ဓာတ်တူနံတူငွေကိုယူ



အထက်ပါ အဆောင်ကို ပရင့်ထုပ်ယူ၍ ပလပ်စတစ်လောင်းကာ မိမိအိမ် ဘုရားခန်း၊ ဈေးဆိုင် ၊ ကုမ္ပဏီရုံးခန်း စသည်တို့တွင် ရိုသေသက်ဝင်စွာ ဆောင်ထားပါက လာဘ်လာဘ ရွှင်လန်းခြင်း၊ အောင်မြင်ခြင်း၊ တိုးတက်ခြင်း စသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရန်...

ဘေးအန္တရယ်ဆိုးများမှလွတ်မြောက်စေသောကပ်ကျော်အဆောင်



ကမ္ဘာကြီးက ဘေးအန္တရာယ်နဲ့ ၀ိုင်းနေတယ်။ မွန်းကြပ်မှု့တွေနဲ့ ပြည့်သိပ်နေတယ်။ တုန်လှုပ်မှု့တွေနဲ့ ရင်ဆိုင်နေရတယ်။ နေရာတိုင်းမှာပဲနော်။ သေးတာရယ်၊ ကြီးတာရယ်ပဲ ကွာတာပါ။ အဲဒီအတွက် ကျွန်တော်က အဆောင်တစ်ခုလောက် လက်ဆောင်ပေးချင်ပါတယ်။ အဲဒီအဆောင်ကို ယုံယုံကြည်ကြည်နဲ့ ဆောင်ထားပါ။ ဒီအဆောင်က သက္ကရာဇ်-၁၂၇၀ ပြည့်နှစ်တွင် မော်လမြိုင်မြို့၊ ကျိုက်သလ္လန်တောင်ထိပ် ၊ အောင်လံတိုင်ဝါဆိုကျောင်း၌ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး ချီးမြင့်တော်မူသော အက္ခရာစမ တံဆိပ်တော် ဖြစ်၏။

ဤစမတံဆိပ်ကို ဆောင်ထားလျှင် အန္တရယ်ကင်း၏။ လာဘ်ရွှင်၏။ (ပထရမ) ဟု အသံထွက်ရ၏။ ရှေ့ဦးစွာ သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရားဟု အနက်ရလေ၏။ ဤစမသည် အသုံလွန်စွာ ကျယ်၏။ ရှေ့ဆရာများ လွန်စွာအားထားသော စမဖြစ်လေ၏။ ကျွန်ုပ်တို့၏ အဘဆရာကြီး မင်းသိင်္ခကိုယ်တိုင်လည်း အထူးအားပြု လမ်းညွန်ခဲ့လေ၏။

ထို့ကြောင့် ကျွန်ုပ်၏ ချစ်ခင်လေးစားရသော မိတ်ဆွေအပေါင်း အသင်းများ၏ အကျိုးကို အစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနဲ့ တိုက်တွန်းလိုသည်မှာ လေးနက်ယုံကြည်စွာ ဆောင်ထားကြပါက မိမိတို့ ကြုံတွေ့လတ္တံ့သော ဘေးအန္တရယ်များမှ လွတ်မြောက်ပါလိမ့်မည် ဖြစ်ပါကြောင်း.......

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အပြည့်အစုံဆက်လက်ဖတ်ရန်...

နှင်းဆီပန်းကိုးပွင့်နှင့် ကုမ္ပဏီအောင်မြင်စေသောနည်း

မှတ်မှတ်ရရ ၂ဝဝ၉-ခုလောက်တုန်းက ဖြစ်မည်။ ကျွန်ုပ်သည် ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ ခေတ္တ အလည် ပြန်သောအချိန်တွင် ဖြစ်၏။ ရန်ကုန်မြို့တွင် ကျွန်ုပ်နှင့် လွန်စွာရင်းနှီး ခင်မင်သော မိတ်ဆွေတစ်ဦးအိမ်တွင် (၃)ရက်ခန့် တည်းခိုနေထိုင်ခဲ့လေ၏။ သူသည် ရန်ကုန်မြို့ ဆိပ်ကမ်းသာ မြို့နယ်ဘက်တွင် ကုမ္ပဏီတစ်ခု ဖွင့်ထား၏။ သူ၏ ကုမ္ပဏီမှာ နိုင်ငံခြားသို့ သွားရောက်မည့် သူများကို အကျိုးဆောင်ပေးသော ကုမ္ပဏီတစ်ခု ဖြစ်လေ၏။

သူသည် ဗေဒင်ပညာနှင့် ပါတ်သက်၍ အရူးအမူး ၀ါသနာပါ စွဲလန်းသူဖြစ်လေ၏။ သူနှင့် ကျွန်ုပ် တညလုံးထိုင်၍ သူ၏အိမ်ရှေ့ ၀ရံတာတွင် ထိုင်၍ စကားပြောဆိုရာမှ သိလိုက်ရသည်မှာ သူ၏ ကုမ္ပဏီတစ်ခုလုံး ဘာကိုပဲ လုပ်လုပ် ဗေဒင်တွက်၍ လုပ်သည်ဟူ၏။ အလုပ်သမားခန့်လျှင်လည်း အရည်အချင်းကို မကြည့် ဘာနေ့သားလည်း ဆိုတာကိုသာ အရင်ကြည့်သည်ဆို၏။ ဘယ်နိုင်ငံ အကျိုးပေးသနည်းဟု တွက်ချက်ကြည့်ပြီးမှသာ နိုင်ငံခြား ကုမ္ပဏီများနှင့် ဆက်သွယ်သည်။ ၀ပ်ပါမစ်တင်သည် ဆို၏။ ကုမ္ပဏီဝန်ထမ်းများ၏ ၀တ်စုံကို အကျိုးပေးသော အရောင်များကို တွက်ချက်၍ ချုပ်စေ၏။ ၀တ်စုံကို အနည်းဆုံး(၃)စုံ ချုပ်ထား၍ ဘယ်နေ့မှာ ဘာဝတ်ရမည်ဆိုသည်ကို ပုံစံစွဲထားသည်ဆို၏။

သူ၏ ကုမ္ပဏီရုံးခန်းတွင်လည်း အတိတ်နိမိတ်ကောင်းစေသည့် ဓာတ်ပန်ချီပုံများကို မှန်ဘောင်ကြီးများဖြင့် သွင်းကာ ချိပ်ထားလေ၏။ သူ၏ ပြောပြချက်အရဆိုလျှင် ဤပုံများကို ချိပ်ဆွဲသော အခါတွင်လည်း မွေးနံန၀င်းကျသော မွေးနေ့ (၉း၄၅)တိတိတွင် တိတိကျကျ ချိပ်ဆွဲသည်ဟု ပြောပြလေ၏။ သူ၏ အလုပ်စားပွဲ ပေါ်တွင်လည်း ရွှေချထားသော သံလျှက်များ၊ ရွှေချ၍ ကျောက်စီထားသော သေတ္တာငယ်လေးများ၊ အစရှိသော အဆောင်များနှင့် ပြည့်နှက်နေလေ၏။ နိုင်ငံခြားမှ လာသော ဧည်သည်များကဆိုလျှင် သူ့အား ထိုအဆောင်ပုံများကို မေးကြသောကြောင့် သူသည် ထိုအဆောင်ပုံများအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းရှင်းပြရသည် ဆို၏။ ထိုင်းနိုင်ငံနှင့် အကျိုးမပေးသော နှစ်တစ်နှစ်တွင် သူသည် ထိုင်းနှင့် အလုပ်တွဲလုပ် မိသောကြောင့် သူ၏ စီးပွားတ၀က်ခန့် လျှောကျသွားယုံမက အမှု့အခင်းများတောင် ဖြစ်သွားသေးသည်ဟု သိရလေ၏။

ကျွန်ုပ်သည် ထိုမိတ်ဆွေကို ကြည့်၍ ဗေဒင်ပညာကို တဖက်စွန်းရောက်အောင် ယုံကြည်လွန်းသည် ဟု တွေးထင်မိသောကြောင့် ကျွန်ုပ်က ၎င်းအား အောက်ပါအတိုင်း ပြောလိုက်မိလေ၏။

ဒီမှာ မိတ်ဆွေကြီးရဲ့။ ဗေဒင်ကို ယုံကြည်တယ်ဆိုတာလည်း ယုံကြည်တာပေါ့ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော အရမ်း တစ်ဖက်စွန်းရောက်အောင် ယုံကြည်တာတော့ မကောင်းဘူးထင်တယ်ဗျ။ ဘာပဲဖြစ်ဖြစ် အလယ်အလတ်ပဲ ကောင်းပေတာပေါ့။ ကျွန်တော်လည်း ဗေဒင်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြု တဲ့ ဗေဒင်ဆရာ တစ်ဦးပါပဲ။ ဒါပေမယ့် ဒီစကားကို ပြောသင့်တယ်ထင်လို့ ပြောရမှာပဲဗျာ။ ဗေဒင်ပညာကို အဒီလောက်ကြီးတော့ အစွန်းတစ်ဖက်ရောက်အောင် မယုံကြည်သင့်ပါဘူးဟု ကျွန်ုပ်က ပြောလိုက်လေရာ ထိုမိတ်ဆွေသည် တချက်မျှ ပြုံလိုက်ပြီးလျှင်...

ဒီလိုရှိပါတယ် ဆရာရယ်။ ဆရာပြောသလို ကျွန်တော်ကို တွေ့တဲ့လူတိုင်း ပြောကြပါတယ်။ ဒါပေမယ် ကျွန်တော် စဉ်းစားကြည့်ပါတယ်။ အခု ကျွန်တော် လုပ်နေတဲ့ အလုပ်တွေဟာ ဘယ်သူ့ကို ထိခိုက်နေလဲပေါ့။ သူတစ်ပါးတွေကိုလည်း မထိခိုက်ပါဘူး။ ပတ်ဝန်းကျင်ကိုလည်း လုံးဝမထိခိုက်ပါဘူး။ နောက်ပြီး ကိုယ့်ကိုရော ထိုခိုက်သလားဆိုတော့ လုံးဝ မထိခိုက်တဲ့အပြင် လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းက တောရွာကလေးတစ်ရွာမှာ ဆိုက်ကားနင်းနေတဲ့ ကလေကချေ ကောင်လေးတစ်ယောက်က အခု ကုမ္မဏီပိုင်ရှင်ကြီး တစ်ယောက်တောင်ဖြစ်နေတယ်လေ။ နောက်ပြီး ရန်ကုန်မြို့ကြီးမှာ နေထိုင်ပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင် ကားတွေနဲ့ ပြည့်ပြည့်စုံစုံတောင် နေထိုင်နေရတယ်ဆိုတော့ ကျွန်တော် လုပ်နေတဲ့ အလုပ်တွေဟာ ကိုယ်ကိုလည်း မထိခိုက်ဘူးဆိုတာ သေချာတာပေါ့။

အဲဒီတော့ ဆရာရယ်၊ သူတစ်ပါးကိုလည်း မထိခိုက်၊ ကိုယ့်အတွက်လည်း အကျိုးမယုတ်ပဲ ကိုယ့်အိမ် ကိုယ့်အခန်းမှာ အေးအေးဆေးဆေးလေး ထိုင်ပြီး ယတြာချေနေတာ ဗေဒင်ကို ယုံနေတာကိုတော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ဆရာရယ်။ အဓိဋ္ဌာန်လေးဝင်လိုက်၊ ပုတီးလေးစိပ်လိုက်၊ ဘုရားပန်းတေ လှူလိုက်၊ ဘေးမဲ့တွေ လအတ်လိုက် လုပ်နေတဲ့ ကျွန်တော်က အကုသိုလ်လ်ုနေတဲ့ သူတွေနဲ့ စာရင်တော့ အများကြီး တော်ပါသေးတယ်။ ပြီးတော့ ကျွန်တော် ကုမ္မဏီဝန်ထမ်းတွေလည်း မနက်`၇ုံးလာကတည်းက ဘုရားခန်းသွားပြီး ဘုရားကန်တော့ပြီးမှ အလုပ်လုပ်ရတာလည်း ဘာမကောင်းတာ ရှိလို့လည်း ဆရာရယ်။ ဒါလည်း ကောင်းတဲ့အလုပ် မဟုတ်ပေဘူးလားဟု အချက်ကျကျ ပြန်လည် ပြောပြလေ၏။

ထို့ကြောင့် ကျွန်ုပ်သည်လည်း ဗေဒင်ပညာကို တစ်ဖက်စွန်းရောက်အောင် ယုံကြည်လွန်းသော ထိုမိတ်ဆွေကို ဆက်လက်၍ ဘာမှမပြောတော့ပဲ ကျွန်ုပ်၏ စိတ်ထဲမှ အေးလေ ဒါဟာ သူ့ရဲ့ ယုံကြည်မှု့ တစ်ခုပါပဲ။ ကိုယ်ယုံကြည်တာကို ကိုယ်ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး ယုံကြည်ခွင့် ရှိပါတယ်လေ။ ဒါဟာ ကိုယ်ရေးကိုယ်တာ လွတ်လတ်မှု့ တစ်ခုပါပဲ။ ဘယ်သူမှ သူ့ကို တရားစွဲလိုမှ မရတာဟု တွေးလိုက်မိ၏။ ထို့နောက် ၎င်းက ဆက်လက်၍...

အဲဒီတော့ ဆရာလည်း ရောက်တုန်းရောက်ခိုက် ကျွန်တော် ကုမ္မဏီကို တစ်ချက်လောက် လိုက်ပြီး ကူညီ ကြည့်ရှု့ပေးပါဦး ဆရာရယ်။ နောက်ပြီး ကုမ္ပဏီ လူများများဝင်အောင် အဆောင်လေးဘာလေးလည်း ညွန်ပြပါဦးဟု ပြောသောကြောင့် အောက်ဖော်ပြပါ နှင်းဆီပန်းကိုးပွင့်တွင် ဓာတ်ပုံကပ်၍ ဆောင်ရွက်ရသော လူများများဝင်အောင် ၊ လူချစ်လူခင်များအောင် ၊ လူအများ၏ ထောက်ခံအားပေးမှု့ကို ၇အောင်ဆောင် ရွက်ရသော ယတြာနည်းကို ဗေဒင်ပညာကို အစွန်းရောက်အောင် ယုံကြည်နေသော ကျွန်ုပ်၏ မိတ်ဆွေကြီးအား ပေးလိုက်လေတော့သတည်း။

နှင်းဆီပန်းကိုးပွင့်ပါသော ပုံတွင် နှင်းဆီပန်းတစ်ပွင်ပေါ်မှာ ခင်ဗျား ဓာတ်ပုံကပ်ဗျာ။ နောက်တစ်ပွင့်မှာ ခင်ဗျားရဲ့ ဗစ်ဇစ်တင်းကဒ်ကို ကပ်ဗျာ။ နောက်ခင်ဗျား ရုံးခန်းမှာ အခါရွေးပြီး ချိပ်ဆွဲထားလိုက်ပေတော့။ ပြီးရင် နေ့တိုင် ရေမွေးဖြန်းဗျာ။ မေတ္တာသုပ် ရွတ်ပေးဗျာ။ အမွှေးတိုင် အနံ့တွေဘာတွေ တိုက်ဗျာ ဟု ပြောပြလိုက်လေတော့သတည်း။

ဓာတ်ပန်းချီချိပ်ဆွဲရန်အခါများ...

တနင်္ဂနွေသားသမီးဆိုရင် ကြာသပတေးနေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။
တနင်္လာသားသမီးဆိုရင်ဗုဒ္ဓဟူးနေ့ နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
အင်္ဂါသားသမီးဆိုရင် သောကြာနေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။
ဗုဒ္ဓဟူးသားသမီးဆိုရင် တနင်္လာနေ့ နံက် (၇) နာရီတိတိမှာ ချိပ်ဆွဲပါ။
ကြာသပတေးသားသမီးဆိုရင် တနင်္ဂနွေနေ့နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
သောကြာသားသမီးဆိုရင် အင်္ဂါနေ့ နေ့လည် (၂) နာရီတိတိမှာ ချိပ်ဆွဲပါ။
စနေသားသမီးဆိုရင် ဗုဒ္ဓဟူးနေ့နေလည် (၁)နေ့ နံက် (၈) နာရီတိတိမှာ ချိပ်ဆွဲပါ။


အပြည့်အစုံဆက်လက်ဖတ်ရန်...

ဘာအခက်အခဲပဲကြုံကြုံ လွယ်ကူထိရောက်သော ရုက္ခစိုးယတြာ

လူတစ်စု ပူမှု့ရယ်တဲ့ ဆယ်ကုဋေတဲ့။ ဘုရားဘုရား ဆယ်ကုဋေတောင်ဆိုတော့ မနည်းမနောပါလား။ အဲလိုတွေး မိတယ်။ လူ့ဘ၀ဆိုတာကလည်း အခက်အခဲတွေ ပြဿနာတွေ ပူပန်စရာတွေ ၊ ၀န်ထုပ်ဝန်ပိုးတွေနဲ့ ဖွဲ့တည်ထား တာကိုများ လူ့ဘ၀ကြီးရယ်လို့တောင် ခေါ်ဆိုသလားမသိတော့ပါဘူး။ လက်လှမ်းမီသလောက် အနီးအနားက သတ္တ၀ါတွေကို လေ့လာကြည့်လိုက်တဲ့ အခါမှာ လူဆိုတဲ့သတ္တ၀ါတစ်မျိုးကတော့ တော်တော်လေး အလုပ်များပါ တယ်။ ပြီးတော့ တော်တော်လေးလည်း အလုပ်ရှုပ်ပါတယ်။ နောက်ပြီး တော်တော်လေးလည်း အပိုတွေကို လုပ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ လူသားတွေရဲ့ နေ့စဉ်ရှင်သန်နေရမှု့တွေမှာ အခက်အခဲတွေ ပြဿနာတွေ တစ်ပုံတပင်ကြီး ရှိနေတာပေါ့။ ဒီနေရာမှာ လူတွေက ပြဿနာအခက်အခဲတွေ ကြုံဆုံရတဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပုံခြင်း မတူညီကြပါဘူး။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် ပြဿနာကို ရှု့မြင်သုံးသပ်ပုံခြင်းလည်း မတူညီကြတဲ့အတွက် ဖြေရှင်းပုံခြင်းလည်း မတူညီကြပြန် ဘူး။ ကျွန်တော်ပြောချင်တာက အဲဒီလို ပြဿနာတွေ များပြားနေတာရယ် ဖြေရှင်းနေရတာတွေကို လူ့ဘဝလို ပဲ ခေါ်ကြတာ မဟုတ်ပါလား။

ဒီနေရာမှာ မိတ်ဆွေတို့ကို ကျွန်တော် လက်ဆောင်တစ်ခုလောက် ပေးချင်တယ်။ ဘာလဲဆိုတော့ ပြဿနာတစ်ခုကို စိတ်အေးချမ်းသာစွာ ဖြေရှင်းတဲ့ နည်းလမ်းလေးတစ်ခုဆိုပါတော့။ အခက်အခဲတွေကို အေးချမ်းစွာ ဖြေရှင်း နည်းပဲ ဆိုပါတော့။ ဒါကလည်း ဆရာသခင် အဘမင်းသိင်္ခပြောပြခဲ့တဲ့ နည်းလမ်းပါ။ တိတိကျကျ ပြောရရင် ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုတဲ့ စာအုပ်ထဲမှာလည်း ပါပါတယ်။

(၁) အခက်အခဲတွေကို ပုံကြီးမချဲ့ပါနဲ့....
လူတော်တော်များများကပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။ဆရာရေတဲ့...။ ပြဿနာပေါင်း သောင်းခြောက်ထောင်။ ဘယ်က စပြီး ဖြေရှင်းရမှန်းတောင် မသိတော့ဘူးတဲ့။ အဲဒီတော့ ကျွန်တော် က ပြဿနာပေါင်း သောင်းခြောက်ထောင် ဟုတ်လား။ အဲလောက်တောင် များလားလို့ ။ ပြန်မေးလိုက်တော့ ဆရာရယ် စကားအဖြစ်ပြောတာပါတဲ့။ ပြောချင်တာက လူတော်တော်များများဟာ ကိုယ်ဆီမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တော်တော်များများကို အရမ်း များနေပြီ။ ဖြေရှင်းလို့ကို မရလောက်တော့လောက်အောင်ကို များပြာလှတယ်လို့ ထင်မှတ်နေတယ်။ အဲဒီတော့ အရင်ဆုံး ဒီပြဿနာတွေကို ပြေလည်ချင်တယ်၊ ဖြေရှင်းနိုင်ချင်တယ်ဆိုရင် ကိုယ့်ဆီမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပုံကြိး မချဲ့ပါနဲ့လို့ ပြောလိုက်ပါရစေ....

(၂) ဒုက္ခတွေ အခက်အခဲတွေကို စာရင်းချရေးကြည့်လိုက်ပါ။
အဲဒီတော့ ကိုယ်ထင်တာက ပြဿနာ အခက်အခဲတွေက အများကြီး ဖြစ်နေတယ်လို့ ကိုယ်က ထင်နေတယ်။ အမှန်တကယ် စာရွက်မှာ ချေါ ခင်ရးကြည့်လိုက်တဲ့ အခါကျတော့မှ အများဆုံးဆယ်ခုတောင် မကျော်ပါဘူး။ (၅) ခု (၆)ခု ဒီလောက်ပါပဲ။ မိတ်ဆွေ ခင်ဗျားထင်နေတာက ခင်ဗျားမှာ ပြဿနာတွေအများကြီး ကြုံတွေ့နေရတယ်လို့ မိတ်ဆွေက ထင်မှတ်နေတယ်။ အမှန်တကယ် မိတ်ဆွေမှာ ရှိတဲ့အခက်အခဲက လေးငါးခုလောက်ပါပဲ။

(၃) အခက်အခဲတိုင်း ပြဿနာတိုင်းရဲ့ ဘေးနားကနေ ဖြေရှင်းဆရာနည်းလမ်းတွေကို စဉ်းစားမိသလောက် ချရေးလိုက်ပါ။ ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို စိတ်အေးချမ်းသာစွာနဲ့ စိတ်အေးလက်အေး ပြေလည်အောင် ဖြေရှင်းနိုင်လောက်ပါပြီ။ အခု ယတြာအကြောင်း ပြောကြရအောင်နော်။

ဒီယတြာက ဘယ်နေရာမှာပဲ ရောက်ရောက်၊ ဘာကိစ္စအခက်အခဲပဲကြုံကြုံ၊ လုံးဝဖြေရှင်းလို့ မရတော့လောက်အောင်ပဲ ဖြစ်နေဖြစ်နေဆောင်ရွက်လို့ ရတယ်ဆိုတာပါပဲ။ တစ်နည်းမဟုတ်တနည်းနဲ့ ပြေလည်သွားပါတယ်။အကူအညီကောင်းတွေအဆောင်အမကောင်းတွေအလိုလို ပေါ်ပေါက်လာမယ်။နည်းလမ်းကောင်းတွေ ပေါ်လာမယ်။ မိတ်ဆွေတို့ရဲ့ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့လာရပါက ဒီအတိုင်းထိုင်ပြီး စိတ်ညစ်နေမယ်၊ စိတ်ဓာတ်ကျနေမယ့်အတူတူ ဒီယတြာနည်း အတိုင်းသာ ဆောင်ရွက်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဒါလည်း အခက်အခဲကို စိတ်အေးချမ်းသာစွာ ပြေလည်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုပဲ မဟုတ်ပါလားဗျာ။

မိမိအိမ်နဲ့ အနီးဆုံးသစ်ပင်ကြီးကြီး ( အနည်းဆုံး သစ်ကိုင်း(၇)ကိုင်း ထွက်နေရင် ရပါပြီ) တစ်ပင်ကနေ မပေါက်မပြဲတဲ့ သစ်ရွက် သန့်သန့်တစ်ရွက်ကို ခူးပါ။ ပြီးရင် အိမ်ကို ယူလာခဲ့ပါ။ အဲဒိသစ်ရွက်ပေါ်မှာ ဖယောင်းတိုင်ထွန်းပါ။ ဖယောင်းတိုင်တစ်တိုင် ကုန်တာနဲ့ နောက်တစ်တိုင် ထပ်ထွန်းပါ။ (၈)တိုင် ဆက်တိုက် ထွန်းပေးပါ။ တစ်နေ့ကို (၈)တိုင် ဆက်တိုက်ထွန်းပြီး (၈)ရက်ဆက်တိုက် ထွန်းပါ။ ဖယောင်းတိုင်ကို မီးထွန်းတဲ့အခါတိုင်းမှာ ကိုယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အသေးစိပ် အဲဒီသစ်ရွက်ခူးခဲ့တဲ့ သစ်ပင်က ရုက္ခဇိုးဆီမှာ ဆုတောင်းပါ။ အဲဒီ ရုက္ခဇိုးက မကူညီနိုင်ရင်လည်း ကူညိနိုင်တဲ့ ပုဂ္ဂိုလ်များကို ပြောပေးပါလို့ တတွတ်တွတ် ဆုတောင်းပေတော့။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...

ပြည့်စုံစေသောနည်း

ကျွန်တော် အခုရက်ထဲ အကြောင်းအမျိုးမျိုး ကိုယ်တိုင်စာရိုက်မတင်နိုင်လို့ ဆရာသခင် အဘမင်းသိင်္ခ၏ ယတြာတွေကို ကျွန်တော်ကိုယ်တိုင် စကင်ဖတ်တယ်။ ပြီးတော့ ပီဒီအက်စာအုပ်အဖြစ်ဖတ်ပြီး တင်တင်ပေးနေ တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဘလော့လေးကို လာရောက်လည်ပတ်ကြတဲ့ သူတွေအတွက် အကျိုးတော့ ဖြစ်စေမှာပေါ့ဗျာ။ ဒီနေ့ ဒီပို့လေးကတော့ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ဘ၀မှာ ဘာအခက်အခဲ ဘာလိုအင်ဆန္ဒတွေပဲ ကြုံကြုံ အဘရဲ့ စာထဲကအတိုင်း လိုက်လံဆောင်ရွက်ကြည့်လိုက်ပါ။ ရက်ပိုင်းအတွင်း ထူးခြားပါတယ်။ စာဖတ်ရတာ အခက်အခဲရှိရင်တော့ ကျွန်တော့်ကို ပြောပါဦးဗျာ။

အပြည့်အစုံဆက်လက်ဖတ်ရန်...

အိမ်ရစေသောမနောမယအဓိဋ္ဌာန်

ဒီနည်းကတော့ ကျွန်တော်တို့ ဘ၀တွေအတွက် အိမ်ရစေတဲ့နည်းလေးပါ။ ဒါကတော့ စိတ်တန်ခိုးနဲ့ အဓိဋ္ဌာန်ကို ပေါင်းစပ်ပြီးတော့ အဘမင်းသိင်္ခက ပြောပြသွားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လို အောက်ခြေလူတန်း စားတွှေတွက် အိမ်တစ်လုံး ၀ယ်နိုင်ဖိုပဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ ဒါကြောင့် အိုးပိုင်အိမ်ပိုင်ဆိုတာ တော်တော်လေး အလှမ်းကွာနေ၊ စိတ်ပျက်အားငယ်နေမယ့်အတူတူ ဒီတိုင်းလေး လိုက်နာကျင့်ကျံ ကြည့်လိုက်လို့ အိမ်တစ်လုံး ကြံဖန်ပြီး ရလာမယ်ဆိုရင် ကျွန်တော်တို့တွေအတွက် ဘယ်လောက်ကောင်းလိုက် မလဲ။ ဒါကြောင့် လုပ်ကြည့်ပါလို့သာ တိုက်တွန်းလိုက်ပါရစေ...

အပြည့်အစုံဆက်လက်ဖတ်ရန်...

အဆောင်များဆောင်ထားခြင်းကို ၀ါသနာပါသူများအတွက်

အဆောင်တွေ ယတြာတွေ ဆောထားရတာ လုပ်ရတာ ၀ါသနာပါသူတွေအတွက် အရမ်းကောင်းတဲ့ အဆောင်ပါ။ ဗောဓိပက္ခိယအင်းလို့ ခေါ်ပါတယ်။ ဘာတွေကောင်းလဲလို့ မေးရင်တော့ အကုန်ကောင်းတယ်လို့ ပြောရမယ် ထင်ပါတယ်။ ဘာကိစ္စမဆို သုံးလို့ ရပါတယ်။ အလုပ်ကိစ္စ၊ စကားပြောအောင်မြင်ဖို့ကိစ္စ၊ လမ်းခရီး အန္တရာယ်ကင်းစေဖို့ ကိစ္စ၊ ဈေးရောင်းကောင်းဖို့ ကိစ္စ၊ ရာထူးတိုးဖို့ကိစ္စ အားလုံးကို အသုံးပြုလို့ ရပါတယ်။ အောက်မှာ ဆက်လက်ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အပြည့်အစုံဆက်လက်ဖတ်ရန်...

အခက်အခဲများပြေလည်စေသော လွယ်ကူသောနည်းတစ်ခု

သင်တို့လျှောက်လှမ်းသော ဘ၀ခရီးလမ်းတွင် အခက်အခဲမျိုးစုံတို့သည် စောင့်ကြိုလျှက်ရှိသည်။ ဘ၀သည် သာယာဖြောင့်ဖြူးသော ပန်းခင်းလမ်း မဟုတ်ပါ။ အပျော်ခရီးသွားစရာ ပန်းခြံမဟုတ်ပါ။ ကစားကွင်းမဟုတ်ပါ။ သို့သော် အပျော်ခရီး တစ်ခုလို သဘောထားပြီး သွားတာ အကောင်းဆုံး ဖြစ်မည်ထင်၏။ ထိုအခါ သင်၏ ဘ၀ခရီးလမ်းသည် လေးလံခြင်းများ၊ ပျင်းရိငြီးငွေ့ခြင်းများ၊ စိတ်ပျက်အားငယ်ခြင်းများ ဖြစ်မည်မထင်၊ ပျော်ရွှင်စရာ ဘ၀ခရီးလမ်းတစ်ခု အဖြစ် တွေ့မြင်ရလိမ့်မည်။

ထို့ကြောင့် သင်သည် နေ့စဉ်နေ့တိုင်းသင်၏ ဘ၀ခရီးလမ်းကို ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းစေချင်ပါသည်။ ပျော်လည်း တစ်ရက်ကုန်လိမ့်မည်၊ ပျက်လည်း တစ်ရက် ကုန်လိမ့်မည်။ ထို့ကြောင့် ပျော်တာပင် ကောင်းလိမ့်မည် ထင်၏။ ရီတာနဲ့ ငိုတာ ဘယ်ဟာကောင်းသနည်း။ ရီတာကောင်း၏။ ထို့ကြောင့်ပင် သင်သည် ရီရီမောမောသာ လျှောက်လှမ်းစေချင်ပါ၏။

ထိုကဲ့သို့ လူသားတို့၏ ဘ၀ခရီးလမ်းကို ပန်းခင်းသောလမ်းပမာ လျှောက်လှမ်းနိုင်ဖို့အတွက်ဆိုလျှင် သင်တို့ ပုခုံးထက်တွင် သင်တို့ကိုယ်တိုင် ထမ်းတင်ထားသော အထုပ်ကြီး နှစ်ထုပ်ကို သင်တို့ကိုယ်တိုင် ပြစ်ချလိုက်ဖို့ အရေးကြီးပါ၏။ အတိတ်ဆိုသော အထုပ်နှင့် မရောက်လာသေးသော အနာဂါတ်ဆိုသော အထုပ်နှစ်ထုပ်ပင် ဖြစ်၏။

သင်သည် အတိတ်ကာလက ဖြစ်ပျက်ခဲ့သော အကြောင်းအရာမျိုးစုံကို ထမ်းပိုးထား၏။ အနာဂါတ်တွင် မရောက်လာသေးသော။ မသေချာသော အကြောင်းအရာမျိုးစုံ ထမ်းပိုးထား၏။ ထို့အတွက်ကြောင့် သင်တို့သည် လွန်စွာလေးလံနေကြကုန်၏။ ထိုကြောင့် သင်တို့ကိုယ်တိုင် ကောင်းမွန်စွာ လွှတ်ချကြည့်လိုက်စမ်းပါ။ သင်သည် လွတ်လတ်ပေါ့ပါးခြင်း၏ ချိုမြိန်သော အရသာကို သင်ကိုယ်တိုင် ခံစား၇လိမ့်မည်။ ထိုအခါ သင်သည် ဗလာဟူသော ဝေါ၀ါရဓမ္မကို ကောင်းမွန်စွာ အလိုလို သဘောပေါက်လာလိမ့်မည်။

သင်၏ ဘ၀တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက အောက်တွင် ကျွန်ုပ်တို့၏ ဆရာသခင် အဘဒေါက်တာ မင်းသိင်္ခ ညွန်ပြပေးထားသော ယတြာနည်းဖြင့် ဆောင်ရွက်ကြည့်လိုက်ပါ။ ဒါသည်လည်း သင်တို့ ဘ၀ခရီးအတွက် ပေါ့ပါးစေသော နည်းတစ်ခု ဖြစ်လိမ့်မည် မဟုတ်ပါလား။


ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...

ရွှေငွေလက်ဝတ်ရတနာပစ္စည်းများ ပြည့်စုံချင်သူများအတွက်

ဒီတစ်ခါ ကွန်တော်မျှဝေ ပေးလိုက်တာကတော့ အမျိုးသမီးတွေနဲ့ တိုက်ရိုက်ပတ်သက်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း မိမိရဲ့ အမျိုးသမီး (သို့) သမီးကို ချစ်ခင်မြတ်နိုးကြတဲ့ အမျိုးသားတွေနဲ့လည်း သက်ဆိုင်တယ်လို့လည်း ပြောလို့ရမှာပေါ့။ လောကကြီးမှာ ဆိုရိုးစကားတစ်ခွန်းတောင် ရှိတာပဲ။ ရွှေရှိမှ မျိုးတော်တယ်ဆိုတာလေ။

ဒါတွေဟာ အကာတွေပါလို့ ဘယ်လောက်ပဲ ပြောကြ၊ပြောကြ ကျွန်တော်တို့ ပုထုဇဉ်လူသားတိုင်း လိုချင်ကြတဲ့၊ လိုလားကြတဲ့ ၊ တပ်မက်ကြတဲ့ အရာတွေမဟုတ်လား။ အဲဒီတော့ ရရာရကြောင်း နည်းလမ်းကောင်းတစ်ခု အနေနဲ့ ဒီနေရာလေးကနေ ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။ အဆင်ပြေကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။ အခုရက်ထဲ ဟောစာတမ်းကိစ္စများနှင့် အနည်းငယ် အချိန်ပေးနေရသည့်အတွက် မိတ်ဆွေများအတွက် အကျိုးဖြစ်စေမည့် အဘဒေါက်တာမင်းသိင်္ခ၏ ဆောင်းပါးများ ယတြာများကို ပြန်လည်တင်ပေးလိုက်ရပါတယ်။

အပြည့်အစုံဆက်လက်ဖတ်ရန်...

လိုရာသုံးစေ... ဒို့မိတ်ဆွေ ( မနောမယလင်ပန်း)

ခင်မင်လေးစားရပါသော မိတ်ဆွေများခင်ဗျား....

မိတ်ဆွေတို့၏ ဘ၀ခရီးလမ်းတွင် ကိစ္စအသီးသီးအလိုက် အခက်အခဲအသီးသီးအလိုက်လိုက် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ပါက အထောက်အကူဖြစ်စေရန်အတွက် အဘဒေါက်တာမင်းသိင်္ခ၏ မနောမယလင်ဗန်း အမည်ရှိသောယတြာနည်းကို မူရင်းအတိုင်း ပြန်လည်တင်ပြပေးလိုက်ပါတယ်။

အားလုံး၏ အကျိုးကို ထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ကောင်းမွန်စွာ အကြံညာဏ်ပေးလိုသည်မှာ တစ်စုံတစ်ရာ အခက်အခဲ ကြုံတွေ့ရပါက အထက်ပါနည်းအတိုင်း ဆောင်ရွက်ကြည့်လိုက်ပါ။ အောင်မြင်ပါက အဘဒေါက်တာ မင်းသိင်္ခကို ရည်မှန်း၍ ကျေးဇူးတင်ကြပါကုန်.....


အပြည့်အစုံဆက်လက်ဖတ်ရန်...

လာဘ်လာဘရွှင်လန်းပြီးရန်အနှောက်အယှက်များများကင်းဝေးစေမည့်ကြီးလေးကြီးစမတော်



လေးစားချစ်ခင်ရပါသော ကျွန်ုပ်၏ စာဖတ်ပုရိသတ်များနှင့်ဗေဒင်မိတ်ဆွေများအတွက်....

မြန်မာဗျည်းအက္ခရာများအနက်တွင် ကကြီး၊ဃကြီး၊ ဏကြီး၊ဠကြီးဟူသော စာလုံးများသည် “ကြီး” ထည့်၍ဆိုရ သော ထူးခြားအက္ခရာ လေးလုံးဖြစ်ပါသည်။ ထိုအက္ခရာများကို “ကြီးလေးကြီး”ဟု ခေါ်တွင်ကာ မြန်မာလောကီ ဆရာတို့သည် တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိကြပါသည်။ အပြိုင်အဆိုင်ကိစ္စများ၌ အောင်မြင်ရန်၊ ကြီးပွားတိုးတက်စေရန်၊ သူတစ်ပါးတို့ထက် သာလွန်စေရန်၊ ငွေကြေးလာဘ်လာဘ ပွင့်လန်းစေရန်၊ မကောင်းသော အတိုက်အခံတို့ကို ကာကွယ်တားစီးစေရန် စသည်စသည်တို့အတွက် အမျိုးမျိုး အသုံးပြုလေ့ရှိကြပါသည်။

ကျွန်ုပ်တို့၏ အဘဆရာကြီး မင်းသိင်္ခသည် အများပုရိသတ်အတွက် ထိုကြီးလေးကြီးစမများကို လက်ကိုင်ထား၍ စီရင်ဆောင်ရွက်ပေးလေ့ရှိသကဲ့သို့ အဘရောက်လေရာ နေရာတိုင်းတွင်လည်း ပြူတင်းတံခါးများ နံရံများတွင် ထိုကြီးလေးကြီးစမကို အကျအန စီရင်ရေးဆွဲထားလေ့ရှိ၏။ ၁၉၉၆-ခုနှစ်များဆိက အဘမင်းသိင်္ခကိုယ်တိုင် လက်ဖြင့်ရေးဆွဲ စီရင်ပေးခဲ့သော လာဘ်လာဘပွင့်လန်းပြီး ရန်အနှောက်အယှက်များ ကင်းဝေးစေမည့် ကြီးလေးကြီးစမကို ကျွန်ုပ်၏ ချစ်ခင်လေးစားရသော စာဖတ်ပရိသတ်အပေါင်းနှင့် ဗေဒင်မိတ်ဆွေများအားလုံး အတွက် လက်ဆောင်ပေးအပ်လိုက်ပါသတည်း။

အိမ်၊ ဆိုင် ၊ အလုပ်ခန်း၊ ရုံးခန်း၊ အစရှိသော မိမိတို့ ပိုင်ဆိုင်သော နေရာများ၌ မှန်ဘောင်အကျအနသွင်းကာ ချိပ်ဆွဲပြီး မကြာခဏ အမွှေးနံ့သာ ပက်ဖြန်းပေးခြင်း ၊ ပုံအသေးကို ပလတ်စတစ်ကတ်လောင်းပြီး အိပ်ထဲတွင် ဆောင်ထားခြင်းတို့ကို ဆောင်ရွက်နိုင်ပါကြောင်း......

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
+66 87 415 0022


လွယ်ကူစွာရှာဖွေရန်

အပြည့်အစုံဆက်လက်ဖတ်ရန်...

လာဘ်ကြီးဝင်မယ့်-ငွေကြေးစည်

ငွေကြေးစည်ဆိုတာက ငွေတွေကြေးတွေ စည်တဲ့သဘောပေါ့ဗျာ။ ပြီးတော့ ကြေးစည်ဆိုတာကြတော့ လည်ပတ်တဲ့ သဘောပေါ့။ ငွေဆိုတာကလည်း သေတ္တာထဲမှာ အိပ်နေရင် ဘာမှ အဓိပ္ပါယ်မရှိပေဘူး။ ၀င်တဲ့ ငွေက ၀င်နေဖို့လိုသလို သုံးတဲငွေကိုလည်း ကောင်းမွန်စွာ သုံးနေနိုင်ဖို့ လိုတာပေါ့။ ဒါကြောင့် ငွေကြေးဆိုတာ ကောင်းမွန်စွာ လည်ပတ်နေဖို့ လိုတာပေါ့။

အဲဒီတော့ မိတ်ဆွေတို့အတွက် ငွေကြေးတွေ လည်ပတ်အောင် စည်ပင်အောင် ငွေကြေးစည်လေးတစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။ ဈေးဆိုင်ရှိတဲ့ မိတ်ဆွေတွေက ဈေးဆိုင်ပေါ့၊ ကုမ္ပဏီရှိတဲ့ မိတ်ဆွေတွေက ကုမ္ပဏီ၊ ဘာမှ မရှိတဲ့ လူတွေကတော့ အိမ်ဘုရားခန်းပေါ့။ အဲဒီ ငွေကြေးစည်လေးကို ပလပ်စတစ်လောင်းပြီး မိမိ၏ မွေးနေ့ နံက် (၉း၄၅)မှာ အမွှေးနံ့သာ ပက်ဖြန်းပြီး ဆုတောင်း ချိပ်ဆွဲပေတော့ဗျို့။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
+66 87 415 0022

အပြည့်အစုံဆက်လက်ဖတ်ရန်...

ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်းချီ

ချစ်စွာသောမိတ်ဆွေများခင်ဗျား....

အကြောင်းအမျိုးမျိုးကြောင့် ပို့မတင်ဖြစ်သည့်အတွက် အားလုံးသော မိတ်ဆွေအပေါင်းတို့အား အနူးအညွတ် တောင်းပန်အပ်ပါသည်။ ရှေ့မြန်မာလူကြီးများသည် ဆုပေးသောအခါများ၌ ဆင်စီးပြီးမြင်းရံနိုင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ အစရှိသည်ဖြင့် ဆုပေးတတ်ကြသည်။ နောက်ပြီး ဆင်ရတနာမြင်းရတနာ အစရှိသည်ဖြင့် ရတနာထဲတွင် ထည့်သွင့်ဖော်ပြထားခဲ့ကြ၏။ သေသေချာချာ လေးလေးနက်နက်စဉ်းစားကြည့်ပါက ဆင်စီးပြီး မြင်းရံသည်ဟူသောစကားတွင် ရာထူးဂုဏ်ရှိန်ကြီးမားခြင်း၊ လူသူလေးပါးလေးစားကြည်ညိုခြင်း၊ အခြွေအရံ အသင်းအပင်း ပေါကြွယ်ဝခြင်း၊ စီးပွားဥစ္စာ၊ ငွေကြေးဥစ္စာဓနပေါကြွယ်ဝခြင်း အစရှိသော လေးနက်သော သဘောတရားများ ပါဝင်နေလေ၏။

ထို့ကြောင့် သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် လေးနက်စွာ တိုက်တွန်းလိုသည်မှာ ယခု ကျွန်ုပ်ပေးအပ်လိုက်သော ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်ချီပုံကို ပုံကြီးချဲ့၍ မှန်ဘောင်သွင်းကာ မိမိတို့၏ အလုပ်ခန်း ဧည့်ခန်း အစရှိသည့်နေရာများတွင် ချိပ်ဆွဲထားပါက မိမိတို့၏ စီးပွားရေး လုပ်ငန်းဆောင်တာများ စည်ပင်တိုးပွားစေခြင်း၊ ပရိသတ်ထောက်ခံမှု့ များစွာရရှိခြင်း အစရှိသော မရေမတွက် နိုင်သော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ သင့်ကို တစ်ခုပြောလိုသည်မှာ ဘာမှမလုပ်ခင် မဝေဖန်ပါနှင့်ဦး လုပ်ကြည့်လိုက်ပါ။ ထူးခြားပါက သင်၏ မိတ်ဆွေများကို တဆင့် ပြန်လည်လက်ဆောင်ပေးလိုက်ပါ။

ဆင်စီးမြင်းရံဓာတ်ဘိသိက်ပန်းချီကားစီရင်ပုံ


ချိပ်ရမည့်နေ့..... တနင်္ဂနွေနေ့ (၈)နာရီမှ (၁၀)မိနစ်မှာ ချိတ်ရမယ်။ ချိတ်ပြီးတာနဲ့ ဘုရားစင်မှာ စံပယ်ရှစ်ကုံး လှူရမယ်။ ဓာတ်ပန်းချီပုံမှာလည်း စံပယ်ရှစ်ကုံး ချိတ်ဆွဲရမယ်။ ဆင်စီးမြင်းရံဆိုတာမှာ ဆင်နဲ့မြင်းဆိုတာက စိန်ပန်းဓာတ်၊ အိမ်ထောင်မိတ်ဓာတ်၊ အိမ်တွင်းမိသားစု ခိုင်မာချမ်းသာစေတဲ့ ဓာတ်ရတယ်။အဲဒီတော့ ဥသာစိန်ပန်းဒါန်းလှကိုရှာ ဆိုတဲ့ အတွင်းမျတ်တွေ စုံသွားအောင် ဘုရားမှာ ထန်းလျှက်(၁၁)ခဲလည်း လှူရမယ်။ ကြံရည် (၁၀) ခွက်လည်း လှူရမယ်။ ကြံရည်အစား ကရေကရာ(၁၀)ခု ခု လှူလို့လည်း ရတယ်။ အဲဒါတွေကတော့ ဓာတ်ပန်းချီကား စတင်ချိတ်ဆွဲတဲ့နေ့မှာ လုပ်ဆောင်ရယ့် ကိစ္စတွေပါပဲ။ နောင်ရက်တွေမှာတော့ လုပ်စရာ မလိုတော့ပါဘူး။

အဲဒီဓာတ်ပန်းချီ ချိတ်ဆွဲနေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့မိသားစု ဆင်စီးပြီးမြင်းရံတဲ့ ဓာတ်တွေရပြီး စီးပွားဥစ္စာ ရာထူးဂုဏ်ရှိန်တွေ တိုးတက်ပါစေ၊ မိသားစု သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ချမ်းမြေ့သော ဘ၀ကို တည်ဆောက်ပိုင်ဆိုင်နိုင်ပါစေလို့ လေးလေးနက်နက် ဆုတောင်းရမယ်။ ဒါပါဘဲ။

အားလုံးသော မြင်ဘူးသောမိတ်ဆွေအပေါင်း၊ မမြင်ဘူးဘဲ နာမည်ကြားရုံသာကြားဘူးသော မိတ်ဆွေသင်္ဂဟအပေါင်း ၊ တစ်ခါတစ်ရံမှ တွေ့ဘူးမြင်ဘူးခြင်း မရှိပါဘဲ ယုံကြည်မှု့ဖြင့် ဗေဒင်မေးကြသော မိတ်ဆွေအပေါင်း အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်


အပြည့်အစုံဆက်လက်ဖတ်ရန်...

ဈေးဆိုင်များအတွက်လာဘ်ခေါ်တစ်ချက်ငွေဇီးကွက်

ကျွန်ုပ်၏ ချစ်ခင်လေးစားရပါသော စာဖတ်သူများအတွက် သင်တို့၏ အကျိုးကိုလိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် တိုက်တွန်း၍အကြံညာဏ်ပေးလိုသည်မှာ မိမိ၏ဈေးဆိုင်တွင်တွင် အထက်ပါ လာဘ်ခေါ်တစ်ချက်ငွေဇီးကွက် ဓာတ်ပန်ချီကားကြီးကို ပုံကြီးထုပ် မှန်ဘောင်သွင်း၍ ကောင်းမွန်သော မနသီကာရဖြင့် ချိပ်ဆွဲထားကြပါက မိမိတို့၏ ဈေးဆိုင်များတွင် ဈေးရောင်းကောင်းခြင်း၊ လူစည်ကားစေခြင်း၊ ငွေကြေးလာဘ်ရွှင်စေခြင်း၊ စီးပွားဥစ္စာတိုးတက်စေခြင်း အရောင်းအ၀ယ်ကောင်းခြင်း၊ ရောင်းပန်းဝယ်ပန်း ပွင့်လန်းခြင်းအစရှိသော ဈေးဆိုင်နှင့်ပါတ်သက်သော ပါတ်သက်သော ကိစ္စရပ်များကို အောင်မြင်စေပါသည်။ ပူပန်သောက ကင်းဝေးစေပါသည်။ ပုံပေါ်တွင် နှိပ်၍ ဒေါင်းလော့လုပ်ယူပါ။ rar ဖိုင်ဖြင့် ချုံ့၍ MediaFire မှာ တင်ထားပေးပါတယ်။


အပြည့်အစုံဆက်လက်ဖတ်ရန်...

မနောမယမငွေလှိုင်ဓာတ်ပန်းချီ

ဆီမီးခွက် မငွေလှိုင်ဆိုတဲ့ မင်းသမီးတစ်လက် ရှိခဲ့ဘူးတာတော့ ကြားဖူးပါတယ်။ ပြီးတော့ ဆီမီးခွက် အကကောင်းတဲ့ ကျွန်တော့် သူငယ်ချင်း မငွေလှိုင်လည်း ရှိပါတယ်။ အခုတော့ ဘယ်ရောက်နေမှန်းတောင် မသိပါဘူး။ သူတို့ကို ကျွန်တော်က ဘယ်လို အားကိုးရမှာ တုန်းဟု ကျွန်ုပ်က ပြန်၍ မေးလိုက်ရာ ထိုလူကြီးက....

လူကို ပြောတာ မဟုတ်ဘူးကွ။ ဓါတ်ကို ပြောတာ။ ဆီမီးခွက်ဆိုတာက ထွန်းတောက်တဲ့ ဓါတ် ၊ မ-ဆိုတာက မ-စတဲ့ဓါတ်။ ငွေလှိုင် ဆိုတာက ငွေပေါတဲ့ ဓါတ်။ ဆီမီးခွက်ချဉ်း သက်သက်က အန္တော" ရတယ်ကွ။ အန္တောဆိုတာ မင်းနားလည်မှာ မဟုတ်ဘူး။ " ၁၀ " ရတာကို ပြောတာ။ ဒီမှာ ကြည့်ကွာဟု ဆိုကာ ၎င်း၏ လွယ်အိတ်မှ ဗလာစာအုပ် တစ်အုပ်ကိုထုပ်၍ သူ၏ဖောင်တိန်နှင့်ပင် ဖော်ပြပါပုံကို ရေးပြလေတော့၏။

ကျွန်ုပ်လည်းပုံကို သေချာစွာ ကြည့်၏။ ဆီမီးခွက်တစ်ခု မီးတောက်နေသောပုံဖြစ်၏။ ထို ဆီမီးခွက်ပေါ်တွင် မငွေလှိုင် ဆိုသော စာသားရေးထား၏။ ထိုပုံလေးကို ကျွန်ုပ်အား ပေးလေ၏။ အိမ်ရှိရင် အိမ်မှာ ချိပ်။ အိမ်မရှိရင် အိပ်ထဲမှာ ထည့်။ မီးခွက် မီးတောက်ချိန် နီးပြီ။ မီးတောက်ရင် မငွေလှိုင် ကလိမ့်မယ်။ မငွေလှိုင်ကရင် မင်းအိမ်မှာ ပွဲဖြစ်ပြီ။ ပွဲဖြစ်ရင် ပွဲကြည့်မယ့်လူ လာလိမ့်မယ်။ လူစည်ကား လိမ့်မယ်။



ထို့ကြောင့် ကျွန်ုပ်၏ ချစ်ခင်လေးစားရပါသော စာဖတ်သူများအတွက် သင်တို့၏ အကျိုးကိုလိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် တိုက်တွန်း၍အကြံညာဏ်ပေးလိုသည်မှာ မိမိ၏နေအိမ် (သို့) အလုပ်ခန်းတွင် အထက်ပါ ပျားဆွဲသောမုတ်ဆိတ် ဓာတ်ပန်ချီကားကြီးကို ပုံကြီးထုပ် မှန်ဘောင်သွင်း၍ ကောင်းမွန်သော မနသီကာရဖြင့် ချိပ်ဆွဲထားကြပါက မိမိတို့၏ မိသားစု စီးပွားရေး လုပ်ငန်းဆောင်တာများတွင် ငွေကြေးနျင့်ပါတ်သက်၍ အဆင်ပြေစေခြင်း၊ စီးပွားဥစ္စာတိုးတက်စေခြင်း၊ လာဘ်လာဘရွှင်လန်းစေခြင်း အစရှိသော ငွေကြေးနှင့်ပါတ်သက်သော ကိစ္စရပ်များကို အောင်မြင်စေပါသည်။ ပူပန်သောက ကင်းဝေးစေပါသည်။ ပုံပေါ်တွင် နှိပ်၍ ဒေါင်းလော့လုပ်ယူပါ။ rar ဖိုင်ဖြင့် ချုံ့၍ MediaFire မှာ တင်ထားပေးပါတယ်။

မိတ်ဆွေတို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့


အပြည့်အစုံဆက်လက်ဖတ်ရန်...

မဟာဘိသိက်ပျားစွဲသောမုတ်ဆိတ်

လေးစားရပါသောကျွန်ုပ်၏မိတ်ဆွေများခင်ဗျား......

အဘဆရာကြီးဒေါက်တာမင်းသိင်္ခ၏ မနောမယလက်ဆောင်ပေါင်းချုပ် စာအုပ်တွင်ပါဝင်သော အောက်ပါ မဟာဘိသိက် ပျားစွဲသောမုတ်ဆိတ် ဓာတ်ဘိသိက် ပန်ချီကားကို ပြန်လည်၍ လက်ဆောင်မျှဝေပေးလိုက် ပါသည်။ ထိုပညာမှာ ဘိသိက်ဆယ့်နှစ်ပါးတွင်ပါသည့် မဟာဘိသိက်ပညာဖြစ်၏။ မဟာဘိသိက်ဆိုသည်မှာ စီးပွားချမ်းသာတိုးတက်စေရန် ပြုလုပ်သောပညာဖြစ်၏။ ဓာတ်ဘိသိက်ဟု ခေါ်သည်ဟု မူရင်းစာအုပ်တွင် ဖော်ပြထားပါသည်။

ပျားရည်သောက်မယ့်လူဟာ ဝေးဝေးလံလံမှာ သွားပြီး ပျားမဖွတ်ရဘဲ သူ့မုတ်ဆိက်မှာ ပျားလာပြီးဆွဲနေတော့ အစာနဲ့ ပါးစပ်နဲ့ သိပ်နီးနေတဲ့ သဘောပေါ့ဟု ရေးသားပြထားပါသည်။ နောက် ကျွန်တော်တို့ မြန်မာစကားတစ်ခွန်းလည်းရှိ၏။ စားရကံကြုံတော့ မုတ်ဆိက်ပျားစွဲ ဟူသောစကားသည် မိမိထံသို့ အခြအနေကောင်းတွေ၊ ကံကောင်းမှု့တွေ ၊ အခွင့်အရေးကောင်းတွေ ရောက်ရှိဝင်လာစေသော သဘောရှိပါသည်။

ထို့ကြောင့် ကျွန်ုပ်၏ ချစ်ခင်လေးစားရပါသော စာဖတ်သူများအတွက် သင်တို့၏ အကျိုးကိုလိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် တိုက်တွန်း၍အကြံညာဏ်ပေးလိုသည်မှာ မိမိ၏နေအိမ် (သို့) အလုပ်ခန်းတွင် အထက်ပါ ပျားဆွဲသောမုတ်ဆိတ် ဓာတ်ပန်ချီကားကြီးကို ပုံကြီးထုပ် မှန်ဘောင်သွင်း၍ ကောင်းမွန်သော မနသီကာရဖြင့် ချိပ်ဆွဲထားကြပါက မိမိတို့၏ မိသားစု စီးပွားရေး လုပ်ငန်းဆောင်တာများတွင် အခွင့်အေ၇းကောင်းများ အခြေအနေကောင်းများ ကံကောင်းမှု့များ သတင်းကောင်းများ ကြုံလာစေသည်သာမက စားဝတ်နေရေးအတွက် ပူပန်သောကလည်း ကင်းဝေးသွားပါလိမ့်မည်။ ပုံပေါ်တွင် နှိပ်၍ ဒေါင်းလော့လုပ်ယူပါ။ rar ဖိုင်ဖြင့် ချုံ့၍ MediaFire မှာ တင်ထားပေးပါတယ်။ ပုံသေးတစ်ပုံနှင့် ပုံဆိုက်ကြီးတစ်ပုံ ထည့်ပေးထားပါတယ်။

မိတ်ဆွေတို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...

ကျွန်ုပ်အား လာဘ်ရွှင်စေခဲ့သော ပစ္စည်းရောင်းနည်း(မင်းသိင်္ခ)

ကျွန်ုပ်သည် မြို့ထဲတွင် ဗေဒင်မဟောတော့ပဲ မိဘနေအိမ်၌ပင် ဗေဒင်ဟောပြောရလေ၏။ ကျွန်ုပ်၌ အလုပ်တစ်ခု လုပ်ရန်အတွက် ငွေအရင်းအနှီး လိုနေ၏။ ထိုအချိန်၌ ကျွန်ုပ်သည် “ ဆားပုလင်းနှင်းမောင်” ၀တ္ထုများကို တွင်တွင် ကျယ်ကျယ်ကြီး ရေးသားနေပြီ ဖြစ်၏။ ဆေးရုံတက်နေစဉ်အတွင်း “ ပုဏ္ဏားဘကွန်း ” ပထမတွဲ၊ ဒုတိယတွဲပင် ရေးသားနေပြီ ဖြစ်၏။ ထိုဝတ္ထုသည် ကျွနိုပ်၏ စာရေးဆရာ ဘ၀ကို အောင်မြင်စေသော ၀တ္ထုဖြစ်၏။ စာရေးဆရာ ဘ၀ အောင်မြင်သော်လည်း ငွေကြေးမှာ ပြောပလောက်အောင် မရသေးပေ။

ဗေဒင်လက္ခဏာ ဟောပြောခကိုလည်း ၁၀ မှ ၂၅ ကျပ်သို့ တိုးမြင့်လိုက်ပြီ ဖြစ်၏။ ကျွန်ုပ်သည် မော်တော်ကားစီးချင် သော စိတ်များ ပြင်းထန်လာသောကြောင့် ဟီလမင်ကား တစ်ပတ်ရစ်ကလေးကို ၀ယ်၍ စီး၏။ ထိုကားသည် ကျွန်ုပ်အား လွန်စွာ ဒုက္ခပေး၏။ မကြာခဏ ပျက်လေသောကြောင့် ဗေဒင်ဟောခသည် ကျွန်ုပ်စားရသည် မရှိပဲ ကားပြင်သည်ထဲသို့ သာ ၀င်သွားတတ်၏။ ကျွန်ုပ်၏ မိတ်ဆွေ တစ်ဦးကမူ....

“ ဆရာမင်းသိင်္ခ၊ မော်တော်ကားအပျက်တစ်စီး ၀ယ်စီးတာ မယားငယ်တစ်ယောက် ယူတဲ့ စရိတ်ထက် ကြီးတယ်ဗျ။ မယားငယ်တစ်ယောက် ယူမိရင်လည်း ရှာလို့ဖွေလို့ ရသမျှ သူ့လက်ထဲကို ရောက်ကုန်တော့တာ။ ကားအပျက်စီးရင်လဲ အဲဒီလိုပဲဗျ။ အကောင်းဆုံး အကြံပေးချင်တာကတော့ ရောင်းပစ်လိုက်ပါဗျာ ” ဟု ပြောလေ၏။

ကျွန်ုပ်သည် ထိုဟီလမင်ကားလေးအား ပွဲစားအမျိုးမျိုးကို ရှာဖွေကာ စပ်၍ ရောင်ခိုင်း၏။ သို့ရာတွင် ရောင်း၍ မထွက်ပဲ ရှိလေ၏။ ထိုအခါ ကျွန်ုပ်သည် အောက်ပါအတိုင်း စိတ်၌ ပြောမိလေ၏။

“ အရေးကြုံရင် သက်လုံကောင်းရမယ် ဆိုတဲ့ စကားမှာ အခု ငါတွေ့နေတဲ့ အခက်အခဲလည်း ပါတယ်။ ငါ့ရဲ့ ကားလေးကို ငါက ရောင်းပစ်ချင်တယ်။ ဒါပေမယ့် မထွက်ပဲ ဖြစ်နေတယ်။ အဲဒီတော့ ငါ့မှာ အဲဒီအခက်အခဲကို ကျော်လွန်နိုင်တာ ဘာရှိသလဲ။ ပညာပဲ ရှိတယ်။ အဲဒီ ပညာဟာ ဘာလဲဆိုတော့ အင်္ဂ၀ိဇ္ဇာ ပညာပဲ ” ဟု အထက်ပါအတိုင်း ရေရွတ်ပြီးနောက် ကျွန်ုပ်သည် အင်္ဂ၀ိဇ္ဇာ ပညာကို ပြန်၍ စဉ်းစားလိုက်ရာ အောက်ပါ ခေါင်းစဉ်ကို သတိရလိုက်မိတော့၏။

“ ရောင်းလိုကြပြန် ဆပွတ်ကြံ အမှန် ဆပွတ်ရိုက် ”

ထိုခေါင်းစဉ်သည် မိမိရောင်းလိုသော ပစ္စည်းအား “ ဆပွတ် ” ကြံစည်ရမည်ဟု ဆိုထား၏။ ထို့ကြောင့် ကားဟူသော တနင်္လာနံ၏ ဆပွတ်မှာ စနေဖြစ်၏။ ထို့ကြောင့် စနေနေ့တွင် စနေသား မောင်ထွန်းကြည်အား နှီးဆယ်ချောင်းဖြင့် မော်တော်ကား နောက်မြီးကို “ ထွက်ထွက် ” ဟုဆိုကာ ရိုက်ခိုင်း၏။ ရိုက်ခိုင်းသော အချိန်မှာလဲ စနေအခါဖြစ်သော စနေနေ့ ၄-နာရီခွဲမှ ၆-နာရီ အတွင်းဖြစ်၏။

ထိုသို့ ရိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ၃- ရက်အတွင်း၌ပင် ကျွန်ုပ်၏ မိတ်ဆွေကြီး သခင်ကြည်ရှိန်ကို အကြောင်းပြု၍ ကျွန်ုပ်၏ ဟီလမင် ကားစုတ်ကလေးသည် ရောင်း၍ ထွက်သွားလေ၏။ ကျွနိုပ်သည် လွန်စွာ ပျော်သွား၏။ နောက်နှစ်ရက်လောက်ကြာသောအခါ၌ ဟင်္သာတဘက်မှ မိန်းမကြီးတစ်ဦးသည် သူ၏ ဆန်စက်ကို ရောင်းလိုသဖြင့် ကျွနိုပ်အား လာရောက် အကူအညီတောင်းရာ ကျါန်ုပ်သည် ဤနည်းနှင့်ပင် ဓာတ်ရိုက်ပေးလိုက်၏။

စက်ဟူသောကြောင့် ဆပွတ်ဖြစ်သည့် တနင်္ဂနွေနေ့ ၊ တနင်္ဂနွေ အခါဖြစ်သော ညနေ (၄)နာရီ ခွဲမှ (၆)နာရီ အတွင်း တနင်္ဂနွေသားကို တနင်္ဂနွေနံ ဖြစ်သော အုန်လက်ဖြင့် စက်ကို (၆)ချက် ရိုက်ခိုင်းလိုက်၏။ ထိုစက်လည်း ထွက်သွား၏။ ထို့ကြောင့် ထိုမိန်းမကြီးသည် ကျွန်ုပ်အား.. “ အသက်ငယ်ပေမယ့် . ပညာကို ကန်တော့တာပါ ” ဟုဆိုကာ ငွေများ ပစ္စည်းများ လာကန်တော့လေ၏။ ကျွန်ုပ်သည် ဤနည်းဖြင့် တိုက်များ၊ ခြံမြေများ၊ စက်များ၊ မော်တော်ကားများ၊ သင်္ဘောများ၊ စီဘီသမ္ဗန်ကြီးများကို ရောင်းချပေးခဲ့၏။ ထို့ကြောင့် ကျွနိုပ်၏ ဗေဒင်လက္ခ ဏာ ဆရာ သက်တန်းတစ်လျှောက်တွင် ဤနည်းသည် ကျွန်ုပ်အားထမင်းကောင်းစွာ ကျွေးခဲ့သော နည်းဖြစ်၏။ ထိုဓာတ်ရိုက်ဓာတ်ဆင်ကြောင့်ပင် ကျွန်ုပ်၏ နာမည် ဂုဏ်သတင်းသည်လည်း ကြီးမားခဲ့ရလေ တော့သတည်း။

မှတ်ချက်။.....။ မိတ်ဆွေ သင်သည် ဤနည်းကလေးကို စဉ်းစားထားပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤနည်းကလေးသည် သင့်အား များစွာ အကျိုးပြုပေလိမ့်မည်။ ထိုကြောင့် အောက်တွင် ဖော်ပြသော ဇယား ကလေးကို ဆယ်မိနစ်ခန့် မှတ်သားထားရုံမျှဖြင့် နောင်တစ်ချိန်တွင် ခက်ခက်ခဲခဲ ရောင်းချရမည့် သင်၏ ပစ္စည်များ အား လွယ်လင့်တကူ ရောင်ချနိုင်ပေလိမ့်မည်။ ထိုအခါ၌ သင်သည် ကျွန်ုပ်အား ကျေးဇူးတင်ပေလတ္တံ့။



အပြည့်အစုံဆက်လက်ဖတ်ရန်...

မဟာဘုတ်ဗေဒင်ပညာလာ ဓာတ်ပန်းချီများ

မြန်မာ့ရိုးရာ ဗေဒင်ပညာ ရပ်တွေထဲမှာ လူသိများတဲ့ ပညာရပ်ကတော့ မဟာဘုတ် ဗေဒင်ပညာပါပဲ။ မြန်မာ လူမျိုး တော်တော်များများဟာ မဟာဘုတ်ဆိုတာကို တော်တော်များများ ရင်းနှီးကြတယ်။ ပုတိဖွား ဘင်္ဂဖွား အထွန်းဖွား ဆိုတာလောက်တော့ လူတိုင်း သိကြတယ်။ တွက်တတ်ကြပါတယ်။

မဟာဘုတ်ပညာဟာ မခက်ပါဘူး။ လွယ်ကူပါတယ်။ ဒါပေမယ့် လေးနက်မှု့တွေပါတယ်။ နက်နဲတယ်။ သိမ်မွေ့တယ်။ ဒါကြောင့် မြန်မာလူမျိုး အထင်ကရ ဗေဒင်ပညာရှင် ကြီးတွေတောင် မဟာဘုတ်ပညာကို လက်မလွှတ် ကြပါဘူး။

ဒီနေ့ မျက်မှောက်ခေတ်မှာတော့ မဟာဘုတ်ပညာဟာ အသွင် ပြောင်းလဲလာတယ်။ ဟိုးအရင်တုန်းက သိကြတာက ဖွားဇာတာကို အဓိက ထားတယ်။ ပုတိ သဘောမကျော်ဇော။ မရဏဆိုရင် ဘာ အဲဒီလောက်ပဲ။ ဒါပေမယ့် မျက်မှောက်ခေတ်မှာကြတော့ ပညာရှင်ကြီးတွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ဟာ မဟာပညာကို ကြယ်ဝန်းနက်ရှိုင်းစွာ လေ့လာခွင့်ရခဲ့ကြတယ်။

အခုဆိုရင် မဟာဘုတ်ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပြီး ဆိုတာနဲ့ လူတစ်ယောက်ရဲ့ အကြောင်း စိတ်နေစရိုက် ဘ၀ကံကြမ္မာ မျိုးစုံကို မြင်ကြည့်လို့ရပါပြီ။ အခု ကျွန်တော် ပြောပြချင်တာက မဟာဘုတ် ပညာနှင့် အဆောင်ပုံအကြောင်းပါ။ ဘာကြွင်းရင် ဘာပုံဆောင်လို့ရလဲ။ အိပ်ဆောင် အဆောင် ပုံလေးတွေ ဆောင်ထားလို့ ရတယ်။ ဒါမှမဟုတ် ပန်းချီဆွဲပြီး အိမ်မှာ ချိပ်ဆွဲထားလို့ ရတယ်။ ဒါမှ မဟုတ် မိမိတို့ရဲ့ ကုမ္ပဏီတို့ အလုပ်ရုံတို့ ဈေးဆိုင်တို့မှာ ပန်ချီဆွဲပြီး ချိပ်ထားလို့ ရပါတယ်။

ကဲ... အရင်ဆုံး မိမိ၏ မြန်မာမွေးသက္ကရာဇ်ကို (၇)နှင့် စားလိုက်ပါ။ ဘယ်လောက်ကြွင်းလဲပေါ့။ ပြီးရင် အကြွင်း အတိုင်း ဆောင်ထား ချိပ်ထားလိုက် ရုံပါပဲ။

ဒီမှာ မဟာဘုတ်ဗေဒင်တွက်နည်းပါ....

(၁)ကြွင်းသူများ-နတ်သမီးပုံ။
(၂)ကြွင်းသူများ-နတ်သားရွှေအိုးထမ်းနေပုံ။
(၃)ကြွင်းသူများ-တံခွန်းလုံး စိုက်ထားတဲ့ အောင်အိုး။
(၄)ကြွင်းသူများ-ငွေအိုးစည်။
(၅)ကြွင်းသူများ-စိန်စီတဲ့ခေါင်းလောင်း။
(၆)ကြွင်းသူများ-မေမြို့ပန်းတွေ ဝေနေအောင်ထိုးထားတဲ့ စိန်စီထားတဲ့ ဖလား။
(၀)ကြွင်းသူများ-သပြေပန်းတွေ ဝေနေအောင်ထိုးထားတဲ့ ဖလား။



(၁)ကြွင်းသူများ-နတ်သမီးပုံ။


(၂)ကြွင်းသူများ-နတ်သားရွှေအိုးထမ်းနေပုံ။


(၃)ကြွင်းသူများ-တံခွန်းလုံး စိုက်ထားတဲ့ အောင်အိုး။


(၄)ကြွင်းသူများ-ငွေအိုးစည်။


(၅)ကြွင်းသူများ-စိန်စီတဲ့ခေါင်းလောင်း။


(၆)ကြွင်းသူများ-မေမြို့ပန်းတွေ ဝေနေအောင်ထိုးထားတဲ့ စိန်စီထားတဲ့ ဖလား။


(၀)ကြွင်းသူများ-သပြေပန်းတွေ ဝေနေအောင်ထိုးထားတဲ့ ဖလား။

အရင်က ဒီပို့လေးကို တင်ထားခဲ့ဘူးပါတယ်။ ဒါပေမယ့် ပုံလေးတွေမပါလို့ ပုံတွေကို ရှာဖွေ စုဆောင်းပြီး ပြန်လည် တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။ နောက်တစ်ခု တောင်းပန်ချင်တာကအကယ်၍ ဒီပို့လေးကို လာရောက် ဖတ်တဲ့ သူတွေထဲမှာ ပန်ချီပညာရှင်များ ရှိပါက ဒီပုံတွေကို ကာလာနှင့် ကျကျနန ဆွဲပြီး မိမိကိုယ် တိုင်လည်း ဆောင်ထားလို့ ရပါကြောင်းနှင့် ကျန်သော ၀ါသနာ ရှင်များကိုလည်း ထပ်တူ ပြန်လည် ဝေမျှပေး ပါရန် တောင်းပန် အပ်ပါသည် ခင်ဗျာ.........


သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်


အပြည့်အစုံဆက်လက်ဖတ်ရန်...

နေ့သားအလိုက် ဓါတ်ပန်းချီအဆောင်များ



အပြည့်အစုံဆက်လက်ဖတ်ရန်...

ရန်နှင့်အတိုက်အခံများ ပျောက်လွင့်စေသော အဆောင်

ငါ ဗေဒင်လက္ခဏာ ဟောစားတုန်းက သုံးတဲ့ နည်းကလေးတော့ ရှိတယ်ကွ။ အဲဒါက အိန္ဒြိယက 'အာနန္ဒာ လဟီးရီး' (ANANDA LAHARI) ဆိုတဲ့ ဆရာကြီး တစ်ဦးရေးတဲ့ ယန္တြ စာအုပ် စာမျက်နှာ နံပါတ် ၃၇မှာ ဖော်ပြထားတဲ့ ယန္တြလေး အကြောင်းပဲ။ ဘာပုံကလေးမှန်း မသိပါဘူးကွာ။ ကောက်ကောက်ကွေ့ကွေ့ ကလေးပါပဲ။

အဲဒီ ယန္တြလေး အပေါ်မှာ ပူဇော်ရမည့် ပစ္စည်းတွေလည်း ဖော်ပြထားတယ်။ ငါက တစ်ခုမှ မလုပ်ဘူး။ ငါ့မှာ ရန်ရှိလာတဲ့ အခါမှာ အဲဒီ ယန္တြလေးကို စားပွဲပေါ် တင်လိုက်တယ်ကွာ။ အဲဒီပေါ်မှာ ပန်းကန်ပြားလေး တစ်ချပ် တင်လိုက်တယ်ကွာ။ ပြီးတော့ အဲဒီ အပေါ်က မီးထွန်းလိုက်တယ်ကွာ။

အဲဒီအခါမှာ ထူးထူးခြားခြား ရန်တွေ ပျောက်သွားတယ်။ အတိုက်အခံတွေလည်း ပျောက်သွားတယ်ကွ။ အဲဒါနဲ့ ငါလည်း ငါ့မိတ်ဆွေတွေကို ပေးတယ်။ အဲဒီတုန်းက ဖိုတိုစတက် မပေါ်သေးဘူးကွ။ ဓါတ်ပုံ ရိုက်ရိုက်ပြီး ပေးရတယ်။ ဓါတ်ပုံဖိုးတော့ မနည်းဘူး ကုန်ခဲ့ဘူး တာပေါ့ကွာ။

ဒါပေမဲ့ ငါ့မိတ်ဆွေတွေက အားကြီး သဘောကျတယ်။ ငါကတော့ ပိုက်ဆ့တွေ ကုန်လှပေါ့ကွာ။ ပြီးတော့ ငါဟာ ဗေဒင် လက္ခဏာဟောတဲ့ အခါမှာလည်း ရန်များတဲ့လူ ၊ အတိုက်အခံများတဲ့လူကို အဲဒီ ယန္တြလေး သုံးဖို့ ပေးခဲ့ဘူးတယ်။ အခုလည်းပဲ ငါ့ဆီကို လာတဲ့ လူတွေကို ဖိုတိုစတက် ကူးပြီး အဲဒါလေးတွေကို ပေးနေတာပဲ။ အိပ်ထဲမှာ ဆောင်ထား၇င်လည်း ကောင်းတယ်။ ငါက အဲဒီ ယန္တြလေးကို အလွတ်ဆွဲ တတ်နေပြီ။

အပြည့်အစုံဆက်လက်ဖတ်ရန်...