ညလေးနှင့်မိုးညိုတွေ့ဆုံခြင်းအစ
စကားပလ္လင်
စကားပလ္လင်ဟု စတင်ရခြင်းမှာ ကျွန်မသည် စာရေးဆရာမ တစ်ယောက်မဟုတ်ပါ သောကြောင့် စာဖတ်သူများ ပျင်းရိငြီးငွေ့ဖြစ်မည်မှာ သေချာပါသည် သို့သော်လည်း ကျွန်မနှင့် ကိုမိုးညို စတင်ဆုံစည်းခြင်းမှစ၍ ယခုလက်ရှိ ခြေအနေထိကို အတတ်နိုင်ဆုံး ပျင်းရိငြီးငွေ့ ဖွယ်နည်းနိုင်သမျှ နည်းအောင်ရေးသားပါမည်။ ထိုအကြောင်းအရာများသည် ကျွန်မဘ၀တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ဖြစ်ကြောင်းကို လဲဝန်ခံပါသည်။ ထို့ကြောင့် ဆရာဟိန်းတင့်ဇော် www.heintintzaw. comသို့ ဤစာမူကိုပို့တော့ မည်ဆိုတော့ ဆရာ့အား ဇာတ်ကောင်များကို နာမည်များမှ အစပြောင်း လဲခြင်း မပြုပါရန် ကတိအတန်တန် တောင်းခဲ့ရပါသည်။ ကျွန်မရင်ထဲတွင် ဤဇာတ်လေးကို အနည်းငယ်လေးမှ ဖျက်စီးမခံနိုင်။ အဘယ့်ကြောင့် ဆိုသော် ကျွန်မ၏ အမှန်တကယ် ရင်တွင်းခံစားချက်များ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
ဆရာဟိန်းတင့်ဇော်နှင့် ကျွန်မသည် ဆရာတူတပည့် ဖြစ်ခဲ့ဘူးသော်လည်း ဆရာပြောသလို ပညာတူတပည့် အဆင့်တော့မဟုတ်ပါ ဆရာသည် ကျွန်မထက် အများကြီးမှ အများကြီးကို သာပါသည်၊ တော်ပါသည်။ အဘမင်းသိင်္ခနှင့်လည်း သားရင်း၊ တပည့်ရင်းလို နေခဲ့ရပြီး အဘမင်းသိင်္ခ၏ ပညာရပ်များကိုလည်း နေ့ညမပြတ် သင်ယူ စည်းပူးခွင့်ရရှိခဲ့သူဖြစ်ပါသည်။ ယခုလည်း ကျွန်မနှင့် ကျွန်မအရမ်းချစ်ရပါသော ကျွန်မချစ်သူ ကိုမိုးညိုတို့၏ အကောင်းအဆိုး အားလုံးအစစအရာရာ အကြောင်းစုံကို အဘသင်ပေးခဲ့သော ပညာများဖြင့် ဖြေရှင်း အောင်မြင်ခဲ့ရပါသည်။ အချို့သောကိစ္စများကိုလည်း ဆရာဟိန်းတင့်ဇော်နှင့် တိုင်ပင် ဆွေးနွေးပြုလုပ်ခဲ့ရပါသည်။ ယုံကြည်မှု ကြောင့် အောင်မြင်မှုလည်း ရခဲ့ပါသည်။
ထိုအစစအရာရာ အကြောင်းစုံကို ၀တ္ထုလေးတစ်ပုဒ်သဖွယ် ဖတ်စေချင်လွန်း၍ ကြိုးစားရေးသားလိုက်ပါသည်။ ကျွန်မ၏ အရေးအသား ညံ့ဖျဉ်းမှုကြောင့် စာဖတ်သူများ ပျဉ်းရိငြီးငွေ့ပါမူ အဘမင်းသိင်္ခ သင်ပေးခဲ့သော ပညာရပ်များကိုသာ အဓိကထားဖတ်ရှုကြပါ။ ကျွန်မ၏ အခက်အခဲများ အောင်မြင်ခဲ့သလို စာဖတ်သူများ၏ အခက်အခဲများကိုလည်း အောင်မြင်စေချင်ပါသည် အခက်အခဲများပြေပျောက်စေချင်ပါသည်၊ သောက များကင်းဝေးစေချင်ပါသည်။ အဘမင်းသိင်္ခ၏ ပညာရပ်များကို ယုံကြည်စွာဖြင့် သင့် အခက်အခဲများကို ဖြေရှင်းနိုင်ကြပါစေ ကျွန်မ၏ စာအရေးအသား မည်မျှပင် ညံ့စေကာမူ အဘမင်းသိင်္ခ၏ ယတြာများကတော့ဖြင့် သင့်အတွက် အလွန်တရာမှ အစွမ်းထက် အသုံးဝင်မည်ဖြစ်ကြောင်း စကားပလ္လင်ခံလိုက်ရပါတော့သည်။
www.heintintzaw.comတွင် ဖေါ်ပြခွင့်ရသည့်အတွက်
အကိုဆရာ့အားကျေးဇူးတင်ပါသည်။
နှင်းအိမ်ဝေ
ညလေးနှင့်မိုးညိုတွေ့ဆုံခြင်းအစ
ညကလေးတစ်ည ထိုညလေးက ရန်ကုန်မေလလယ် မိုးတွေက ရွာနေတာ ၀ုန်းဒိုင်းကျဲ၊ မိုးခြိမ်းသံတွေကညံ လျှပ်စီးတွေကလက် အိမ်တွင် တစ်ယောက်တည်း ဖြစ်နေသည့်ကျွန်မ အားငယ်ကြောက်ရွံ့လာသည်။ ကျွန်မနှင့် မခွဲအတူရှိသည့် ကျွန်မ၏အဖေါ် ဖုန်းကလေးနှင့် နံပါတ်တွေ တန်းစီနှိပ်လိုက်သည် တစ်ဖက်မှ ``ဟယ်လို´´အသံက မမ၏အသံမဟုတ်တာ သေချာသည်။ မြန်မာပြည်၏ ထုံးစံအတိုင်း ဖုန်းမှားဝင်သွားပြီ တစ်ဖက်လူ၏အသံက အလွန်နူးညံ့သိမ်မွေ့သည်။ သို့သော် မာန်အပြည့်ရှိနေသည့် အသံ ``မိုးတွေ အရမ်းရွာနေလို့ ညီမလေး မမကို ဖုန်းဆက်လိုက်တာ ဖုန်းမှားဝင်သွားတာ ဆောရီးပါနော်´´ လို့ပြောပြီး ဖုန်းချလိုက်ရသည်။
ဒါပေမယ့် ကျွန်မဖုန်း၏ ရင်ခုန်သံလေးက ပြန်မြည်လာသည် ``ဟယ်လို´´လို့ဆိုလိုက်တော့ ``ညလေးမိုးတွေရွာလို့ ကြောက်နေရင် ကိုနဲ့စကားပြောလေ´´ ကျွန်မရင်ထဲ နွေးထွေးသွားစေသော အသံလှိုင်းလေးပါ။ ``ဟုတ်ကဲ့´´ဟုဆိုကာ စကားတွေ တစ်နာကျော် ကြာအောင်ပြောဖြစ်ကြသည်။
``သြော် . . . မေ့လို့ အဲ့ဒီ့အသံရှင် နာမည်က ကိုမိုးညိုတဲ့´´ကျွန်မကိုတော့ သူက ``ညလေး´´ဟုခေါ်ပါသည်။ ဘာလို့လဲလို့မေးတော့ ကျွန်မက ``ညီမလေးလို့ ပြောတာကို သူက “ညလေး”ဟုသာ ကြားသည်တဲ့ ညလေးမှာ စတင်သိခဲ့ကြလို့ ``ညလေး´´လို့ခေါ်တာတဲ့လေ။
ညလေးနဲ့ မိုညိုတွေ့ခဲ့တာ ၃လကျော် ၄လလောက်ရှိခဲ့ပြီ အမှန်ကို ၀န်ခံရပါလျှင် ကျွန်မမိုးညိုအပေါ်ကို လုံးဝမရိုးသားတော့ပါ။ သူကတော့ ရိုးသားဆဲ။ ဒါပေမယ့်လည်း မိန်းကလေးကျွန်မက သူ့ကိုချစ်တယ်လို့ ဘယ်လိုမှ စပြော၍မရနိုင်ပေ (ယခင်မြန်မာ့ဓလေ့ထုံးစံ) အဲ့ဒီ့မှာ အစ်ကိုဆရာ့ကို အပူကပ်ရတာပေါ့ ``အစ်ကိုရေ ဘာလုပ်ရမလဲ ညီမလေးတော့ ကြိတ်ပိုးလေးဖြစ်နေပြီ ။
အစ်ကို့ညီမရယ် လွယ်လိုက်တဲ့ဖြစ်ခြင်း ``ပရုပ်လုံးမှာ ကိုယ့်ချစ်သူ နာမည်နဲ့ ကိုယ့်နာမည်ကိုရေး ပုလင်းတစ်လုံးထဲထည့်။ နံနက်စောစော အိမ်ရှေ့ကိုထွက် ပြီးရင်နေ၀င်တဲ့ အနောက်အရပ်ကို မျက်နှာလှည့်ပြီး တင်ပါးကိုလှုပ်ရင်း ပုလင်းကိုနင်းရမယ်´´ အဲ့လိုလေးသာ လုပ်လိုက် တစ်ပတ်တောင် မပြည့်စေရဘူး ကိုမိုးညိုက ညလေးကို ချစ်တယ်လို့ ဖွင့်ပြောလာစေရမယ် စိတ်ချ။
(ကောင်မလေးက ကောင်လေးကို ကြိတ်ပိုးတာပဲဖြစ်စေ ကောင်လေးက ကောင်မလေးကို ကြိတ်ပိုးတာပဲဖြစ်ဖြစ် ဘယ်သူမဆို လုပ်လို့ရတယ်) ကျွန်မကိုယ်တိုင်ကလည်း ယုံကြည်စွာ လုပ်ခဲ့ပါတယ်။ မှတ်မှတ်ရရ (၃)ရက်မြောက်သောနေ့ ကိုမိုးညိုက ကျွန်မကို အင်းယားမှာ သွားထိုင်ရအောင်ဟုဆိုကာ စတင်ကမ်းလှမ်း လာပါတော့တယ်။ ကျွန်မကလည်း နဂိုက မျှော်လင့်ထားမိသူဆိုတော့ မငြင်းဖြစ်ခဲ့ပါဘူး အင်းယား ကန်ဘောင်ပေါ် ထိုင်နေကြရင်း သူကျွန်မနားကပ်ကာ တိုးတိုးလေး ပြောလာပါတယ်။
``ညလေးကို အရမ်းချစ်တယ်´´ တဲ့ ဟီ ဟိ ။ ကျွန်မဘယ်လို ပြန်ဖြေမယ်လို့ ထင်ပါသလဲ ``စဉ်းစားပါရစေအုံး (သို့မဟုတ်) ညလေးလဲ ချစ်ပါတယ်´´ အဲ့ဒီ့လို တွေးမိတယ် ဆိုရင်တော့ စာဖတ်သူတို့ အတွေးလုံးဝမှား သွားပါလိမ့်မယ်။ တကယ်တော့ ၀မ်းသာလွန်း၍ ဘာစကားမှ ထွက်မလာ ကိုမိုးညိုရဲ့ ဘယ်ဘက် ပုခုံးလေးပေါ်သို့ ကျွန်မခေါင်းလေး မှီလိုက်ပြီး ငြိမ်ငြိမ်လေး ဆက်ထိုင်နေခဲ့ ခြင်းသာ ကျွန်မ ဟန်မဆောင်တတ် ရင်ထဲက အရမ်းချစ်နေတော့ ဆက်၍လည်း မူမနေချင် ထို့ကြောင့် ဤသို့သာ . . .
အဘပညာနှင့် အစ်ကိုဆရာဟိန်းတင့်ဇော်ကိုကျေးဇူးတင်လျှက်
နှင်းအိမ်ဝေ ဆက်လက်ရေးသားပါအုံးမည်
0 comments:
Post a Comment