပြည်သားများ နေထိုင်ကြတာ များလေ၏။ ဘယ်နေရာကို ကြည့်ကြည့် မြန်မာပြည်သားများကို တွေ့မြင်နေရ၏။ အမျိုးသားများဆိုလျှင် ပုဆိုးတကားကားနှင့် အမျိုးသမီးများက ထမီများနှင့် မသိသူဆိုလျှင် မြန်မာပြည်အလားပင် ဖြစ်လေ၏။ ကွမ်းယာဆိုင်ရှိ၏။ လဘက်ရည်ဆိုင် ထိုင်၍ အပြင်းပြေ စိုင်ထီးဆိုင်သီချင်းကို နားထောင်၍ ရ၏။

မြန်မာပြည်သား အချင်းချင်း ရင်းနှီးခင်မင်စွာ စကားပြောလို့ရ၏။ ၀က်သားတုတ်ထိုးဆိုင်လည်း ရှိ၏။ ညနေဖက် အပြင်းပြေ ကစားတဲ့ ဘောလုံးကွင်း ၊ ဘော်လီဘောကွင်းနှင့် ခြင်းခတ်တဲ့နေရာပင် ရှိလေသောကြောင့် ကျွန်ုပ် နေထိုင်ရာ နေ၀စ်ဆိုသော အရပ်သည် ထိုင်းနိုင်ငံနှင့် လုံးဝမတူ ၊ မြန်မာပြည်သို့ ပြန်ရောက်သကဲ့သို့ပင် ဖြစ်လေတော့၏။

နောက်ညနေ(၃း၀၀)နာရီခန့်မှစ၍ ညဘက် (၉း၀၀)လောက်အထိ ဈေးလည်း ရှိလေ၏။ ထိုဈေးတွင် မြန်မာ ပစ္စည်း မျိုးစုံလည်း ရနိုင်လေ၏။ အကောင်းဆုံးမှာ မြန်မာ သီချင်းခွေများ အစုံလည်း ရလေ၏။ တွံတေးသိန်းတန် သီချင်းမှစ၍ ယနေ့ခေတ်ပေါ် ဟစ်ဟော့ သီချင်းအထိ ရနိုင်သောကြောင့် မဟာချိုင်မြို့ရှိ နေ၀စ်ဆိုသော ရပ်ကွက်လေးသည် မြန်မာပြည်သားများနှင့် စည်ကားလျှက် နေ့စဉ် ပျော်ရွှင်ဖွယ် ကောင်းလေတော့၏။ မြန်မာဗွီဒီယို ကားများကိုလည်း နေ့စဉ်နေ့တိုင်း ငှားကြည့်လို့ ရနိုင်လေ၏။

ကျွန်ုပ်သည် မဟာချိုင်နေ၀စ် ရပ်ကွက်ကလေးတွင် ပျော်ရွှင်စွာ နေထိုင်လာခဲ့ရာ (၅)လခန့် အကြာတွင် မငွေခင်ဆိုသော အမျိုးသမီးတစ်ဦးသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းလေးအတွင်းသို့ ရောက်ရှိလာခဲ့ လေ၏။ ၎င်းမငွေခင်သည် အလုပ်ရုံတွင် အလုပ်မလုပ်။ မြန်မာပြည်သားများ ကြားတွင် ငွေတိုးပေးစားခြင်း၊ ၀န်ဆောင်ခယူ၍ အလုပ်ရှာဖွေပေးခြင်းနှင့် အိမ်တကာသို့ လှည့်လည်နေသောသူပင် ဖြစ်လေ၏။

သူနှင့်သာ ပေါင်းထားလျှင် ရပ်ကွက်ထဲရှိ သတင်းမျိုးစုံကို ရုပ်ရှင်ကြည့်နေသကဲ့သို့ မြင်ကြားရလေ၏။ သူသည် လွန်စွာစကား ပြောကောင်းသူ ဖြစ်သည့်အားလျှော်စွာ အတင်ပြောလည်း အလွန်ကောင်းသူ ဖြစ်လေ၏။ သူသည် ရပ်ကွက်ထဲမှ သတင်းမျိုးစုံ အတင်းမျိုးစုံကို တစ်နေကုန် ထိုင်၍ ပြောလျှင်ပင် ကုန်နိုင်လိမ့်မည် မထင်ပေ။

ရပ်ကွက်ထဲက နတ်ကတော် အကြောင်းလဲ သိရ၏။ မယားနှစ်ယောက်အကြား ဗျာများနေသော ဦးသူတော် ဆိုသော သူအကြောင်းကိုလည်း ခရေစေ့တွင်းကျ ပြောပြလေ၏။ လင်ကြီးရှိပါလျှက် လင်ငယ်နှင့် ချိန်းတွေ့ရာ လင်ကြီးရောက်လာပြီး ထိုးပွဲ ဖြစ်သွားသော ရန်ပွဲအကြောင်းလဲ သိရလေ၏။ ဘောလုံးကွင်းမှာ ရန်ဖြစ်တဲ့ အကြောင်း ။ အော် ပြောရရင်တော့ အစုံပါပဲ။ သူမနှင့် စကားပြောရလျှင် ကျွန်ုပ်ကိုယ်တိုင်ပင် ထမင်းမေ့ ဟင်းမေ့ ဖြစ်သွားလောက်အောင် အတင်ပြော လွန်စွာကောင်းသူ ဖြစ်လေ၏။

သူမသည် ကျွန်ုပ်ထံတွင် ဗေဒင်လက္ခဏာ ကြည့်သည့်နေ့မှစ၍ နောက်နေ့များတွင် ကျွန်ုပ်၏ အခန်းသို့ မရောက်သည့် နေ့ဟူ၍ မရှိပေ။ သူသည် နေ့တိုင်းလာ၏။ တနင်္ဂနွေနေ့တွင် အကြွေးသွားတောင်းမှ ဘာဆောင် သွားရမလဲဟု လာမေးလေ၏။ တနင်္လာနေ့ ရောက်ပြန်တော့ အလုပ်သမားတွေအတွက် အလုပ်ကိစ္စ သွားပြောမယ်။ လုပ်ပါဦးဟု လာမေးပြန်၏။ အင်္ဂါနေ့ကျပြန်တော့ ပိုက်ဆံကိစ္စ အကူအညီ သွားတောင်းပေးမလို့ အဆောင်ပေးပါဦးဟု ပြောပြန်၏။ တစ်ပါတ်တွင် (၇)ရက်ရှိရာ (၇)ရက်စလုံး လာလာ မေးလေသောကြောင့် ကျွန်ုပ်လည်း မငွေခင်အား အောက်ပါအတိုင်း (၇)ရက် ခရီးသွားအခါပေး စာရွက်လေးကို ပေးလိုက်လေ တော့၏။

နောက်ရက်များတွင်လည်း မငွေခင်သည် ရောက်လာပြန်သောကြောင့် ကျွန်ုပ်က " ဘယ့်နှယ် မငွေခင် ကျုပ် ခင်ဗျားကို (၇)ရက်စာ အခါ ရွေးတဲ့နည်း ပေးလိုက်ပြီပဲ။ ဒီနေ့ ဘာ ပြောပေးရဦးမှာလည်းဟု မေးလိုက်လေရာ မငွေခင်ဆိုသော အမျိုးသမီးက...

မဟုတ်ပါဘူး ဆရာရယ်။ ဒီနေ့က ဘာမှ မေးဖို့ လာတာ မဟုတ်ပါဘူး။ အတင် မပြောရ မနေနိုင်လို့ ဆရာရေ။ ရပ်ကွက်ထဲမှာလည်း ကျွန်မပြောတာကို ကောင်းကောင်း နားထောင်မယ့်လူ မရှိတော့ဘူးဆိုတော့ ဆရာ့ကို လာ ပြီး ရပ်ကွက်ထဲက သတင်းမျိုးစုံ လာပြောပြတာ ဆရာရေ... ဟိုကိစ္စ ဆရာ ကြားပြီးပြီလားဟု ဆိုကာ မငွေခင်ဆိုသော လွန်စွာ စကားပြောကောင်းသော မိန်းမကြီးသည် စတင်၍ အတင်း ပြောလေတော့သတည်။

အတင်းပြောကောင်းသောမငွေခင်အား ပေးသော
(၇)ရက်အခါပေး။


လင်္ကာလေးက ဒီလိုပါ။
အပ်တောင်း ကျောင်းအိပ် ၊ စိတ်လက်မီးကင်၊ လင်နေရိပ်ကြည့်၊ မှည့်ကား ထွက်ဝင် ။ သိလျှင် ၀စား၊ နကား ငြင်းခုန်၊

အပ်တောင်း။---။ တနင်္ဂနွေနေ့တွင် တစ်ခုခုကို သွားခါနီး တောင်းပြီးမှ သွားပါ။
ကျောင်းအိပ်။---။ တနင်္လာနေ့တွင် သွားခါနီး ခဏအိပ်ပြီးမှ သွားပါ။
စိတ်လက်မီးကင်။---။ အင်္ဂါနေ့မှာ ထွက်ခါနီး လက်ကို မီးကင်ပြီးမှ သွားပါ။
လင်နေရိပ်ကြည့်။---။ ဗုဒ္ဓဟူးနေ့မှာ နေရိပ်ကို ကြည့်ပြီးမှ သွားပါ။
မှည့်ကာဝင်ထွက်။---။ ကြာသပတေးနေ့မှာ တံခါးကို ၀င်ချဉ်ထွက်ချဉ် လုပ်ပြီးမှ အိမ်ကနေ ထွက်ပါ။
သီးလျှင်ဝစား။---။ သောကြာနေ့တွင် တစ်စုံတစ်ခုကို အ၀စားပြီးမှ အိမ်ကနေ ထွက်ပါ။
နကားငြင်းခုံ။---။ စနေနေ့မှာ အငြင်းအခုန် ပြုလုပ်ပြီးမှ အိမ်ကထွက်ပါ။

ကဲ... (၇)-ရက်သားသမီးများ မည်သူမဆို မိမိတို့၏ အလုပ်အကိုင် အကြံအစည် လုပ်ငန်းဆောင်တာများနှင့် ပါတ်သက်၍ အိမ်မှ ထွက်ခွါ ခရီးသွားလာကြလျှင် မိမိတို့ အမှု့ကိစ္စအားလုံး အခက်အခဲမရှိ ထိရောက် အောင်မြင်ခြင်း၊ ကြံစည်တိုင်း ပေါက်မြောက် ၊ လိုရာ ခရီးရောက်စေကြောင်း ဆုတောင်းပေးလိုက်ပါသည် ခင်ဗျား...။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်


အပြည့်အစုံဆက်လက်ဖတ်ရန်...

မငွေခင်အားပေးသော (၇)-ရက်အခါပေး

ကျွန်ုပ်သည် မဟာချိုင်မြို့တွင်းရှိ လွန်စွာ ချောင်ကျလှသော ၀ပ်စလိဆိုသော အရပ်တွင် (၅)လခန့် နေထိုင်ခဲ့၏။ ထိုအရပ်ဒေသသည် လွန်စွာချောင်ကျ၍ လွန်စွာမှလည်း သွားရေးလာရေး ခက်ခဲလှသည် ဖြစ်ရာ ကျွန်ုပ်၏ အထံ သို့ ဗေဒင်လက္ခဏာ ကြည့်ရန် လာရောက်ကြသူများအတွက် အခက်အခဲ ဖြစ်ကြကုန်၏။ တစ်ခါဘူးမှလည်း မလာရောက်ဘူးကြသူများကို သွားရောက်ကြိုဆိုရသည် ဖြစ်ရာ ကျွန်ုပ်အတွက်လည်း လွန်စွာ ခက်ခဲလေ၏။ ထို့ ကြောင့် ကျွန်ုပ်သည် မြန်မာပြည်သားများ အများအပြားရှိ၍ သွားရေးလာရေး လွယ်ကူသော နေ၀စ်ဟူသော အရပ်သို့ ပြောင်းရွေ့ခဲ့ရလေ၏။

ကျွန်ုပ် ပြောင်းရွေ့ခဲ့သော နေ၀စ်ဟူသော ရပ်ကွက်ကလေးတွင် မြန်မာပြည်သားများ နေထိုင်ကြတာ များလေ၏။ ဘယ်နေရာကို ကြည့်ကြည့် မြန်မာပြည်သားများကို တွေ့မြင်နေရ၏။ အမျိုးသားများဆိုလျှင် ပုဆိုးတကားကားနှင့် အမျိုးသမီးများက ထမီများနှင့် မသိသူဆိုလျှင် မြန်မာပြည်အလားပင် ဖြစ်လေ၏။ ကွမ်းယာဆိုင်ရှိ၏။ လဘက်ရည်ဆိုင် ထိုင်၍ အပြင်းပြေ စိုင်ထီးဆိုင်သီချင်းကို နားထောင်၍ ရ၏။

မြန်မာပြည်သား အချင်းချင်း ရင်းနှီးခင်မင်စွာ စကားပြောလို့ရ၏။ ၀က်သားတုတ်ထိုးဆိုင်လည်း ရှိ၏။ ညနေဖက် အပြင်းပြေ ကစားတဲ့ ဘောလုံးကွင်း ၊ ဘော်လီဘောကွင်းနှင့် ခြင်းခတ်တဲ့နေရာပင် ရှိလေသောကြောင့် ကျွန်ုပ် နေထိုင်ရာ နေ၀စ်ဆိုသော အရပ်သည် ထိုင်းနိုင်ငံနှင့် လုံးဝမတူ ၊ မြန်မာပြည်သို့ ပြန်ရောက်သကဲ့သို့ပင် ဖြစ်လေတော့၏။

နောက်ညနေ(၃း၀၀)နာရီခန့်မှစ၍ ညဘက် (၉း၀၀)လောက်အထိ ဈေးလည်း ရှိလေ၏။ ထိုဈေးတွင် မြန်မာ ပစ္စည်း မျိုးစုံလည်း ရနိုင်လေ၏။ အကောင်းဆုံးမှာ မြန်မာ သီချင်းခွေများ အစုံလည်း ရလေ၏။ တွံတေးသိန်းတန် သီချင်းမှစ၍ ယနေ့ခေတ်ပေါ် ဟစ်ဟော့ သီချင်းအထိ ရနိုင်သောကြောင့် မဟာချိုင်မြို့ရှိ နေ၀စ်ဆိုသော ရပ်ကွက်လေးသည် မြန်မာပြည်သားများနှင့် စည်ကားလျှက် နေ့စဉ် ပျော်ရွှင်ဖွယ် ကောင်းလေတော့၏။ မြန်မာဗွီဒီယို ကားများကိုလည်း နေ့စဉ်နေ့တိုင်း ငှားကြည့်လို့ ရနိုင်လေ၏။

ကျွန်ုပ်သည် မဟာချိုင်နေ၀စ် ရပ်ကွက်ကလေးတွင် ပျော်ရွှင်စွာ နေထိုင်လာခဲ့ရာ (၅)လခန့် အကြာတွင် မငွေခင်ဆိုသော အမျိုးသမီးတစ်ဦးသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းလေးအတွင်းသို့ ရောက်ရှိလာခဲ့ လေ၏။ ၎င်းမငွေခင်သည် အလုပ်ရုံတွင် အလုပ်မလုပ်။ မြန်မာပြည်သားများ ကြားတွင် ငွေတိုးပေးစားခြင်း၊ ၀န်ဆောင်ခယူ၍ အလုပ်ရှာဖွေပေးခြင်းနှင့် အိမ်တကာသို့ လှည့်လည်နေသောသူပင် ဖြစ်လေ၏။

သူနှင့်သာ ပေါင်းထားလျှင် ရပ်ကွက်ထဲရှိ သတင်းမျိုးစုံကို ရုပ်ရှင်ကြည့်နေသကဲ့သို့ မြင်ကြားရလေ၏။ သူသည် လွန်စွာစကား ပြောကောင်းသူ ဖြစ်သည့်အားလျှော်စွာ အတင်ပြောလည်း အလွန်ကောင်းသူ ဖြစ်လေ၏။ သူသည် ရပ်ကွက်ထဲမှ သတင်းမျိုးစုံ အတင်းမျိုးစုံကို တစ်နေကုန် ထိုင်၍ ပြောလျှင်ပင် ကုန်နိုင်လိမ့်မည် မထင်ပေ။

ရပ်ကွက်ထဲက နတ်ကတော် အကြောင်းလဲ သိရ၏။ မယားနှစ်ယောက်အကြား ဗျာများနေသော ဦးသူတော် ဆိုသော သူအကြောင်းကိုလည်း ခရေစေ့တွင်းကျ ပြောပြလေ၏။ လင်ကြီးရှိပါလျှက် လင်ငယ်နှင့် ချိန်းတွေ့ရာ လင်ကြီးရောက်လာပြီး ထိုးပွဲ ဖြစ်သွားသော ရန်ပွဲအကြောင်းလဲ သိရလေ၏။ ဘောလုံးကွင်းမှာ ရန်ဖြစ်တဲ့ အကြောင်း ။ အော် ပြောရရင်တော့ အစုံပါပဲ။ သူမနှင့် စကားပြောရလျှင် ကျွန်ုပ်ကိုယ်တိုင်ပင် ထမင်းမေ့ ဟင်းမေ့ ဖြစ်သွားလောက်အောင် အတင်ပြော လွန်စွာကောင်းသူ ဖြစ်လေ၏။

သူမသည် ကျွန်ုပ်ထံတွင် ဗေဒင်လက္ခဏာ ကြည့်သည့်နေ့မှစ၍ နောက်နေ့များတွင် ကျွန်ုပ်၏ အခန်းသို့ မရောက်သည့် နေ့ဟူ၍ မရှိပေ။ သူသည် နေ့တိုင်းလာ၏။ တနင်္ဂနွေနေ့တွင် အကြွေးသွားတောင်းမှ ဘာဆောင် သွားရမလဲဟု လာမေးလေ၏။ တနင်္လာနေ့ ရောက်ပြန်တော့ အလုပ်သမားတွေအတွက် အလုပ်ကိစ္စ သွားပြောမယ်။ လုပ်ပါဦးဟု လာမေးပြန်၏။ အင်္ဂါနေ့ကျပြန်တော့ ပိုက်ဆံကိစ္စ အကူအညီ သွားတောင်းပေးမလို့ အဆောင်ပေးပါဦးဟု ပြောပြန်၏။ တစ်ပါတ်တွင် (၇)ရက်ရှိရာ (၇)ရက်စလုံး လာလာ မေးလေသောကြောင့် ကျွန်ုပ်လည်း မငွေခင်အား အောက်ပါအတိုင်း (၇)ရက် ခရီးသွားအခါပေး စာရွက်လေးကို ပေးလိုက်လေ တော့၏။

နောက်ရက်များတွင်လည်း မငွေခင်သည် ရောက်လာပြန်သောကြောင့် ကျွန်ုပ်က " ဘယ့်နှယ် မငွေခင် ကျုပ် ခင်ဗျားကို (၇)ရက်စာ အခါ ရွေးတဲ့နည်း ပေးလိုက်ပြီပဲ။ ဒီနေ့ ဘာ ပြောပေးရဦးမှာလည်းဟု မေးလိုက်လေရာ မငွေခင်ဆိုသော အမျိုးသမီးက...

မဟုတ်ပါဘူး ဆရာရယ်။ ဒီနေ့က ဘာမှ မေးဖို့ လာတာ မဟုတ်ပါဘူး။ အတင် မပြောရ မနေနိုင်လို့ ဆရာရေ။ ရပ်ကွက်ထဲမှာလည်း ကျွန်မပြောတာကို ကောင်းကောင်း နားထောင်မယ့်လူ မရှိတော့ဘူးဆိုတော့ ဆရာ့ကို လာ ပြီး ရပ်ကွက်ထဲက သတင်းမျိုးစုံ လာပြောပြတာ ဆရာရေ... ဟိုကိစ္စ ဆရာ ကြားပြီးပြီလားဟု ဆိုကာ မငွေခင်ဆိုသော လွန်စွာ စကားပြောကောင်းသော မိန်းမကြီးသည် စတင်၍ အတင်း ပြောလေတော့သတည်။

အတင်းပြောကောင်းသောမငွေခင်အား ပေးသော
(၇)ရက်အခါပေး။


လင်္ကာလေးက ဒီလိုပါ။
အပ်တောင်း ကျောင်းအိပ် ၊ စိတ်လက်မီးကင်၊ လင်နေရိပ်ကြည့်၊ မှည့်ကား ထွက်ဝင် ။ သိလျှင် ၀စား၊ နကား ငြင်းခုန်၊

အပ်တောင်း။---။ တနင်္ဂနွေနေ့တွင် တစ်ခုခုကို သွားခါနီး တောင်းပြီးမှ သွားပါ။
ကျောင်းအိပ်။---။ တနင်္လာနေ့တွင် သွားခါနီး ခဏအိပ်ပြီးမှ သွားပါ။
စိတ်လက်မီးကင်။---။ အင်္ဂါနေ့မှာ ထွက်ခါနီး လက်ကို မီးကင်ပြီးမှ သွားပါ။
လင်နေရိပ်ကြည့်။---။ ဗုဒ္ဓဟူးနေ့မှာ နေရိပ်ကို ကြည့်ပြီးမှ သွားပါ။
မှည့်ကာဝင်ထွက်။---။ ကြာသပတေးနေ့မှာ တံခါးကို ၀င်ချဉ်ထွက်ချဉ် လုပ်ပြီးမှ အိမ်ကနေ ထွက်ပါ။
သီးလျှင်ဝစား။---။ သောကြာနေ့တွင် တစ်စုံတစ်ခုကို အ၀စားပြီးမှ အိမ်ကနေ ထွက်ပါ။
နကားငြင်းခုံ။---။ စနေနေ့မှာ အငြင်းအခုန် ပြုလုပ်ပြီးမှ အိမ်ကထွက်ပါ။

ကဲ... (၇)-ရက်သားသမီးများ မည်သူမဆို မိမိတို့၏ အလုပ်အကိုင် အကြံအစည် လုပ်ငန်းဆောင်တာများနှင့် ပါတ်သက်၍ အိမ်မှ ထွက်ခွါ ခရီးသွားလာကြလျှင် မိမိတို့ အမှု့ကိစ္စအားလုံး အခက်အခဲမရှိ ထိရောက် အောင်မြင်ခြင်း၊ ကြံစည်တိုင်း ပေါက်မြောက် ၊ လိုရာ ခရီးရောက်စေကြောင်း ဆုတောင်းပေးလိုက်ပါသည် ခင်ဗျား...။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်


အပြည့်အစုံဆက်လက်ဖတ်ရန်...

ထီပေါက်စေသောအခါရွေးခြင်း




မိတ်ဆွေ.....
သင်သည် ထီထိုးချင်ကို ၀ါသနာပါသည် ဆိုပါက ဂဏန်းဗေဒင်ပညာ၌ လာသော အောက်ပါနည်းအတိုင်း စမ်းသတ်ကြည့်ပါရန် တိုက်တွန်းပါသည်။ ဒီအတိုင်း ကံစမ်းနေတာနှင့် စာလျှင် အောက်ပါနည်းအတိုင်း စမ်းသတ် ကြည့်ပါက ပို၍ ကောင်းမွန်နိုင်ပါသည်။ ထိုနည်းသည် မိတ်ဆွေ၏ မွေးဂဏန်းကို အခြေခံ၍ တွက်ပြထားသော ဂဏန်းပင် ဖြစ်၏။

ထိုအထဲတွင် မိတ်ဆွေနှင့် အကျိုးပေးသော ဂဏန်းများပါ၏။ အကျိုးပေးသော အက္ခရာများ ပါ၏။ မည်သည့်နေ့တွင် ထီထိုးရမည်ကို ညွန်ပြထား၏။ ဘယ်နေ့က မိတ်ဆွေကို ထီကံကောင်းစေသည်ဟု ပြထား၏။ ထီထိုးသွားသောနေ့တွင် မိတ်ဆွေ ၀တ်ဆင်သွားရမည့် အင်္ကျီအရောင်ကို ညွန်ပြထား၏။ ထို့ကြောင် အောက်တွင် ဖော်ပြထားသော ဇယားကွက်ကလေးသည် သေးပင် သေးခြားသော်လည်း ဂဏန်းဗေဒင် ကျမ်းစာအုပ်ကြီး တစ်အုပ်လုံး၏ အနှစ်ချုပ်ကြီးဟုပင် ပြောရလောက်အောင် ပြည့်စေပေသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အပြည့်အစုံဆက်လက်ဖတ်ရန်...

ထီပေါက်စေသောအခါရွေးခြင်း




မိတ်ဆွေ.....
သင်သည် ထီထိုးချင်ကို ၀ါသနာပါသည် ဆိုပါက ဂဏန်းဗေဒင်ပညာ၌ လာသော အောက်ပါနည်းအတိုင်း စမ်းသတ်ကြည့်ပါရန် တိုက်တွန်းပါသည်။ ဒီအတိုင်း ကံစမ်းနေတာနှင့် စာလျှင် အောက်ပါနည်းအတိုင်း စမ်းသတ် ကြည့်ပါက ပို၍ ကောင်းမွန်နိုင်ပါသည်။ ထိုနည်းသည် မိတ်ဆွေ၏ မွေးဂဏန်းကို အခြေခံ၍ တွက်ပြထားသော ဂဏန်းပင် ဖြစ်၏။

ထိုအထဲတွင် မိတ်ဆွေနှင့် အကျိုးပေးသော ဂဏန်းများပါ၏။ အကျိုးပေးသော အက္ခရာများ ပါ၏။ မည်သည့်နေ့တွင် ထီထိုးရမည်ကို ညွန်ပြထား၏။ ဘယ်နေ့က မိတ်ဆွေကို ထီကံကောင်းစေသည်ဟု ပြထား၏။ ထီထိုးသွားသောနေ့တွင် မိတ်ဆွေ ၀တ်ဆင်သွားရမည့် အင်္ကျီအရောင်ကို ညွန်ပြထား၏။ ထို့ကြောင် အောက်တွင် ဖော်ပြထားသော ဇယားကွက်ကလေးသည် သေးပင် သေးခြားသော်လည်း ဂဏန်းဗေဒင် ကျမ်းစာအုပ်ကြီး တစ်အုပ်လုံး၏ အနှစ်ချုပ်ကြီးဟုပင် ပြောရလောက်အောင် ပြည့်စေပေသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အပြည့်အစုံဆက်လက်ဖတ်ရန်...

အချိန်ကောင်း အခါကောင်း ရွေးပြီး အလုပ် လုပ်မယ် ဆိုရင်

ဒီနေ့တင်မယ့် အကြောင်းအရာလေးကတော့ အချိန်ကောင်း အခါကောင်းရွေးချယ် စီစစ်ပြီးမှ ကိုယ်လုပ်မယ့် ကိစ္စ တွေကို အကောင်အထည်ဖော် စတင်တတ်တဲ့ သူတွေအတွက်ပါ။ ပုံမှန်အားဖြင့် ဆိုရင်တော့ မလိုပါဘူး။ အရေးကြီးတဲ့ အချိန်အခါမျိုးတွေ ဆိုရင်တော့ နည်းနည်းလောက် သိထားရင် ကောင်းမယ်။ အားအားရှိ နာရီကြည်လိုက် ၊တွက်ကြည့်လိုက် အခါရွေးလိုက် ဆိုတာမျိုးကတော့ မကောင်းပါဘူး။ အဲဒါဆိုရင်တော့ အခါရွေးတယ် ဆိုတဲ့ စကားက ရီစရာကြီး ဖြစ်နေမှာပေါ့။

ဒီအချိန် လဘက်ရည်ဆိုင် သွားရင်ကောင်းမလား ။ အခါ ကြည့်ကြည့်ဦးမှ ။ ကွမ်းယာ သွားဝယ်ဦးမယ် ဘာအခါလဲ ဆိုတဲ့ နေ့စဉ်ပုံမှန် လုပ်နေကျအလုပ်တွေ အတွက်ကတော့ မလိုပါဘူး။ နေရာတကာ အခါရွေးဖို့လည်း မတိုက်တွန်း ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘ၀မှာ တစ်ခါတစ်လေ အရမ်းအရေးကြီးတဲ့ ကိစ္စမျိုးတွေ ရှိတတ်ပါတယ်။

အဲဒီလို အရေးကြီးတဲ့ အချိန်မျိုးတွေဆိုရင်တော့ ဒါလေး သိထားရင် ကောင်းမယ်ဆိုပြီး တင်ပေးလိုက်တာပါ။ အနည်းဆုံးတော့ ဆောင်ရန် ရှောင်ရန်လေးတော့ သိရတာပေါ့။ ဥပမာ....

အကြွေးသွားတောင်းမယ်...
ငွေကြေးကိစ္စ အကူအညီ သွားတောင်းမယ်။
အလုပ်ကိစ္စ သွားပြောမယ်။
ရာထူးတိုးကိစ္စ အထက်လူကြီးနဲ့ သွားတွေ့မယ်။
နိုင်ငံခြားကိစ္စ သံရုံး သွားမယ်
ပြဿနာကို သွားပြီး ဖြေရှင်းရမယ်။
ခရီးဝေးကို စတင်ထွက်ခွါရမယ်။
ပစ္စည်းတစ်ခုကို ရောင်းဖို့ စကား သွားပြောရမယ်။

အစရှိတဲ့ ကိုယ့်ဘ၀အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စတွေကို အကောင်အထည် ဖော်၇မယ့် အခါမျိုးတွေမှာ ဘယ်အချိန် သွားရင် ကောင်မလဲ ဆိုတာလောက် သိဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ပုံကို မမြင်ရရင်တော့ နှိပ်သာကြည့်ကြပေတောဗျာ..




သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်

ဟိန်းတင့်ဇော်


အပြည့်အစုံဆက်လက်ဖတ်ရန်...

အချိန်ကောင်း အခါကောင်း ရွေးပြီး အလုပ် လုပ်မယ် ဆိုရင်

ဒီနေ့တင်မယ့် အကြောင်းအရာလေးကတော့ အချိန်ကောင်း အခါကောင်းရွေးချယ် စီစစ်ပြီးမှ ကိုယ်လုပ်မယ့် ကိစ္စ တွေကို အကောင်အထည်ဖော် စတင်တတ်တဲ့ သူတွေအတွက်ပါ။ ပုံမှန်အားဖြင့် ဆိုရင်တော့ မလိုပါဘူး။ အရေးကြီးတဲ့ အချိန်အခါမျိုးတွေ ဆိုရင်တော့ နည်းနည်းလောက် သိထားရင် ကောင်းမယ်။ အားအားရှိ နာရီကြည်လိုက် ၊တွက်ကြည့်လိုက် အခါရွေးလိုက် ဆိုတာမျိုးကတော့ မကောင်းပါဘူး။ အဲဒါဆိုရင်တော့ အခါရွေးတယ် ဆိုတဲ့ စကားက ရီစရာကြီး ဖြစ်နေမှာပေါ့။

ဒီအချိန် လဘက်ရည်ဆိုင် သွားရင်ကောင်းမလား ။ အခါ ကြည့်ကြည့်ဦးမှ ။ ကွမ်းယာ သွားဝယ်ဦးမယ် ဘာအခါလဲ ဆိုတဲ့ နေ့စဉ်ပုံမှန် လုပ်နေကျအလုပ်တွေ အတွက်ကတော့ မလိုပါဘူး။ နေရာတကာ အခါရွေးဖို့လည်း မတိုက်တွန်း ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘ၀မှာ တစ်ခါတစ်လေ အရမ်းအရေးကြီးတဲ့ ကိစ္စမျိုးတွေ ရှိတတ်ပါတယ်။

အဲဒီလို အရေးကြီးတဲ့ အချိန်မျိုးတွေဆိုရင်တော့ ဒါလေး သိထားရင် ကောင်းမယ်ဆိုပြီး တင်ပေးလိုက်တာပါ။ အနည်းဆုံးတော့ ဆောင်ရန် ရှောင်ရန်လေးတော့ သိရတာပေါ့။ ဥပမာ....

အကြွေးသွားတောင်းမယ်...
ငွေကြေးကိစ္စ အကူအညီ သွားတောင်းမယ်။
အလုပ်ကိစ္စ သွားပြောမယ်။
ရာထူးတိုးကိစ္စ အထက်လူကြီးနဲ့ သွားတွေ့မယ်။
နိုင်ငံခြားကိစ္စ သံရုံး သွားမယ်
ပြဿနာကို သွားပြီး ဖြေရှင်းရမယ်။
ခရီးဝေးကို စတင်ထွက်ခွါရမယ်။
ပစ္စည်းတစ်ခုကို ရောင်းဖို့ စကား သွားပြောရမယ်။

အစရှိတဲ့ ကိုယ့်ဘ၀အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စတွေကို အကောင်အထည် ဖော်၇မယ့် အခါမျိုးတွေမှာ ဘယ်အချိန် သွားရင် ကောင်မလဲ ဆိုတာလောက် သိဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ပုံကို မမြင်ရရင်တော့ နှိပ်သာကြည့်ကြပေတောဗျာ..




သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်

ဟိန်းတင့်ဇော်


အပြည့်အစုံဆက်လက်ဖတ်ရန်...

ဝင်းဇော်နှင့်ညှိပြီးအလုပ်လုပ်ပါ။


သင့်မှာ အရေးကြီးတဲ့ အလုပ်ကိစ္စရှိခဲ့ရင် အောက်မှာ ဖော်ပြထားတဲ့ဇယားအတိုင်း အချိန်အခါရွေးပြီး ပြုလုပ် သင့်ပါတယ်။ သင်တို့အတွက် အလွန်ကောင်းတဲ့ အချိန်တွေ ဖြစ်ပါတယ်။ အဲဒီအချိန်တွေဟာ စတုရန်း အခါနှင့် တြိရန်းအခါတွေ ဖြစ်ပါတယ်။ စတုရန်ဆိုတော့ လေးကြိမ်မြောက်ပေါ့။ တြိရန်ဆိုတော့ သုံးကြိမ် မြောက်ပေါ့ဗျာ။အလွယ်မှတ်ရင် လေးတွေ သုံးတွေ မမှတ်တော့ဘူး။…၀င်းဇော်လို့ အလွယ်သာ မှတ်ထားမယ်ဗျာ..။

 

နေ့သား
နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
ညနေ(၃း၀၀)မှ(၄း၃၀)အတွင်း
တနင်္ဂနွေ
ဗုဒ္ဓဟူးအခါ
အင်္ဂါအခါ
တနင်္လာ
ကြာသပတေးအခါ
ဗုဒ္ဓဟူးအခါ
အင်္ဂါ
သောကြာအခါ
ကြာသပတေးအခါ
ဗုဒ္ဓဟူး
စနေအခါ
သောကြာအခါ
ကြာသပတေး
တနင်္ဂနွေအခါ
စနေအခါ
သောကြာ
တနင်္လာအခါ
တနင်္ဂနွေအခါ
စနေ
အင်္ဂါအခါ
တနင်္လာအခါ

အပြည့်အစုံဆက်လက်ဖတ်ရန်...

ဝင်းဇော်နှင့်ညှိပြီးအလုပ်လုပ်ပါ။


သင့်မှာ အရေးကြီးတဲ့ အလုပ်ကိစ္စရှိခဲ့ရင် အောက်မှာ ဖော်ပြထားတဲ့ဇယားအတိုင်း အချိန်အခါရွေးပြီး ပြုလုပ် သင့်ပါတယ်။ သင်တို့အတွက် အလွန်ကောင်းတဲ့ အချိန်တွေ ဖြစ်ပါတယ်။ အဲဒီအချိန်တွေဟာ စတုရန်း အခါနှင့် တြိရန်းအခါတွေ ဖြစ်ပါတယ်။ စတုရန်ဆိုတော့ လေးကြိမ်မြောက်ပေါ့။ တြိရန်ဆိုတော့ သုံးကြိမ် မြောက်ပေါ့ဗျာ။အလွယ်မှတ်ရင် လေးတွေ သုံးတွေ မမှတ်တော့ဘူး။…၀င်းဇော်လို့ အလွယ်သာ မှတ်ထားမယ်ဗျာ..။

 

နေ့သား
နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
ညနေ(၃း၀၀)မှ(၄း၃၀)အတွင်း
တနင်္ဂနွေ
ဗုဒ္ဓဟူးအခါ
အင်္ဂါအခါ
တနင်္လာ
ကြာသပတေးအခါ
ဗုဒ္ဓဟူးအခါ
အင်္ဂါ
သောကြာအခါ
ကြာသပတေးအခါ
ဗုဒ္ဓဟူး
စနေအခါ
သောကြာအခါ
ကြာသပတေး
တနင်္ဂနွေအခါ
စနေအခါ
သောကြာ
တနင်္လာအခါ
တနင်္ဂနွေအခါ
စနေ
အင်္ဂါအခါ
တနင်္လာအခါ

အပြည့်အစုံဆက်လက်ဖတ်ရန်...