အွန်လိုင်းပေါ်က ဘလော့နည်းပညာများ

ကျွန်တော်က စာသိပ် မတတ်ပါဘူး... ဒါပေမဲ့ ကလိရတာ ၀ါသနာ အရမ်းပါတယ်...(ဘလော့ကို ပြောတာပါ) ဒါကြောင့် နည်းပညာ ဆိုက်တွေ သွားရင် အရင်ဆုံး bloger Help အထဲကို အရင်ဝင်တော့တာ...ပြီးရင် ဆရာတွေ (ကျွန်တော် သတ်မှတ်ထားတာပါ ) ပြောတဲ့ အတိုင်း လိုက် ကလိတော့တာ...အစတုန်းက ဆိုရင် တန်းပလိပ် တွေ ခဏခဏ ပြောင်းရတယ်....။ ပျက်ပျက်သွားတယ်...။ နောက်တော့လည်း အောင်မြင် သွားတယ်။

ဒါပါပဲ...ဘ၀ဆိုတာ လဲကျတိုင်း လဲကျတိုင်း ပြန်ထနိုင်တာ ကိုပြောတာပဲ မဟုတ်လားဗျာ...ကျွန်တော် ပြောချင်တာက...ကျွန်တော် အတုခိုး နေကျ ဘလော့ ဆိုက်တွေက နည်းပညာ တွေကို စုပေါင်းပြီး တင် ထားတယ်...ဒါပေမဲ့ ကျွန်တော် ရေးထားတာ ကျွန်တော်ရဲ့ ကိုယ်ပိုင် အဲဒီလို မလုပ်ထားပါဘူး...။ ဒါ ကျွန်တော် ရဲ့ရိုးသားမှု့...။

လင့်တွေကိုလည်း မူရင်းဆိုက် တွေကိုပဲ ညွန်းထားပါတယ်။ မယုံရင် နှိပ်ကြည့်ပါဗျာ. ဆရာသမားတွေလည်း ခွင့်ပြုလိမ့်မယ် ထင်ပါတယ်....ဒါ အစပဲ ရှိပါသေးတယ်...တဖြည်းဖြည်း တွေ့သမျှ ထပ်ထည့်ပေးသွားမှာပါ...။

အကယ်၍ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်ုပ်ကဲ့သို့ စာတစ်လုံးမှ မတတ်ဘဲ ဘလော့ တစ်ခု စတင် ရေးသားချင် သည့် ကျွန်ုပ်ကဲ့သို့ အူကြောင်ကြောင် လူတစ်ယောက် ရောက်ရှိလာပါက အသုံးပြု၍ ရအောင် ကြိုတင်ပြင်ဆင် ထားသည်ဖြစ်ပါကြောင်း.....

0 comments:

Post a Comment