သင် စကားပြော အောင်မြင်စေဖို့

မိတ်ဆွေ.......
သင်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လူ တစ်ဦး တစ်ယောက်နဲ့ စကား အနိုင်ယူ ပြောရမဲ့ ကိစ္စတွေ ကြုံတွေ့လာရင် အခုပြောပြတဲ့ ယတြာ နည်းလေးကို သတိယ လိုက်ပါဗျာ။ အရမ်းလည်း မခက်ခဲ ပါဘူး။ လွယ်ကူပါတယ်။ ဥပမာ သင့်မှာ ပြဿနာ တစ်ခု ဖြစ်တယ် ဆိုကြပါစို့...။ အဲဒီ ပြဿနာမှာ သင်က မမှားဘူး။ သင်က မှန်တယ်။ ဒါပေမဲ့ တစ် ဖက်လူက သင့်ကို အနိုင်ယူ စွပ်စွဲနေတယ်။ ဒါဆိုရင် သင်ဘာလုပ်မလဲ။ အရှုံး ပေးမှာလား။ မကောင်းပါဘူး။ ကိုယ်မှန် နေပြီးတော့ အရှုံးပေးရတာ မကောင်းပါဘူး။

သူကတော့ သင့်ထက် ငွေကြေးဥစ္စာ သြဇာ အာဏာ သာလွန်နေတယ် ဆိုပြီး အနိုင်ယူတယ်။ ကိုယ့်ထက် အာဏာ ပိုရှိတယ် ဆိုပြီး အနိုင် ယူချင်တယ်။ ကိုယ်ထက် ပိုချမ်းသာ တယ်ဆိုပြီး အနိုင် ယူချင်တယ်။ ကိုယ့်ထက် ပညာ ပို တတ်တယ် ဆိုပြီး အနိုင်ယူ ချင်တယ်။ လောကကြီးမှာ အဲဒီလို လူတွေ အများကြီးပဲ...။ အဲဒီလို ဖြစ်စဉ်တွေ မရေ တွက်နိုင်အောင် များတယ်။ မိတ်ဆွေ မယုံရင် မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ လေ့လာ ကြည်လိုက်ပါ။

ခင်ဗျားကော ခင်ဗျားဘက်က မှန်နေတာတောင် ငြိမ်ခံနေမှာလား...။ ကျွန်တော် ဆိုရင်တော့ ငြိမ် မခံနိုင်ဘူး။ ကိုယ် မှန်တဲ့ အကြောင်း ပြန်ရှင်းပြရမှာပဲ။ မဟုတ်ဘူးလား။ အဲဒိလို အခါမျိုးတွေမှာ ဒီယတြာက မိတ်ဆွေအတွက် အသုံး ၀င်မှာပါ။ လွယ်ပါတယ် ။ဥပမာ မိတ်ဆွေဟာ အကြောင်း တစ်စုံ တစ်ရာကြောင့် တနင်္ဂနွေ သားသမီးကို စကားအနိုင် ယူ ပြောရတော့မယ် ဆိုကြပါစို့။ အောက်က ဇယားလေးထဲ ကြည့်ပါ။ မေမြို့ပန်းကို ဆောင်သွားပါ။ အဲဒီ လူနဲ့ စကား ပြောရတဲ့ အချိန်မှာ သင်ဟာ မြောက်အရပ်ကို မျက်နှာမူပြီး စကားပြောပါ။

ကျွန်တော်တို့ ထိုင်းမှာတော့ ကျွန်တော်ဆီကို ငွေတိုးပေးတဲ့ လူတွေလာပြီး အကူအညီ တောင်းကြတယ်။ သူတို့ဆီ က ငွေယူထားတဲ့ တစ်ချို့လူတွေက ပိုက်ဆံ သွားတောင်းရင် မပေးချင်ကြဘူး။ မပေးချင်တဲ့ အပြင် တိုင်ချင်တဲ့ နေရာ သွားတိုင် မပေးနိုင်ဘူး လို့တောင် လူမိုက်စကား ပြန်ပြောတတ်ကြတယ်။ ဟုတ်တယ်လေ။ ထိုင်မှာက ငွေတိုးချေးတာ မြန်မာပြည်သားတွေ အတွက် တရားမ၀င်ဘူး။

နောက်ဆုံးတော့ ဗေဒင်ဆရာဆီ ရောက်လာတတ် ကြတယ်။ ကျွန်တော်ကတော့ ဒီနည်းလေး ပေးလိုက်တာပဲ။ တော်တော်များများတော့ အဆင်ပြေသွားကြပါတယ။် မိတ်ဆွေတို့လည်း တစ်နေ့နေ့ အသုံးဝင်လာရင် .....


နိုင်လိုသောနေ့

ဆောင်ရမည့်ပန်း

လှည့်ပြောရမည့်အရပ်

တနင်္ဂနွေ

မေမြို့ပန်း

မြောက်အရပ်

တနင်္လာ

သပြေ

အနောက်တောင်

အင်္ဂါ

နှင်းဆီ

အရှေ့မြောက်

ဗုဒ္ဓဟူး

အုန်းညွန့်

အရှေ့

ကြာသပတေး

ကံ့ကော်

အရှေ့တောင်

သောကြာ

စံပယ်

တောင်

စနေ

ရွက်လှ

အနောက်



  • ကျွန်တော် မြန်မာလိုပဲ ပြောမယ်...
  • ကျွန်တော် အားလုံးကို အရမ်းချစ်ပါတယ်ခင်ဗျာ...

0 comments:

Post a Comment