ကျွန်ုပ်နှင့် ထူးဆန်းသော ရှေ့ဟောင်း ဗေဒင်ကျမ်းပုရပိုက်

တစ်ခုသောလ၌ ကျွန်ုပ်သည် မြန်မာနိုင်ငံ၏ နယ်စပ်မြို့ကလေး တစ်မြို့သို့ အလွန်သိချင်နေသော ကိစ္စတစ်ခု၏ သဲလွန်စကို ရသဖြင့် ခရီးထွက်ခဲ့လေ၏။ ထိုသဲလွန်စမှာ နယ်စပ်မြို့ရှိ တောရကျောင်း တစ်ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါးထံတွင် လွန်စွာရှေ့ကျ၍ လွန်စွာမှလည်း တန်ဖိုးရှိသော ရှားပါးသော ရှေ့ပုရပိုက်မူ ဗေဒင်ကျမ်းတစ်ကျမ်း ရှိသည်ဟူ၍ သဲလွန်စ ရရှိလေသောကြောင့် ထိုခရီးအား ထွက်ခွါလာခဲ့ခြင်း ဖြစ်လေ၏။ ထိုပုရပိုက်သည် နှစ်ပေါင်းအားဖြင့် (၁၀၀) ကျော် ပြီးဖြစ်လေ၏။

ထိုနယ်စပ်မြို့ကလေးသို့ ရောက်ရှိနေစဉ်တွင် ကျွန်ုပ်နှင့် သိကျွမ်းခင်မင်သော ကိုပုနှင့် မတင်လှဟု အမည်ရသောသူတို့၏ အိမ်တွင် ခွင့်တောင်း၍ တည်းခိုရလေ၏။ ထိုနေ့ညတွင် ကျွန်ုပ်သည် ထိုမြို့ကလေးသို့ ရောက်ရှိကာစဖြစ်သောကြောင့် ဘာမျှ မယ်မယ်ရရ မစုံစမ်းသေးဘဲ မြို့လယ်ဘုရားကြီးဘေးရှိ မဘဲဥ မြန်မာထမင်းဆိုင်တွင် ထမင်းစားရလေ၏။

နောက်တစ်နေ့ မနက်စောစောတွင် ကျွန်ုပ်သည် စောစီးစွာဖြင့် အိပ်ယာမှထကာ ရေချိုး၍ ကိုယ်လက်သန့်စင်ကာ ဘုရားရှိခိုး၏။ မြတ်ဘုရားအား အလင်းတိုင် အမွှေးတိုင်များကို ပူဇော်၏။ ဆရာသခင်အားလည်း အမွှေးတိုင်များဖြင့် ပူဇော်ကာ ရှေ့ဟောင်းပုရပိုက်နောက်သို့ လိုက်နေသော ဤခရီးစဉ်သည် ချောမောပါစေသတည်း။ အောင်မြင်ပါစေသတည်းဟု ဆုတောင်း အဓိဋ္ဌာန်မိလေ၏။

ထို့နောက် ကျွန်ုပ်သည် ဘုရားဝတ်ပြုသော ၀တ်စုံကို ချွတ်၍ အ၀တ်တန်းတွင် အင်္ကျီချိပ်ဖြင့် ချိတ်ကာ ကျွန်ုပ်၏ ခရီးဆောင်အိပ်အတွင်းမှ ဂျင်းဘောင်းဘီတစ်ထည်ကို လှဲယ် ၀တ်ဆင်၏။ ထိုပနောက် အပေါ်အင်္ကျီကိုမူ ပေါ့ပေါ့ပါးပါး တီရှပ်တစ်ထည်ကို ၀တ်ဆင်၏။ ထို့နောက် ကျွန်ုပ်၏ ခ၇ီးဆောင် ကျောပိုးအိပ် သေးသေးလေးအတွင်း၌ ပုတီး ၊ တားရော့၊ နှင့် ကင်မရာ၊ လက်ပတော့ကွန်ပြူတာ အစရှိသော ကျွန်ုပ်၏ အသုံးအဆောင် ပစ္စည်းများကို ထည့်ရလေ၏။ ထို့နောက် ကျွန်ုပ်၏ ပိုက်ဆံအိပ်ကို တစ်ချက်မျှ စစ်ဆေး၍ ဘောင်းဘီအိပ်ထဲကို ထိုးထည့်ရင်း ကျောပိုးအိပ်ကို ကျောတွင်ပိုး၍ အိမ်ရှင် ကိုပုနှင့် မတင်လှကိ နှုတ်ဆက်ကာ ထွက်လာခဲ့လေ၏။

ကျွန်ုပ်သည် ကိုပုတို့ အိမ်မှ ထွက်လာကာ လမ်းထိပ်လဘက်ရည်ဆိုင်သို့ ခေတ္တ ၀င်ထိုင်ကာ လဘက်ရည်တစ်ခွက်ကို မှာယူရင်း လွတ်နေသော စားပွဲတစ်လုံးတွင် ၀င်ထိုင်ကာ ပတ်ဝန်းကျင်သို့ အကဲခတ် ကြည့်ရင်း မသိမသာ အကဲခတ်နေမိ၏။ လဘက်ရည်ဆိုင်တွင်း၇ှိ လူအများစုသည် မနေ့က ထွက်သွားသော နှလုံးဂဏန်း အကြောင်းကို ပြန်လည်၍ ဟောင်ဖွာဟောင်ဖွာနှင့် ပြောဆိုနေကြလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နံဘေးလဘက်ရည်ဝိုင်းတွင် ဆိုင်ကယ်တက္ကစီ အင်္ကျီ ၀တ်ထားသော လူသုံးယောက်တို့၏ စကားဝိုင်းကို ကျွန်ုပ်သည် နားစွန့်ကြည့်လိုက်၏။

ထိုသူသုံးယောကထဲတွင် ဗလကောင်းကောင်း ဆိုင်ကယ်တက္ကစီသမား ပြောနေသာ အသံကို အောက်ပါအတိုင်း ကြားလိုက်ရလေ၏။ မနေ့တုန်းက ငါသွား၇တဲ့ ခရီးကတော့ တော်တော်လေးကြမ်းတယ်။ တောတွေကို ဖြတ်၇တယ်။ တောင်တွေကို ကျော်ရတယ်။ ရေချောင်းလေးတွေကိုလည်း ဖြတ်ခဲ့ရတယ်။ လမ်းမှာ ဆိုင်ကယ်မောင်းလို့ မရလို့ ဆင်းတွန်းရတဲ့ နေရာတွေလည်း ရှိတယ်။ ဒါတောင် လမ်းတစ်ဝက်မှာ လမ်းက ဆုံးသွားလို့ တောင်ပေါ်ရောက်အောင် လမ်းဆင်းလျှောက်ပြီး ကုန်းပေါ်ရောက်အောင် လိုက်ပို့ပေးလိုက်ရတယ်။

ထိုအခါ အခြားတက္ကစီသမားတစ်ဦးက မင်းကို ဘယ်သူက ခေါ်သွားတာလဲ။ နောက်ပြီး အဲဒီလမ်းက ဘယ်ဘက်မှာ ရှိတာလဲဟု မေးလိုက်လေရာ ထိုဗလကောင်းကာင်း လူက... ငါ့ကို ခေါ်သွားတာ လူမဟုတ်ဘူးကွ။ ဘုန်းတော်ကြီးတစ်ပါးပဲ။ အဲဒီ ဘုန်းတော်ကြီးက တောင်ပေါ်မှာ တစ်ပါးတည်း သီတင်းသုံးနေတာကွ။ ငါဒီမှာနေနေတာ ငါ့တစ်သက် အဲဒီဘက်မှာ လမ်းရှိတယ်လို့တောင် မကြားမိဘူး။ လမ်းလို့သာ ပြောလိုက်၇တာပါကွာ အမှန်က လမ်း မဟုတ်ပါဘူး။ တောထဲက တစ်ယောက်သွား လူသွားလမ်းလေးပါ။ ဒါကလည်း လမ်းတစ်ဝက်ကိုပဲ ရောက်တာပါ။ ကျန်တဲ့ (၇)မိုင်လောက် ခရီးကို လမ်းဆက်လျှောက်ရတာဟု ထိုဆိုင်ကယ်သမားက ပြောပြလေ၏။

ထို့နောက် ထိုဆိုင်ကယ်သမားက ဆက်လက်၍ အဲဒီဘုန်းတော်ကြီးက ကြည့်လိုက်ရင် အရိုးပေါ် အရည်တင်နေတာ။ အသားပိုဆိုလို့ နည်းနည်းလေးတောင် မရှိဘူး။ ထူးဆန်းတာက အဲဒီဘုန်းတော်ကြီးဆီ ကျောင်းကို ရောက်ပြိးတဲ့နောက် ဘုန်းကြီးဆီက ဆိုင်ကယ်ခတောင် လုံးဝ မလိုချင်တော့ဘူး။ လှူချင်စိတ်တန်းချင်စိတ်တွေ တဖွားဖွားပေါ်လာလို့ ဆိုင်ကယ်ခတောင် လုံးဝမတောင်းတော့ဘူး။ လှူလိုက်တယ်။

နောက်တစ်ခု ရှိသေးတယ်။ အဲဒီတောင်က အပေါ်ကို ရောက်ကာနီးလေ ပိုမတ်လေပဲ။ တောင်ပေါ်မှာ အုပ်ခဲတွေ သဲတွေ ပုံထားတာတွေ့တယ်။ အဲဒါ ဆရာတော်ကို ဒါတွေက ဘာလုပ်ဖို့လည်း ဘုရား နောက်ပြီး ဒီလောက်မြင့်တဲ့ တောင်ပေါ်ကို ဘယ်သူတွေ ဘယ်သူတွေ လာပို့ထားတာလဲဘုရားလို့ ငါက လျှောက်တော့
ဆရာတော်က ဘုရားတည်မလို့၊ ငါကိုယ်တိုင် နည်းနည်းချင်း ထမ်းတင်ထားတာလို့ ခပ်တိုးတိုး ဖြေတယ်။

အဲဒီမှာ ငါလည်း အရမ်း အံ့သြသွားတယ်။ အဲဒါနဲ့ ဆရာတော်ဘုရား ဘာအလိုရှိလဲ ဘုရားလို့ ငါက လျှောက်တော့ ဒကာတဲ့ ငါ ဘုန်းကြီး သူတောင်းစား မဟုတ်ဘူးတဲ့။ ငါ့မှာကွာ ဘုန်းကြီးက အဲလိုပြောလိုက်တာကို စိတ်မဆိုးမယ့်အပြင် အဲဒီဘုန်းကြီးကို ကြည်ညိုလွန်းလို့ ထိုင်ပြီး ဦးချလိုက်မိတာ ဘယ်နှစ်ကြိမ်မှန်းတောင် မမှတ်မိဘူးဟု ပြောလိုက်သံကို ကြားလိုက်မိလေ၏။

ကျွန်ုပ်လည်း ထိုဆိုင်ကယ်သမားပြောလိုက်သော အသံကို ကြားလိုက်မိသောခန၌ ကျွန်ုပ်၏ စိတ်၌ မည်သို့ ဖြစ်သည်မသိ။ ထိုတောင်နျင့် ထိုဘုန်းတော်ကြီးကို လွန်စွာ စိတ်ဝင်စားမိလေတော့၏။ ထို့နောက် ထိုဆရာတော်အား သွားရောက်ဖူးမြင်လိုသော စိတ်များလည်း တဖွားဖွားပေါ်ပေါက်လာသောကြောင့် ကျွန်ုပ်သည် ထို ဆိုင်ကယ်သမားများဝိုင်းသို့ ကူးသွားကာ ဆိုင်ကယ်သမားအား အောက်ပါအတိုင်း ပြောဆိုလိုက်လေတော့၏။

ဒီမှာ မိတ်ဆွေကြီး ကျွန်တော် အဲဒီ ဘုန်းတော်ကြီးကျောင်းကို သွားချင်တယ်။ ဆိုင်ကယ်ခကတော့ မိတ်ဆွေကြီး ကြိုက်သလောက်ယူနိုင်ပါတယ်။ လိုက်ပို့နိုင်မလားဟု ပြောလိုက်လေရာ ထိုဆိုင်ကယ်သမားသည် ကျွ။န်ုပ်အား အံ့သြသော မျက်လုံးဖြင့် ကြည့်လိုက်ပြီးလျှင် ဒီမှာ မောင်ရင် မင်းအဲဒီ ဘုန်းတော်ကြီးကျောင်းကို သွားချင်ရင်တော့ သွားပါ။ လိုက်ပို့ပေးပါ့မယ်။ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ပေးစရာမလိုပါဘူးဟု ပြန်ပြောလေ၏။ ထို့ကြောင့် ကျွန်ပ်လည်း လွန်စွာ ၀မ်းသာသွားသောကြောင့် ထိုသူများ၏ လဘက်ရည်ဖိုးကျသင့်ငွေကို စားပွဲထိုးလေးအား ခေါ်၍ ရှင်းပေးလိုက်လေတော့သတည်း။

ရှားပါးသော နှစ်ပေါင်းတစ်ရာကျော် ပုရပိုက်၏ ပထမဦဆုံး စာမျက်နှာအား ဓာတ်ပုံရိုက်၍ ယူလာခဲ့စဉ်...




ဒုတိယပိုင်းအား အလျဉ်းသင့်သလို ဆက်လက်ရေးသားသွားပါမည်....

1 comments:

Anonymous said...

Dear Sayar,

I really like to read your writing.

Thanks

Post a Comment