ခေါင်းဆေးမင်္ဂလာအောင်ကြောင်းဖြာ
လူတစ်ယောက်ရဲ့ ဇာတာကို ကြည်လိုက်တဲ့အခါမှာ ကောင်းတဲ့ အချက်အလက် တွေလည်းတွေ့တယ်။ ညံ့တဲ့အ ချက်အလက်တွေလည်း တွေ့တဲ့ အခါမှာ ဇာတာမသန့်ဘူးလို့ ပြောဆိုတတ်တယ်။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် လွတ်လွတ်ကျွတ်ကျွတ် မကောင်းသေးဘူးပေါ့ဗျာ။ ရာဇ၀င်မှာဆိုရင် ရာဇဓိရာဇ်ဟာ မင်းခေါင် စစ်ချီလာတဲ့အခါ မှာ သူ့ရဲ့ ပညာရှိတွေက ဇာတာ မသန့်သေးဘူး လို့ လျှေက်တင်ကြတာနဲ့ စစ်ကို ရှောင်ဖူးတယ်။
အဲဒီလို ဇာတာမသန့်တဲ့ အခြေအနေမှာဆိုရင် ခေါင်းဆေးယတြာ လုပ်ရတယ်။ အဲဒီလို ခေါင်းဆေးယတြာ လုပ် လိုက်တာနဲ့ ဇာတာမသန့်လို့ ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေကနေ လါတ်မြောက်တယ်လို့ ရှေးဆရာတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် အဘမင်းသိင်္ခရဲ့ (၇)-ရက်သားသမီး ခေါင်းဆေးမင်္ဂလာ အောင်ကြောင်းဖြာ ယတြာ ကို စေတနာရှေးထား၍ ဖော်ပြပေးလိုက်ပါသည်။
ဥပမာ....တနင်္ဂနွေ သားသမီး ခေါင်းဆေးမင်္ဂလာ ပြုလုပ်မည် ဆိုကြပါစို့...
လုပ်ရမည့် နေ့က တနင်္ဂနွေနေ့။ လုပ်ရမည့် အချိန်က နံက် ၉-နာရီ ၄၅-မိနစ်။ မျက်နှာမူရမည့် အရပ်က အနောက်စူးစူး ညာဘက် ခြေထောက်အောက်မှာ ရွက်လှ(၄) ညွန့်ကို နင်းထားရမယ်။ ဇီးညွန်(၃) ညွန့်ကို ဘယ်ဘက် ခြေထောက်အောက်မှာ နင်းထားရမယ်။ ပြီးတော့ ပန်းကန်ပြား သန့်သန့်ထဲမှာ ဒါမှမဟုတ် ကလပ် တစ်ခုပေါ်မှာ မေမြို့ပန်း(၅)ပွင့်၊ ကံ့ကော်(၂) ညွန့်၊ သပြေ(၆) ညွန့် ထည့်ထားရမယ်။
ခေါင်းကို တရော် ကင်ပွန်းနဲ့ လျော်ရမယ် ။ ပြီးတော့ ခေါင်းကို ရေစင်စင် ဆေးပေးရမယ်။ ပြီးတော့ ဆံပင်ရေတွေကို စောစောတုန်းက ပန်းကန်ပြားနဲ့ ထည့်ထားတဲ့ မေမြို့ပန်းတို့၊ ကံ့ကော်ညွန်တို့ သပြေပန်းတို့ အပေါ်ကို ညစ်ချရမယ်။ ပြီးတော့ အဲဒီ ပန်းကန်ကို ကိုယ်တိုင် ကိုင်ပြီး ခေါင်းလျှော်တဲ့နေရာရဲ့ အနောက်စူးစူး အပြင်မှာ သွားပြီး စွန်ပစ်ရမယ်။ နင်းထားတဲ့ ပန်းတွေကိုတော့ အခြားတစ်ယောက်ကို ကောက်ခိုင်းပြီး တောင်ဘက်မှာ စွန့်ပစ်ခိုင်းရမယ်။ ပြီးရင် ရေမိုးချိုးပြီး အ၀တ်အစားသစ်တွေ ၀တ်ရမယ်။ ပြီးတော့ ဘုရားမှာ ဖယောင်းတိုင် (၆)တိုင် ၊ အမွှေးတိုင်(၆)တိုင် ထွန်းညှိပြီး ဘုရားရှစ်ခိုးရမယ်။ ဒါဟာ ခေါင်းဆေးမင်္ဂလာ ဆောင်ရွက်ပုံ အပြည့်အစုံပါပဲ မိတ်ဆွေများ ....ခင်ဗျား
မျက်နှာမူရမည့်အရပ် | အနောက်စူးစူး | |
ခြေဖြင့်နင်းရမည့်ပန်း | ညာဘက်- ရွက်လှ(၄)ညွန့် | ဘယ်ဘက်- ဇီးညွန်(၃)ညွန့် |
ကလပ်တွင်ထည့်ရမည့်ပန်း | မေမြို့ပန်း (၅)ပွင့် ၊ ကံ့ကော် (၂)ညွန့် ၊ သပြေ (၆)ညွန့် | |
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ် | အနောက်စူးစူး | |
နင်းသောပန်းများစွန့်ရမည့်အရပ် | တောင်စူးစူး | |
ဘုရားလှူရမည့်မီးတိုင် | ဖယောင်းတိုင်(၆)တိုင် ၊ အမွှေးတိုင်(၆)တိုင် | |
ပြုလုပ်ရမည့်နေ့ | တနင်္ဂနွေနေ့ | |
ပြုလုပ်ရမည့်အချိန် | နံနက်(၉း၄၅) |
မျက်နှာမူရမည့်အရပ် | မြောက်စူးစူး | |
ခြေဖြင့်နင်းရမည့်ပန်း | ညာဘက်- ပိတောက်(၅) | ဘယ်ဘက်- ရွက်လှ(၄)ညွန့် |
ကလပ်တွင်ထည့်ရမည့်ပန်း | နှင်းဆီပန်း (၇)ပွင့် ၊ စံပယ် (၃)ညွန့် ၊ သပြေ (၆)ညွန့် | |
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ် | မြောက်စူးစူး | |
နင်းသောပန်းများစွန့်ရမည့်အရပ် | အနောက်စူးစူး | |
ဘုရားလှူရမည့်မီးတိုင် | ဖယောင်းတိုင်(၁၅)တိုင် ၊ အမွှေးတိုင်(၁၅)တိုင် | |
ပြုလုပ်ရမည့်နေ့ | တနင်္လာနေ့ | |
ပြုလုပ်ရမည့်အချိန် | နံနက်(၉း၄၅) |
မျက်နှာမူရမည့်အရပ် | အနေက်တောင်စူးစူး | |
ခြေဖြင့်နင်းရမည့်ပန်း | ညာဘက်- သစ်ခွ(၆) | ဘယ်ဘက်- ပိတောက်(၅) |
ကလပ်တွင်ထည့်ရမည့်ပန်း | နှင်းဆီပန်း (၇)ပွင့် ၊ ရွက်လှ(၄)ညွန့် ၊ အုန်း (၁)ညွန့် | |
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ် | အနောက်တောင် | |
နင်းသောပန်းများစွန့်ရမည့်အရပ် | အနောက်မြောက် | |
ဘုရားလှူရမည့်မီးတိုင် | ဖယောင်းတိုင်(၈)တိုင် ၊ အမွှေးတိုင်(၈)တိုင် | |
ပြုလုပ်ရမည့်နေ့ | အင်္ဂါနေ့ | |
ပြုလုပ်ရမည့်အချိန် | နံနက်(၉း၄၅) |
မျက်နှာမူရမည့်အရပ် | အရှေ့မြောက်စူးစူး | |
ခြေဖြင့်နင်းရမည့်ပန်း | ညာဘက်- နှင်းဆီ(၇) | ဘယ်ဘက်- သစ်ခွ(၆) |
ကလပ်တွင်ထည့်ရမည့်ပန်း | အုန်း (၁)ညွန့် ၊ ကံ့ကော် (၂)ညွန့် ၊ မေမြို့(၅) | |
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ် | အရှေ့မြောက် | |
နင်းသောပန်းများစွန့်ရမည့်အရပ် | အနောက်မြောက် | |
ဘုရားလှူရမည့်မီးတိုင် | ဖယောင်းတိုင်(၁၇)တိုင် ၊ အမွှေးတိုင်(၁၇)တိုင် | |
ပြုလုပ်ရမည့်နေ့ | ဗုဒ္ဓဟူးနေ့ | |
ပြုလုပ်ရမည့်အချိန် | နံနက်(၉း၄၅) |
မျက်နှာမူရမည့်အရပ် | အရှေ့စူးစူး | |
ခြေဖြင့်နင်းရမည့်ပန်း | ညာဘက်- အုန်း(၁)ညွန့် | ဘယ်ဘက်- နှင်းဆီ(၇)ပွင့် |
ကလပ်တွင်ထည့်ရမည့်ပန်း | ကံကော်(၂)၊သပြေ(၆)၊စံပယ်(၃) | |
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ် | အရှေ့စူးစူး | |
နင်းသောပန်းများစွန့်ရမည့်အရပ် | အရှေ့မြောက် | |
ဘုရားလှူရမည့်မီးတိုင် | ဖယောင်းတိုင်(၁၉)တိုင် ၊ အမွှေးတိုင်(၁၉)တိုင် | |
ပြုလုပ်ရမည့်နေ့ | ကြာသပတေးနေ့ | |
ပြုလုပ်ရမည့်အချိန် | နံနက်(၉း၄၅) |
မျက်နှာမူရမည့်အရပ် | အရှေတောင် | |
ခြေဖြင့်နင်းရမည့်ပန်း | ညာဘက်- ကံကော်(၂) | ဘယ်ဘက်- အုန်းညွန်(၁) |
ကလပ်တွင်ထည့်ရမည့်ပန်း | စံပယ်(၃)၊နှင်းဆီ(၇)၊ရွက်လှ(၄) | |
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ် | တောင်စူးစူး | |
နင်းသောပန်းများစွန့်ရမည့်အရပ် | အရှေ့တောင်စူးစူး | |
ဘုရားလှူရမည့်မီးတိုင် | ဖယောင်းတိုင်(၂၁)တိုင် ၊ အမွှေးတိုင်(၂၁)တိုင် | |
ပြုလုပ်ရမည့်နေ့ | သောကြာနေ့ | |
ပြုလုပ်ရမည့်အချိန် | နံနက်(၉း၄၅) |
မျက်နှာမူရမည့်အရပ် | တောင်စူးစူး | |
ခြေဖြင့်နင်းရမည့်ပန်း | ညာဘက်- စံပယ်(၃) | ဘယ်ဘက်- ကံကော်(၂) |
ကလပ်တွင်ထည့်ရမည့်ပန်း | ရွက်လှ(၄)၊အုန်း(၁)၊ပိတောက်(၅) | |
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ် | တောင်စူးစူး | |
နင်းသောပန်းများစွန့်ရမည့်အရပ် | မြောက်စူးစူး | |
ဘုရားလှူရမည့်မီးတိုင် | ဖယောင်းတိုင်(၁၀)တိုင် ၊ အမွှေးတိုင်(၁၀)တိုင် | |
ပြုလုပ်ရမည့်နေ့ | စနေနေ့ | |
ပြုလုပ်ရမည့်အချိန် | နံနက်(၉း၄၅) |
0 comments:
Post a Comment