သင့်ဘ၀အဖော်မွန်အကြောင်း(၄)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၁ ၊ ၁၂၇၈ ၊၁၂၈၅ ၊၁၂၉၂ ၊၁၂၉၉ ၊၁၃၀၆ ၊၁၃၁၃ ၊၁၃၂၀ ၊ ၁၃၂၇ ၊ ၁၃၃၄ ၊ ၁၃၄၁ ၊ ၁၃၄၈ ၊ ၁၃၅၅ ၊ ၁၃၆၂ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....


စိတ်ပိုင်းဆိုင်ရာ =
မခံချင်စိတ်ကြောင့် လောဘကြီးဟန်ဖြစ်ခြင်း ၊ ဖြတ်လမ်းသဘောလုပ်ငန်းလုပ်လိုခြင်း ၊ မခံချင်စိတ်ဖြစ်လွယ် ခြင်း ၊ စိတ်ကျေနပ်ရောင့်ရဲမှူ့ နည်း၍ အပြောင်းအလဲမြန်ခြင်း ၊အယုံလွယ်ခြင်း ။

ရုပ်ပိုင်းဆိုင်းရာ =
ဟန်- မာန်-အကြွား သဘောဆောင်ခြင်း ၊ လုပ်ငန်းများလုပ်ရာတွင် မသေသပ်ခြင်း ၊ ဂဏာမငြိမ်သော အမူအ ရာဖြစ်ခြင်း ၊ ဘုမသိဘမသိ သဘောနှင့် အိမ်ထောင်ပြုရတတ်ခြင်း ။

စီးပွားရေး ၊ လူမှုရေးဆိုင်ရာ=
အတိုက်အခံ ရန်ပေါများခြင်း ၊ လုပ်ငန်းများ အမျိုးမျိုးပြောင်းလဲခြင်း ၊ လက်တွေ့ ဆန်ခြင်း ၊ စီးပွားရေးလော ဘကြီးသောကြောင့် ရုတ်တရက် ပျက်စီးတတ်ခြင်း ၊ ဧည့်ဝတ် မကျေပွန်တတ်ခြင်း ။

ကျန်းမာရေးဆိုင်ရာ =
သွေးနှင့်ပတ်သော ရောဂါများ ဖြစ်ပွားတတ်ခြင်း ၊ ခွဲစိတ်ဖြတ်တောက် ရောဂါများ ကြုံလွယ်ခြင်း ၊ ရုတ်တရက် ဘေးဥပါဒ်ကြုံခြင်း ၊ သွေးတိုး ၊ အကြောပြတ် ၊ သွေးသွန် ၊ သားပျက်ဖြစ်လွယ်ခြင်၏ ။

လိုက်နာကျင့်ဆောင်ရန် =
ဖြတ်လမ်းသဘောပါသော စီးပွားရေးများမလုပ်ခြင်း ၊မခံချင်စိတ် လောဘစိတ် ၊ထိန်းသိမ်းနိုင်ခြင်း ၊ လုပ်ငန်း အမျိုးမျိုးမပြောင်းလဲခြင်း ၊ တစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းပြုပါ ။

0 comments:

Post a Comment