ဗုဒ္ဓဟူးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသော အချိန်များ
ဒီနေ့က ကျွန်တော့်ရဲ့ အသက် (၃၄)နှစ်ပြည့်ပြီး (၃၅)နှစ်ထဲကို ၀င်တဲ့ မွေးနေ့လေးပါ။ ကျွန်တော်က ၈.၈.၁၉၇၇ တနင်္လာသားဆိုတော့ ဒီနှစ်မွေးနေ့လေးက မွေးရက် မွေးလ မွေးနေ့ အားလုံးတိုက်ဆိုင်တဲ့ နေ့လေးပါ။ မွေးနေ့မှာ ဘာတွေ အမှတ်တရ လုပ်ဖြစ်လဲဆိုတော့ ညဦးပိုင်းတုန်းက အော် မနက်ဖြန် ငါ့မွေးနေ့ပါလား ဆိုတာ တစ်ချက် သတိယတယ်။
မိုးလင်းပိုင်းရောက်တော့ မိုးလင်းကတည်းက ဗေဒင်မေးတဲ့ ဧည့်သည်တွေ ရောက်လာတယ်။ ဟောစာတမ်း ကိစ္စတွေနဲ့ အလုပ်များနေတာ မွေးနေ့ဆိုတာကိုတောင် မေ့နေမိတယ်။ ညနေလောက် ရောက်တော့မှ သတိယဖြစ်သွားတယ်။ ဒါပေမယ့် ဘာပွဲမှ မလုပ်ဖြစ်ပါဘူး။ ဒီတိုင်းလေးပဲ တိတ်ဆိပ်ငြိမ်သက်စွာ မွေးနေ့ကို ကျော်ဖြတ်ဖြစ်ပါတယ်။ ဒါကြောင့် မွေးနေ့ အထိမ်းအမှတ် ဒီနေ့ည ကျွန်တော် စောစောအိပ်တော့မယ်ဗျာ။ အာလုံးပဲ ဂွတ်နိုက်ပါ။
ဗုဒ္ဓဟူးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ

| ကံအမြင့်ဆုံးအချိန် | မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း | |
| တနင်္ဂနွေနေ့ | ဒုတိယကံမြင့်ချိန် | ညနေ(၃း၀၀)မှ(၄း၃၀)အတွင်း |
| တတိယကံမြင့်ချိန် | နံက်(၇း၃၀)မှ(၉း၀၀)အတွင်း | |
| ကံအမြင့်ဆုံးအချိန် | နံက်(၇း၃၀)မှ(၉း၀၀)တွင်း | |
| တနင်္လာနေ့ | ဒုတိယကံမြင့်ချိန် | နံက်(၁၀း၃၀)မှ(၁၂း၃၀)တွင်း |
| တတိယကံမြင့်ချိန် | မွန်းလွဲ(၁း၃၀)မှ(၃း၀၀)အတွင်း | |
| ကံအမြင့်ဆုံးအချိန် | မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း | |
| အင်္ဂါနေ့ | ဒုတိယကံမြင့်ချိန် | နံက်(၆း၀၀)မှ(၇း၀၀)ခွဲ၊ညနေ(၄း၀၀)မှ(၇း၃၀)တွင်း |
| တတိယကံမြင့်ချိန် | နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း | |
| ကံအမြင့်ဆုံးအချိန် | နံက်(၉း၀၀)မှ၁၀း၃၀)တွင်း | |
| ဗုဒ္ဓဟူးနေ့ | ဒုတိယကံမြင့်ချိန် | မွန်းတည်း(၁၂း၀၀)မှ (၁း၃၀)တွင်း |
| တတိယကံမြင့်ချိန် | ညနေ(၃း၀၀)မှ(၄း၃၀)တွင်း | |
|့  | ကံအမြင့်ဆုံးအချိန် | ညနေ(၃း၀၀)မှ(၄း၃၀)တွင်း |
| ကြာသပတေးနေ | ဒုတိယကံမြင့်ချိန် | နံက်(၇း၃၀)မှ(၉း၀၀)တွင်း |
|့  | တတိယကံမြင့်ချိန် | နံက်(၁၀ |
| ကံအမြင့်ဆုံးအချိန် | နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း | |
| သောကြာနေ့ | ဒုတိယကံမြင့်ချိန် | မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း |
| တတိယကံမြင့်ချိန် | နံက်(၆း၀၀)မှ(၇း၃၀)၊ညနေ(၄း၃၀)မှည(၇း၃၀)တွင်း | |
| ကံအမြင့်ဆုံးအချိန် | နံက်(၆း၀၀)မှ(၇း၃၀)၊ညနေ(၄း၃၀)မှည(၇း၃၀)တွင်း | |
| စနေနေ့ | ဒုတိယကံမြင့်ချိန် | နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း |
| တတိယကံမြင့်ချိန် | မွန်းတည့်(၁၂)မှ(၁း၃၀)တွင်း |

1 comments:
မွေးနေ့မွေးရက်မှစပြီး ဒါနသီလ ဘာဝနာ ကောင်းမှုတွေ အဆများစွာ တိုးပြီး ပြုနိုင်ပါစေခင်ဗျာ။ ဘဝမှာ ချမ်းမြေ့ပျော်ရွှင်သုခတွေ ခံစားရရှိပါစေ။
Post a Comment