စာမေးပွဲအတွက် အထောက်အပံ့ ယတြာ

အင်း... ဘာလိုလိုနဲ့ ကျောင်းသားကျောင်းသူများအတွက် စာမေးပွဲဖြေဖို့အချိန်တောင် ရောက်တော့မယ်။ မကြာခင်မှာ ကျောင်းသူကျောင်းသားများအတွက် စာမေးပွဲတွေ ဖြေရတော့မယ်။ အောင်မြင်စေချင်တယ်။ ဒါရင်ထဲက ဆန္ဒအမှန်ပါ။ တစ်နှစ်ပြီးတစ်နှစ် တစ်တန်းပြီးတစ်တန်း တိုးတက်စေချင်တယ်။ ပညာရေးကို လိုက်စားစေချင်တယ်။ ပညာတတ်တဲ့ မြန်မာလူမျိုးတွေ များများပေါ်ထွန်းလာစေချင်တယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူ လူငယ်များကို အထူးပဲတိုက်တွန်း အကြံညာဏ်ပေးချင်တာက ဇွဲလုံ့လ၀ိရိယနဲ့ ကြိုးစားအားထုတ်စေချင်ပါတယ်။

ခေတ်ကြီးက ပြောင်းလဲလာပြီ။ ဒါကို သိစေချင်တယ်။ ပညာတတ်တဲ့ လူငယ်တွေရဲ့ လက်ထဲကို ရောက်လာပြီ။ ဒါကို မမေ့ပါနဲ့။ ပြီးတော့ လူကြီးမိဘတွေကို အထူးလေးစားစွာ တိုက်တွန်းချင်တာက မိမိတို့၏ သားသမီးတွေရဲ့ ပညာရေးကို အထူးအလေးပေးစေချင်တယ်။ ဆရာအောင်သင်းရဲ့ စကားကိုယူပြီး ပြောရရင်တော့ ယာယီကို ထာဝရ မထင်ပါနဲ့။ တဒင်္ဂ အဆင်ပြေဖို့ တစ်ခုတည်းကိုသာကြည့်ပြီး လူငယ်တွေပညာရေး တပိုင်းတစ မဖြစ်စေချင်ပါဘူး။

ဒီနေရာမှာ ကျွန်တော့်ဘ၀နဲ့ ရင်းပြီး ရလာတဲ့ သင်္ခန်းစာတစ်ခုကို ပြောပြချင်တယ်။ ကျွန်တော်တို့ ထိုင်းနိုင်ငံကို ရောက်နေကြတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ အများစုဟာ ပညာမတတ်ကြဘူး။ များသောအားဖြင့် မူလတန်းပညာအဆင့်ပဲ ရှိကြတယ်။ အဲဒီတော့ ဘာဖြစ်လဲ။ ကျွန်တော်တို့ သူများနိုင်ငံမှာ သူများခိုင်းတာလုပ် သူများပေးသလောက် ယူရတဲ့ သူတစ်ပါးရဲ့ အခိုးအစေတွေ လာဖြစ်ရတာပေါ့။ အရာရာကို စီစစ်ဝေဖန် ပိုင်းခြားနိုင်တဲ့ ဦးနှောက်အတွေးအခေါ် အဆင့်အတန်း အရမ်းနိမ့်တယ်။ ဒါ ပညာမတတ်လို့ပေါ့။

ကျွန်တော်ကိုယ်တိုင် ပညာမတတ်ဘူး။ ဒီအချိန်မျာ ကျောင်းပြန်တက်ချင်တယ်။ ဒါပေမယ့် မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ ပညာတော့ လေ့ကျင့်သင်ယူနေရမှာပဲဆိုပြီး အသက်မွေးဝမ်းကျောင်း ပညာဘက်ကို လိုက်စားလာတယ်။ ကမ္ဘာကြီးမှာ လေ့လာသင်ယူစရာတွေ အများကြီး ရှိပါလားလို့ သိလိုက်ရတဲ့အချိန်မှာ ကျွန်တော်က အင်္ဂလိပ်စာ မတတ်ပြန်ဘူး။ အင်္ဂလိပ်စာ မတတ်ခြင်းဟာ နည်းပညာတွေနဲ့ ပေါင်းကူးတံတားလေး မရှိတဲ့အတိုင်းပါပဲ။ ဒါကြောင့် စစ်မှန်တဲ့ ပညာတွေကို လေ့လာခွင့်မရနိုင်ခဲ့ဘူး။

တိုးတက်ပြောင်းလဲနေတဲ့ အင်တာနက်ခေတ်ကြီးထဲမှာ ကျွန်တော်တို့တွေအတွက် လေ့လာစရာတွေ သင်ယူစရာတွေ တပုံတပင်ကြီးပါ။ ဘာအကြောင်းကို သိချင်လဲ။ သင်က ဘာတွေ ၀ါသနာပါလဲ။ google မှာ ရှာပြီး လေ့လာရုံပါပဲ။ အခက်အခဲကတော့ အင်္ဂလိပ်စာမတတ်တော့ ကျွန်တော်တို့တွေဟာ မြင်သာမြင်မကြင်ရတဲ့ ဘ၀ပေါ့။ ကျွန်တော်ဆိုရင် ဗေဒင်ပညာ၊ ဂမ္ဘီရပညာ၊ လျှို့ဝှက်သော ပညာရပ် စသော နိုင်ငံတကာ အနောက်တိုင်း အရှေ့တိုင်း လောကီပညာရပ်တွေကို အရမ်းဝါသနာပါတယ်။ လေ့လာချင်တယ်။ လိုက်စားချင်တယ်။ ဒါပေမယ့် ထုံးစံအတိုင်း အင်္ဂလိပ်စာမတတ်တော့လဲ အဆင်မပြေဘူးပေါ့။

နောက်ပြီး နိုင်ငံခြားတိုင်းပြည်တွေကို ရောက်ဖူးတဲ့လူတိုင်း ပညာတတ်တစ်ယောက်ရဲ့ တန်ဖိုးကို အလိုလို နားလည် လာတတ်ကြတယ်။ လောကကြီးမှာ ပညာမတတ်တဲ့ လူတွေဟာ ပညာတတ်တဲ့ လူတွေရဲ့ ခိုင်းဖတ်ဖြစ်တော့မယ့် အခြေအနေပါ။

ဒါကြောင့် သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် အကြံညာဏ်ပေးချင်တာက ရသလောက်ပညာကို ကြိုးစားရှာဖွေပါ။ သင်ယူပါ။ ဆည်းပူးပါ။ မျက်လုံးကျယ်ကျယ်နဲ့ လောကကြီးကို ကြည့်ပါ။ အချိန်ကို တန်ဖိုးထားပါ။ မိမိ၏ အရင်းနှီးဆုံး ပတ်ဝန်းကျင်နဲ့ နွေးထွေးစွာနေပါ။ စိတ်ကို အေးချမ်းစွာ လေ့ကျင့်ပါ။ ကြိုးစားအားထုတ်နေတဲ့ သင်တို့အတွက် အခွင့်အရေးကောင်း အခြေအနေကောင်းတွေဟာ သင်တို့ရှေ့ကို မလွဲမသွေ ရောက်ရှိလာမှာပါလို့ အားလုံးကို တိုက်တွန်းပြောလိုက်ရင်း ပညာရေးကို အထောက်အကူဖြစ်စေမယ့် စာမေးပွဲယတြာများကို တင်ပြပေးလိုက်ရ ပေသတည်း။

တနင်္ဂနွေသားသမီးများအတွက်

စာမေးပွဲဖြေဆိုသောရက်များတွင် အိမ်ဘုရားတွင် လှူရန်....
ကံ့ကော် (၂) ညွန့်၊ မေမြို့ (၅)ပွင့်၊ သပြေ (၆)ညွန့်။

စာမေးပွဲသွားဖြေကာနီး အိမ်ကအထွက်တွင် ဆောင်ရွက်သွားရန်....
အနောက်အရပ်ကို မျက်နှာမူ၍ သကြားအနည်းငယ်စား၍ ဆုတောင်းသွားပါ။

တနင်္လာသားသမီးများအတွက်....

စာမေးပွဲဖြေဆိုသောရက်များတွင် အိမ်ဘုရားတွင် လှူရန်....
ဇော်ဇိမ်း (၃) ညွန့်၊ သပြေ (၆)ညွန့်။ နှင်းဆီ (၇)ပွင့်။

စာမေးပွဲသွားဖြေကာနီး အိမ်ကအထွက်တွင် ဆောင်ရွက်သွားရန်....
မြောက်အရပ်ကို မျက်နှာမူ၍ နွားနို့အနည်းငယ်သောက်၍ ဆုတောင်းသွားပါ။

အင်္ဂါသားသမီးများအတွက်

စာမေးပွဲဖြေဆိုသောရက်များတွင် အိမ်ဘုရားတွင် လှူရန်....
ရွက်လှ (၄)ညွန့် ၊ အုန်း (၆)ညွန့် ၊ နှင်းဆီ (၇) ပွင့်။

စာမေးပွဲသွားဖြေကာနီး အိမ်ကအထွက်တွင် ဆောင်ရွက်သွားရန်....
အနောက်တောင်အရပ်ကို မျက်နှာမူ၍ အာလူးကြော်အနည်းငယ်စား၍ ဆုတောင်းသွားပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

စာမေးပွဲဖြေဆိုသောရက်များတွင် အိမ်ဘုရားတွင် လှူရန်....
အုန်း (၁) ညွန့်၊ မေမြို့ (၅)ပွင့်၊ ကံ့ကော် (၂)ညွန့်။

စာမေးပွဲသွားဖြေကာနီး အိမ်ကအထွက်တွင် ဆောင်ရွက်သွားရန်....
အရှေ့မြောက်အရပ်ကို မျက်နှာမူ၍ ကိတ်မုန့်အနည်းငယ်စား၍ ဆုတောင်းသွားပါ။

ကြာသပတေးသားသမီးများအတွက်

စာမေးပွဲဖြေဆိုသောရက်များတွင် အိမ်ဘုရားတွင် လှူရန်....
ကံ့ကော် (၂) ညွန့်၊ ဇော်စိမ်း (၃)ပွင့်၊ သပြေ (၆)ညွန့်။

စာမေးပွဲသွားဖြေကာနီး အိမ်ကအထွက်တွင် ဆောင်ရွက်သွားရန်....
အရှေ့အရပ်ကို မျက်နှာမူ၍ ဇီးသီးအနည်းငယ်စား၍ ဆုတောင်းသွားပါ။

သောကြာသားသမီးများအတွက်

စာမေးပွဲဖြေဆိုသောရက်များတွင် အိမ်ဘုရားတွင် လှူရန်....
ဇော်စိမ်း (၃) ညွန့် ၊ ရွက်လှ (၄) ညွန့် ၊ နှင်းဆီ (၇)ပွင့်။

စာမေးပွဲသွားဖြေကာနီး အိမ်ကအထွက်တွင် ဆောင်ရွက်သွားရန်....
အရှေ့တောင်အရပ်ကို မျက်နှာမူ၍ ရှောက်ယိုအနည်းငယ်စား၍ ဆုတောင်းသွားပါ။

စနေသားသမီးများအတွက်

စာမေးပွဲဖြေဆိုသောရက်များတွင် အိမ်ဘုရားတွင် လှူရန်....
ရွက်လှ(၄) ညွန့်၊ အုန်း (၁)ညွန့် ၊ မေမြို့ (၅)ပွင့်။

စာမေးပွဲသွားဖြေကာနီး အိမ်ကအထွက်တွင် ဆောင်ရွက်သွားရန်....
တောင်အရပ်ကို မျက်နှာမူ၍ ပေါင်မုန့်အနည်းငယ်စား၍ ဆုတောင်းသွားပါ။

အားလုံးသောသူများအားလုံးအစဉ်ပြေကြမည်ဟု မျှော်လင့်ပါတယ်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုးနိုင်ငံ-မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...

စာမေးပွဲအတွက်အဆောင်နှင့်ယတြာ

ငါ၏ ချစ်လှစွာသော ညီငယ်ညီမငယ်တို့ရေ....
မင်းတို့လေးတွေအတွက် စာမေးပွဲနှင့် ပါတ်သက်တဲ့ ယတြာတွေကို ငါ ဒီနေရာလေးမှာ ပြည့်ပြည့်စုံစုံ ရေးသားပေး လိုက်ပါတယ်။ အောင်မြင်မှု့ သရဖူကို ဖမ်းကိုင်နှိင် ပါစေလို့လည်း ငါ ဆုတောင်းပေး လိုက်ပါတယ်ကွာ။ ဒီနေရာမှာ ငါတို့ရဲ့ ဆရာသခင် အဘမင်းသိင်္ခ ပြောနေကြ စကားလေး တစ်ခွန်းကို ငါလက်ဆောင် ပေးလိုက်ပါရ စေ။

ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်တဲ့.......

စကားလေးကတော့ ဒီလောက်လေးပါ။ ဒါပေမယ့် မင်းတို့တတွေ ဆက်ပြီး စဉ်းစားကြည့်မယ်ဆိုရင် ဒီစကားလေး ဟာ မင်တို့ ဘ၀တွေအတွက် လမ်းပြပေးမယ့် စကားတခွန်း ဖြစ်လာပါလိမ့်မယ်။ ငါနဲ့တွေ့တဲ့ လူငယ်တွေတိုင်းကို အဲဒီ စကားလေး တခွန်းကို လက်ဆောင် ပေးနေကြပါ။ ဒီစကားလေး နှလုံးသားထဲမှာ ရောက်သွားတဲ့ လူငယ် တိုင်းဟာ သူတို့ရဲ့ ဘ၀နယ်ပယ် အသီးသီးမှာ အောင်မြင်မှု့တွေ ချက်ခြင်း ပိုင်ဆိုင် လာကြပါတယ်ကွာ။

ညီလေး ညီမလေးတို့ရေ..
မင်းတို့တတွေက ဘာတွေ ဖြစ်ချင် နေကြတာလဲ။ ဘာတွေ လုပ်နေကြတာလဲ။ ဘာတွေ ရည်မှန်း ထားကြတာလဲ။ သေချာတာ တစ်ခုကတော့ မင်းတို့ လုပ်နေတဲ့ အလုပ်ကို အဖြစ်ရှိအောင် ကြိုးစားလိုက်စမ်းပါ။ အနုပညာ လောကက ညီငယ်ညီမငယ် တွေလည်း အဖြစ်ရှိအောင် ကြိုးစားကြစမ်းပါ။ စာပေလောကက တက်သက်စ ညီငယ် ညီမငယ်တွေလည်း အဖြစ်ရှိအောင် ကြိုးစားလိုက်စမ်းပါ။ ကျောင်းစာ သင်ခန်းထဲက ညီငယ် ညီမငယ် တွေလည်း အဖြစ်ရှိအောင် ကြိုးစား လိုက်စမ်းပါ။ စီးပွားရေး လောကထဲက တက်သက်စ ညီငယ် ညီမငယ် တွေလည်း အဖြစ်ရှိအောင် ကြိုးစား လိုက်စမ်းပါ။ နိုင်ငံခြား တိုင်းပြည်မှာ ရောက်နေတဲ့ ညီငယ် ညီမငယ်တွေ လည်း အဖြစ်ရှိအောင်ကြိုးစားလိုက်စမ်းပါ။ အားလုံး အားလုံသောသူများ အဖြစ်ရှိအောင် လုပ်ကြစမ်းပါ။

ဘ၀တစ်ခုမှာ အောင်မြင်ဖို့ အတွက်ဆိုရင် မင်တို့တတွေဟာ ကျန်းမာရေး ကောင်းဖို့လိုတယ်။ ကျန်းမာရေး ကောင်းဖို့ အတွက်ဆိုရင် အသက်ကို ၀အောင် ရှု ကြပေါ။ အသက်ရှူ တယ်ဆိုတဲ့ စကားလေးကို အလေးအနက် ထားစေချင်တယ်။ လေ ရှူတာ မဟုတ်ဘူးနော်။ အသက် ရှူတာ။ အဲဒီတော့ အသက် ရှည်ချင်ရင် ကျန်းမာရေး ကောင်းချင်ရင် အမြဲတမ်း နုပျို လန်းဆန်း နေချင်ရင် မင်းတို့လေးတွေဟာ အသက်ကို ၀အောင် ရှူ ရှိုက်ကြပေါ့။

နောက်တစ်ခု မင်းတို့တတွေရဲ့ သဘာဝ ပါတ်ဝန်းကျင်ကို လေ့လာစေချင်တယ်။ တကယ်တော့ ဒီစကြာဝဠာ ကြီး ထဲက သဘာဝ ပါတ်ဝန်းကျင်ကြီးဟာ မင်းတို့ ငါတို့တွေအတွက် အခမယ့် ပညာသင်ပေးနေတဲ့ ကျောင်းတော် ကြီး မဟုတ်ပါလား။ ဒါကြောင့် ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝ လူသားတွေရဲ့ နေ့စဉ် ရှင်သန်နေတာတွေ အခက်အခဲ တွေကို ဖြတ်ကျော် နေမှု့တွေကို မျက်ခြေပြတ် မခံပဲ အမြဲတမ်း ဆည်းပူး လေ့လာ နေစေ ချင်တယ်ကွာ။

နောက်တစ်ခုက ဘာအလုပ်ကိုပဲ လုပ်လုပ် စီမံကိန်း ရေးဆွဲပြီးတော့မှ လုပ်စေချင်တယ်။ များသော အားဖြင့် ကတော့ လူငယ်တွေဟာ ဘ၀ဆိုတဲ့ ခရီးကို ဖြတ်သန်းရတဲ့ အခါ စီမံကိန်း ရေးဆွဲတတ်တဲ့ အကျင့်ရအောင် ကြိုးစားစေချင်တယ်။ ပြောချင်တဲ့ စကားတွေ ကတော့ အများကြီးပါပဲ။ နောက်မှပဲ ငါ့ဘ၀နဲ့ ရင်းပြီးရခဲ့တဲ့ ဆည်းပူး လေ့လာ သင်ယူခဲ့တဲ့ စကားတွေ ပြောတော့မယ်။ အခုတော့ မင်းတို့လေးတွေ စာမေးပွဲ သွားဖြေတဲ့ အခါ ကံဇာတာ ကောင်းဖို့အတွက် အဆောင်တွေ ယတြာတွေကို ပြည့်ပြည့်စုံစုံ ပြောပြလိုက်ပါတယ်။

စာမေးပွဲသွားဖြေမယ့်ညီငယ်ညီမငယ်တွေက သွားခါနီး ဒီလို လုပ်သွားပါ။

တနင်္ဂနွေသားသမီးများက အနောက်အရပ်ကို မျက်နှာမူပြီး သရက်ယို သရက်သီး စားရင်း ဆုတောင်းသွားပါ။
တနင်္လာသားသမီးများက မြောက်အရပ်ကို မျက်နှာမူပြီး နွားနို့သောက်ရင်း ဆုတောင်းသွားပါ။
အင်္ဂါသားသမီးများက အနောက်တောင်အရပ်ကို မျက်နှာမူပြီး အုန်းသီး စားရင်း ဆုတောင်းသွားပါ။
ဗုဒ္ဓဟူးသားသမီးများက အရှေ့မြောက် အရပ်ကို မျက်နှာမူပြီး ကိတ်မုန့် စားရင်း ဆုတောင်းသွားပါ။
ကြာသပတေးသားသမီးများက အရှေ့အရပ်ကို မျက်နှာမူပြီး ဇီးသီး (သို့)ဇီယို စားရင်း ဆုတောင်းသွားပါ။
သောကြာသားသမီးများက အရှေ့တောင်အရပ်ကို မျက်နှာမူပြီး လဘက် စားရင်း ဆုတောင်းသွားပါ။
စနေသားသမီးများက တောင်အရပ်ကို မျက်နှာမူပြီး မြေပဲစားရင်း ဆုတောင်းသွားပါ။

ဒါကတော့ ပညာရေး အထောက်အကူပြုအဆောင်လေးပါ။ ပလပ်စတစ်ကဒ်လောင်းပြီး ဆောင်ထားပေါ့။

ဒါကတော့ စာတွေမေ့နေတဲ့အခါ ရွတ်ဆိုရမယ့် ဂမ္ဘီရမန္တန်ပါ။

ဇင်းဒါး

ဒါကတော့ မေးသမျှ ဖြေဆိုနိုင်တဲ့ ဆုတောင်းဂါထာပါ။

ဘူရိမပညော သိပ္ပါနံ
သဗ္ဗေသံ ကုသလောဘဝေ။
ဝိသဇ္ဇေတုံ သမတ္ထောဝ။
သဗ္ဗ ပုစ္ဆာနံ ဌာနသော။

မြန်မာပြန်

ဘူရိမပညော၊ မြေကြီးအထုနှင့်တူသောပညာရှိသည်၎င်း။
သဗ္ဗသိပ္ပါနံ၊ ခပ်သိမ်းသော အတတ်မျိုးတို့၌။
ကုသလော၊ လိမ္မာသည်။
သဗ္ဗပုစ္ဆာနံ၊ခပ်သိမ်းသော အမေးပုစ္ဆာတို့ကို။
ဌာနသော၊ တစ်ခဏဖြင့်။
ဝိသဇ္ဇေတုံ၊ဖြေဆိုခြင်းငှာ။
သမတ္ထော၊ စွမ်းနိုင်သည်သာလျှင်။
ဘဝေယံ၊ ဖြစ်ရပါလို၏ဘုရား။

အထက်ပါ ဂါထာတော်ကို စာမေးပွဲ မတိုင်မီ ကြိုတင်၍ အဓိဋ္ဌာန်ဖြင့် ပြုလုပ်ရမည်။ မိမိမွေးနေ့မှ စ၍ ငါးရက်ဆက်တိုက် ရွတ်ဖတ်၍ အဓိဋ္ဌာန်ဝင်ရမည်။ တစ်နေ့လျှင် တစ်ကြိမ်။ တစ်နေ့လျှင် ဂါထာတော်ကို မိမိ အသက်စေ့ ရွတ်ဖတ် ပူဇော်၍ စာမေးပွဲကို ကောင်းမွန်စွာ အနှောက်အယှက်ကင်းစွာ ဖြေဆိုနိုင်ကြောင်း ဆုတောင်းပါ။

ကဲဗျာ... ဒီလောက်ဆိုရင် စာမေးပွဲအတွက် ပြည်စုံလောက်ပြီလို့ ထင်ပါတယ်။
အောင်မြင်မှု့ ပန်းတိုင်ကို လှမ်းကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

စေတနာကောင်းဖြင့်
ပညာရေးပါရမီနည်းခဲ့ရှာသော

စာမေးပွဲအတွက်

ဆရာ-ဟိန်းတင့်ဇော်