ချစ်သူနှစ်ဦးအမြန်ပေါင်းရစေရန်

ဒီနေ့ ကျွန်တော် ပြောပြမယ့် ယတြာ လေးကတော့ မိုက်တယ် မဟုတ်လား။ ချစ်သူ နှစ်ဦး အမြန်ဆုံး ပေါင်းရစေသော ယတြာပါ။ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်ချစ်သူနှင့်တော့ အမြန်ဆုံး ပေါင်းချင်ကြတာပဲ မဟုတ်လား။ ကျွန်တော်တို့ ဗေဒင် ဆရာတွေဆီကို လာကြတဲ့ လူငယ် အတော်များများ မေးလေ့ရှိတဲ့ မေးခွန်းလေးက

ကျွန်တော်ရဲ့ ချစ်သူနှင့် ဘယ်တော့ ပေါင်းရ မလဲ....
သမီး ချစ်သူနှင့် ဘယ်တော့ ဖူးစာ ဆုံမှာလဲ...

ဆိုလိုတာကတော့ လူတိုင်း ကိုယ်ချစ်သူနှင့် ပေါင်းဖက်ချင်ကြတာ.. ဒါသဘာဝတစ်ခုပဲ...။ ဒါကြောင့် ကျွန်တော်ဆီကို အဲဒီလို လာမေးကြပြီဆိုရင် ကျွန်တော်ကတော့ အခု ပြောပြတဲ့ ယတြာကို ဆောင်ရွက်ခိုင်း လိုက်တာပဲ... စပြောပြ စတုန်းကဆိုရင် သူတို့က နောက်တယ်လို့ တောင်ထင်တယ်...။ ဒါပေမဲ့ နောက်တော့ သေသေချာချာ ပြောပြတော့မှ တကယ် ယုံသွားပြီး လိုက်လုပ်ကြတယ်...။ သူတို့တွေ အကုန် အောင်မြင်ကြပါတယ်။ ကဲ ပြောတော့မယ်...မရီနဲ့နော်

ပထမဆုံး ချစ်သူနှစ်ဦးရဲ့ အညွန့်နေ့နံ အသားတွေကို သိရမယ်။ အဲဒီ ချစ်သူ နှစ်ဦးရဲ့ နံအသားတွေကို ပန်းပု ဆရာဆီ မှာ အရုပ်လေး နှစ်ရုပ် ထုရမယ်။ ယောက်ျားလေးရဲ့ အညွန့်နံ အသားကို ယောက်ျားလေး ပုံ ထုရမယ်။ မိန်းကလေးရဲ့ အညွန့်နံ အသားကို မိန်းကလေးပုံ ထုရမယ်။ သေးသေးလေးတွေ ထုရမယ်နော်။ ပြီးတော့ မင်္ဂလာ ခန်းဝင် ပစ္စည်း တွေကိုလည်း သေးသေး လေးတွေ ချုပ်ထားရမယ်။ ခေါင်းအုန်း သေးသေးလေး ခြင်ထောင် သေးသေးလေး ဖက် ခေါင်းအုန်း သေးသေးလေး စောင်သေးသေးလေး အိပ်ယာခင်း သေးသေးလေး စောင်သေးသေးလေး အကုန်ပါရ မယ်နော်။ ပြီးရင် ခြင်ထောင်လေးထောင် ခေါင်းအုန်းလေးတွေ ဘာညာ အကုန်ချ ။ ပြီးတော့မှ အဲဒီ ယောက်ျားလေး အရုပ်နဲ့ မိန်းကလေး အရုပ်လေးကို အတူ ယှဉ်တွဲပြီး အိပ်စေပြီး ဒီနေ့ကစပြီး မောင် (.......) နှင့် မ(.......) တို့ အကြင် လင်မယား ဖြစ်ပြီ.... အဲဒီလို ပြောရမယ်.. ယတြာ ကတော့ ဒိလောက်ပါပဲ....နေ့နံ အညွန်ဂြိုဟ် အသား တွေကိုတော့ အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။ ချစ်သူတိုင်း ပေါင်းရ၍ ပေါင်းရ သူတိုင်လည်း ချစ်နိုင်ကြပါစေ.....

နေ့သားသမီး

အညွန့်နံများ

တနင်္ဂနွေ

တနင်္လာနံအသား(ကံ့ကော်၊ခရေ၊ကုက္ကိုလ်၊ကျွန်း

တနင်္လာ

အင်္ဂါနံအသား( ဇီး စသည်….

အင်္ဂါ

ဗုဒ္ဓဟူးနံအသား (ရဲယို ၊ ၀ါး ၊ လက်ပံ စသည်…

ဗုဒ္ဓဟူး

ကြာသပတေးနံအသား( ပိတောက် ၊ ပျဉ်းမ

ကြာသပတေး

သောကြာနံအသား (သီး ၊ သပြေ စသည်….

သောကြာ

စနေနံအသား( ထိန်သား ၊ ထန်းသားစသည်…

စနေ

တနင်္ဂနွေနံအသား ( အင်သား ၊ အုန်းသားစသည်…



ကျွန်တော် အားလုံးကို အရမ်း ချစ်ပါတယ်ဗျာ..........
နားမရှင်းတာ ရှိခဲ့ရင် ကော်မန့် မှာ မေးခဲ့ပါဗျာ....

0 comments:

Post a Comment