ကျွန်ုပ်သည် ဗေဒင်ပညာတစ်ခုတည်းနှင့်သာ ကြိုးစား၍ ရပ်တည်နေရသော သာမန်ဗေဒင်ဆရာတစ်ဦး ဖြစ်ပါသောကြောင့် သင်တို့အထံမှ ကြည်ဖြူစွာ ပေးပို့လာသော ကျွန်ုပ်၏ ပညာပူဇော်ခကို ရိုးသားစွာ မျှော်လင့်မိပါကြောင်း။
အကြင် ဗေဒင်ဆရာတစ်ဦးသည် မိမိ၏ ဟောချက်အားလုံးကို အကြွင်းမဲ့ မှန်ကန်ခြင်းကို အလိုရှိ၏။ ကျွန်ုပ်မူကား ထိုသို့မဟုတ်။ သင့်အတွက် စိတ်ချမ်းသာ ၀မ်းမြောက်ရမည့် ဣဋ္ဌဟောချက် တို့ကိုသာ အတိုင်းထက် အလွန်မှန်စေလိုသော်လည်း စိတ်ဆင်းရဲရမည့် အနိဋ္ဌဟောချက်တို့ကိုမူ တက်တက်စင်အောင် လွဲမှား စေချင်လွန်းလှတော့၏။ ဤကား သစ္စာ စကားပင်ဖြစ်၏....
မိတ်ဆွေများ ဗေဒင်မေးမြန်းလိုပါက မိမိတို့မေးမြန်းလိုသော အမျိုးအစားကို ခေါင်းစဉ်တပ်၍ ပို့ပေးပါရန်။
မိတ်ဆွေများခင်ဗျား သင်တို့၏ အီးမေးလ်ကို မပို့ခင် သင်၏ မွေးသက္ကရာဇ်ကို မှန်ကန်မှု့ ရှိမရှိနှစ်တစ်ရာ ပြက္ခဒိန်ဖြင့် တိုက်ကြည့်စေချင်ပါတယ်။ အကယ်၍ နှစ်တစ်ရာပြက္ခဒိန် မရှိပါက
ဒီမှာ ယူလိုက်ပါ။ ထိုဆော့ဝဲကို သင်၏ ကွန်ပြူတာတွင် အင်စရော လုပ်လိုက်ပါ။
0 comments:
Post a Comment