ပီယ ၊ ကိုယ်လုံ ၊ လာဘ်ခေါ်အင်းစမတော်များ
စမတော်ရေးဆွဲပုံ အဆင့်ဆင့်
- နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿကို နှုတ်မှ ပူဇော်၍ “မ” အက္ခရာကို အရင်ဆုံးရေးပါ။
- “၀ရ ဗုဒ္ဓေါ ၀ရ ဓမ္မော ၀ရ သံဃော” ဟု နှုတ်မှ ပူဇော်၍ ထိုမအက္ခရာပေါ်မှ “၀” ကို ဆက်ရေးပါ။
- “သုဂတော” ဟု ရွတ်ဆို၍ “၀” အက္ခရာ၏ အပေါ်မှ “ကာ”နှင့် “၀” ၏ အောက်မှ “ယ” အက္ခရာကို ရေးဆွဲပါ။
- “ပီယ၀ါယေ ပီယေမမ န၀မကာယ”ဟု ရွတ်ဆို၍ ပုံပါအတိုင်း “၀”၏ လက်ဝဲ၊ လက်ယျာတွင် နငယ်ကို ရေးဆွဲပါ။
- ထို့နောက် စမတော်များနှင့် သက်ဆိုင်ရာ သိဒ္ဓိတင် ဂါထာတော်များနှင့် သိဒ္ဓိတင်ရပါမည်။
- “မ”တစ်လုံး ကာယအရံအတား စမတော်အား သရဏဂုံသုံးပါး (၁၀၈)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
- “မ”နှစ်လုံးဆင့် လာဘ်ခေါ် စမပုံတော်အား ဘုရားဂုဏ်တော် ကိုးပါး (၁၀၈)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
- “မ” သုံးလုံးဆင့် လူချစ်နတ်ချစ် ပီယစမအား မေတ္တာသုတ် ပရိတ်တော် (၂၇)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
- ထို့နောက် ကိုယ်နှင့် မကွာဆောင်ထားခြင်း၊ ဈေးဆိုင် ၊ ကုမ္ပဏီစသော မြင့်မြတ်သောနေရာများတွင် ဆောင်ထားခြင်း၊ ဖယောင်းတိုင်တွင် ပတ်၍ မီးထွန်းဆုတောင်းခြင်းပြုလုပ်ပါက ထူးခြားသော အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါကြောင်း...
ဟိန်းတင့်ဇော်
0 comments:
Post a Comment